မီးတောက်ကြားကပန်းတစ်ပွင့် [မြ...

By Mine-Edge

1M 144K 5.6K

【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သ... More

Disclaimer
အပိုင္း ၁။​​ေက့ခ်္​ဘ၀- ခ်စ္​ျခင္​းရဲ႕၇၂နာရီ
အပုိုင္း​၂။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၃။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၄။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၅။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၆။ ​ေက့(ခ်္​)ဘ၀
အပိုင္​း၇။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၈ ။ ​ေက့(ခ်္​) ဘ၀
အပိုင္​း ၉ ။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၁၀ ။ က်န္​းယြီ​ေမာ့ဘ၀ - မင္​းတစ္​ဦးတည္​းသာ
အပိုင္း ၁၁ ။ က်န္းယြီေမာ့ဘ၀
အပိုင္​း ၁၂ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၃ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၁၄ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၁၅ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း၁၆ ။ ​က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၇ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၈ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၉ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၂၀ ။ က်န္​းယီြ​ေမာ့ဘ၀ <EXTRA>
အပိုင္​း ၂၀။ အိုဆာရီဘ၀ - ယံုၾကည္​ရာ
အပိုင္​း ၂၂ ။ အိုဆာရီဘ၀
အပိုင္​း ၂၃ ။ အိုဆာရီဘ၀
အပိုင္​း ၂၄ ။ အိုဆာရီဘ၀
အပိုင္​း ၂၅ ။ အိုဆာရီဘ၀
အပိုင္း ၂၆ ။ အိုဆာရီဘဝ
အပိုင္း ၂၇ ။ အိုဆာရီဘဝ
အပိုင္း ၂၈။ အိုဆာရီဘဝ
အပိုင္း ၂၉။ အိုဆာရီဘဝ
အပိုင္း ၃၀။ အိုဆာရီဘဝ
အပိုင္း ၃၁ ။ အိုဆာရီဘဝ
အပိုင္း ၃၂ ။ အိုဆာရီဘဝ
အပိုင္း ၃၃ ။ အိုဆာရီဘဝ
အပိုင္​း ၃၄ ။ ဘ႐ူႏိုဘဝ - ေပြ႕ဖက္ခြင့္
အပိုင္း ၃၅ ။ဘရူနိုဘဝ
အပိုင္း ၃၆ ။ ဘရူနိုဘဝ
အပိုင္း ၃၇ ။ ဘရူနိုဘဝ
အပိုင္း ၃၈ ။ ဘရူနိုဘဝ
အပိုင္း ၃၉ ။ ဘရူနိုဘဝ
အပိုင္း ၄၀ ။ ဘရူနိုဘဝ
အပိုင္း ၄၁ ။ ဘရူနိုဘဝ
အပိုင္း ၄၂ ။ ဘရူနိုဘဝ
အပိုင္း ၄၃ ။ ဘရူနိုဘဝ
အပိုင္း ၄၄ ။ ဘရူနိုဘဝ
အပိုင္း ၄၅ ။ မွိုပြင့္ဘဝ - ခ်စ္ေသာမွိုေလး
အပိုင္း ၄၆ ။ မွိုပြင့္ဘဝ
အပိုင္း ၄၇ ။ မွုိပြင့္ဘဝ
အပိုင္း ၄၈ ။ မွိုပြင့္ဘဝ
အပိုင္း ၄၉ ။ မွိုပြင့္ဘဝ
အပိုင္း ၅၀ ။ မွိုပြင့္ဘဝ
အပိုင္း ၅၁ ။ မွုိပြင့္ဘဝ
အပိုင္း ၅၂ ။ မွုိပြင့္ဘဝ
အပိုင္း ၅၃ ။ မွိုပြင့္ဘဝ
အပိုင္း ၅၄ ။ မွိုပြင့္ဘဝ
အပိုင္း ၅၅ ။ဖီလ္ေမာဘဝ - အယ္လ္ဖာခ်စ္သူ
အပိုင္း ၅၆ ။ဖီလ္ေမာဘဝ
အပိုင္း ၅၇ ။ ဖီလ္ေမာဘဝ
အပိုင္း ၅၈ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၅၉ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၀ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၁ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၂ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၃ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၄ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၅ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၆ ။ မီးေတာက္ေလးဘဝ - အထြတ္အျမတ္ရတနာ
အပိုင္း ၆၇ ။ မီးေတာက္ေလးဘဝ
အပိုင္း ၆၈ ။ မီးေတာက္ေလးဘဝ
အပိုင္း ၆၉ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၀ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၁ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၂ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၃ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၄ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၅ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၆ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၈ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၉ ။ မီးေတာက္ေလးဘဝ
အပိုင္း ၈၀ ။ ယြဲ႕က်ယ္ဘဝ - ပဋိညာဥ္စာခ်ဳပ္
အပိုင္း ၈၁ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၂ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၃ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၄ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၅ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၆ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၇ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၈ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၉ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၀ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၁ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၂ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၃ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၄ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၅ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၆ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၇ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၈ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၉ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၁၀၀ ။ Unos ဘဝ - မ်က္ႏွာဖုံးခ်စ္သူ
အပိုင္း ၁၀၁ ။ Unos ဘဝ
အပိုင္း ၁၀၂ ။ Unos ဘဝ
အပိုင္း ၁၀၃ ။ Unos ဘဝ
အပိုင္း ၁၀၄ ။ Unos ဘဝ
အပိုင္း ၁၀၅ ။ Unos ဘဝ
အပိုင္း ၁၀၆ ။ Unos ဘဝ
အပိုင္း ၁၀၇ ။ Unos ဘဝ
အပိုင္း ၁၁၆ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၇ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၈ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၉ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၂၀ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၂၁ ။ အိုဆာရီဘဝ (RE)
အပိုင္း ၁၂၂ ။ အိုဆာရီဘဝ (RE)
အပိုင္း ၁၂၃ ။ အိုဆာရီဘဝ (RE)

အပိုင္း ၇၇ ။ မီးေတာက္ေလးဘဝ

2K 399 1
By Mine-Edge

[Zawgyi]


ရွန႔္ခယ္က မ်က္လုံး ျဖည္းျဖည္းခ်င္း ဖြင့္ၾကည့္လိုက္သည့္အခါ သူဦးေခါင္းအတြင္းမွ ဒရမ္ တီးေနသည့္အလား ေခါင္းက်ိန္းေနေပသည္။ နာက်င္မႈ အနည္းငယ္ ေလ်ာ့သြားသည့္ေနာက္တြင္ သူက ေရကန္ႀကီးထဲ ‌ ေရာက္ရွိေနေၾကာင္း သိလိုက္ရသည္။ သုေတသီမ်ားက ရပ္ေနၾကၿပီး သူတို႔ေရွ႕ဆုံးတြင္ သုေတသီေခါင္းေဆာင္ ရွိေနသည္။
သူ႕အ‌ေျခအေနမွာ ေသေရးရွင္ေရး ျဖစ္ေနေၾကာင္း ခ်က္ခ်င္း သတိျပဳမိလိုက္သည္။ သူ သတိေမ့မသြားခင္ သူက ေရေအာက္ထဲတြင္ လြတ္လြတ္လပ္လပ္ ကူးခတ္ေနသည္ ျဖစ္ရာ ခါးပိုင္းမွ နာက်င္မႈကို ႐ုတ္ခ်ည္း မခံစားလိုက္ရခင္အထိ ျဖစ္သည္။ သူက ေသးေသးခြၽန္ခြၽန္ တစ္ခုျဖင့္ ထိုးမိေၾကာင္း သိလိုက္သည္။ ထို႔ေနာက္ သူ သတိေမ့သြားျခင္း ျဖစ္သည္။ ၾကည့္ရသည္မွာ သုေတသီေခါင္းေဆာင္က သူ႕အား အကြက္ခ် ႀကံစည္ထားသည္မွာ ေသခ်ာလွသည္။
ထူးဆန္းေပသည္။ လင္းပိုင္ သုေတသန လုပ္ငန္းမ်ားမွာ ေခ်ာေခ်ာေမြ႕ေမြ႕ လုပ္ေဆာင္ေနၿပီ ျဖစ္ရာ သူက ထပ္မပူးေပါင္းနိုင္ေလာက္ေအာင္အထိ ေသခ်ာပူးေပါင္းခဲ့ေလသည္။
ဒီလူက ဒီနည္းလမ္းကို သုံးမွ ျဖစ္မွာလား
" ဟားဟား မီးေတာက္ေလး ... ဒါမွမဟုတ္ မင္းကို ဟိုင္ယန္လို႔ ေခၚရမလား " သုေတသီေခါင္းေဆာင္က သူ႕အား အႏုပညာလက္ရာ တစ္ခုအလား ၾကည့္ကာ ေျပာလိုက္သည္။
ရွန႔္ခယ္၏ စိတ္ရႈပ္ေထြးမႈမ်ားက ခ်က္ခ်င္းဆိုသလို ရွင္းလင္းသြားေတာ့သည္။ သုေတသီေခါင္းေဆာင္က သူ႕ ပုံစံအမွန္ကို သိေန၍ ထိုမွတဆင့္ အက်ိဳးျမတ္ရရန္ ႀကံစည္ထားျခင္း ျဖစ္သည္။
သူက ေဘးပတ္လည္ကို ေသခ်ာဂ႐ုတစိုက္ ၾကည့္ရႈၿပီးေနာက္ သူ ရွိေနသည့္ ေနရာမွာ မရင္းႏွီးသည့္ ေနရာျဖစ္ေၾကာင္း သိလိုက္ရသည္။ သူက သုေတသီေခါင္းေဆာင္ သုံးသည့္နည္းလမ္းကို မသိေသာ္ျငား သူ႕ကို ေရေအာက္အေဆာက္အဦးမွ မည္သို႔ ထုတ္ခဲ့ေၾကာင္းေတာ့ သိခ်င္မိသည္။ လက္ရွိ သူက လင္းပိုင္ပုံစံ ျဖစ္ေနၿပီ ျဖစ္ရာ ႀကီးမား႐ုံသာမက ေလးလဲ ေလးလံေသး၏။
" ဒီေန႕က စၿပီးေတာ့ မင္းက ငါတို႔သုေတသီအဖြဲ႕ရဲ႕ အေရးႀကီးဆုံး စမ္းသပ္ပစၥည္းပဲ။ မင္းရဲ႕ ခႏၶာကိုယ္က ဆဲလ္တစ္ခုမွ အလကားမျဖဳန္းတီးပစ္ေအာင္ ေသခ်ာလုပ္ေပးမယ္ " သုေတသီေခါင္းေဆာင္က အတုအေယာင္ ၾကင္နာမႈ အေယာင္ျပကာ ေျပာလိုက္သည္။
ထို႔ေနာက္ သူက လက္ေနာက္ပစ္ကာ   " မင္းသာ ငါတို႔နဲ႕ ေကာင္းေကာင္း ပူးေပါင္းေပးၿပီးေတာ့ ငါတို႔ရဲ႕ သုေတသနလုပ္ငန္း ေအာင္ျမင္ဖို႔ ကူညီေပးမယ္ဆိုရင္ လူသားမ်ိဳးႏြယ္တစ္ခုလုံးက မင္းရဲ႕ စေတးမႈနဲ႕ အက်ိဳးျပဳမႈေၾကာင့္ အဓြန႔္ရွည္မွာပါ "
ေလွ်ာက္ေျပာမေနလို႔ မရဘူးလား လိုရင္းသာ ေျပာစမ္းပါ ......
