မီးတောက်ကြားကပန်းတစ်ပွင့် [မြ...

By Mine-Edge

1M 144K 5.6K

【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သ... More

Disclaimer
အပိုင္း ၁။​​ေက့ခ်္​ဘ၀- ခ်စ္​ျခင္​းရဲ႕၇၂နာရီ
အပုိုင္း​၂။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၃။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၄။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၅။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၆။ ​ေက့(ခ်္​)ဘ၀
အပိုင္​း၇။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၈ ။ ​ေက့(ခ်္​) ဘ၀
အပိုင္​း ၉ ။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၁၀ ။ က်န္​းယြီ​ေမာ့ဘ၀ - မင္​းတစ္​ဦးတည္​းသာ
အပိုင္း ၁၁ ။ က်န္းယြီေမာ့ဘ၀
အပိုင္​း ၁၂ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၃ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၁၄ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၁၅ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း၁၆ ။ ​က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၇ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၈ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၉ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၂၀ ။ က်န္​းယီြ​ေမာ့ဘ၀ <EXTRA>
အပိုင္​း ၂၀။ အိုဆာရီဘ၀ - ယံုၾကည္​ရာ
အပိုင္​း ၂၂ ။ အိုဆာရီဘ၀
အပိုင္​း ၂၃ ။ အိုဆာရီဘ၀
အပိုင္​း ၂၄ ။ အိုဆာရီဘ၀
အပိုင္​း ၂၅ ။ အိုဆာရီဘ၀
အပိုင္း ၂၆ ။ အိုဆာရီဘဝ
အပိုင္း ၂၇ ။ အိုဆာရီဘဝ
အပိုင္း ၂၈။ အိုဆာရီဘဝ
အပိုင္း ၂၉။ အိုဆာရီဘဝ
အပိုင္း ၃၀။ အိုဆာရီဘဝ
အပိုင္း ၃၁ ။ အိုဆာရီဘဝ
အပိုင္း ၃၂ ။ အိုဆာရီဘဝ
အပိုင္း ၃၃ ။ အိုဆာရီဘဝ
အပိုင္​း ၃၄ ။ ဘ႐ူႏိုဘဝ - ေပြ႕ဖက္ခြင့္
အပိုင္း ၃၅ ။ဘရူနိုဘဝ
အပိုင္း ၃၆ ။ ဘရူနိုဘဝ
အပိုင္း ၃၇ ။ ဘရူနိုဘဝ
အပိုင္း ၃၈ ။ ဘရူနိုဘဝ
အပိုင္း ၃၉ ။ ဘရူနိုဘဝ
အပိုင္း ၄၀ ။ ဘရူနိုဘဝ
အပိုင္း ၄၁ ။ ဘရူနိုဘဝ
အပိုင္း ၄၂ ။ ဘရူနိုဘဝ
အပိုင္း ၄၃ ။ ဘရူနိုဘဝ
အပိုင္း ၄၄ ။ ဘရူနိုဘဝ
အပိုင္း ၄၅ ။ မွိုပြင့္ဘဝ - ခ်စ္ေသာမွိုေလး
အပိုင္း ၄၆ ။ မွိုပြင့္ဘဝ
အပိုင္း ၄၇ ။ မွုိပြင့္ဘဝ
အပိုင္း ၄၈ ။ မွိုပြင့္ဘဝ
အပိုင္း ၄၉ ။ မွိုပြင့္ဘဝ
အပိုင္း ၅၀ ။ မွိုပြင့္ဘဝ
အပိုင္း ၅၁ ။ မွုိပြင့္ဘဝ
အပိုင္း ၅၂ ။ မွုိပြင့္ဘဝ
အပိုင္း ၅၃ ။ မွိုပြင့္ဘဝ
အပိုင္း ၅၄ ။ မွိုပြင့္ဘဝ
အပိုင္း ၅၅ ။ဖီလ္ေမာဘဝ - အယ္လ္ဖာခ်စ္သူ
အပိုင္း ၅၆ ။ဖီလ္ေမာဘဝ
အပိုင္း ၅၇ ။ ဖီလ္ေမာဘဝ
အပိုင္း ၅၈ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၅၉ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၀ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၁ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၂ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၃ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၄ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၅ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၆ ။ မီးေတာက္ေလးဘဝ - အထြတ္အျမတ္ရတနာ
အပိုင္း ၆၇ ။ မီးေတာက္ေလးဘဝ
အပိုင္း ၆၈ ။ မီးေတာက္ေလးဘဝ
အပိုင္း ၆၉ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၀ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၁ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၂ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၃ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၄ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၅ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၆ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၇ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၈ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၉ ။ မီးေတာက္ေလးဘဝ
အပိုင္း ၈၀ ။ ယြဲ႕က်ယ္ဘဝ - ပဋိညာဥ္စာခ်ဳပ္
အပိုင္း ၈၁ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၂ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၃ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၄ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၅ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၆ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၇ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၈ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၉ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၀ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၁ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၂ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၃ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၄ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၅ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၆ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၇ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၈ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၁၀၀ ။ Unos ဘဝ - မ်က္ႏွာဖုံးခ်စ္သူ
အပိုင္း ၁၀၁ ။ Unos ဘဝ
အပိုင္း ၁၀၂ ။ Unos ဘဝ
အပိုင္း ၁၀၃ ။ Unos ဘဝ
အပိုင္း ၁၀၄ ။ Unos ဘဝ
အပိုင္း ၁၀၅ ။ Unos ဘဝ
အပိုင္း ၁၀၆ ။ Unos ဘဝ
အပိုင္း ၁၀၇ ။ Unos ဘဝ
အပိုင္း ၁၁၆ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၇ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၈ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၉ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၂၀ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၂၁ ။ အိုဆာရီဘဝ (RE)
အပိုင္း ၁၂၂ ။ အိုဆာရီဘဝ (RE)
အပိုင္း ၁၂၃ ။ အိုဆာရီဘဝ (RE)

အပိုင္း ၉၉ ။ ယြဲ႕က်ယ္ဘဝ

5.3K 750 47
By Mine-Edge

[Zawgyi]

နမူနာမ်ား၏ ပထမဆုံးအသုတ္ကို ခြဲျခမ္းစိတ္ျဖာၿပီးေနာက္ သုေတသီမ်ားသည္ နမူနာမ်ားထပ္ေပးရန္ ရွန႔္ခယ္အား မၾကာခဏကပ္တြယ္ကုန္ၾကသည္။ ရွန႔္ခယ္ အရင္က နမူနာမ်ားကို ခြဲျခမ္းစိတ္ျဖာဖူးေသာ္လည္း ဒီသုေတသီမ်ားသည္ သူသုံးခဲ့သည္ထက္ အမ်ားႀကီးပိုသုံးေနသည္ကို သိလိုက္ရ၍ ထိတ္လန႔္သြားသည္။ ဒါေၾကာင့္ နမူနာမ်ားကို မယုတ္မလြန္သုံးစြဲသင့္ေၾကာင္းႏွင့္ နမူနာ လက္က်န္ပစၥည္းမ်ား ရွိေတာ့မည္မဟုတ္ဟု တင္းၾကပ္စြာ ေဖာ္ျပလိုက္သည္။

ရွန႔္ခယ္က တျဖည္းျဖည္း သူတို႔အတြက္ သီးသန႔္ခြဲတမ္း ၃ မ်ိဳး ညီတူမွ်တူ ပိုင္းျခားလိုက္၏။ သူလည္း သူတို႔၏ နမူနာ ခြဲျခမ္းစိတ္ျဖာမႈမ်ားကို ၾကည့္ခြင့္ရရန္ ေတာင္းဆိုလိုက္သည္။

သုေတသီမ်ားသည္ အုတ္အုတ္က်က္က်က္ျဖင့္ ျပန္ဖို႔ကလြဲေ႐ြးစရာမရွိေတာ့ေခ်။ ရွန႔္ခယ္ ေနာက္ဆုံးေတာ့ ေႏွာင့္ယွက္မႈမ်ားထပ္မရွိေတာ့ဘဲ ပိုၿငိမ္းခ်မ္းသြားကာ နမူနာ ခြဲျခမ္းစိတ္ျဖာမႈ ရလဒ္အစီရင္ခံစာမ်ားကိုသာ ဟိုမွဒီမွပို႔လာၾကသည္။ ထို႔ေနာက္ သူ ပါဝင္ပစၥည္းမ်ားျပဳလုပ္ရၿပီး အခ်ိဳးအစား တြက္ခ်က္ရသည္။ ၎တို႔ကို အတူတူေရာေမႊၿပီး ထပ္တလဲလဲ စမ္းသပ္ရ၏။ ဒါက ရွည္လ်ားၿပီးၿငီးေငြ႕ဖြယ္ေကာင္းေသာ လုပ္ငန္းစဥ္ပင္။

ရွန႔္ခယ္သည္ သူ႕အလုပ္ကိုေစ့စပ္တိက်ၿပီး ေလးနက္သည္။ သူတို႔ဆက္ဆံမႈမ်ားမွတစ္ဆင့္ ရွန႔္ခယ္ေနာက္ဆုံးေတာ့ သုေတသီမ်ားထံမွ ေထာက္ခံမႈရခဲ့ေလသည္။ ဒါေၾကာင့္ သူ သူတို႔သုေတသနအဖြဲ႕၏ အဖြဲ႕ဝင္ တရားဝင္ျဖစ္လာခဲ့ေတာ့သည္။

လုရႈဖန္ကေတာ့ ရွန႔္ခယ္ တစ္ေယာက္ ၿမိဳ႕ႏွင့္ေဝးလံသည့္ေနရာတြင္ ေနရ၍ စိတ္ဓာတ္က်မည္ကိုစိုးရိမ္ေနမိသည္။ သို႔ေသာ္ျငား စိတ္ဓာတ္က်လာသည့္က သူျဖစ္ေနေခ်ၿပီ။ ရွန႔္ခယ္သည္ သူျပန္ေရာက္လာခ်ိန္တိုင္း ႀကိဳရန္ အေျပးေရာက္လာတတ္သည္။ ယခုေတာ့

တိတ္ဆိတ္ ေအးစက္ေနေသာအိမ္ႏွင့္ အိမ္ေတာ္ထိန္းအိုႀကီး၏ အေရးအေၾကာင္းမ်ားႏွင့္ ရႈံ႕တြန႔္ေနေသာ မ်က္ႏွာကိုသာ ျမင္ေနရေတာ့သည္။

လုရႈဖန္ ရွန႔္ခယ္ကို ၾကည့္လိုက္သည္။ ရွန႔္ခယ္က ေလာေလာဆယ္ တျခားသုေတသီမ်ားႏွင့္ စမ္းသပ္မႈရလဒ္မ်ားအေၾကာင္း အပူတျပင္း ေဆြးေႏြးေနသည္။ သူ႕ဘာသာေတြးမိလိုက္၏။
'သူတို႔မတည့္ဘူးလို႔ ‌သူေျပာတယ္မဟုတ္လား၊ ဘယ္လိုလုပ္ ထြက္သြားတဲ့ရက္နည္းနည္းေလးအတြင္း တည့္ကုန္ၾကတာလဲ'

ရွန႔္ခယ္က အျပင္လူမ်ားအတြက္ တားျမစ္ေနရာဟု သတ္မွတ္ထားေသာ ဓာတ္ခြဲခန္းကိုပင္ ဝင္ခြင့္ရွိေနသည္။

"လူႀကီးမင္း၊ ျပန္ေရာက္လာၿပီပဲ"
သက္လတ္ပိုင္း သုေတသနပညာရွင္တစ္ေယာက္က လုရႈဖန္ကို ပထမဆုံး သတိထားမိၿပီး ႏႈတ္ခြန္းဆက္သည္။

သူ႕ေဘးရွိ ေနာက္ထပ္ သုေတသီကေျပာေလ၏။
"လူႀကီးမင္း၊ ေရွာင္က်ယ့္အတြက္ ဒီေရာက္ေနတာလား၊ ကြၽန္ေတာ္တို႔အလုပ္အပိုင္း ၿပီးၿပီမို႔ ေရွာင္က်ယ့္ကိုေခၚသြားလို႔ရပါတယ္"

လုရႈဖန္ ဒီလူက လြန္ခဲ့သည့္ႏွစ္ရက္တုန္းကဆို အျပင္လူေခၚလာမည့္ကိစၥ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့ေၾကာင္း သတိရသည္။

"အလုပ္ခ်ိန္ မၿပီးေသးပါဘူး"
ရွန႔္ခယ္ အ႐ႊန္းေဖာက္လိုက္သည္။

သူ စကားေျပာၿပီးသည့္ေနာက္ တျခားသူမ်ားက သူ႕ကို စာနာသည့္ အၾကည့္မ်ား ၾကည့္လာၾကသည္။
'ဒီကေလးက အလုပ္စလုပ္တာနဲ႕ ဒီလူ႕အေၾကာင္း ေမ့သြားပုံပဲ၊ ဒါဘယ္လိုလုပ္ လက္ခံနိုင္ရမွာလဲ၊ ျမန္ျမန္ သူ႕ကိုသြားႏွစ္သိမ့္ေလ၊ အခန္းထဲ ေသာ့ခတ္ထားၿပီး ေနာက္ထပ္ ၃ ရက္ ၃ည သူနဲ႕လူးလွိမ့္ရင္ အေကာင္းဆုံးပဲ'

ရွန႔္ခယ္၏ အလုပ္က်င့္ဝတ္မ်ားသည္ သုေတသီမ်ား၏ စိတ္ထဲတြင္ သူ႕ပုံရိပ္အား တစ္ရွိန္ထိုး ျမင့္တက္သြားေစခဲ့သည္။ အတိတ္တုန္းက သူ႕ကို လုရႈဖန္၏ အိပ္ရာအေဖာ္ကလြဲ ဘာမွမဟုတ္ဟု ယူဆခဲ့သည္။ ယခု သူတို႔ကို လိုက္ဖက္ညီလွေသာ လက္တြဲေဖာ္မ်ားဟု ခံစားရသည္။

"ဘယ္သူက အလုပ္ခ်ိန္ မၿပီးေသးဘူး ေျပာလို႔လဲ"
သက္ႀကီး သုေတသနပညာရွင္က ပုံရိပ္ေယာင္နာရီအား ခလုတ္တစ္ခ်ိဳ႕ႏွိပ္ၿပီး အခ်ိန္ကို သက္မွတ္ထားသည့္နားခ်ိန္ထက္ တစ္မိနစ္ေစာသြားေစရန္ မိနစ္သုံးဆယ္ခုန္ေက်ာ္သြားေစခဲ့သည္။

ရွန႔္ခယ္ : '.... ေဘာ့စ္ေရွ႕မွာ ဒီလိုမ်ိဳးလုပ္တာ တကယ္ေရာ အိုေကရဲ႕လား'

လုရႈဖန္ : 'အေျခအေနနဲ႕လိုက္ ေတြးေခၚတတ္မႈရွိတာက ခင္ဗ်ားကို တကယ္ပဲ ကြၽမ္းက်င္သူလို႔ ေခၚထိုက္ေစတာပဲ'

လုရႈဖန္မ်က္ႏွာတြင္ ထိုသုေတသီအတြက္ အားရသည့္အမူအရာေပၚလာေတာ့၏။ သူ ရွန႔္ခယ္ကို ‌အတူေခၚသြားကာ ဓာတ္ခြဲခန္းထဲမွ ထြက္လာေတာ့၏။

သူတို႔ထြက္သြားၿပီးေနာက္ သုေတသနပညာရွင္မ်ားစုေဝးကာ ႏွစ္ေယာက္သား အခန္းထဲတြင္ ဘယ္ႏွစ္ရက္ၾကာေနမလဲ တစ္ေယာက္စီခန႔္မွန္းၾကေလသည္။ ရံဖန္ရံခါ ရယ္သံမ်ားပင္ထြက္လာေလ၏....။ ဒီ သုေတသနပညာရွင္မ်ား သူတို႔၏ အတင္းအဖ်င္းေျပာတတ္သည့္ စိတ္အေျခအေနေရာက္သြားသည္ႏွင့္ လမ္းထဲရွိ အန္တီမ်ားႏွင့္ မျခားေတာ့ေပ။

လုရႈဖန္သည္လည္း သူတို႔ထင္ျမင္ခ်က္မ်ားအတိုင္း ေဆာင္႐ြက္နိုင္ခဲ့ကာ ရွန႔္ခယ္ႏွင့္ ေလးရက္တိတိ ခ်စ္ၾကည္ႏူးရစ္တြယ္ရင္း လြန္ခဲ့သည့္သုံးရက္စံခ်ိန္ကို ေက်ာ္တက္သြားနိုင္ခဲ့သည္။

မနက္ေစာေစာစီးစီး သုေတသနပညာရွင္အခ်ိဳ႕ အားကစားလုပ္ရန္ အိပ္ရာမွထလာၾကသည္။ သူတို႔ျပတင္းေပါက္ဖြင့္ခ်ိန္ အျပင္ဘက္ရွိ လွပေသာရႈခင္း၏ ဖမ္းစားျခင္းကို ခံလိုက္ရ၏။

အေရွ႕ဘက္ မိုးကုတ္စက္ဝန္းသည္ ႏွင္းဆီေရာင္ ပါးလႊာေသာ ပိုးထည္အတိုင္းပင္။ စိုထိုင္းေအးျမေသာ ေလျပည္က ခရမ္းေရာင္ပန္းပင္လယ္ႀကီးေဘးမွ ျဖတ္တိုက္လာသည္။ ေတာက္ပေနသည့္ ႏွင္းစက္ကေလးမ်ားက ေ႐ြ႕လ်ားေနေသာ အလင္းေရာင္မ်ားကဲ့သို႔ တလက္လက္။ ေခြးျဖဴႀကီး ႏွင္းလုံးေလးက ပန္းမ်ားၾကား ေပ်ာ္႐ႊင္ျမဴးတူးကာ လူးလွိမ့္ေနသည္။ က်ပ္သေရရွိေသာ မနက္ခင္းေရာင္ျခည္ေအာက္ အရပ္ရွည္ရွည္ ပုံရိပ္ႏွစ္ခုသည္ညလက္ခ်င္းခ်ိတ္လ်က္ အေညာင္းေျပ လမ္းေလွ်ာက္ေန၏။ စိတ္လႈပ္ရွားေစကာ လွပေသာ ဆီေဆးပန္းခ်ီကားတစ္ခ်ပ္သဖြယ္ပင္။

"ဟားး ငါေရာ ခ်စ္သူတစ္ေယာက္ရွာရမလား" အသက္ေလးဆယ္ေက်ာ္ သုေတသနပညာရွင္ႀကီးက ႐ုတ္တရက္စိတ္မေကာင္းဟန္ သက္ျပင္းခ်ေလသည္။

သူ႕ေဘးပတ္လည္မွ သုေတသီမ်ားကေတာ့ မ်က္ခုံးမ်ားပင့္ကုန္ၾက၏။
ခင္ဗ်ားမွာ ဇနီးတစ္ေယာက္ ရွိၿပီးသားကို!

ဒီစံအိမ္ထဲတြင္ ျပင္ပေလာကႀကီးႏွင့္ အဆက္အသြယ္ျဖတ္ကာ ေနထိုင္ရင္း ဘဝႀကီးသည္ ၿငိမ္းခ်မ္းၿပီး စိတ္အပန္းေျပေစသည္။ တစ္ႏွစ္ကတျဖည္းျဖည္းကုန္ဆုံးသြားၿပီး ဦးေႏွက္ျပဳျပင္မႈ အရည္ၾကည္ လုပ္ငန္းစဥ္သည္ သိသိသာသာတိုးတက္လာ၏။ လူတိုင္း၏ ပူးေပါင္းထားေသာ အင္အားမ်ားႏွင့္ သူတို႔ လူသားစမ္းသပ္မႈဆက္ျပဳလုပ္ရန္ ေအာင္ေအာင္ျမင္ျမင္ ေဆးငါးမ်ိဳးကိုထုတ္လုပ္နိုင္ခဲ့၏။

ရွန႔္ခယ္ ဦးေႏွာက္ျပဳျပင္မႈအရည္ၾကည္ကို အတိအက် မူပြားဖန္တီး၍မရနိုင္မွန္း သိသည္။ သူ ေဘးထြက္ဆိုးက်ိဳးသိပ္မမ်ားဘဲ မွန္းထားေသာ ရလဒ္မ်ားရရန္သာ ေမွ်ာ္လင့္ေနရ၏။ ရွန႔္ခယ္ ဦးေႏွာက္ျပဳျပင္မႈ အရည္ၾကည္ငါးမ်ိဳးကို မူလႏွင့္ ၎တို႔ၾကားမွကြာျခားခ်က္မ်ားအား စိစစ္ခြဲျခားေတာ့သည္။ သူတို႔အားလုံးသည္ မူလႏွင့္ ဆင္ၾကသည္။ ငါးခုေျမာက္ကေတာ့ မူလႏွင့္ အနီးစပ္ဆုံး ၉၂ ရာခိုင္ႏႈန္းပင္ျဖစ္၏။