ရွန႔္ခယ္က သူႏွင့္ ဆက္ဆံဖို႔ရာ စိတ္မပါေသာေၾကာင့္ လွည့္သြားသည္။ သူက ေသဖို႔ရာ သတၱိရွိသည္ထက္ ပိုေပသည္။ ေသရမည့္အခ်ိန္ ေရာက္ရွိလာလွ်င္ ရဲရဲရင့္ရင့္ သူရဲေကာင္းဆန္ဆန္ ေသဆုံးပစ္ဖို႔သာ လိုအပ္ေပသည္။ ထိုလူကို သူ႕ဆီမွ အျမတ္ထုတ္ခြင့္ ျပဳဖို႔ရာ စိတ္ကူးမရွိေခ်။
သုေတသီေခါင္းေဆာင္က သူ သေဘာမတူမည္မွန္း သိေန၍ သူ႕လူမ်ားကို ေရကန္အေသးငယ္တစ္ခု ထုတ္ယူခိုင္းလိုက္သည္။ လႈပ္ရွားမႈ အသံမ်ားကို ၾကား၍ ရွန႔္ခယ္က လွည့္ၾကည့္လိုက္သည့္အခါ ေရသူေလးႏွစ္ေကာင္ ႐ုန္းကန္ေနသည့္ ျမင္ကြင္းဆိုးဆိုးကို ေတြ႕လိုက္ရ၏။ ထိုႏွစ္ေယာက္က ရွန႔္ခယ္ကို သတိထားမိေသာအခါ သူတို႔ေခါင္းေလးေတြ ေရေပၚ ေဖာ္ထားၿပီး စိုးရိမ္တႀကီး လွမ္းၾကည့္ေနၾကသည္။
ရွန႔္ခယ္က မ်က္ေမွာင္က်ဳတ္မိသြားသည္။ သုေတသီေခါင္းေဆာင္က ခ်င္ယြန္ နိုင္ငံျခား ေရာက္ေနသည့္ အခြင့္အေရးကို အသုံးခ်၍ ေရေအာက္အေဆာက္အဦးမွ အားလုံးကို ထုတ္လာခိုင္းလိုက္သည္မ်ားလား။
" ေကာင္းၿပီေလ " သုေတသီေခါင္းေဆာင္က ေရကန္အေသးေလးကို ပုတ္ကာ ၿပဳံးရင္း ေျပာလိုက္သည္ " မင္းကို လင္းပိုင္ကေန လူသားအျဖစ္ ေျပာင္းတာကို ျမင္ခ်င္တယ္ အခုလုပ္စမ္း "
သူက ၿပဳံးေနေသာ္လည္း သူ႕အသံတြင္ ၿခိမ္းေျခာက္မႈမ်ား ေရာႁပြန္းေနသည္။
ရွန႔္ခယ္က လူအားလုံးေရွ႕တြင္ သူ႕ကိုယ္လုံးတီးပုံ ျပရန္ စိတ္မပါေပ။ သို႔ေသာ္လည္း ေရသူေလးမ်ားက ရန္သူလက္ထဲ က်ေရာက္ေနသည့္အတြက္ သူ႕တြင္ ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။
" မင္းက မလုပ္ခ်င္ဘူးလား " သုေတသီေခါင္းေဆာင္က ခလုတ္တစ္ခု ႏွိပ္လိုက္သည့္အခါ ေရကန္အေသးေလးထဲမွ အပူခ်ိန္မွာ စတင္၍ ျမင့္တက္လာသည္။ ေရသူေလး ႏွစ္ေကာင္မွာ ႏွစ္သိမ့္ရာ ရလိုျငား ကတုန္ကယင္ ျဖစ္လာကာ ရွန႔္ခယ္ကို နားမလည္နိုင္ျခင္းႏွင့္အတူ စိုးထိတ္မႈႏွင့္ ၾကည့္ေနၾကသည္။
သုေတသီေခါင္းေဆာင္က ရွန႔္ခယ္ကို ပုံျပန္ေျပာင္းေစရန္ တျခားနည္းလမ္းမ်ားလည္း ရွိေသး၏။ သူက အိပ္ေဆးအမ်ိဳးမ်ိဳးႏွင့္ အတင္းၾကပ္ သုံးဖို႔ရာအထိ ျပင္ဆင္ထားေလသည္။ သို႔ေသာ္ သူ႕တစိတ္တပိုင္းက ရွန႔္ခယ္၏ အရိုင္းသဘာဝကို ေခ်ဖ်က္ခ်င္မိေသာေၾကာင့္ နည္းလမ္းေဟာင္းအတိုင္း လုပ္ဖို႔ရာ တြန္းအားေပးမိသြားသည္။
သူက ရွန႔္ခယ္သည္ ငါးစာဟပ္လိမ့္မည္ဟု ထင္မထားေပ။ သူက အျပင္းအထန္ ျငင္းဆန္၍ သူ႕ကိုယ္သူ ေရကန္နံရံႏွင့္ ဝင္တိုက္လိမ့္မည္ဟု မေတြးမိထားေပ။
တစ္ႀကိမ္ .... ႏွစ္ႀကိမ္ ... သုံးႀကိမ္ .... သူက သူ႕အသက္ကို ဂ႐ုမစိုက္သည့္အလား ျပဳမူေနသည္။
ေရကန္မွာ သူဆက္တိုက္ တိုးတိုက္မႈေၾကာင့္ ေရမ်ားက ေရွ႕ေနာက္ ေဘာင္ဘင္ခတ္ေနသည္။
" ရပ္စမ္း " သုေတသီေခါင္းေဆာင္က ေအာ္ေျပာလိုက္သည္။
ရွ႕န္ခယ္က သူ႕ကို စိတ္ထဲ ထားေပ အားရွိသေလာက္ ေရကန္ကို ဝင္တိုက္ေနဆဲ ျဖစ္သည္။
" ေသစမ္း သူ႕ကို ေမ့ေဆး ထိုးေပးလိုက္ေတာ့ " သုေတသီေခါင္းေဆာင္က အမိန႔္ေပးလိုက္သည့္အခါ သုေတသီတစ္ေယာက္က ထိန္းခ်ဳပ္ခုံမွ ခလုတ္ကို ခ်က္ခ်င္း ႏွိပ္လိုက္သည္။
ေဆးထိုးအပ္ သ႑ာန္ ကိရိယာက ေရကန္အေပၚသို႔ ေရာက္လာကာ ရွန႔္ခယ္မွာ ေလဆာေရာင္ျခည္ႏွင့္ ခ်ိန္႐ြယ္ခံလိုက္ရသည္။
ရွန႔္ခယ္က ကြၽမ္းကြၽမ္းက်င္က်င္ လႈပ္ရွားလိုက္ၿပီး ေရွ႕သို႔ ေရာက္လာကာ ထိုေလဆာေရာင္ျခည္ကို ေရွာင္လိုက္သည္။ တစ္ခ်ိန္တည္းတြင္ သူက ေလခြၽန္လိုက္ေလ၏။ ထိုေလခြၽန္သံမွာ လူသားမ်ား မၾကားနိုင္ေသာ္လည္း လွ်ပ္စစ္ပစၥည္းမ်ားအေပၚ သက္ေရာက္မႈ ရွိေလသည္။ သတၱဳကိရိယာမွာ ခ်က္ခ်င္း တကြၽီကြၽီ ထြက္ေပၚလာၿပီး ခ်က္ခ်င္းဆိုသလို ပ်က္စီးသြားေတာ့သည္။
ေရကန္အျပင္ဘက္ရွိ လူမ်ားက အေတာ္ေလး ေၾကာင္အသြားၾကသည္။ လင္းပိုင္မ်ား၏ ေလခြၽန္သံတြင္ ထိုသို႔မ်ိဳး ဖ်က္စီးနိုင္စြမ္း ရွိလိမ့္မည္ဟု ထင္မထားေပ။
သုေတသီေခါင္းေဆာင္ မ်က္ႏွာမွာ မည္းေမွာင္သြားက ေအာ္ေျပာလိုက္သည္ " ေမ့ေဆးကို ေရထဲ ေလာင္းခ်လိဳက္ .... ဘယ္ေလာက္ေတာင့္ခံနိုင္မလဲ ၾကည့္ၾကေသးတာေပါ့ "
သူက ဤလင္းပိုင္အေပၚ အရာအားလုံးပုံေအာထားသည္ ျဖစ္ရာ ယခုမွ မလုပ္လွ်င္ ေနာင္စမ္းသပ္မႈမ်ား၌ ပူးေပါင္းနိုင္မည္ မဟုတ္ေပ။
သုေတသီတစ္ေယာက္က ေတြေဝစြာျဖင့္ "ေခါင္းေဆာင္ .... က်ဳပ္တို႔ေတြ ညင္သာတဲ့ နည္းလမ္းကို သုံးလို႔ မရဘူးလား။ လင္းပိုင္ေတြက စိတ္ခံစားခ်က္ရွိတဲ့ သတၱဝါေတြဆိုေတာ့ အတင္းၾကပ္လုပ္ရင္ သတ္ေသသြားနိုင္တယ္ "
" သူ႕ကို သာမာန္လင္းပိုင္လို ထင္မေနစမ္းနဲ႕ " သုေတသီေခါင္းေဆာင္က ေအးစက္စြာ ျပန္ေျပာလိုက္သည္ " ငါေျပာတဲ့အတိုင္း လုပ္စမ္းပါ။ သူ႕ကို ရက္အနည္းငယ္ေလာက္ အငတ္ထားလိုက္ .... ၿပီးသြားရင္ ေနာက္တဆင့္ ထပ္လုပ္ၾကမယ္ "
သုေတသီမ်ားက ကူကယ္ရာမဲ့စြာျဖင့္ သူ႕ၫႊန္ၾကားမႈအတိုင္းသာ လိုက္လုပ္ၾကရသည္၊။
ရွန႔္ခယ္က ကန္ေအာက္ထဲ ေနေနသည္။ သူက အစမ္းသပ္ခံ ပစၥည္းျဖစ္လာေသာ္လည္း ဤသို႔ အနိုင္က်င့္ခံ ၊ ဖိႏွိပ္ခံရသည့္ နည္းလမ္းမ်ိဳး ႏွင့္ မဟုတ္ဘဲ လူသားမ်ိဳးႏြယ္အတြက္ သူရဲေကာင္းဆန္ဆန္ ေသဆုံးရန္ ႀကံစည္ထား၏။
ေမ့ေဆးအရွိန္ေၾကာင့္ ရွန႔္ခယ္မွာ ေနာက္တဖန္ အသိစိတ္ ကင္းကြာသြားျပန္သည္။
ခ်င္ယြန္က နိုင္ငံသို႔ ျမန္ျမန္ ျပန္ေရာက္လာကာ ကင္မရာမ်ားကို စစ္ေဆးၾကည့္လိုက္သည္။ လုံၿခဳံေရး အထပ္ထပ္ၾကားမွ ေရသူေလးမ်ားႏွင့္ မီးေတာက္ေလးကို ေခၚထုတ္သြားနိုင္လိမ့္မည္ဟု မယုံေပ။ သူက မည္သူလုပ္သည္ကိုပင္ ေတြးမေနေတာ့ေပ။ ထိုသို႔ လုပ္မည့္သူ တစ္ဦးတည္းသာ ရွိေပ၏။ လုပ္ပိုင္ခြင့္ အျပည့္ရထားေသာ သုေတသီေခါင္းေဆာင္သာ ျဖစ္နိုင္သည္။