သုေတသနပညာရွင္မ်ားအားလုံး အထက္လူႀကီးမင္းမ်ားဆီ မည္သူက စမ္းသပ္မႈယူေဆာင္သြားမလဲ ေဆြးေႏြးၾကေတာ့သည္။ ရွန႔္ခယ္က ႐ုတ္တရက္ ေျပာလာေလ၏။

"ကြၽန္ေတာ္လုပ္ပါရေစ"

"ဘာကို" လူတိုင္း သူေျပာသည္ကို ထိတ္လန႔္ကုန္ၾကသည္။

ရွန႔္ခယ္က တည္တည္ၿငိမ္ၿငိမ္ပင္ ေျဖလိုက္၏။
"ကြၽန္ေတာ္က စာခ်ဳပ္ ထိန္းသိမ္းသူပါ"

သူတို႔အားလုံး ထိတ္လန႔္ကုန္ၾကသည္။ သူက စာခ်ဳပ္ ထိန္းသိမ္းသူတဲ့လား။ သူတို႔ သူႏွင့္အၾကာႀကီး ဆက္ဆံခဲ့တာေတာင္ သူတို႔မသိခဲ့ေပ။

မ်က္ႏွာအေၾကာတစ္ပိုင္းေသၿပီး အခ်ိန္တိက်ကာ တိတ္ဆိတ္ၿငိမ္သက္သည္ကလြဲ -- သူဘယ္တုန္းကမ်ား စာခ်ဳပ္ထိန္းသိမ္းသူနဲ႕ ဆင္လို႔လဲ။

သူ႕အေတြးမ်ားသည္ တစ္မူထူးၿပီး သပ္ရပ္ကာ စည္းစနစ္က်ေသာ ဟန္ပန္ျဖင့္ အလုပ္လုပ္သည္။ သူဘယ္တုန္းကမွ စကားေျပာရန္ မစတင္ေသာ္ျငား ေမးခြန္းမ်ားေမးကာ ေျဖသည္။ တျခားသူမ်ား သူ႕ကိုစေနာက္တိုင္း သူက အလိုက္သင့္‌ေျပာဆိုသည္။ ဥပမာ "အရွင့္ရဲ႕ အိပ္ရာအရည္အခ်င္းေတြက ဘယ္လိုမ်ိဳးလဲ" ဟု သူ႕ကို ေမးလွ်င္ သူက ျပန္ေျဖလိမ့္မည္။
"အေပၚနဲ႕ေအာက္ရွိေတာ့ အသြင္းနဲ႕အထုတ္ရွိတာပါပဲ"

သူ႕တုံ႕ျပန္မႈသည္ သုေတသီမ်ား၏ အားရႏွစ္သက္ျခင္းကို ရရွိခဲ့ေလသည္။

သို႔ေသာ္ျငား ဒီက်န္းမာေရးေကာင္းသည့္ပုံေပါက္ေသာ လူငယ္ေလးသည္ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕တဲ့ေနေသာ စာခ်ဳပ္ထိန္းသိမ္းသူတစ္ေယာက္ျဖစ္ေနခဲ့သည္လား။ လူတိုင္း သူ႕ကို မာနေထာင္လႊားၿပီး ‌ေမာက္မာတတ္သူဟု ယူဆခဲ့ေသာ္ျငား တကယ္တမ္းက် သူ႕ခံစားခ်က္မ်ားကို ေဖာ္မျပတတ္႐ုံျဖစ္၏။

"ကြၽန္ေတာ့္ကို ပါဝင္သူအျဖစ္ ခြင့္ျပဳဖို႔ေရာ ဘယ္လိုထင္လဲ"
ရွန႔္ခယ္ ေနာက္တစ္ခြန္းေမးလိုက္သည္။

"မျဖစ္ဘူး!"

"မျဖစ္ဘူး!"

ဆန႔္က်င္သည့္အသံမ်ားသည္ ဓာတ္ခြဲခန္းထဲရွိ သုေသတနပညာရွင္မ်ားထံမွေရာ ခုမွဝင္လာသည့္ လုရႈဖန္ထံမွပါ ထြက္လာသည္။

လုရႈဖန္ သူ႕ေဘးေလွ်ာက္လာရင္း စိတ္ဘဝမက်စြာေျပာလိုက္သည္။

"ကိုယ္သက္တမ္းကုန္ဖို႔နီးေနတဲ့ စာခ်ဳပ္ထိန္းသိမ္းသူတစ္ခ်ိဳ႕ရွာေပးမယ္၊ မင္းေလးကိုယ္မင္းေလး အႏၲ‌ရာယ္ေတာထဲ တြန္းပို႔ဖို႔မလိုအပ္ဘူးေလ"

အျခားသူမ်ားက သေဘာတူညီေၾကာင္း ေခါင္းညိတ္ၾကသည္။

"ေကာင္းပါၿပီ" ရွန႔္ခယ္က ဖိအားမေပးေခ်။

လုရႈဖန္ကေတာ့ သတိမေလ်ာ့ေခ်။ တျခားသုေတသီမ်ားကို သူတစ္ေယာက္တည္း အၿပီးသတ္ထုတ္ကုန္မ်ားႏွင့္ ရွိမေနေစရန္ ကူညီႀကီးၾကပ္ေပးဖို႔ သီးသန႔္အမိန႔္ေပးခဲ့သည္။ ထိုညေနတြင္ ရွန႔္ခယ္ သူ႕စကားမ်ားကို နားေထာင္ၿပီး အမိန႔္မ်ားနာခံေစရန္ ပို၍ေတာင္းဆိုခဲ့သည္။

လုရႈဖတ္ ငါးရက္အၾကာတြင္ သုံးဆယ့္သုံးႏွစ္အ႐ြယ္စာခ်ဳပ္ထိန္းသိမ္းသူမ်ားကို ေခၚလာခဲ့၏။ သူတို႔၏ ဦးေႏွာက္မ်ားသည္ ခ်ိဳ႕ယြင္းစျပဳလာကာ ဆဲလ္မ်ားမခြဲျခားနိုင္ေတာ့ေပ။ သူတို႔ သက္တမ္းကုန္ဆုံးလုနီးပါးပင္ျဖစ္၏။

သုေတသီမ်ားသည္ သူ႕တစ္ကိုယ္လုံး အျပည့္အစုံ ႐ုပ္ပိုင္းဆိုင္ရာစစ္ေဆးမႈ ျပဳလုပ္ခဲ့ၿပီးမွ တရားဝင္ လူႏွင့္စမ္းသပ္မႈဆီ ေရွ႕ဆက္ရန္ ျပင္ဆင္ခဲ့သည္။

စမ္းသပ္မႈမတိုင္ခင္ အုပ္စုသည္ အင္မတန္ အေကာင္းျမင္ေန၏။ ေဆးမ်ားမွာ အက်ိဳးေက်းဇူးေကာင္းမ်ားမရွိရင္ေတာင္ အေျခအေနကို ပိုမဆိုးသြားေစေလာက္ဟု ယုံခဲ့သည္။

ပထမေဆးကို စတင္အသုံးျပဳခဲ့ေသာ စာခ်ဳပ္ထိန္းသိမ္းသူသည္ ထင္သည့္အတိုင္းပင္ စတင္လႈပ္ရွားလာခဲ့သည္။ သူ႕ဦးေႏွာက္ရွိ ထိခိုက္မႈက ေလ်ာ့က်လာသည္။ ဦးေႏွာက္ဆဲလ္မ်ားက ျပန္လည္ျဖစ္တည္လာၿပီး အျပည့္အဝလုပ္ေဆာင္နိုင္စြမ္းေရာက္ရွိရန္ နီးကပ္လာ၏။ သို႔ေသာ္ျငား သူ ႐ုတ္တရက္ ခုႏွစ္ရက္ေျမာက္ေန႕တြင္ ေသဆုံးသြားခဲ့၏။

ပထမစမ္းသပ္မႈသည္ လူ႕အသက္တစ္ေခ်ာင္းကို ခ်က္ခ်င္းဆြဲလုသြားခဲ့သည္။ သုေတသီမ်ားမွာ လက္ငင္းထိတ္လန႔္သြားေတာ့၏။ ဒါေၾကာင့္ ဒုတိယစမ္းသပ္မႈကို ‌ေ႐ႊ႕ဆိုင္းလိုက္သည္။ ေ႐ႊ႕ဆိုင္းမႈသည္ ‌စာခ်ဳပ္ထိန္းသိမ္းသူေလးေယာက္ထဲမွ တစ္ေယာက္သည္ အိုမင္းမႈေၾကာင့္ ေသခံနီးခ်ိန္ထိ ႏွစ္ဝက္ၾကာေအာင္‌ေ႐ႊ႕ဆိုင္းခဲ့၏။

ဒုတိယေဆးသည္ တိုးတက္မႈမ်ားစြာရွိခဲ့သည္။ ဒီတစ္ႀကိမ္ ႐ုတ္တရက္ ေသဆုံးျခင္းကို ေရွာင္လႊဲနိုင္ခဲ့သည္။ ထိုအစား ေသမင္းႏွင့္နီးကပ္ေနေသာ ပါဝင္သူကို ျပန္လည္အသက္ဝင္လာေစခဲ့သည္။ သို႔ေသာ္ျငား လဝက္သာ ေတာင့္ခံနိုင္ခဲ့ၿပီး ကုန္ဆုံးခါနီးေသာ သက္တမ္း၏ကံၾကမၼာကို မလြန္ဆန္နိုင္ခဲ့ေခ်။

ို႔တိုင္ သုေတသီမ်ားသည္ ဒီတစ္ေခါက္ရလဒ္ႏွင့္ ယုံၾကည္ခ်က္အခ်ိဳ႕ရခဲ့သည္။

တတိယအႀကိမ္စမ္းသပ္မႈအတြက္ ရွန႔္ခယ္က ငါးခုေျမာက္ေဆးကို အသုံးျပဳရန္ ခြင့္ေတာင္းခဲ့သည္။ မည္သူမွ ကန႔္မကြက္ခဲ့ေပ။

သူတို႔ စမ္းသပ္ရန္ျပင္‌ဆင္ေနသည့္အခိုက္မွာပင္ မေကာင္းေသာရည္႐ြယ္ခ်က္မ်ားႏွင့္ လူတစ္ေယာက္သည္ သုေတသနအုပ္စုႏွင့္ပတ္သတ္၍ ကန႔္ကြက္ခဲ့သည္။

ညွိႏွိုင္းမႈတစ္ခ်ိဳ႕ၿပီးေနာက္ ဘုရင္မသည္ လုရႈဖန္၏အစ္ကို လုရႈခ်ီအား ျဖစ္ပ်က္ေနသည္တို႔ကို အတည္ျပဳရန္ ေစလႊတ္ခဲ့သည္။ အမွန္တကယ္က် ဟန္တစ္ခုမွ်သာျဖစ္၏။ ဘုရင္မသည္ ဒီစမ္းသပ္မႈကို သီးသန႔္ခြင့္ျပဳေပးခဲ့ၿပီးၿပီ။ မလိုလားအပ္ေသာ ေဝဖန္မႈမ်ားႏွင့္ ျပႆနာမ်ားေရွာင္ရွားရန္အတြက္သာ တရားဝင္မခ်ျပခဲ့ျခင္းပင္။

လုရႈခ်ီ သက္ေတာ္ေစာင့္မ်ား၏ အကာအြယ္ေအာက္ နန္းေတာ္မွ ထြက္လာခဲ့သည္။ သူ ကားထဲဝင္မည့္ဆဲ ကုပ္ပိုးတြင္ စူးခနဲနာက်င္သြားခဲ့သည္။ သူ လွမ္းစမ္းကာ ပြတ္ၾကည့္လိုက္၏။ ထူးဆန္းတာ သတိမထားမိ၍ ကားထဲသာ ဆက္ဝင္ခဲ့ေတာ့သည္။

သူတို႔ ေတာင္ထိပ္ရွိ ဗီလာေရာက္သည္ႏွင့္ လုရႈဖန္ႏွင့္ တျခားသူတို႔သည္ ဝင္ေပါက္တြင္ ေစာင့္ေနေလၿပီ။

သူတို႔ ဓာတ္ခြဲခန္းဆီမသြားခင္ အျပန္အလွန္ ေလာကဝတ္မ်ား ဖလွယ္လိုက္ၾကသည္။ သူတို႔ ဦးတည္ရာသို႔ သြားသည့္လမ္းတစ္ဝက္တြင္ လုရႈခ်ီသည္ စူးစမ္းစြာျဖင့္ ရွန႔္ခယ္အား ေလ့လာၾကည့္မိသည္။ ညီငယ္ေလးက သူါကိုခ်စ္မိသြားသည္ဟု ယူဆသည္။ မဟုတ္လွ်င္ စာခ်ဳပ္ထိန္းသိမ္းသူမ်ားအတြက္ ကုသ‌ေဆးဝါးမ်ား သုေတသနျပဳလုပ္ရာတြင္ အျပင္းအထန္ႀကိဳးစားမည္မဟုတ္ေပ။ ျဖစ္နိုင္လွ်င္ သူ အမွန္တကယ္ စမ္းသပ္မႈေအာင္ျမင္ရန္ ေမွ်ာ္လင့္မိသည္။ ဒါမွ ရႈဖန္ အခ်စ္စစ္ကို ဆုံးရႈံးရသည့္ေဝဒနာမခံစားရမည္ပင္။


ဓာတ္ေလွကားက စတင္လာ၏။ လုရႈခ်ီ ႐ုတ္တရက္ ရီေဝသြားခဲ့သည္။ သူကေတာ့ ဓာတ္ေလွကားမူးျခင္းမွရသည့္ ေနမထိထိုင္မသာ ခံစားခ်က္ဟု ထင္သြားခဲ့၍ စိတ္ထဲမထားေပ။

လူအုပ္ႀကီးသည္ ဓာတ္ေလွကားထဲမွ ထြက္ကာစရွိေသး ဓာတ္ခြဲခန္းမွ ဝမ္းသာျမဴးတူးသည့္အသံမ်ားၾကားလိုက္ရသည္။

"လူႀကီးမင္း၊ ကြၽန္ေတာ္တို႔ေအာင္ျမင္ၿပီ!" သုေတသနပညာရွင္တစ္ေယာက္သည္ စိတ္လႈပ္ရွားစြာ ေျပးလာေလ၏။ သူ က်င့္ဝတ္ထုံးတမ္းမ်ားကိုေမ့သြားပုံေပၚၿပီး က်ယ္ေလာင္စြာ ေၾကျငာေလသည္။
"အရည္ၾကည္နံပါတ္ငါးက ထင္ထားတဲ့ရလဒ္ ေရာက္ခဲ့ပါတယ္၊ ပ်က္စီးသြားတဲ့ ဦးေႏွာက္က သူ႕ဘာသာ ျပန္ေကာင္းေအာင္ လုပ္နိုင္ၿပီး ရွင္သန္နိုင္ပါၿပီ"

လုရႈဖန္ သူ႕ေျပာင္းလဲသြားေသာ ခံစားခ်က္မ်ားကို မ်ိဳသိပ္ကာ တည္ၿငိမ္စြာေမးလိုက္၏။
"

သူ႕အေျခအေနက ပိုမဆိုးလာတာ ေသခ်ာရဲ႕လား"

"ကြၽန္ေတာ္တို႔ေသခ်ာပါတယ္!"
သုေတသီက အခိုင္အမာေျဖသည္။
"ပါဝင္သူရဲ႕ ျပန္သက္သာႏႈန္းက ေခ်ာေခ်ာမြတ္မြတ္ ေ႐ြ႕လ်ားေနပါတယ္၊ ကြၽန္ေတာ္တို႔ ႏွစ္ပတ္တိတိ ေလ့လာၿပီး ဒီေန႕ ေနာက္ဆုံး ေသခ်ာခဲ့တာပါ၊ အရည္ၾကည္နံပါတ္ငါးက ဒဏ္ရာရ စာခ်ဳပ္ထိန္းသိမ္းသူကို ကုသရာမွာ အင္မတန္ အက်ိဳးမ်ားပါတယ္၊ ေဘးထြက္ဆိုးက်ိဳးေတြရွိ၊ မရွိကိုေတာ့ မေသခ်ာေပမဲ့ သူ႕အသက္ကို ႏွစ္ငါးရာ ႏွစ္တစ္ေထာင္ေလာက္ ဆြဲဆန႔္ဖို႔ ျပႆနာမရွိေတာ့ပါဘူး"

သူ႕ေျဖၾကားမႈကို ၾကားၿပီးေနာက္ လုရႈဖန္ ရွန႔္ခယ္ဘက္လွမ္းၾကည့္လိုက္သည္။ သူ႕ရင္ထဲ အေတာ္ေလး ေပ်ာ္႐ႊင္သြားခဲ့သည္။ ေဆးက သူတို႔ကို အသက္ရွင္သန္ေစၿပီး ဘဝတစ္ေလွ်ာက္ အခ်င္းခ်င္းကာကြယ္သြားၾကမည္။

ဤအခိုက္အတန႔္တြင္ သုေတသီသည္ လုရႈဖန္လက္ကိုဆုပ္ကိုင္မိလိုက္သည္။ သူ႕မ်က္ႏွာေတာင့္တင္းသြားကာ အလ်င္အျမန္အေလးျပဳလိုက္၏။
"အရွင္မင္းႀကီး၊ ကြၽန္ေတာ့္ရိုင္းျပမႈအတြက္ ေတာင္းပန္ပါတယ္"

လုရႈခ်ီ ၿပဳံးလိုက္၏။
"

ယဥ္ေက်းစရာမလိုပါဘူး၊ မင္းဘယ္လိုခံစားရလဲနားလည္ပါတယ္၊ မင္းတို႔ ရလဒ္ကို ၾကည့္ခြင့္ရမလား"

"က်ိန္းေသေပါက္ေပါ့!" သုေတသီသည္ ဂုဏ္ယူစြာျဖင့္ ရင္ဘက္ကို ေကာ့လိုက္သည္။

ဓာတ္ခြဲခန္းထဲ ဝင္လာၿပီး သူတို႔ပထမဆုံးျမင္လိုက္ရသည္က တစ္ေယာက္တည္းရွိေနေသာ စာခ်ဳပ္ထိန္းသိမ္းသူျဖစ္သည္။ သူ႕မ်က္ႏွာသည္ မ်က္ႏွာေသျဖစ္ေနေသာ္ျငား မ်က္ဝန္းထဲတြင္ တက္ႂကြေသာ အမူအရာရွိေနကာ တျခား စာခ်ဳပ္ထိန္းသိမ္းသူမ်ားထက္ အမ်ားႀကီး အသက္ဝင္လွ၏။

သုေတသနပညာရွင္သည္ လုရႈခ်ီဆီ စာခ်ဳပ္ထိန္းသိမ္းသူ၏ ကုသမႈဖိုင္မ်ားကို ဆက္သလိုက္သည္။ သူက သက္သာမႈ တိုးတက္ႏႈန္းမ်ားကို ေပ်ာ္႐ႊင္စြာ အေသးစိတ္ ျပန္ေျပာျပေတာ့သည္။

လူတိုင္း၏အာ႐ုံစိုက္မႈသည္ သုေတသီႏွင့္ တသီးတသန႔္ စာခ်ဳပ္ထိန္းသိမ္းသူဆီ ဦးတည္သြားသည္။ လုရႈခ်ီ၏ မ်က္ႏွာက ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္သြားၿပီး မ်က္ဝန္းထဲရွိ အမူအရာ ေလ်ာ့ပါးသြားသည္ကို သတိမထားမိၾကေခ်။ သုေတသီက သူတို႔ကို စမ္းသပ္မႈေဒတာသိုေလွာင္ရာ အခန္းဆီ ေခၚလာသည္။ လုရႈခ်ီ ႐ုတ္တရက္ က်ယ္ေလာင္စြာေအာ္ဟစ္ၿပီး သုေတသီဆီ ဝင္လုံးေတာ့သည္။ အၾကမ္းပတမ္း နား႐ြက္ကိုလည္း ကိုက္ခ်လိဳက္ေလ၏။

"အား!" သုေတသီက ေအာ္ဟစ္ေနတုန္း တျခားသူမ်ားလည္း မ်က္ႏွာတြင္ ေၾကာင္အေနေသာအမူအရာမ်ားကိုယ္စီျဖစ္ေနသည္။

ဓာတ္ခြဲခန္းသည္ လွ်ို႔ဝွက္အဖြဲ႕အစည္းတစ္ခုျဖစ္သည္။ အျခားကိုယ္ရံေတာ္မ်ားအားလုံး လုရႈဖန္ႏွင့္ လုရႈခ်ီမွလြဲ၍ အျပင္တြင္ ေနရသည္။ က်န္သည့္လူအားလုံးက စမ္းသပ္မႈအဖြဲ႕၏ တစ္စိတ္တစ္ပိုင္းျဖစ္သည္။