" ဒီပ္ဆန္ .... မီးေတာက္ေလး အဆင္ေျပဖို႔သာ ဆုေတာင္းထားေပေတာ့ " သူ႕ကို သတ္ပစ္ခ်င္သည့္စိတ္က တဟုန္းဟုန္း ေတာက္ေလာင္လာ၏။ မီးေတာက္ေလးက မည္သို႔ ဒုကၡမ်ား ခံစားေနရမလဲဆိုသည့္ အေတြးက သူ႕စိတ္ထဲမွ ေဒါသကို ထိန္းခ်ဳပ္နိုင္ရန္ အလြန္ခက္ခဲေပသည္။
ခ်င္ယြန္က မီးေတာက္ေလးကို သုေတသီမ်ားက ေခၚေဆာင္သြားသည့္ သတင္းကို လူထုကို အသိေပးလိုက္သည္။ တစ္ဖက္တြင္ သူတို႔၏ လူမဆန္သည့္ လုပ္ရပ္မ်ားႏွင့္ နည္းလမ္းမ်ားကို လူထုကို အသိေပးၿပီး ဖိအားေပးရန္ ႀကိဳးစားလိုက္သည္။ ေနာက္တစ္ဖက္၌ သုေတသီေခါင္းေဆာင္ကို ရွာေဖြရန္ လူအင္အား တိုးျမင့္လိုက္ေပ၏။ ခ်င္ယြန္က သူ႕ေနာက္ခံကို တူးဆြဖူး၏။
သူ႕လက္ထဲမွ ဟိုင္ယန္ကို ေခၚထုတ္သြားရဲဖို႔ရာ ထိုသို႔လုပ္နိုင္မည့္ တစ္ခုတည္းေသာ အာဏာမွာ သုေတသီ အဖြဲ႕အစည္းႀကီးမွ ျဖစ္လိမ့္မည္။ မီးေတာက္ေလးကို ထိုေနရာ၌ ဖမ္းဆီးထားျခင္းသာ ျဖစ္ေပလိမ့္မည္။
မီးေတာက္ေလး ေပ်ာက္ဆုံးသြားသည့္ သတင္းမွာ ပြက္ေလာရိုက္သြားေစသည္။ သူတို႔က မီးေတာက္ေလးကို အစမ္းသပ္ခံ ပစၥည္းအျဖစ္ အသုံးျပဳရဲသည္လား။ သူက လူမ်ားစြာကို ကယ္တင္ေပးခဲ့ကာ လူတို႔ႏွင့္ ထိေတြ႕ရသည္ကို ႏွစ္သက္သည့္ ရိုးသားျဖဴစင္ေသာ ကေလးငယ္ေလး သဖြယ္ ျဖစ္၏။ သို႔ေသာ္လည္း သူ႕အဆုံးသတ္မွာ အစမ္းသပ္ခံ ပစၥည္းျဖစ္လာေပ၏။
သူ႕ကို ငါးဖမ္းသမား အုပ္စုဆီမွ ကယ္ဆယ္ၿပီးေနာက္တြင္ ထိုသို႔မ်ိဳး ထပ္ႀကဳံေတြ႕ရလိမ့္မည္ မဟုတ္ဘဲ ေရေအာက္ျပတိုက္၌ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ ေနနိုင္လိမ့္မည္ဟု ယုံၾကည္ထားမိၾကသည္။ လူသားမ်ိဳးႏြယ္စု၏ အႀကံႀကီးမႈေအာက္မွ မလြတ္ေျမာက္ေသးေၾကာင္း ထင္မထားၾကေပ။ ဤအခ်ိန္၌ သိပၸံဆိုင္ရာ သုေတသီလုပ္ငန္းမ်ားကို လုပ္ကိုင္ေနသည့္ အဖြဲ႕အစည္းႀကီးလက္ေအာက္တြင္ မီးေတာက္ေလးကို ဖမ္းဆီးထားၾက၏။
သုေတသီလုပ္ငန္းဟု ေခၚဆိုေသာ္လည္း လူအမ်ားေရွ႕ လုပ္လို႔ မရဘူးလား။ တိတ္တဆိတ္ လုပ္ေဆာင္ဖို႔ရာ သူတို႔က ေတြးထားနိုင္သေလာက္ နည္းလမ္းမ်ိဳးစုံကို ထုတ္သုံးရန္ ႀကံစည္ေနျခင္းသာ ျဖစ္ေပသည္။
သုေတသီေခါင္းေဆာင္ ဒီပ္ဆန္၏ သတင္းမွာ အျမန္ျပန႔္ႏွံ႕လာၿပီး မေကာင္းေၾကာင္းမ်ားလည္း တြဲ၍ ပါဝင္လာသည္။ ဒီပ္ဆန္၏ ေၾကာက္စရာ အေကာင္းဆုံး သတင္းမွာ စမ္းသပ္ေရး နည္းလမ္းမ်ား ျဖစ္၏။ သူက လုံးဝကို သမာသည့္သူ မဟုတ္ေပ။ သူ႕ေၾကာင့္ တိရစာၦန္ေလးမ်ား မည္မွ် ေသဆုံးၿပီးၿပီနည္း။
သုေတသီ အသိုင္းအဝိုင္းအတြင္း သူ႕ဂုဏ္သတင္းမွာ မေကာင္းလွေသာ္လည္း သူ႕အရည္အခ်င္းႏွင့္ ေနာက္ခံေၾကာင့္ အေရးႀကီး သုေတသီလုပ္ငန္းမ်ား၌ ပါဝင္နိုင္ျခင္း ျဖစ္သည္။
ထိုအရာအားလုံးကို ရွာေတြ႕သြားၿပီးေနာက္ လူထုမွာ တုန္လႈပ္သည့္ထက္ ေက်ာ္လြန္၍ ေဒါသူပုန္ ထကုန္ၾကသည္။ မီးေတာက္ေလး က ထိုသို႔မ်ိဳး လူမ်ိဳး၏
လက္အတြင္း က်ေရာက္သြားမွေတာ့ အသက္ရွင္နိုင္ပါ့ဦးမလား ..... ျပန္ေရာ လာနိုင္ပါ့လား ....
သုေတသီလုပ္ငန္းက အေရးႀကီးေသာ္လည္း ကမာၻေပၚ၌ ႏွစ္ေကာင္တည္း က်န္ရွိေတာ့သည့္ လင္းပိုင္ႏွစ္ေကာင္ကို စေတးဖို႔ရာ ထိုက္တန္ရဲ႕လား ....
ႏွစ္ရက္မွ်သာ ျဖစ္ေသာ္လည္း ဒီပ္ဆန္မွ မီးေတာက္ေလးကို အႏၲရာယ္ကင္းကင္း ျပန္ပို႔ေပးရန္ ေတာင္းဆိုခ်က္မ်ား ကမာၻအႏွံ႕မွ ေရာက္ရွိလာေလသည္။ မီးေတာက္ေလး ကယ္တင္ဖူးေသာ လူေတာ္ေတာ္မ်ားမ်ားက တျခားလူမ်ားထက္ ပိုႀကိဳးစား၍ မီးေတာက္ေလးအတြက္ အင္တိုက္အားတိုက္ တိုက္ေပးေနၾကသည္။
လင္းပိုင္ ခ်စ္သူမ်ား အဖြဲ႕အစည္းမွာ ကမာၻအႏွံ႕မွ စုစည္းထားျခင္း ျဖစ္ကာ လူတန္းစားအမ်ိဳးမ်ိဳး၊ သူေဌးမ်ား၊ အာဏာရွိသူမ်ားႏွင့္ လႊမ္းမိုးနိုင္သူမ်ားမွ ေအာက္ဆုံး သာမာန္လူတန္းစားမ်ားအထိ ပါဝင္ေပသည္။ သူ႕ေမာင္းမေဆာင္မွာ ႀကီးမားလြန္း၍ သူတို႔၏ အာဏာမ်ားမွာလည္း အံ့အားသင့္ဖို႔ ေကာင္းေပသည္။ လိုအပ္ခ်က္မ်ားကို ေထာက္ပံ့ေပးနိုင္စြမ္း ရွိ၏။
ဒီပ္ဆန္က ခ်င္ယြန္သည္ တိုင္းျပည္ မ်က္ႏွာပ်က္ေစရန္ လူထုကို ခ်ျပလိမ့္မည္ဟု ထင္မထားခဲ့ေပ။ ခ်င္ယြန္က တိုင္းျပည္ကို လုံးဝ ထည့္မတြက္ထားေပ။ သူ႕သုေတသီလုပ္ငန္းကို နိုင္ငံက တရားဝင္ အသိမွတ္ျပဳေပးထားေသာေၾကာင့္ သူ႕သုေတသီလုပ္ငန္းကို ေႏွာင့္ယွက္ျခင္းသည္ နိုင္ငံကို ဆန႔္က်င္ျခင္းႏွင့္ အတူတူ ျဖစ္ေပ၏။
ဒီပ္ဆန္က ခ်င္ယြန္၏ လႊမ္းမိုးနိုင္စြမ္းကို အမွန္ပင္ ေလ်ာ့တြက္မိသြားသည္။ အကယ္၍ ခ်င္ယြန္က ထိုသို႔ လုပ္ရဲပါက ထိပ္တန္းအာဏာရွင္မ်ားကိုပင္ အေၾကာက္အလန႔္ မရွိေၾကာင္း ဆိုလိုေနသည္ မဟုတ္ပါေလာ။
လူထု၏ ေထာက္ခံမႈျဖင့္ ခ်င္ယြန္က လူထုကို ဦးေဆာင္၍ ဒီပ္ဆန္၏ သုေတသီအေဆာက္အဦးဆီ အတင္းၾကပ္ ဝင္ေရာက္သြားေတာ့သည္။
လူထုအျမင္ ဖိအားမ်ားႏွင့္ ခ်င္ယြန္ ဖိအားႏွစ္ဆေအာက္တြင္ ဒီပ္ဆန္ကို ေနာက္လိုက္မ်ားက စြန႔္ခြာသြားၾကသည္။ သူက မီးေတာက္ေလးကို လြဲေပးဖို႔ရာ စိတ္ကူးမရွိေသးေပ။ လူသားမ်ိဳးႏြယ္ ဆင့္ကဲေျပာင္းလဲနိုင္စြမ္းမွာ သူ႕လက္အတြင္းရွိေနေသာ သုေတသီ ရလဒ္မ်ားမွ ျဖစ္ေပသည္။ သူ႕ႏွလုံးသားမွာ တဒုန္းဒုန္း ခုန္ေနၿပီး ေသြးမ်ားပင္ ပြက္ပြက္ဆူမိေနသည္။
သူက သတိမဝင္တလွည့္ ဝင္တလွည့္ ျဖစ္ေနေသာ မီးေတာက္ေလးကို စမ္းသပ္စားပြဲေပၚ၌ တင္ကာ ေအးစက္စက္ အလင္းမ်ား ထုတ္လႊင့္ေပးေနေသာ ခြဲစိတ္ဓားကို ထုတ္ယူလိုက္သည္။
ထို႔ေနာက္ သူက မီးေတာက္ေလးကို ယုတ္မာစြာ ၾကည့္လိုက္ရင္း ......
ခ်င္ယြန္ ဤေနရာသို႔ ေရာက္လာသည့္အခ်ိန္ အရမ္းေနာက္က်သြား၏။ သူ႕ကို ဆီးႀကိဳေနေသာ ခါးသက္ေသာ ျမင္ကြင္းမွာ ရင္ဝကို ေဆာင့္ကန္လိုက္သလို ျဖစ္၏။
မီးေတာက္ေလးက စမ္းသပ္စားပြဲေပၚတြင္ လဲေလ်ာင္းရင္း အသားမ်ား လွီးထုတ္ခံထားရသည္။ သူ႕ေသြး သုံးပုံႏွစ္ပုံလည္း ဆုံးရႈံးထားရသည္။ သူတြင္ က်န္ေနသည္က ရစရာ မရွိ စုတ္ျပတ္ေနသည့္ ခႏၶာကိုယ္သာ ျဖစ္၏။ သူ႕ႂကြက္သားအေျခအေနမွာ ေကြးနိုင္ဆန႔္နိုင္ လုပ္နိုင္စြမ္း ေပ်ာက္ဆုံးေနၿပီး ဌက္ႏွင့္ သားေကာင္မ်ား စားထားသည့္ ငါးအႂကြင္းအက်န္ကဲ့သို႔ ျဖစ္ေနသည္။
ေနရာမွာတင္ ေၾကာင္ရပ္ေနမိေသာ ခ်င္ယြန္ စိတ္ထဲ၌ သူ႕မ်က္စိေရွ႕မွ ေတြ႕ေနရေသာ ပ်က္စီးေနေသာ ငါးအႂကႊင္းအက်န္မွာ မီးေတာက္ေလးဟု မယုံနိုင္ေပ။
သူ႕ရဲ႕ ေပ်ာ္႐ြင္တက္ႂကြစြာ ေနတတ္ေသာ မီးေတာက္ေလး .....
အခ်ိန္က ထိုေနရာမွာတင္ ရပ္တန႔္သြားသလို ခံစားလိုက္ရသည္။ သူက ေသလား၊ ရွင္လားဆိုသည့္ ကိစၥကို မစစ္ေဆးရဲေပ။
ထိုအခါ ဝမ္းသာဖြယ္ အသံတစ္သံက တိတ္ဆိတ္မႈကို ခ်ိဳးဖ်က္သြားေလရာ " သူေဌး ... သူက အသက္ရႈေနေသးတယ္ "
သူ အသက္ရႈေနေသးတယ္လား ....
အသံမွာ အေဝးမွ ေရာက္လာသည့္ပုံ ေပၚေနေသာ္လည္း ခ်င္ယြန္က နီးေအာင္ လာလိုက္သည္။ သူက ငုံ႕ကာ မီးေတာက္ေလးႏွင့္ အနီးကပ္ေရာက္သြားသည့္အခါမွ အသက္ရႈႏႈန္းကို သတိျပဳမိသြားသည္။
ခ်င္ယြန္၏ ႏွလုံးသား တစ္ခါ ျပန္လည္ အသက္ဝင္လာၿပီး သူ႕အသံ ခပ္အက္အက္ျဖင့္ ေျပာလိုက္သည္
" ျမန္ျမန္ အေရးေပၚ ကုသမႈ ျပင္ဆင္ၾက "
ရွန႔္ခယ္က သုံးရက္တာ ငတ္ျပတ္ေနရ၍ သူ႕ခႏၶာထဲ၌ အင္အားတစ္စက္မွ မရွိေတာ့ေခ်။ သို႔ေသာ္ ေမ့ေဆးေၾကာင့္ ဒီပ္ဆန္ သူ႕ကို လွီးျဖတ္စဥ္က နာက်င္မႈကို မခံစားမိေပ။
သို႔ေသာ္လည္း သူက ေခါင္းျပန္လည္ ၾကည္လင္လာကာ သူ႕သနားစဖြယ္ သြင္ျပင္ကို ျပန္ၾကည့္မိလိုက္သည့္အခါ မ်က္လုံးကိုပင္ ေဖာက္ထုတ္လုနီးပါး ျဖစ္ေနသည္ဟု ခံစားမိေနသည္။
ဘယ္ေနရာမွာမ်ား ခ်စ္စရာေကာင္းတဲ့ လင္းပိုင္ေလးကို ရွာေတြ႕နိုင္ေတာ့မွာလဲ .....
သူက ေျခာက္ေသြ႕ကာ အရိုးေပၚ အေရတင္ ျဖစ္ေနသည့္ ငါးႏွင့္ ဘာမွ မကြာျခားေပ။ ပလက္စတစ္ ဆာဂ်ရီ လုပ္လွ်င္ပင္ သူ႕အား ကယ္ဆယ္နိုင္မည္ မဟုတ္ေပ။ သူ႕ျပန္လည္ေကာင္းမြန္လာစြမ္းျဖင့္ သူ႕အား လုံလုံေလာက္ေလာက္ ျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ထား႐ုံသာ တတ္နိုင္သည္။
သူ႕အား ေပ်ာ္႐ြင္ေစသည့္ တစ္ခုတည္းေသာ အရာမွာ ဒီပ္ဆန္က သူ႕အတြင္းအဂၤါမ်ားကို ထုတ္မသြားျခင္း ျဖစ္ေပသည္။ မဟုတ္လွ်င္ သူ႕အတြက္ အသက္ဆက္ရွင္ဖို႔ရာ လုံးဝ မျဖစ္နိုင္ေလာက္ေပ။
သူက လင္းပိုင္ ျဖစ္ေနျခင္းကို ဝမ္းေျမာက္မိသြားသည္။ အကယ္၍ သူသာ လူသားသြင္ျပင္ ျဖစ္ေနလွ်င္ သူ႕အသားနည္းနည္း ပဲ့ပါသြားလွ်င္ပင္ ေသြးဆုံးရႈံးမႈႏွင့္တင္ စိတ္ဒဏ္ရာ အႀကီးအက်ယ္ ျဖစ္သြားေစၿပီး သူ႕အား ထာဝရ စိတ္ဒဏ္ရာအျဖစ္ က်န္ရစ္ေစလိမ့္မည္။
" ေရသူေလးေတြက ေဘးကင္းတယ္ မင္း စိုးရိမ္ဖို႔ မလိုေတာ့ဘူး ..." ခ်င္ယြန္က ေရကန္ေဘးတြင္ ထိုင္ကာ မီးေတာက္ေလးကို ၾကည္ေနရင္ သူ႕စိတ္ထဲ၌ စိတ္ေသာကႏွင့္ အေၾကာက္တရာမ်ား ႀကီးစိုးေနသည္။
ရွန႔္ခယ္၏ မ်က္ဝန္း၌ ေႏြးေထြးေသာ အလင္းတစ္ခ်က္ ျဖတ္ေျပးသြားကာ အၿမီးကို အသာေလး ယမ္းေနသည္။
ခ်င္ယြန္က သူ႕လက္ကို ေဘာင္ေပၚတင္ကာ ေခါင္းက မွီထားလိုက္ရင္း မသည္းမကြဲ ေရ႐ြတ္လိုက္သည္
" ကိုယ္ တကယ္ ေတာင္းပန္ပါတယ္ ... "
သူ႕မ်က္ဝန္းမွ ညိုးငယ္စြာျဖင့္ မ်က္ရည္မ်ား စီးက်လာသည္။
ရွန႔္ခယ္က သူ႕ကို စိတ္အားငယ္စြာ ၾကည့္လိုက္သည္။ ဤအမ်ိဳးသားက သူ႕ကို စိတ္ထဲ ႏွလုံးသားထဲမွ စိုးရိမ္ေနေၾကာင္း သိ၏။ ရွန႔္ခယ္က သူ႕အမွား မဟုတ္ေၾကာင္း ၊ သူသာ ေသျခင္းတရားကို လက္ယက္ေခၚမိေၾကာင္း ေျပာျပခ်င္ေသာ္လည္း ဤကမာၻတြင္ ေနနိုင္ဖို႔ရာ သူ႕တာဝန္မ်ားကို အေကာင္းဆုံးလုပ္ၿပီး အသက္ရွင္ဖို႔ရာ အေကာင္းဆုံး ႀကိဳးစားရမည္။
ၿပီးသြားရင္ က်ေတာ့္ ဘဝ တစ္ေလွ်ာက္လုံး ခင္ဗ်ားနဲ႕အတူတူ ေနသြားပါ့မယ္ .....