လုရႈဖန္ လ်င္ျမန္စြာ တုံ႕ျပန္ၿပီး လုရႈခ်ီဆီသို႔ တစ္ရွိန္ထိုးေျပးသြားခဲ့သည္။ အျခားတစ္ေယာက္က လက္ေတာ့ပ္ႏွင့္ ပစၥည္းကိရိယာမ်ားဆီသို႔ ေျပးသြားကာ ေဘးကင္းရာသို႔ ေ႐ႊ႕ရန္ စီစဥ္ခဲ့သည္။

႐ူးသြပ္ေနသည့္လုရႈခ်ီက အထင္ႀကီးေလာက္စရာ ခြန္အားရွိသည္။ လူအုပ္ထဲမွတစ္ခ်ိဳ႕ကို လွဲသိပ္ၿပီးေနာက္ ထိုင္ခုံတစ္ခုံကိုေကာက္ယူၿပီး ပစ္ေပါက္လိုက္ေလသည္။

"ဟင့္အင္း!"
သုေတသီမ်ား၏ မ်က္ႏွာေပၚရွိ အမူအရာ ေျပာင္းလဲသြားခဲ့သည္။ လုရႈခ်ီက ထိုင္ခုံကို လက္ပ္ေတာ့ရွိရာဘက္သို႔ ပစ္ေပါက္လိုက္ေလသည္။ လက္ပ္ေတာ့တြင္ ဤႏွစ္မ်ားအတြင္းရွိ သုေတသနရလဒ္မ်ားအားလုံး ရွိေနသည္။ ပ်က္စီးသြားသည္ႏွင့္ ျပန္လည္ရရွိရန္ ခဲယဥ္းလိမ့္မည္။ ယခင္စမ္းသပ္ခ်က္ လုပ္ငန္းစဥ္မ်ားမွ ရလဒ္အမ်ားစုကို အျခားေနရာတြင္ သိမ္းဆည္းထားၿပီးၿပီျဖစ္သည္။ သို႔ေသာ္ျငား ေနာက္ဆုံးအပိုင္းကိုေတာ့ မသိမ္းဆည္းခဲ့ရေသးေပ။

လက္ပ္ေတာ့ရွိရာဘက္ကို ကာဆီးလိုက္ေသာ လူတစ္ေယာက္ရွိသည္ကို သတိထားမိလိုက္ၾကသည္။ ကုလားထိုင္သည္ လူရွိရာဘက္ တန္းတန္းမတ္မတ္ ပ်ံသန္းသြားၿပီး လူကို အရာဝတၳဳ ထိမွန္သြားေသာ ဒုံးခနဲ အသံ ထြက္ေပၚလာသည္။ ထိုင္ခုံကို သတၱဳျဖင့္ ျပဳလုပ္ထားၿပီး အေလးခ်ိန္ ေပါင္ ၅၀ ဝန္းက်င္ရွိ၏။ တစ္စုံတစ္ဦးကို တိုက္ရိုက္ထိရိုက္မိပါက မည္သို႔ေသာ ဒဏ္ရာမ်ိဳး ခံစားရမည္ကို မွန္းသာဆနိုင္သည္။

"က်ယ္ေလး!" လုရႈဖန္၏ မ်က္ဆံမ်ားက်ဳံ႕သြားၿပီး ရွန႔္ခယ္ လက္ပ္ေတာ့ေပၚသို႔ ျပဳတ္က်သြားသည္ကို ကူကယ္ရာမဲ့ ၾကည့္ေနရသည္။ ေသြးမ်ားက ပါးစပ္မွစီးက်လာၿပီး အသက္ရႉရွိုက္မႈကလည္း ရပ္တန႔္လုနီးပါးျဖစ္ေနသည္။

ခုနေလးကတင္ သူႏွင့္အနာဂတ္အေၾကာင္း စိတ္ကူးယဥ္ေနခဲ့၏။ အိုမင္းၿပီး ဆံျဖဴသြားက်ိဳးသည္အထိ အတူရွိေနမည့္အေၾကာင္း စိတ္ကူးယဥ္ေနခဲ့ေသာ္လည္း ထိုအခိုက္အတန႔္ေနာက္မွာပင္ မ်က္စိေရွ႕ သူလဲၿပိဳသြားသည္ကို ျမင္ခဲ့ရသည္။

ရွန႔္ခယ္ ေက်ာရိုးအဆစ္ က်ိဳးသြားသည္ဟု ခံစားေနရသည္။ နာက်င္မႈသည္ ျပင္းထန္လြန္း၍ လုပ္နိုင္သည့္အရာက တုန္ရီေန႐ုံသာရွိသည္။

ူ ကိရိယာကို တြန္းထုတ္ဖို႔ ႀကိဳးစား႐ုံပဲရွိတာပါ! သူ လွည့္လိုက္တဲ့အခ်ိန္မွာပဲ ပ်ံေနတဲ့ထိုင္ခုံနဲ႕ ရိုက္မိဖို႔လိုလို႔လား၊ သူ ဒီတစ္ႀကိမ္ ေသတြင္းတူးေနတာ လုံးဝမဟုတ္‌ဘူးေလ!!!

သူ သတိလစ္ခါနီးဆဲဆဲမွာပင္ ခႏၶာကိုယ္သည္ ရင္းႏွီးေနေသာ ရင္ခြင္ထဲသို႔ ဆြဲယူျခင္းခံလိုက္ရသည္။ သူ႕နားထဲသို႔ ေၾကကြဲေနေသာ ငိုသံမ်ား ဝင္ေရာက္လာခဲ့၏။

‌ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ္ ကတိေဖာက္ဖ်က္မိခဲ့ေသးတယ္။


[Unicode]

နမူနာများ၏ ပထမဆုံးအသုတ်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သုတေသီများသည် နမူနာများထပ်ပေးရန် ရှန့်ခယ်အား မကြာခဏကပ်တွယ်ကုန်ကြသည်။ ရှန့်ခယ် အရင်က နမူနာများကို ခွဲခြမ်းစိတ်ဖြာဖူးသော်လည်း ဒီသုတေသီများသည် သူသုံးခဲ့သည်ထက် အများကြီးပိုသုံးနေသည်ကို သိလိုက်ရ၍ ထိတ်လန့်သွားသည်။ ဒါကြောင့် နမူနာများကို မယုတ်မလွန်သုံးစွဲသင့်ကြောင်းနှင့် နမူနာ လက်ကျန်ပစ္စည်းများ ရှိတော့မည်မဟုတ်ဟု တင်းကြပ်စွာ ဖော်ပြလိုက်သည်။

ရှန့်ခယ်က တဖြည်းဖြည်း သူတို့အတွက် သီးသန့်ခွဲတမ်း ၃ မျိုး ညီတူမျှတူ ပိုင်းခြားလိုက်၏။ သူလည်း သူတို့၏ နမူနာ ခွဲခြမ်းစိတ်ဖြာမှုများကို ကြည့်ခွင့်ရရန် တောင်းဆိုလိုက်သည်။

သုတေသီများသည် အုတ်အုတ်ကျက်ကျက်ဖြင့် ပြန်ဖို့ကလွဲရွေးစရာမရှိတော့ချေ။ ရှန့်ခယ် နောက်ဆုံးတော့ နှောင့်ယှက်မှုများထပ်မရှိတော့ဘဲ ပိုငြိမ်းချမ်းသွားကာ နမူနာ ခွဲခြမ်းစိတ်ဖြာမှု ရလဒ်အစီရင်ခံစာများကိုသာ ဟိုမှဒီမှပို့လာကြသည်။ ထို့နောက် သူ ပါဝင်ပစ္စည်းများပြုလုပ်ရပြီး အချိုးအစား တွက်ချက်ရသည်။ ၎င်းတို့ကို အတူတူရောမွှေပြီး ထပ်တလဲလဲ စမ်းသပ်ရ၏။ ဒါက ရှည်လျားပြီးငြီးငွေ့ဖွယ်ကောင်းသော လုပ်ငန်းစဉ်ပင်။

ရှန့်ခယ်သည် သူ့အလုပ်ကိုစေ့စပ်တိကျပြီး လေးနက်သည်။ သူတို့ဆက်ဆံမှုများမှတစ်ဆင့် ရှန့်ခယ်နောက်ဆုံးတော့ သုတေသီများထံမှ ထောက်ခံမှုရခဲ့လေသည်။ ဒါကြောင့် သူ သူတို့သုတေသနအဖွဲ့၏ အဖွဲ့ဝင် တရားဝင်ဖြစ်လာခဲ့တော့သည်။


လုရှုဖန်ကတော့ ရှန့်ခယ် တစ်ယောက် မြို့နှင့်ဝေးလံသည့်နေရာတွင် နေရ၍ စိတ်ဓာတ်ကျမည်ကိုစိုးရိမ်နေမိသည်။ သို့သော်ငြား စိတ်ဓာတ်ကျလာသည့်က သူဖြစ်နေချေပြီ။ ရှန့်ခယ်သည် သူပြန်ရောက်လာချိန်တိုင်း ကြိုရန် အပြေးရောက်လာတတ်သည်။ ယခုတော့

တိတ်ဆိတ် အေးစက်နေသောအိမ်နှင့် အိမ်တော်ထိန်းအိုကြီး၏ အရေးအကြောင်းများနှင့် ရှုံ့တွန့်နေသော မျက်နှာကိုသာ မြင်နေရတော့သည်။

လုရှုဖန် ရှန့်ခယ်ကို ကြည့်လိုက်သည်။ ရှန့်ခယ်က လောလောဆယ် တခြားသုတေသီများနှင့် စမ်းသပ်မှုရလဒ်များအကြောင်း အပူတပြင်း ဆွေးနွေးနေသည်။ သူ့ဘာသာတွေးမိလိုက်၏။
'သူတို့မတည့်ဘူးလို့ ‌သူပြောတယ်မဟုတ်လား၊ ဘယ်လိုလုပ် ထွက်သွားတဲ့ရက်နည်းနည်းလေးအတွင်း တည့်ကုန်ကြတာလဲ'

ရှန့်ခယ်က အပြင်လူများအတွက် တားမြစ်နေရာဟု သတ်မှတ်ထားသော ဓာတ်ခွဲခန်းကိုပင် ဝင်ခွင့်ရှိနေသည်။

"လူကြီးမင်း၊ ပြန်ရောက်လာပြီပဲ"
သက်လတ်ပိုင်း သုတေသနပညာရှင်တစ်ယောက်က လုရှုဖန်ကို ပထမဆုံး သတိထားမိပြီး နှုတ်ခွန်းဆက်သည်။

သူ့ဘေးရှိ နောက်ထပ် သုတေသီကပြောလေ၏။
"လူကြီးမင်း၊ ရှောင်ကျယ့်အတွက် ဒီရောက်နေတာလား၊ ကျွန်တော်တို့အလုပ်အပိုင်း ပြီးပြီမို့ ရှောင်ကျယ့်ကိုခေါ်သွားလို့ရပါတယ်"

လုရှုဖန် ဒီလူက လွန်ခဲ့သည့်နှစ်ရက်တုန်းကဆို အပြင်လူခေါ်လာမည့်ကိစ္စ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း သတိရသည်။

"အလုပ်ချိန် မပြီးသေးပါဘူး"
ရှန့်ခယ် အရွှန်းဖောက်လိုက်သည်။


သူ စကားပြောပြီးသည့်နောက် တခြားသူများက သူ့ကို စာနာသည့် အကြည့်များ ကြည့်လာကြသည်။
'ဒီကလေးက အလုပ်စလုပ်တာနဲ့ ဒီလူ့အကြောင်း မေ့သွားပုံပဲ၊ ဒါဘယ်လိုလုပ် လက်ခံနိုင်ရမှာလဲ၊ မြန်မြန် သူ့ကိုသွားနှစ်သိမ့်လေ၊ အခန်းထဲ သော့ခတ်ထားပြီး နောက်ထပ် ၃ ရက် ၃ည သူနဲ့လူးလှိမ့်ရင် အကောင်းဆုံးပဲ'


ရှန့်ခယ်၏ အလုပ်ကျင့်ဝတ်များသည် သုတေသီများ၏ စိတ်ထဲတွင် သူ့ပုံရိပ်အား တစ်ရှိန်ထိုး မြင့်တက်သွားစေခဲ့သည်။ အတိတ်တုန်းက သူ့ကို လုရှုဖန်၏ အိပ်ရာအဖော်ကလွဲ ဘာမှမဟုတ်ဟု ယူဆခဲ့သည်။ ယခု သူတို့ကို လိုက်ဖက်ညီလှသော လက်တွဲဖော်များဟု ခံစားရသည်။


"ဘယ်သူက အလုပ်ချိန် မပြီးသေးဘူး ပြောလို့လဲ"
သက်ကြီး သုတေသနပညာရှင်က ပုံရိပ်ယောင်နာရီအား ခလုတ်တစ်ချို့နှိပ်ပြီး အချိန်ကို သက်မှတ်ထားသည့်နားချိန်ထက် တစ်မိနစ်စောသွားစေရန် မိနစ်သုံးဆယ်ခုန်ကျော်သွားစေခဲ့သည်။

ရှန့်ခယ် : '.... ဘော့စ်ရှေ့မှာ ဒီလိုမျိုးလုပ်တာ တကယ်ရော အိုကေရဲ့လား'

လုရှုဖန် : 'အခြေအနေနဲ့လိုက် တွေးခေါ်တတ်မှုရှိတာက ခင်ဗျားကို တကယ်ပဲ ကျွမ်းကျင်သူလို့ ခေါ်ထိုက်စေတာပဲ'

လုရှုဖန်မျက်နှာတွင် ထိုသုတေသီအတွက် အားရသည့်အမူအရာပေါ်လာတော့၏။ သူ ရှန့်ခယ်ကို ‌အတူခေါ်သွားကာ ဓာတ်ခွဲခန်းထဲမှ ထွက်လာတော့၏။

သူတို့ထွက်သွားပြီးနောက် သုတေသနပညာရှင်များစုဝေးကာ နှစ်ယောက်သား အခန်းထဲတွင် ဘယ်နှစ်ရက်ကြာနေမလဲ တစ်ယောက်စီခန့်မှန်းကြလေသည်။ ရံဖန်ရံခါ ရယ်သံများပင်ထွက်လာလေ၏....။ ဒီ သုတေသနပညာရှင်များ သူတို့၏ အတင်းအဖျင်းပြောတတ်သည့် စိတ်အခြေအနေရောက်သွားသည်နှင့် လမ်းထဲရှိ အန်တီများနှင့် မခြားတော့ပေ။

လုရှုဖန်သည်လည်း သူတို့ထင်မြင်ချက်များအတိုင်း ဆောင်ရွက်နိုင်ခဲ့ကာ ရှန့်ခယ်နှင့် လေးရက်တိတိ ချစ်ကြည်နူးရစ်တွယ်ရင်း လွန်ခဲ့သည့်သုံးရက်စံချိန်ကို ကျော်တက်သွားနိုင်ခဲ့သည်။


မနက်စောစောစီးစီး သုတေသနပညာရှင်အချို့ အားကစားလုပ်ရန် အိပ်ရာမှထလာကြသည်။ သူတို့ပြတင်းပေါက်ဖွင့်ချိန် အပြင်ဘက်ရှိ လှပသောရှုခင်း၏ ဖမ်းစားခြင်းကို ခံလိုက်ရ၏။

အရှေ့ဘက် မိုးကုတ်စက်ဝန်းသည် နှင်းဆီရောင် ပါးလွှာသော ပိုးထည်အတိုင်းပင်။ စိုထိုင်းအေးမြသော လေပြည်က ခရမ်းရောင်ပန်းပင်လယ်ကြီးဘေးမှ ဖြတ်တိုက်လာသည်။ တောက်ပနေသည့် နှင်းစက်ကလေးများက ရွေ့လျားနေသော အလင်းရောင်များကဲ့သို့ တလက်လက်။ ခွေးဖြူကြီး နှင်းလုံးလေးက ပန်းများကြား ပျော်ရွှင်မြူးတူးကာ လူးလှိမ့်နေသည်။ ကျပ်သရေရှိသော မနက်ခင်းရောင်ခြည်အောက် အရပ်ရှည်ရှည် ပုံရိပ်နှစ်ခုသည်ညလက်ချင်းချိတ်လျက် အညောင်းပြေ လမ်းလျှောက်နေ၏။ စိတ်လှုပ်ရှားစေကာ လှပသော ဆီဆေးပန်းချီကားတစ်ချပ်သဖွယ်ပင်။

"ဟားး ငါရော ချစ်သူတစ်ယောက်ရှာရမလား" အသက်လေးဆယ်ကျော် သုတေသနပညာရှင်ကြီးက ရုတ်တရက်စိတ်မကောင်းဟန် သက်ပြင်းချလေသည်။

သူ့ဘေးပတ်လည်မှ သုတေသီများကတော့ မျက်ခုံးများပင့်ကုန်ကြ၏။
ခင်ဗျားမှာ ဇနီးတစ်ယောက် ရှိပြီးသားကို!


ဒီစံအိမ်ထဲတွင် ပြင်ပလောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ နေထိုင်ရင်း ဘဝကြီးသည် ငြိမ်းချမ်းပြီး စိတ်အပန်းပြေစေသည်။ တစ်နှစ်ကတဖြည်းဖြည်းကုန်ဆုံးသွားပြီး ဦးနှေက်ပြုပြင်မှု အရည်ကြည် လုပ်ငန်းစဉ်သည် သိသိသာသာတိုးတက်လာ၏။ လူတိုင်း၏ ပူးပေါင်းထားသော အင်အားများနှင့် သူတို့ လူသားစမ်းသပ်မှုဆက်ပြုလုပ်ရန် အောင်အောင်မြင်မြင် ဆေးငါးမျိုးကိုထုတ်လုပ်နိုင်ခဲ့၏။


ရှန့်ခယ် ဦးနှောက်ပြုပြင်မှုအရည်ကြည်ကို အတိအကျ မူပွားဖန်တီး၍မရနိုင်မှန်း သိသည်။ သူ ဘေးထွက်ဆိုးကျိုးသိပ်မများဘဲ မှန်းထားသော ရလဒ်များရရန်သာ မျှော်လင့်နေရ၏။ ရှန့်ခယ် ဦးနှောက်ပြုပြင်မှု အရည်ကြည်ငါးမျိုးကို မူလနှင့် ၎င်းတို့ကြားမှကွာခြားချက်များအား စိစစ်ခွဲခြားတော့သည်။ သူတို့အားလုံးသည် မူလနှင့် ဆင်ကြသည်။ ငါးခုမြောက်ကတော့ မူလနှင့် အနီးစပ်ဆုံး ၉၂ ရာခိုင်နှုန်းပင်ဖြစ်၏။


သုတေသနပညာရှင်များအားလုံး အထက်လူကြီးမင်းများဆီ မည်သူက စမ်းသပ်မှုယူဆောင်သွားမလဲ ဆွေးနွေးကြတော့သည်။ ရှန့်ခယ်က ရုတ်တရက် ပြောလာလေ၏။

"ကျွန်တော်လုပ်ပါရစေ"

"ဘာကို" လူတိုင်း သူပြောသည်ကို ထိတ်လန့်ကုန်ကြသည်။

ရှန့်ခယ်က တည်တည်ငြိမ်ငြိမ်ပင် ဖြေလိုက်၏။
"ကျွန်တော်က စာချုပ် ထိန်းသိမ်းသူပါ"


သူတို့အားလုံး ထိတ်လန့်ကုန်ကြသည်။ သူက စာချုပ် ထိန်းသိမ်းသူတဲ့လား။ သူတို့ သူနှင့်အကြာကြီး ဆက်ဆံခဲ့တာတောင် သူတို့မသိခဲ့ပေ။

မျက်နှာအကြောတစ်ပိုင်းသေပြီး အချိန်တိကျကာ တိတ်ဆိတ်ငြိမ်သက်သည်ကလွဲ -- သူဘယ်တုန်းကများ စာချုပ်ထိန်းသိမ်းသူနဲ့ ဆင်လို့လဲ။

သူ့အတွေးများသည် တစ်မူထူးပြီး သပ်ရပ်ကာ စည်းစနစ်ကျသော ဟန်ပန်ဖြင့် အလုပ်လုပ်သည်။ သူဘယ်တုန်းကမှ စကားပြောရန် မစတင်သော်ငြား မေးခွန်းများမေးကာ ဖြေသည်။ တခြားသူများ သူ့ကိုစနောက်တိုင်း သူက အလိုက်သင့်‌ပြောဆိုသည်။ ဥပမာ "အရှင့်ရဲ့ အိပ်ရာအရည်အချင်းတွေက ဘယ်လိုမျိုးလဲ" ဟု သူ့ကို မေးလျှင် သူက ပြန်ဖြေလိမ့်မည်။
"အပေါ်နဲ့အောက်ရှိတော့ အသွင်းနဲ့အထုတ်ရှိတာပါပဲ"

သူ့တုံ့ပြန်မှုသည် သုတေသီများ၏ အားရနှစ်သက်ခြင်းကို ရရှိခဲ့လေသည်။

သို့သော်ငြား ဒီကျန်းမာရေးကောင်းသည့်ပုံပေါက်သော လူငယ်လေးသည် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေသော စာချုပ်ထိန်းသိမ်းသူတစ်ယောက်ဖြစ်နေခဲ့သည်လား။ လူတိုင်း သူ့ကို မာနထောင်လွှားပြီး ‌မောက်မာတတ်သူဟု ယူဆခဲ့သော်ငြား တကယ်တမ်းကျ သူ့ခံစားချက်များကို ဖော်မပြတတ်ရုံဖြစ်၏။


"ကျွန်တော့်ကို ပါဝင်သူအဖြစ် ခွင့်ပြုဖို့ရော ဘယ်လိုထင်လဲ"
ရှန့်ခယ် နောက်တစ်ခွန်းမေးလိုက်သည်။

"မဖြစ်ဘူး!"