ခ်င္ယြန္က မီးေတာက္ေလး၏ ၾကည္လင္ေနေသာ မ်က္ဝန္းမ်ားကို ၾကည့္လိုက္သည္။ သူက ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရထားေသာ္လည္း သူ႕မ်က္လုံးမ်ားမွာ ေႏြးေထြးေနဆဲ ျဖစ္ကာ ႏွစ္သိမ့္ေပးေနဟန္ ေပၚသည္။
ထိုအခ်က္ သူ႕ကို ပိုနာက်င္ခံစားရေစၿပီး ဒီပ္ဆန္ကို ပို၍ မုန္းတီးမိသည္။
မီးေတာက္ေလး၏ အသားအပိုင္းအစႏွင့္ ထိုေခြးသား လြတ္သြားသည္က ႏွေျမာစရာ ေကာင္းလွသည္။
ခ်င္ယြန္က သူ႕အား ဘယ္ေတာ့မွ လြတ္ေပးမည္ မဟုတ္ေပ။ သူက ကမၻႀကီးကို ေဇာက္ထိုးမိုးေမွ်ာ္ လုပ္ပစ္ရလွ်င္ပင္ သူ႕ကို ေတြ႕ေအာင္ ရွာမည္။ ေတြ႕သည္ႏွင့္ မီးေတာက္ေလး ခံစားခဲ့ရသည့္ နာက်င္မႈမ်ားထက္ အဆမ်ားစြာ ခံစားရေစမည္။
ရွန႔္ခယ္က ဤတစ္ႀကိမ္တြင္ အေတာ္ေလး ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရသြားျခင္း ျဖစ္ေသာေၾကာင့္ ခ်င္ယြန္က လူထုကို အသိမေပးဘဲ ထားရန္ ႀကံ႐ြယ္ထားသည္။ သို႔ေသာ္လည္း အဆုံးသတ္၌ သတင္းမ်ားက ထြက္သြားေသး၏။ မီးေတာက္ေလးကို ခ်စ္ျမတ္နိုးၾကေသာ ေဆးပညာရွင္အဖြဲ႕မ်ားက မီးေတာက္ေလး၏ ယူက်ဳံးမရ ပ်က္စီးေနေသာ သြင္ျပင္ကို ျမင္လိုက္ရသည့္အခါ ဆက္၍ သည္းမခံနိုင္ေတာ့ေခ်။ ႏွစ္ရက္ပင္ မၾကာလိုက္ဘဲ မီးေတာက္ေလး၏ အေျခအေနကို ရိုက္ကူးထားေသာ ပုံအမ်ားအျပားမွာ ျပန႔္ႏွံ႕ကုန္ေတာ့သည္။
လူထုက မီးေတာက္ေလး ခံစားရမွန္း သိထားၾကေသာ္လည္း ထိုမွ်ဆိုး႐ြားလိမ့္မည္ဟု မထင္ထားၾကေပ။
နာရီပိုင္းေလးအတြင္း ကမာၻႀကီး တစ္ခုလုံး ေဒါသူပုန္ ထကုန္ၾကသည္။ သူတို႔က သူတို႔ကိုယ္ပိုင္အာဏာမ်ားကို သုံးကာ ဒီပ္ဆန္ကို ေနရာအႏွံ႕ ရွာေဖြၾကကုန္သည္။
ဒီပ္ဆန္က လင္းပိုင္ သုေတသန လုပ္ငန္း၌ ေအာင္ျမင္ရန္ ဆုံးျဖတ္ထားသည့္အတြက္ လ်ိဳ႕ဝွက္ေနရာတစ္ခု ရွာကာ သူ႕သုေတသန လုပ္ငန္းကို ဆက္လက္ လုပ္ကိုင္ေနသည္။ သူ႕လုပ္ငန္း အေကာင္အထည္ ေပၚလာသည္ႏွင့္ အားလုံးကို အသိေပးၿပီး အမ်ားေရွ႕ ဂုဏ္ယူဝင့္ႂကြားစြာ ျပန္သြားနိုင္လိမ့္မည္။
သို႔ေသာ္လည္း ရွန႔္ခယ္က သူ လုပ္ရန္ မစဥ္းစားဖူးသည့္ ေ႐ြးခ်ယ္မႈ တစ္ခုကို ခ်မွတ္လိုက္သည္။
" မ်ိဳးပြား ျပႆနာကို လင္းပိုင္မ်ိဳးစိတ္က ေျဖရွင္းေပးနိုင္တယ္ဆိုၿပီး သတင္းျဖန႔္ေပးပါ " သူ႕ဒဏ္ရာမ်ား ျပန္လည္ေကာင္းမြန္လာၿပီးေနာက္ ရွန႔္ခယ္က လူအသြင္ေျပာင္းကာ ခ်င္ယြန္ဆီ ထိုစကားမ်ားကို ပထမဆုံး ေျပာလိုက္ျခင္း ျဖစ္၏။
စမ္းသပ္ေရး ပစၥည္းတစ္ခုအေနႏွင့္ လူတခ်ိဳ႕၏ လိုအပ္ခ်က္ကို စိတ္ေျဖေပးဖို႔ရာ နယ္႐ုပ္ ျဖစ္လာမည့္အစား သူ႕ကိုယ္သူ ကမာၻႀကီးဆီ အသိေပး မေဖာ္ထုတ္ဘဲ အဘယ္ေၾကာင့္ ထားရမည္နည္း။ ကမာၻႀကီး၏ အာဏာအမ်ိဳးမ်ိဳး၏ မွ်ေျခႏွင့္ ၾကည့္ရႈမႈေအာက္၌ သူက သေဘာထားႀကီး ခြင့္လြတ္အနစ္နာခံတတ္သည့္ လင္းပိုင္ တစ္ေကာင္ ျဖစ္လာလိမ့္မည္။
အကယ္၍ သူတို႔က သူ႕ဆီမွ လိုလားေသာ သုေတသန အခ်က္အလက္မ်ားကို ရရွိနိုင္လွ်င္ လွိုင္းလုံးေလးႏွင့္ ေရသူေလးမ်ားကား ေနာင္အနာဂတ္၌ လြတ္လပ္မႈ ရရွိသြားလိမ့္မည္။
ရွန႔္ခယ္က သူ႕ဆုံးျဖတ္ခ် ခ်ၿပီးသည့္ေနာက္တြင္ System ၏ အသံက စိတ္ထဲ ထြက္ေပၚလာသည္
【အပို တာဝန္ (၁) - ေရသူမ်ိဳးႏြယ္ ရွာေဖြျခင္း ေအာင္ျမင္သည့္အတြက္ ဆယ္ႏွစ္သက္တမ္း ခ်ီးျမင့္ခံရပါတယ္ 】

[Unicode]


ရှန့်ခယ်က မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည့်အခါ သူဦးခေါင်းအတွင်းမှ ဒရမ် တီးနေသည့်အလား ခေါင်းကျိန်းနေပေသည်။ နာကျင်မှု အနည်းငယ် လျော့သွားသည့်နောက်တွင် သူက ရေကန်ကြီးထဲ ‌ ရောက်ရှိနေကြောင်း သိလိုက်ရသည်။ သုတေသီများက ရပ်နေကြပြီး သူတို့ရှေ့ဆုံးတွင် သုတေသီခေါင်းဆောင် ရှိနေသည်။
သူ့အ‌ခြေအနေမှာ သေရေးရှင်ရေး ဖြစ်နေကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ သူ သတိမေ့မသွားခင် သူက ရေအောက်ထဲတွင် လွတ်လွတ်လပ်လပ် ကူးခတ်နေသည် ဖြစ်ရာ ခါးပိုင်းမှ နာကျင်မှုကို ရုတ်ချည်း မခံစားလိုက်ရခင်အထိ ဖြစ်သည်။ သူက သေးသေးချွန်ချွန် တစ်ခုဖြင့် ထိုးမိကြောင်း သိလိုက်သည်။ ထို့နောက် သူ သတိမေ့သွားခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ သုတေသီခေါင်းဆောင်က သူ့အား အကွက်ချ ကြံစည်ထားသည်မှာ သေချာလှသည်။
ထူးဆန်းပေသည်။ လင်းပိုင် သုတေသန လုပ်ငန်းများမှာ ချောချောမွေ့မွေ့ လုပ်ဆောင်နေပြီ ဖြစ်ရာ သူက ထပ်မပူးပေါင်းနိုင်လောက်အောင်အထိ သေချာပူးပေါင်းခဲ့လေသည်။
ဒီလူက ဒီနည်းလမ်းကို သုံးမှ ဖြစ်မှာလား
" ဟားဟား မီးတောက်လေး ... ဒါမှမဟုတ် မင်းကို ဟိုင်ယန်လို့ ခေါ်ရမလား " သုတေသီခေါင်းဆောင်က သူ့အား အနုပညာလက်ရာ တစ်ခုအလား ကြည့်ကာ ပြောလိုက်သည်။
ရှန့်ခယ်၏ စိတ်ရှုပ်ထွေးမှုများက ချက်ချင်းဆိုသလို ရှင်းလင်းသွားတော့သည်။ သုတေသီခေါင်းဆောင်က သူ့ ပုံစံအမှန်ကို သိနေ၍ ထိုမှတဆင့် အကျိုးမြတ်ရရန် ကြံစည်ထားခြင်း ဖြစ်သည်။
သူက ဘေးပတ်လည်ကို သေချာဂရုတစိုက် ကြည့်ရှုပြီးနောက် သူ ရှိနေသည့် နေရာမှာ မရင်းနှီးသည့် နေရာဖြစ်ကြောင်း သိလိုက်ရသည်။ သူက သုတေသီခေါင်းဆောင် သုံးသည့်နည်းလမ်းကို မသိသော်ငြား သူ့ကို ရေအောက်အဆောက်အဦးမှ မည်သို့ ထုတ်ခဲ့ကြောင်းတော့ သိချင်မိသည်။ လက်ရှိ သူက လင်းပိုင်ပုံစံ ဖြစ်နေပြီ ဖြစ်ရာ ကြီးမားရုံသာမက လေးလဲ လေးလံသေး၏။
" ဒီနေ့က စပြီးတော့ မင်းက ငါတို့သုတေသီအဖွဲ့ရဲ့ အရေးကြီးဆုံး စမ်းသပ်ပစ္စည်းပဲ။ မင်းရဲ့ ခန္ဓာကိုယ်က ဆဲလ်တစ်ခုမှ အလကားမဖြုန်းတီးပစ်အောင် သေချာလုပ်ပေးမယ် " သုတေသီခေါင်းဆောင်က အတုအယောင် ကြင်နာမှု အယောင်ပြကာ ပြောလိုက်သည်။
ထို့နောက် သူက လက်နောက်ပစ်ကာ   " မင်းသာ ငါတို့နဲ့ ကောင်းကောင်း ပူးပေါင်းပေးပြီးတော့ ငါတို့ရဲ့ သုတေသနလုပ်ငန်း အောင်မြင်ဖို့ ကူညီပေးမယ်ဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးက မင်းရဲ့ စတေးမှုနဲ့ အကျိုးပြုမှုကြောင့် အဓွန့်ရှည်မှာပါ "
လျှောက်ပြောမနေလို့ မရဘူးလား လိုရင်းသာ ပြောစမ်းပါ ......
ရှန့်ခယ်က သူနှင့် ဆက်ဆံဖို့ရာ စိတ်မပါသောကြောင့် လှည့်သွားသည်။ သူက သေဖို့ရာ သတ္တိရှိသည်ထက် ပိုပေသည်။ သေရမည့်အချိန် ရောက်ရှိလာလျှင် ရဲရဲရင့်ရင့် သူရဲကောင်းဆန်ဆန် သေဆုံးပစ်ဖို့သာ လိုအပ်ပေသည်။ ထိုလူကို သူ့ဆီမှ အမြတ်ထုတ်ခွင့် ပြုဖို့ရာ စိတ်ကူးမရှိချေ။
သုတေသီခေါင်းဆောင်က သူ သဘောမတူမည်မှန်း သိနေ၍ သူ့လူများကို ရေကန်အသေးငယ်တစ်ခု ထုတ်ယူခိုင်းလိုက်သည်။ လှုပ်ရှားမှု အသံများကို ကြား၍ ရှန့်ခယ်က လှည့်ကြည့်လိုက်သည့်အခါ ရေသူလေးနှစ်ကောင် ရုန်းကန်နေသည့် မြင်ကွင်းဆိုးဆိုးကို တွေ့လိုက်ရ၏။ ထိုနှစ်ယောက်က ရှန့်ခယ်ကို သတိထားမိသောအခါ သူတို့ခေါင်းလေးတွေ ရေပေါ် ဖော်ထားပြီး စိုးရိမ်တကြီး လှမ်းကြည့်နေကြသည်။
ရှန့်ခယ်က မျက်မှောင်ကျုတ်မိသွားသည်။ သုတေသီခေါင်းဆောင်က ချင်ယွန် နိုင်ငံခြား ရောက်နေသည့် အခွင့်အရေးကို အသုံးချ၍ ရေအောက်အဆောက်အဦးမှ အားလုံးကို ထုတ်လာခိုင်းလိုက်သည်များလား။
" ကောင်းပြီလေ " သုတေသီခေါင်းဆောင်က ရေကန်အသေးလေးကို ပုတ်ကာ ပြုံးရင်း ပြောလိုက်သည် " မင်းကို လင်းပိုင်ကနေ လူသားအဖြစ် ပြောင်းတာကို မြင်ချင်တယ် အခုလုပ်စမ်း "
သူက ပြုံးနေသော်လည်း သူ့အသံတွင် ခြိမ်းခြောက်မှုများ ရောပြွန်းနေသည်။
ရှန့်ခယ်က လူအားလုံးရှေ့တွင် သူ့ကိုယ်လုံးတီးပုံ ပြရန် စိတ်မပါပေ။ သို့သော်လည်း ရေသူလေးများက ရန်သူလက်ထဲ ကျရောက်နေသည့်အတွက် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
" မင်းက မလုပ်ချင်ဘူးလား " သုတေသီခေါင်းဆောင်က ခလုတ်တစ်ခု နှိပ်လိုက်သည့်အခါ ရေကန်အသေးလေးထဲမှ အပူချိန်မှာ စတင်၍ မြင့်တက်လာသည်။ ရေသူလေး နှစ်ကောင်မှာ နှစ်သိမ့်ရာ ရလိုငြား ကတုန်ကယင် ဖြစ်လာကာ ရှန့်ခယ်ကို နားမလည်နိုင်ခြင်းနှင့်အတူ စိုးထိတ်မှုနှင့် ကြည့်နေကြသည်။
သုတေသီခေါင်းဆောင်က ရှန့်ခယ်ကို ပုံပြန်ပြောင်းစေရန် တခြားနည်းလမ်းများလည်း ရှိသေး၏။ သူက အိပ်ဆေးအမျိုးမျိုးနှင့် အတင်းကြပ် သုံးဖို့ရာအထိ ပြင်ဆင်ထားလေသည်။ သို့သော် သူ့တစိတ်တပိုင်းက ရှန့်ခယ်၏ အရိုင်းသဘာဝကို ချေဖျက်ချင်မိသောကြောင့် နည်းလမ်းဟောင်းအတိုင်း လုပ်ဖို့ရာ တွန်းအားပေးမိသွားသည်။
သူက ရှန့်ခယ်သည် ငါးစာဟပ်လိမ့်မည်ဟု ထင်မထားပေ။ သူက အပြင်းအထန် ငြင်းဆန်၍ သူ့ကိုယ်သူ ရေကန်နံရံနှင့် ဝင်တိုက်လိမ့်မည်ဟု မတွေးမိထားပေ။
တစ်ကြိမ် .... နှစ်ကြိမ် ... သုံးကြိမ် .... သူက သူ့အသက်ကို ဂရုမစိုက်သည့်အလား ပြုမူနေသည်။
ရေကန်မှာ သူဆက်တိုက် တိုးတိုက်မှုကြောင့် ရေများက ရှေ့နောက် ဘောင်ဘင်ခတ်နေသည်။
" ရပ်စမ်း " သုတေသီခေါင်းဆောင်က အော်ပြောလိုက်သည်။
ရှ့န်ခယ်က သူ့ကို စိတ်ထဲ ထားပေ အားရှိသလောက် ရေကန်ကို ဝင်တိုက်နေဆဲ ဖြစ်သည်။
" သေစမ်း သူ့ကို မေ့ဆေး ထိုးပေးလိုက်တော့ " သုတေသီခေါင်းဆောင်က အမိန့်ပေးလိုက်သည့်အခါ သုတေသီတစ်ယောက်က ထိန်းချုပ်ခုံမှ ခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်။
ဆေးထိုးအပ် သဏ္ဍာန် ကိရိယာက ရေကန်အပေါ်သို့ ရောက်လာကာ ရှန့်ခယ်မှာ လေဆာရောင်ခြည်နှင့် ချိန်ရွယ်ခံလိုက်ရသည်။
ရှန့်ခယ်က ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားလိုက်ပြီး ရှေ့သို့ ရောက်လာကာ ထိုလေဆာရောင်ခြည်ကို ရှောင်လိုက်သည်။ တစ်ချိန်တည်းတွင် သူက လေချွန်လိုက်လေ၏။ ထိုလေချွန်သံမှာ လူသားများ မကြားနိုင်သော်လည်း လျှပ်စစ်ပစ္စည်းများအပေါ် သက်ရောက်မှု ရှိလေသည်။ သတ္တုကိရိယာမှာ ချက်ချင်း တကျွီကျွီ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလို ပျက်စီးသွားတော့သည်။
ရေကန်အပြင်ဘက်ရှိ လူများက အတော်လေး ကြောင်အသွားကြသည်။ လင်းပိုင်များ၏ လေချွန်သံတွင် ထိုသို့မျိုး ဖျက်စီးနိုင်စွမ်း ရှိလိမ့်မည်ဟု ထင်မထားပေ။
သုတေသီခေါင်းဆောင် မျက်နှာမှာ မည်းမှောင်သွားက အော်ပြောလိုက်သည် " မေ့ဆေးကို ရေထဲ လောင်းချလိုက် .... ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့ "
သူက ဤလင်းပိုင်အပေါ် အရာအားလုံးပုံအောထားသည် ဖြစ်ရာ ယခုမှ မလုပ်လျှင် နောင်စမ်းသပ်မှုများ၌ ပူးပေါင်းနိုင်မည် မဟုတ်ပေ။
သုတေသီတစ်ယောက်က တွေဝေစွာဖြင့် "ခေါင်းဆောင် .... ကျုပ်တို့တွေ ညင်သာတဲ့ နည်းလမ်းကို သုံးလို့ မရဘူးလား။ လင်းပိုင်တွေက စိတ်ခံစားချက်ရှိတဲ့ သတ္တဝါတွေဆိုတော့ အတင်းကြပ်လုပ်ရင် သတ်သေသွားနိုင်တယ် "
" သူ့ကို သာမာန်လင်းပိုင်လို ထင်မနေစမ်းနဲ့ " သုတေသီခေါင်းဆောင်က အေးစက်စွာ ပြန်ပြောလိုက်သည် " ငါပြောတဲ့အတိုင်း လုပ်စမ်းပါ။ သူ့ကို ရက်အနည်းငယ်လောက် အငတ်ထားလိုက် .... ပြီးသွားရင် နောက်တဆင့် ထပ်လုပ်ကြမယ် "
သုတေသီများက ကူကယ်ရာမဲ့စွာဖြင့် သူ့ညွှန်ကြားမှုအတိုင်းသာ လိုက်လုပ်ကြရသည်၊။
ရှန့်ခယ်က ကန်အောက်ထဲ နေနေသည်။ သူက အစမ်းသပ်ခံ ပစ္စည်းဖြစ်လာသော်လည်း ဤသို့ အနိုင်ကျင့်ခံ ၊ ဖိနှိပ်ခံရသည့် နည်းလမ်းမျိုး နှင့် မဟုတ်ဘဲ လူသားမျိုးနွယ်အတွက် သူရဲကောင်းဆန်ဆန် သေဆုံးရန် ကြံစည်ထား၏။
မေ့ဆေးအရှိန်ကြောင့် ရှန့်ခယ်မှာ နောက်တဖန် အသိစိတ် ကင်းကွာသွားပြန်သည်။
ချင်ယွန်က နိုင်ငံသို့ မြန်မြန် ပြန်ရောက်လာကာ ကင်မရာများကို စစ်ဆေးကြည့်လိုက်သည်။ လုံခြုံရေး အထပ်ထပ်ကြားမှ ရေသူလေးများနှင့် မီးတောက်လေးကို ခေါ်ထုတ်သွားနိုင်လိမ့်မည်ဟု မယုံပေ။ သူက မည်သူလုပ်သည်ကိုပင် တွေးမနေတော့ပေ။ ထိုသို့ လုပ်မည့်သူ တစ်ဦးတည်းသာ ရှိပေ၏။ လုပ်ပိုင်ခွင့် အပြည့်ရထားသော သုတေသီခေါင်းဆောင်သာ ဖြစ်နိုင်သည်။
" ဒီပ်ဆန် .... မီးတောက်လေး အဆင်ပြေဖို့သာ ဆုတောင်းထားပေတော့ " သူ့ကို သတ်ပစ်ချင်သည့်စိတ်က တဟုန်းဟုန်း တောက်လောင်လာ၏။ မီးတောက်လေးက မည်သို့ ဒုက္ခများ ခံစားနေရမလဲဆိုသည့် အတွေးက သူ့စိတ်ထဲမှ ဒေါသကို ထိန်းချုပ်နိုင်ရန် အလွန်ခက်ခဲပေသည်။