"မဖြစ်ဘူး!"

ဆန့်ကျင်သည့်အသံများသည် ဓာတ်ခွဲခန်းထဲရှိ သုသေတနပညာရှင်များထံမှရော ခုမှဝင်လာသည့် လုရှုဖန်ထံမှပါ ထွက်လာသည်။

လုရှုဖန် သူ့ဘေးလျှောက်လာရင်း စိတ်ဘဝမကျစွာပြောလိုက်သည်။

"ကိုယ်သက်တမ်းကုန်ဖို့နီးနေတဲ့ စာချုပ်ထိန်းသိမ်းသူတစ်ချို့ရှာပေးမယ်၊ မင်းလေးကိုယ်မင်းလေး အန္တ‌ရာယ်တောထဲ တွန်းပို့ဖို့မလိုအပ်ဘူးလေ"


အခြားသူများက သဘောတူညီကြောင်း ခေါင်းညိတ်ကြသည်။

"ကောင်းပါပြီ" ရှန့်ခယ်က ဖိအားမပေးချေ။

လုရှုဖန်ကတော့ သတိမလျော့ချေ။ တခြားသုတေသီများကို သူတစ်ယောက်တည်း အပြီးသတ်ထုတ်ကုန်များနှင့် ရှိမနေစေရန် ကူညီကြီးကြပ်ပေးဖို့ သီးသန့်အမိန့်ပေးခဲ့သည်။ ထိုညနေတွင် ရှန့်ခယ် သူ့စကားများကို နားထောင်ပြီး အမိန့်များနာခံစေရန် ပို၍တောင်းဆိုခဲ့သည်။

လုရှုဖတ် ငါးရက်အကြာတွင် သုံးဆယ့်သုံးနှစ်အရွယ်စာချုပ်ထိန်းသိမ်းသူများကို ခေါ်လာခဲ့၏။ သူတို့၏ ဦးနှောက်များသည် ချို့ယွင်းစပြုလာကာ ဆဲလ်များမခွဲခြားနိုင်တော့ပေ။ သူတို့ သက်တမ်းကုန်ဆုံးလုနီးပါးပင်ဖြစ်၏။


သုတေသီများသည် သူ့တစ်ကိုယ်လုံး အပြည့်အစုံ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးမှ တရားဝင် လူနှင့်စမ်းသပ်မှုဆီ ရှေ့ဆက်ရန် ပြင်ဆင်ခဲ့သည်။


စမ်းသပ်မှုမတိုင်ခင် အုပ်စုသည် အင်မတန် အကောင်းမြင်နေ၏။ ဆေးများမှာ အကျိုးကျေးဇူးကောင်းများမရှိရင်တောင် အခြေအနေကို ပိုမဆိုးသွားစေလောက်ဟု ယုံခဲ့သည်။

ပထမဆေးကို စတင်အသုံးပြုခဲ့သော စာချုပ်ထိန်းသိမ်းသူသည် ထင်သည့်အတိုင်းပင် စတင်လှုပ်ရှားလာခဲ့သည်။ သူ့ဦးနှောက်ရှိ ထိခိုက်မှုက လျော့ကျလာသည်။ ဦးနှောက်ဆဲလ်များက ပြန်လည်ဖြစ်တည်လာပြီး အပြည့်အဝလုပ်ဆောင်နိုင်စွမ်းရောက်ရှိရန် နီးကပ်လာ၏။ သို့သော်ငြား သူ ရုတ်တရက် ခုနှစ်ရက်မြောက်နေ့တွင် သေဆုံးသွားခဲ့၏။


ပထမစမ်းသပ်မှုသည် လူ့အသက်တစ်ချောင်းကို ချက်ချင်းဆွဲလုသွားခဲ့သည်။ သုတေသီများမှာ လက်ငင်းထိတ်လန့်သွားတော့၏။ ဒါကြောင့် ဒုတိယစမ်းသပ်မှုကို ‌ရွှေ့ဆိုင်းလိုက်သည်။ ရွှေ့ဆိုင်းမှုသည် ‌စာချုပ်ထိန်းသိမ်းသူလေးယောက်ထဲမှ တစ်ယောက်သည် အိုမင်းမှုကြောင့် သေခံနီးချိန်ထိ နှစ်ဝက်ကြာအောင်‌ရွှေ့ဆိုင်းခဲ့၏။


ဒုတိယဆေးသည် တိုးတက်မှုများစွာရှိခဲ့သည်။ ဒီတစ်ကြိမ် ရုတ်တရက် သေဆုံးခြင်းကို ရှောင်လွှဲနိုင်ခဲ့သည်။ ထိုအစား သေမင်းနှင့်နီးကပ်နေသော ပါဝင်သူကို ပြန်လည်အသက်ဝင်လာစေခဲ့သည်။ သို့သော်ငြား လဝက်သာ တောင့်ခံနိုင်ခဲ့ပြီး ကုန်ဆုံးခါနီးသော သက်တမ်း၏ကံကြမ္မာကို မလွန်ဆန်နိုင်ခဲ့ချေ။


ို့တိုင် သုတေသီများသည် ဒီတစ်ခေါက်ရလဒ်နှင့် ယုံကြည်ချက်အချို့ရခဲ့သည်။

တတိယအကြိမ်စမ်းသပ်မှုအတွက် ရှန့်ခယ်က ငါးခုမြောက်ဆေးကို အသုံးပြုရန် ခွင့်တောင်းခဲ့သည်။ မည်သူမှ ကန့်မကွက်ခဲ့ပေ။

သူတို့ စမ်းသပ်ရန်ပြင်‌ဆင်နေသည့်အခိုက်မှာပင် မကောင်းသောရည်ရွယ်ချက်များနှင့် လူတစ်ယောက်သည် သုတေသနအုပ်စုနှင့်ပတ်သတ်၍ ကန့်ကွက်ခဲ့သည်။

ညှိနှိုင်းမှုတစ်ချို့ပြီးနောက် ဘုရင်မသည် လုရှုဖန်၏အစ်ကို လုရှုချီအား ဖြစ်ပျက်နေသည်တို့ကို အတည်ပြုရန် စေလွှတ်ခဲ့သည်။ အမှန်တကယ်ကျ ဟန်တစ်ခုမျှသာဖြစ်၏။ ဘုရင်မသည် ဒီစမ်းသပ်မှုကို သီးသန့်ခွင့်ပြုပေးခဲ့ပြီးပြီ။ မလိုလားအပ်သော ဝေဖန်မှုများနှင့် ပြဿနာများရှောင်ရှားရန်အတွက်သာ တရားဝင်မချပြခဲ့ခြင်းပင်။

လုရှုချီ သက်တော်စောင့်များ၏ အကာအွယ်အောက် နန်းတော်မှ ထွက်လာခဲ့သည်။ သူ ကားထဲဝင်မည့်ဆဲ ကုပ်ပိုးတွင် စူးခနဲနာကျင်သွားခဲ့သည်။ သူ လှမ်းစမ်းကာ ပွတ်ကြည့်လိုက်၏။ ထူးဆန်းတာ သတိမထားမိ၍ ကားထဲသာ ဆက်ဝင်ခဲ့တော့သည်။

သူတို့ တောင်ထိပ်ရှိ ဗီလာရောက်သည်နှင့် လုရှုဖန်နှင့် တခြားသူတို့သည် ဝင်ပေါက်တွင် စောင့်နေလေပြီ။

သူတို့ ဓာတ်ခွဲခန်းဆီမသွားခင် အပြန်အလှန် လောကဝတ်များ ဖလှယ်လိုက်ကြသည်။ သူတို့ ဦးတည်ရာသို့ သွားသည့်လမ်းတစ်ဝက်တွင် လုရှုချီသည် စူးစမ်းစွာဖြင့် ရှန့်ခယ်အား လေ့လာကြည့်မိသည်။ ညီငယ်လေးက သူါကိုချစ်မိသွားသည်ဟု ယူဆသည်။ မဟုတ်လျှင် စာချုပ်ထိန်းသိမ်းသူများအတွက် ကုသ‌ဆေးဝါးများ သုတေသနပြုလုပ်ရာတွင် အပြင်းအထန်ကြိုးစားမည်မဟုတ်ပေ။ ဖြစ်နိုင်လျှင် သူ အမှန်တကယ် စမ်းသပ်မှုအောင်မြင်ရန် မျှော်လင့်မိသည်။ ဒါမှ ရှုဖန် အချစ်စစ်ကို ဆုံးရှုံးရသည့်ဝေဒနာမခံစားရမည်ပင်။


ဓာတ်လှေကားက စတင်လာ၏။ လုရှုချီ ရုတ်တရက် ရီဝေသွားခဲ့သည်။ သူကတော့ ဓာတ်လှေကားမူးခြင်းမှရသည့် နေမထိထိုင်မသာ ခံစားချက်ဟု ထင်သွားခဲ့၍ စိတ်ထဲမထားပေ။


လူအုပ်ကြီးသည် ဓာတ်လှေကားထဲမှ ထွက်ကာစရှိသေး ဓာတ်ခွဲခန်းမှ ဝမ်းသာမြူးတူးသည့်အသံများကြားလိုက်ရသည်။