ချင်ယွန်က မီးတောက်လေးကို သုတေသီများက ခေါ်ဆောင်သွားသည့် သတင်းကို လူထုကို အသိပေးလိုက်သည်။ တစ်ဖက်တွင် သူတို့၏ လူမဆန်သည့် လုပ်ရပ်များနှင့် နည်းလမ်းများကို လူထုကို အသိပေးပြီး ဖိအားပေးရန် ကြိုးစားလိုက်သည်။ နောက်တစ်ဖက်၌ သုတေသီခေါင်းဆောင်ကို ရှာဖွေရန် လူအင်အား တိုးမြင့်လိုက်ပေ၏။ ချင်ယွန်က သူ့နောက်ခံကို တူးဆွဖူး၏။
သူ့လက်ထဲမှ ဟိုင်ယန်ကို ခေါ်ထုတ်သွားရဲဖို့ရာ ထိုသို့လုပ်နိုင်မည့် တစ်ခုတည်းသော အာဏာမှာ သုတေသီ အဖွဲ့အစည်းကြီးမှ ဖြစ်လိမ့်မည်။ မီးတောက်လေးကို ထိုနေရာ၌ ဖမ်းဆီးထားခြင်းသာ ဖြစ်ပေလိမ့်မည်။
မီးတောက်လေး ပျောက်ဆုံးသွားသည့် သတင်းမှာ ပွက်လောရိုက်သွားစေသည်။ သူတို့က မီးတောက်လေးကို အစမ်းသပ်ခံ ပစ္စည်းအဖြစ် အသုံးပြုရဲသည်လား။ သူက လူများစွာကို ကယ်တင်ပေးခဲ့ကာ လူတို့နှင့် ထိတွေ့ရသည်ကို နှစ်သက်သည့် ရိုးသားဖြူစင်သော ကလေးငယ်လေး သဖွယ် ဖြစ်၏။ သို့သော်လည်း သူ့အဆုံးသတ်မှာ အစမ်းသပ်ခံ ပစ္စည်းဖြစ်လာပေ၏။
သူ့ကို ငါးဖမ်းသမား အုပ်စုဆီမှ ကယ်ဆယ်ပြီးနောက်တွင် ထိုသို့မျိုး ထပ်ကြုံတွေ့ရလိမ့်မည် မဟုတ်ဘဲ ရေအောက်ပြတိုက်၌ ပျော်ပျော်ရွင်ရွင် နေနိုင်လိမ့်မည်ဟု ယုံကြည်ထားမိကြသည်။ လူသားမျိုးနွယ်စု၏ အကြံကြီးမှုအောက်မှ မလွတ်မြောက်သေးကြောင်း ထင်မထားကြပေ။ ဤအချိန်၌ သိပ္ပံဆိုင်ရာ သုတေသီလုပ်ငန်းများကို လုပ်ကိုင်နေသည့် အဖွဲ့အစည်းကြီးလက်အောက်တွင် မီးတောက်လေးကို ဖမ်းဆီးထားကြ၏။
သုတေသီလုပ်ငန်းဟု ခေါ်ဆိုသော်လည်း လူအများရှေ့ လုပ်လို့ မရဘူးလား။ တိတ်တဆိတ် လုပ်ဆောင်ဖို့ရာ သူတို့က တွေးထားနိုင်သလောက် နည်းလမ်းမျိုးစုံကို ထုတ်သုံးရန် ကြံစည်နေခြင်းသာ ဖြစ်ပေသည်။
သုတေသီခေါင်းဆောင် ဒီပ်ဆန်၏ သတင်းမှာ အမြန်ပြန့်နှံ့လာပြီး မကောင်းကြောင်းများလည်း တွဲ၍ ပါဝင်လာသည်။ ဒီပ်ဆန်၏ ကြောက်စရာ အကောင်းဆုံး သတင်းမှာ စမ်းသပ်ရေး နည်းလမ်းများ ဖြစ်၏။ သူက လုံးဝကို သမာသည့်သူ မဟုတ်ပေ။ သူ့ကြောင့် တိရစ္ဆာန်လေးများ မည်မျှ သေဆုံးပြီးပြီနည်း။
သုတေသီ အသိုင်းအဝိုင်းအတွင်း သူ့ဂုဏ်သတင်းမှာ မကောင်းလှသော်လည်း သူ့အရည်အချင်းနှင့် နောက်ခံကြောင့် အရေးကြီး သုတေသီလုပ်ငန်းများ၌ ပါဝင်နိုင်ခြင်း ဖြစ်သည်။
ထိုအရာအားလုံးကို ရှာတွေ့သွားပြီးနောက် လူထုမှာ တုန်လှုပ်သည့်ထက် ကျော်လွန်၍ ဒေါသူပုန် ထကုန်ကြသည်။ မီးတောက်လေး က ထိုသို့မျိုး လူမျိုး၏
လက်အတွင်း ကျရောက်သွားမှတော့ အသက်ရှင်နိုင်ပါ့ဦးမလား ..... ပြန်ရော လာနိုင်ပါ့လား ....
သုတေသီလုပ်ငန်းက အရေးကြီးသော်လည်း ကမ္ဘာပေါ်၌ နှစ်ကောင်တည်း ကျန်ရှိတော့သည့် လင်းပိုင်နှစ်ကောင်ကို စတေးဖို့ရာ ထိုက်တန်ရဲ့လား ....
နှစ်ရက်မျှသာ ဖြစ်သော်လည်း ဒီပ်ဆန်မှ မီးတောက်လေးကို အန္တရာယ်ကင်းကင်း ပြန်ပို့ပေးရန် တောင်းဆိုချက်များ ကမ္ဘာအနှံ့မှ ရောက်ရှိလာလေသည်။ မီးတောက်လေး ကယ်တင်ဖူးသော လူတော်တော်များများက တခြားလူများထက် ပိုကြိုးစား၍ မီးတောက်လေးအတွက် အင်တိုက်အားတိုက် တိုက်ပေးနေကြသည်။
လင်းပိုင် ချစ်သူများ အဖွဲ့အစည်းမှာ ကမ္ဘာအနှံ့မှ စုစည်းထားခြင်း ဖြစ်ကာ လူတန်းစားအမျိုးမျိုး၊ သူဌေးများ၊ အာဏာရှိသူများနှင့် လွှမ်းမိုးနိုင်သူများမှ အောက်ဆုံး သာမာန်လူတန်းစားများအထိ ပါဝင်ပေသည်။ သူ့မောင်းမဆောင်မှာ ကြီးမားလွန်း၍ သူတို့၏ အာဏာများမှာလည်း အံ့အားသင့်ဖို့ ကောင်းပေသည်။ လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်စွမ်း ရှိ၏။
ဒီပ်ဆန်က ချင်ယွန်သည် တိုင်းပြည် မျက်နှာပျက်စေရန် လူထုကို ချပြလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ချင်ယွန်က တိုင်းပြည်ကို လုံးဝ ထည့်မတွက်ထားပေ။ သူ့သုတေသီလုပ်ငန်းကို နိုင်ငံက တရားဝင် အသိမှတ်ပြုပေးထားသောကြောင့် သူ့သုတေသီလုပ်ငန်းကို နှောင့်ယှက်ခြင်းသည် နိုင်ငံကို ဆန့်ကျင်ခြင်းနှင့် အတူတူ ဖြစ်ပေ၏။
ဒီပ်ဆန်က ချင်ယွန်၏ လွှမ်းမိုးနိုင်စွမ်းကို အမှန်ပင် လျော့တွက်မိသွားသည်။ အကယ်၍ ချင်ယွန်က ထိုသို့ လုပ်ရဲပါက ထိပ်တန်းအာဏာရှင်များကိုပင် အကြောက်အလန့် မရှိကြောင်း ဆိုလိုနေသည် မဟုတ်ပါလော။
လူထု၏ ထောက်ခံမှုဖြင့် ချင်ယွန်က လူထုကို ဦးဆောင်၍ ဒီပ်ဆန်၏ သုတေသီအဆောက်အဦးဆီ အတင်းကြပ် ဝင်ရောက်သွားတော့သည်။
လူထုအမြင် ဖိအားများနှင့် ချင်ယွန် ဖိအားနှစ်ဆအောက်တွင် ဒီပ်ဆန်ကို နောက်လိုက်များက စွန့်ခွာသွားကြသည်။ သူက မီးတောက်လေးကို လွဲပေးဖို့ရာ စိတ်ကူးမရှိသေးပေ။ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲနိုင်စွမ်းမှာ သူ့လက်အတွင်းရှိနေသော သုတေသီ ရလဒ်များမှ ဖြစ်ပေသည်။ သူ့နှလုံးသားမှာ တဒုန်းဒုန်း ခုန်နေပြီး သွေးများပင် ပွက်ပွက်ဆူမိနေသည်။
သူက သတိမဝင်တလှည့် ဝင်တလှည့် ဖြစ်နေသော မီးတောက်လေးကို စမ်းသပ်စားပွဲပေါ်၌ တင်ကာ အေးစက်စက် အလင်းများ ထုတ်လွှင့်ပေးနေသော ခွဲစိတ်ဓားကို ထုတ်ယူလိုက်သည်။
ထို့နောက် သူက မီးတောက်လေးကို ယုတ်မာစွာ ကြည့်လိုက်ရင်း ......
ချင်ယွန် ဤနေရာသို့ ရောက်လာသည့်အချိန် အရမ်းနောက်ကျသွား၏။ သူ့ကို ဆီးကြိုနေသော ခါးသက်သော မြင်ကွင်းမှာ ရင်ဝကို ဆောင့်ကန်လိုက်သလို ဖြစ်၏။
မီးတောက်လေးက စမ်းသပ်စားပွဲပေါ်တွင် လဲလျောင်းရင်း အသားများ လှီးထုတ်ခံထားရသည်။ သူ့သွေး သုံးပုံနှစ်ပုံလည်း ဆုံးရှုံးထားရသည်။ သူတွင် ကျန်နေသည်က ရစရာ မရှိ စုတ်ပြတ်နေသည့် ခန္ဓာကိုယ်သာ ဖြစ်၏။ သူ့ကြွက်သားအခြေအနေမှာ ကွေးနိုင်ဆန့်နိုင် လုပ်နိုင်စွမ်း ပျောက်ဆုံးနေပြီး ဌက်နှင့် သားကောင်များ စားထားသည့် ငါးအကြွင်းအကျန်ကဲ့သို့ ဖြစ်နေသည်။
နေရာမှာတင် ကြောင်ရပ်နေမိသော ချင်ယွန် စိတ်ထဲ၌ သူ့မျက်စိရှေ့မှ တွေ့နေရသော ပျက်စီးနေသော ငါးအကြွှင်းအကျန်မှာ မီးတောက်လေးဟု မယုံနိုင်ပေ။
သူ့ရဲ့ ပျော်ရွင်တက်ကြွစွာ နေတတ်သော မီးတောက်လေး .....
အချိန်က ထိုနေရာမှာတင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သူက သေလား၊ ရှင်လားဆိုသည့် ကိစ္စကို မစစ်ဆေးရဲပေ။
ထိုအခါ ဝမ်းသာဖွယ် အသံတစ်သံက တိတ်ဆိတ်မှုကို ချိုးဖျက်သွားလေရာ " သူဌေး ... သူက အသက်ရှုနေသေးတယ် "
သူ အသက်ရှုနေသေးတယ်လား ....
အသံမှာ အဝေးမှ ရောက်လာသည့်ပုံ ပေါ်နေသော်လည်း ချင်ယွန်က နီးအောင် လာလိုက်သည်။ သူက ငုံ့ကာ မီးတောက်လေးနှင့် အနီးကပ်ရောက်သွားသည့်အခါမှ အသက်ရှုနှုန်းကို သတိပြုမိသွားသည်။
ချင်ယွန်၏ နှလုံးသား တစ်ခါ ပြန်လည် အသက်ဝင်လာပြီး သူ့အသံ ခပ်အက်အက်ဖြင့် ပြောလိုက်သည်
" မြန်မြန် အရေးပေါ် ကုသမှု ပြင်ဆင်ကြ "
ရှန့်ခယ်က သုံးရက်တာ ငတ်ပြတ်နေရ၍ သူ့ခန္ဓာထဲ၌ အင်အားတစ်စက်မှ မရှိတော့ချေ။ သို့သော် မေ့ဆေးကြောင့် ဒီပ်ဆန် သူ့ကို လှီးဖြတ်စဉ်က နာကျင်မှုကို မခံစားမိပေ။
သို့သော်လည်း သူက ခေါင်းပြန်လည် ကြည်လင်လာကာ သူ့သနားစဖွယ် သွင်ပြင်ကို ပြန်ကြည့်မိလိုက်သည့်အခါ မျက်လုံးကိုပင် ဖောက်ထုတ်လုနီးပါး ဖြစ်နေသည်ဟု ခံစားမိနေသည်။
ဘယ်နေရာမှာများ ချစ်စရာကောင်းတဲ့ လင်းပိုင်လေးကို ရှာတွေ့နိုင်တော့မှာလဲ .....
သူက ခြောက်သွေ့ကာ အရိုးပေါ် အရေတင် ဖြစ်နေသည့် ငါးနှင့် ဘာမှ မကွာခြားပေ။ ပလက်စတစ် ဆာဂျရီ လုပ်လျှင်ပင် သူ့အား ကယ်ဆယ်နိုင်မည် မဟုတ်ပေ။ သူ့ပြန်လည်ကောင်းမွန်လာစွမ်းဖြင့် သူ့အား လုံလုံလောက်လောက် ပြန်ကောင်းလာဖို့ မျှော်လင့်ထားရုံသာ တတ်နိုင်သည်။
သူ့အား ပျော်ရွင်စေသည့် တစ်ခုတည်းသော အရာမှာ ဒီပ်ဆန်က သူ့အတွင်းအင်္ဂါများကို ထုတ်မသွားခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် သူ့အတွက် အသက်ဆက်ရှင်ဖို့ရာ လုံးဝ မဖြစ်နိုင်လောက်ပေ။
သူက လင်းပိုင် ဖြစ်နေခြင်းကို ဝမ်းမြောက်မိသွားသည်။ အကယ်၍ သူသာ လူသားသွင်ပြင် ဖြစ်နေလျှင် သူ့အသားနည်းနည်း ပဲ့ပါသွားလျှင်ပင် သွေးဆုံးရှုံးမှုနှင့်တင် စိတ်ဒဏ်ရာ အကြီးအကျယ် ဖြစ်သွားစေပြီး သူ့အား ထာဝရ စိတ်ဒဏ်ရာအဖြစ် ကျန်ရစ်စေလိမ့်မည်။
" ရေသူလေးတွေက ဘေးကင်းတယ် မင်း စိုးရိမ်ဖို့ မလိုတော့ဘူး ..." ချင်ယွန်က ရေကန်ဘေးတွင် ထိုင်ကာ မီးတောက်လေးကို ကြည်နေရင် သူ့စိတ်ထဲ၌ စိတ်သောကနှင့် အကြောက်တရာများ ကြီးစိုးနေသည်။
ရှန့်ခယ်၏ မျက်ဝန်း၌ နွေးထွေးသော အလင်းတစ်ချက် ဖြတ်ပြေးသွားကာ အမြီးကို အသာလေး ယမ်းနေသည်။
ချင်ယွန်က သူ့လက်ကို ဘောင်ပေါ်တင်ကာ ခေါင်းက မှီထားလိုက်ရင်း မသည်းမကွဲ ရေရွတ်လိုက်သည်
" ကိုယ် တကယ် တောင်းပန်ပါတယ် ... "
သူ့မျက်ဝန်းမှ ညိုးငယ်စွာဖြင့် မျက်ရည်များ စီးကျလာသည်။
ရှန့်ခယ်က သူ့ကို စိတ်အားငယ်စွာ ကြည့်လိုက်သည်။ ဤအမျိုးသားက သူ့ကို စိတ်ထဲ နှလုံးသားထဲမှ စိုးရိမ်နေကြောင်း သိ၏။ ရှန့်ခယ်က သူ့အမှား မဟုတ်ကြောင်း ၊ သူသာ သေခြင်းတရားကို လက်ယက်ခေါ်မိကြောင်း ပြောပြချင်သော်လည်း ဤကမ္ဘာတွင် နေနိုင်ဖို့ရာ သူ့တာဝန်များကို အကောင်းဆုံးလုပ်ပြီး အသက်ရှင်ဖို့ရာ အကောင်းဆုံး ကြိုးစားရမည်။
ပြီးသွားရင် ကျတော့် ဘဝ တစ်လျှောက်လုံး ခင်ဗျားနဲ့အတူတူ နေသွားပါ့မယ် .....
ချင်ယွန်က မီးတောက်လေး၏ ကြည်လင်နေသော မျက်ဝန်းများကို ကြည့်လိုက်သည်။ သူက ဆိုးဆိုးရွားရွား ဒဏ်ရာရထားသော်လည်း သူ့မျက်လုံးများမှာ နွေးထွေးနေဆဲ ဖြစ်ကာ နှစ်သိမ့်ပေးနေဟန် ပေါ်သည်။
ထိုအချက် သူ့ကို ပိုနာကျင်ခံစားရစေပြီး ဒီပ်ဆန်ကို ပို၍ မုန်းတီးမိသည်။
မီးတောက်လေး၏ အသားအပိုင်းအစနှင့် ထိုခွေးသား လွတ်သွားသည်က နှမြောစရာ ကောင်းလှသည်။
ချင်ယွန်က သူ့အား ဘယ်တော့မှ လွတ်ပေးမည် မဟုတ်ပေ။ သူက ကမ္ဘကြီးကို ဇောက်ထိုးမိုးမျှော် လုပ်ပစ်ရလျှင်ပင် သူ့ကို တွေ့အောင် ရှာမည်။ တွေ့သည်နှင့် မီးတောက်လေး ခံစားခဲ့ရသည့် နာကျင်မှုများထက် အဆများစွာ ခံစားရစေမည်။
ရှန့်ခယ်က ဤတစ်ကြိမ်တွင် အတော်လေး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခြင်း ဖြစ်သောကြောင့် ချင်ယွန်က လူထုကို အသိမပေးဘဲ ထားရန် ကြံရွယ်ထားသည်။ သို့သော်လည်း အဆုံးသတ်၌ သတင်းများက ထွက်သွားသေး၏။ မီးတောက်လေးကို ချစ်မြတ်နိုးကြသော ဆေးပညာရှင်အဖွဲ့များက မီးတောက်လေး၏ ယူကျုံးမရ ပျက်စီးနေသော သွင်ပြင်ကို မြင်လိုက်ရသည့်အခါ ဆက်၍ သည်းမခံနိုင်တော့ချေ။ နှစ်ရက်ပင် မကြာလိုက်ဘဲ မီးတောက်လေး၏ အခြေအနေကို ရိုက်ကူးထားသော ပုံအများအပြားမှာ ပြန့်နှံ့ကုန်တော့သည်။
လူထုက မီးတောက်လေး ခံစားရမှန်း သိထားကြသော်လည်း ထိုမျှဆိုးရွားလိမ့်မည်ဟု မထင်ထားကြပေ။
နာရီပိုင်းလေးအတွင်း ကမ္ဘာကြီး တစ်ခုလုံး ဒေါသူပုန် ထကုန်ကြသည်။ သူတို့က သူတို့ကိုယ်ပိုင်အာဏာများကို သုံးကာ ဒီပ်ဆန်ကို နေရာအနှံ့ ရှာဖွေကြကုန်သည်။
ဒီပ်ဆန်က လင်းပိုင် သုတေသန လုပ်ငန်း၌ အောင်မြင်ရန် ဆုံးဖြတ်ထားသည့်အတွက် လျို့ဝှက်နေရာတစ်ခု ရှာကာ သူ့သုတေသန လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေသည်။ သူ့လုပ်ငန်း အကောင်အထည် ပေါ်လာသည်နှင့် အားလုံးကို အသိပေးပြီး အများရှေ့ ဂုဏ်ယူဝင့်ကြွားစွာ ပြန်သွားနိုင်လိမ့်မည်။
သို့သော်လည်း ရှန့်ခယ်က သူ လုပ်ရန် မစဉ်းစားဖူးသည့် ရွေးချယ်မှု တစ်ခုကို ချမှတ်လိုက်သည်။
" မျိုးပွား ပြဿနာကို လင်းပိုင်မျိုးစိတ်က ဖြေရှင်းပေးနိုင်တယ်ဆိုပြီး သတင်းဖြန့်ပေးပါ " သူ့ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီးနောက် ရှန့်ခယ်က လူအသွင်ပြောင်းကာ ချင်ယွန်ဆီ ထိုစကားများကို ပထမဆုံး ပြောလိုက်ခြင်း ဖြစ်၏။
စမ်းသပ်ရေး ပစ္စည်းတစ်ခုအနေနှင့် လူတချို့၏ လိုအပ်ချက်ကို စိတ်ဖြေပေးဖို့ရာ နယ်ရုပ် ဖြစ်လာမည့်အစား သူ့ကိုယ်သူ ကမ္ဘာကြီးဆီ အသိပေး မဖော်ထုတ်ဘဲ အဘယ်ကြောင့် ထားရမည်နည်း။ ကမ္ဘာကြီး၏ အာဏာအမျိုးမျိုး၏ မျှခြေနှင့် ကြည့်ရှုမှုအောက်၌ သူက သဘောထားကြီး ခွင့်လွတ်အနစ်နာခံတတ်သည့် လင်းပိုင် တစ်ကောင် ဖြစ်လာလိမ့်မည်။
အကယ်၍ သူတို့က သူ့ဆီမှ လိုလားသော သုတေသန အချက်အလက်များကို ရရှိနိုင်လျှင် လှိုင်းလုံးလေးနှင့် ရေသူလေးများကား နောင်အနာဂတ်၌ လွတ်လပ်မှု ရရှိသွားလိမ့်မည်။
ရှန့်ခယ်က သူ့ဆုံးဖြတ်ချ ချပြီးသည့်နောက်တွင် System ၏ အသံက စိတ်ထဲ ထွက်ပေါ်လာသည်
【အပို တာဝန် (၁) - ရေသူမျိုးနွယ် ရှာဖွေခြင်း အောင်မြင်သည့်အတွက် ဆယ်နှစ်သက်တမ်း ချီးမြင့်ခံရပါတယ် 】

Continue Reading

You'll Also Like

92.5K 8.1K 22
Triangle LOVE ...
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.4M 60.3K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...