"လူကြီးမင်း၊ ကျွန်တော်တို့အောင်မြင်ပြီ!" သုတေသနပညာရှင်တစ်ယောက်သည် စိတ်လှုပ်ရှားစွာ ပြေးလာလေ၏။ သူ ကျင့်ဝတ်ထုံးတမ်းများကိုမေ့သွားပုံပေါ်ပြီး ကျယ်လောင်စွာ ကြေငြာလေသည်။
"အရည်ကြည်နံပါတ်ငါးက ထင်ထားတဲ့ရလဒ် ရောက်ခဲ့ပါတယ်၊ ပျက်စီးသွားတဲ့ ဦးနှောက်က သူ့ဘာသာ ပြန်ကောင်းအောင် လုပ်နိုင်ပြီး ရှင်သန်နိုင်ပါပြီ"


လုရှုဖန် သူ့ပြောင်းလဲသွားသော ခံစားချက်များကို မျိုသိပ်ကာ တည်ငြိမ်စွာမေးလိုက်၏။
"

သူ့အခြေအနေက ပိုမဆိုးလာတာ သေချာရဲ့လား"

"ကျွန်တော်တို့သေချာပါတယ်!"
သုတေသီက အခိုင်အမာဖြေသည်။
"ပါဝင်သူရဲ့ ပြန်သက်သာနှုန်းက ချောချောမွတ်မွတ် ရွေ့လျားနေပါတယ်၊ ကျွန်တော်တို့ နှစ်ပတ်တိတိ လေ့လာပြီး ဒီနေ့ နောက်ဆုံး သေချာခဲ့တာပါ၊ အရည်ကြည်နံပါတ်ငါးက ဒဏ်ရာရ စာချုပ်ထိန်းသိမ်းသူကို ကုသရာမှာ အင်မတန် အကျိုးများပါတယ်၊ ဘေးထွက်ဆိုးကျိုးတွေရှိ၊ မရှိကိုတော့ မသေချာပေမဲ့ သူ့အသက်ကို နှစ်ငါးရာ နှစ်တစ်ထောင်လောက် ဆွဲဆန့်ဖို့ ပြဿနာမရှိတော့ပါဘူး"


သူ့ဖြေကြားမှုကို ကြားပြီးနောက် လုရှုဖန် ရှန့်ခယ်ဘက်လှမ်းကြည့်လိုက်သည်။ သူ့ရင်ထဲ အတော်လေး ပျော်ရွှင်သွားခဲ့သည်။ ဆေးက သူတို့ကို အသက်ရှင်သန်စေပြီး ဘဝတစ်လျှောက် အချင်းချင်းကာကွယ်သွားကြမည်။

ဤအခိုက်အတန့်တွင် သုတေသီသည် လုရှုဖန်လက်ကိုဆုပ်ကိုင်မိလိုက်သည်။ သူ့မျက်နှာတောင့်တင်းသွားကာ အလျင်အမြန်အလေးပြုလိုက်၏။
"အရှင်မင်းကြီး၊ ကျွန်တော့်ရိုင်းပြမှုအတွက် တောင်းပန်ပါတယ်"


လုရှုချီ ပြုံးလိုက်၏။
"

ယဉ်ကျေးစရာမလိုပါဘူး၊ မင်းဘယ်လိုခံစားရလဲနားလည်ပါတယ်၊ မင်းတို့ ရလဒ်ကို ကြည့်ခွင့်ရမလား"

"ကျိန်းသေပေါက်ပေါ့!" သုတေသီသည် ဂုဏ်ယူစွာဖြင့် ရင်ဘက်ကို ကော့လိုက်သည်။


ဓာတ်ခွဲခန်းထဲ ဝင်လာပြီး သူတို့ပထမဆုံးမြင်လိုက်ရသည်က တစ်ယောက်တည်းရှိနေသော စာချုပ်ထိန်းသိမ်းသူဖြစ်သည်။ သူ့မျက်နှာသည် မျက်နှာသေဖြစ်နေသော်ငြား မျက်ဝန်းထဲတွင် တက်ကြွသော အမူအရာရှိနေကာ တခြား စာချုပ်ထိန်းသိမ်းသူများထက် အများကြီး အသက်ဝင်လှ၏။


သုတေသနပညာရှင်သည် လုရှုချီဆီ စာချုပ်ထိန်းသိမ်းသူ၏ ကုသမှုဖိုင်များကို ဆက်သလိုက်သည်။ သူက သက်သာမှု တိုးတက်နှုန်းများကို ပျော်ရွှင်စွာ အသေးစိတ် ပြန်ပြောပြတော့သည်။

လူတိုင်း၏အာရုံစိုက်မှုသည် သုတေသီနှင့် တသီးတသန့် စာချုပ်ထိန်းသိမ်းသူဆီ ဦးတည်သွားသည်။ လုရှုချီ၏ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး မျက်ဝန်းထဲရှိ အမူအရာ လျော့ပါးသွားသည်ကို သတိမထားမိကြချေ။ သုတေသီက သူတို့ကို စမ်းသပ်မှုဒေတာသိုလှောင်ရာ အခန်းဆီ ခေါ်လာသည်။ လုရှုချီ ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ပြီး သုတေသီဆီ ဝင်လုံးတော့သည်။ အကြမ်းပတမ်း နားရွက်ကိုလည်း ကိုက်ချလိုက်လေ၏။


"အား!" သုတေသီက အော်ဟစ်နေတုန်း တခြားသူများလည်း မျက်နှာတွင် ကြောင်အနေသောအမူအရာများကိုယ်စီဖြစ်နေသည်။

ဓာတ်ခွဲခန်းသည် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အခြားကိုယ်ရံတော်များအားလုံး လုရှုဖန်နှင့် လုရှုချီမှလွဲ၍ အပြင်တွင် နေရသည်။ ကျန်သည့်လူအားလုံးက စမ်းသပ်မှုအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

လုရှုဖန် လျင်မြန်စွာ တုံ့ပြန်ပြီး လုရှုချီဆီသို့ တစ်ရှိန်ထိုးပြေးသွားခဲ့သည်။ အခြားတစ်ယောက်က လက်တော့ပ်နှင့် ပစ္စည်းကိရိယာများဆီသို့ ပြေးသွားကာ ဘေးကင်းရာသို့ ရွှေ့ရန် စီစဉ်ခဲ့သည်။


ရူးသွပ်နေသည့်လုရှုချီက အထင်ကြီးလောက်စရာ ခွန်အားရှိသည်။ လူအုပ်ထဲမှတစ်ချို့ကို လှဲသိပ်ပြီးနောက် ထိုင်ခုံတစ်ခုံကိုကောက်ယူပြီး ပစ်ပေါက်လိုက်လေသည်။


"ဟင့်အင်း!"
သုတေသီများ၏ မျက်နှာပေါ်ရှိ အမူအရာ ပြောင်းလဲသွားခဲ့သည်။ လုရှုချီက ထိုင်ခုံကို လက်ပ်တော့ရှိရာဘက်သို့ ပစ်ပေါက်လိုက်လေသည်။ လက်ပ်တော့တွင် ဤနှစ်များအတွင်းရှိ သုတေသနရလဒ်များအားလုံး ရှိနေသည်။ ပျက်စီးသွားသည်နှင့် ပြန်လည်ရရှိရန် ခဲယဥ်းလိမ့်မည်။ ယခင်စမ်းသပ်ချက် လုပ်ငန်းစဥ်များမှ ရလဒ်အများစုကို အခြားနေရာတွင် သိမ်းဆည်းထားပြီးပြီဖြစ်သည်။ သို့သော်ငြား နောက်ဆုံးအပိုင်းကိုတော့ မသိမ်းဆည်းခဲ့ရသေးပေ။

လက်ပ်တော့ရှိရာဘက်ကို ကာဆီးလိုက်သော လူတစ်ယောက်ရှိသည်ကို သတိထားမိလိုက်ကြသည်။ ကုလားထိုင်သည် လူရှိရာဘက် တန်းတန်းမတ်မတ် ပျံသန်းသွားပြီး လူကို အရာဝတ္ထု ထိမှန်သွားသော ဒုံးခနဲ အသံ ထွက်ပေါ်လာသည်။ ထိုင်ခုံကို သတ္တုဖြင့် ပြုလုပ်ထားပြီး အလေးချိန် ပေါင် ၅၀ ဝန်းကျင်ရှိ၏။ တစ်စုံတစ်ဦးကို တိုက်ရိုက်ထိရိုက်မိပါက မည်သို့သော ဒဏ်ရာမျိုး ခံစားရမည်ကို မှန်းသာဆနိုင်သည်။

"ကျယ်လေး!" လုရှုဖန်၏ မျက်ဆံများကျုံ့သွားပြီး ရှန့်ခယ် လက်ပ်တော့ပေါ်သို့ ပြုတ်ကျသွားသည်ကို ကူကယ်ရာမဲ့ ကြည့်နေရသည်။ သွေးများက ပါးစပ်မှစီးကျလာပြီး အသက်ရှူရှိုက်မှုကလည်း ရပ်တန့်လုနီးပါးဖြစ်နေသည်။


ခုနလေးကတင် သူနှင့်အနာဂတ်အကြောင်း စိတ်ကူးယဉ်နေခဲ့၏။ အိုမင်းပြီး ဆံဖြူသွားကျိုးသည်အထိ အတူရှိနေမည့်အကြောင်း စိတ်ကူးယဉ်နေခဲ့သော်လည်း ထိုအခိုက်အတန့်နောက်မှာပင် မျက်စိရှေ့ သူလဲပြိုသွားသည်ကို မြင်ခဲ့ရသည်။


ရှန့်ခယ် ကျောရိုးအဆစ် ကျိုးသွားသည်ဟု ခံစားနေရသည်။ နာကျင်မှုသည် ပြင်းထန်လွန်း၍ လုပ်နိုင်သည့်အရာက တုန်ရီနေရုံသာရှိသည်။

ူ ကိရိယာကို တွန်းထုတ်ဖို့ ကြိုးစားရုံပဲရှိတာပါ! သူ လှည့်လိုက်တဲ့အချိန်မှာပဲ ပျံနေတဲ့ထိုင်ခုံနဲ့ ရိုက်မိဖို့လိုလို့လား၊ သူ ဒီတစ်ကြိမ် သေတွင်းတူးနေတာ လုံးဝမဟုတ်‌ဘူးလေ!!!


သူ သတိလစ်ခါနီးဆဲဆဲမှာပင် ခန္ဓာကိုယ်သည် ရင်းနှီးနေသော ရင်ခွင်ထဲသို့ ဆွဲယူခြင်းခံလိုက်ရသည်။ သူ့နားထဲသို့ ကြေကွဲနေသော ငိုသံများ ဝင်ရောက်လာခဲ့၏။

‌ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော် ကတိဖောက်ဖျက်မိခဲ့သေးတယ်။

Continue Reading

You'll Also Like

3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
610K 59.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...