Zawgyi
ေႏြးေထြးေသာ
လီေက်ာင္းက ခရီးေဆာင္ေသတၱာႀကီးတစ္ခု ဆြဲလာသည္ကို ျမင္လိုက္ရေသာအခါ ေယာင္ယိကြမ္း၏ ေျခေထာက္မ်ားသာမက သူ႔တစ္ကိုယ္လံုး ေပ်ာ့ေခြသြားခ့ဲသည္။ မၾကာေသးမီက သူဖတ္ခ့ဲရသည့္ လူမႈကြန္ရက္သတင္းတစ္ခုကို အမွတ္ရသြား၏။ သန႔္ရွင္းေရးသမားတစ္ဦးသည္ ေရကန္ေအာက္ေျခတြင္ ခရီးေဆာင္အိတ္ၾကီးတစ္လုံးကို ေတြ႕ရွိခဲ့သည္။ သူက ၎ကို ဖြင့္ၾကည့္လိုက္ေသာအခါ အထဲတြင္ ဝွက္ထားသည့္ခႏၶာကိုယ္တစ္ခုကို ေတြ႕သြားခ့ဲသည္။
"မင္း မင္း...၊ ဒီကိုမလာနဲ႕။" ေယာင္ယိကြမ္း သည္ ရန္ထင္းကို ေၾကာက္လန႔္တၾကား ၾကည့္လိုက္၏။ ရန္ထင္းက သူ႕ကို သတ္ခ်င္ေနၿပီး လီေက်ာင္းက သူ႔အေလာင္းကို ရွင္းထုတ္ပစ္ခ်င္ေနသည္...
"ဝမ္းကြဲအစ္ကို ကြ်န္ေတာ္မွားပါတယ္။ ေက်းဇူးျပဳျပီး ကြ်န္ေတာ့္ကို ခ်မ္းသာေပးပါ။" ေယာင္ယိကြမ္းသည္ မ်က္ရည္မ်ားႏွင့္ ႏွပ္မ်ား တစက္စက္က်လာသည္အထိ ေၾကာက္ရြံ႕သြားခ့ဲသည္ ။
ရန္ထင္းက သူဘယ္လိုျမင္သလဲဆိုသည္ကို ဂ႐ုမစိုက္ေပ။ ရန္ထင္းက သူ႕လက္ကို လႊတ္ကာ ေယာင္ယိကြမ္း၏ေခါင္းေနာက္ဘက္ကို ေျမႀကီးေပၚသို႔ ပစ္ခ်လိုက္သျဖင့္ နာနာက်င္က်င္ ေအာ္ဟစ္သံၾကီး ထြက္ေပၚလာခ့ဲသည္။
"မင္းထြက္သြားေတာ့မွာလား။" လီေက်ာင္း၏လက္ထဲတြင္ ခရီးေဆာင္အိတ္ကို ျမင္လိုက္ရေသာအခါ ရန္ထင္းက ေရွ႕သို႔ေျခတစ္လွမ္းတိုးျပီး ရပ္တန္႔သြား၏။ ထို႔ေနာက္ ေနာက္သို႔တစ္လွမ္းျပန္ဆုတ္လိုက္သည္။ "အရမ္း အေရးႀကီးလို႔လား။"
"ဟုတ္တယ္ အရမ္းအေရးၾကီးလို႔ပါ။" လီေက်ာင္းက ရန္ထင္းဆီသို႔ ေလွ်ာက္လာခ်ိန္၌ ရန္ထင္းက ရုတ္ျခည္းပင္ "ငါ့စာၾကည့္ခန္းထဲမွာ အလုပ္တစ္ခ်ိဳ႕လုပ္ဖို႔ ရွိေသးတယ္။" ဟု ေျပာကာ လွည့္ထြက္သြားခ့ဲသည္။
အကယ္၍ သူသည္ လီေက်ာင္းကို နီးနီးကပ္ကပ္ ၾကည့္လိုက္ပါက ဤလူကို သြားခြင့္မေပးနိုင္ေတာ့မည္ကို စိုးထိတ္ေနမိသည္။
"ဘာလဲဟ။"
ရန္ထင္းက ျပန္လွည့္မလာဘဲ အိမ္ေရွ႕တံခါးဆီသို႔ ေျခလွမ္းက်ဲက်ဲေလ်ွာက္သြားသည္ကို ျမင္လိုက္ရေသာေၾကာင့္ လီေက်ာင္းက မ်က္ေမွာင္ၾကဳတ္ကာ ေျမျပင္ေပၚရွိ ေယာင္ယိကြမ္းကို ငုံ႕ၾကည့္လိုက္၏။ သူက ေယာင္ယိကြမ္းကို လက္သီးနဲ႕ထိုးခ့ဲတာေၾကာင့္ ရန္ထင္းက သူ႔ကို ရိုင္းစိုင္းတယ္လို႔ ထင္သြားတာလား။
သူတို႔သည္ သူငယ္ခ်င္းေကာင္းမ်ားျဖစ္ၾကပါလ်က္ ရန္ထင္းသည္ သူ တစ္ေယာက္ေယာက္ကို ရိုက္ႏွက္ေနသည္ကိုပင္ မၾကည့္နိုင္ခ့ဲေပ။ သူတို႔ရဲ႕ ညီအကိုဆက္ဆံေရးက ပလတ္စတစ္နဲ႕ လုပ္ထားတာလား။
"မလာနဲ႕၊ ဒီနားကို မလာနဲ႕။" ေယာင္ယိကြမ္းသည္ လီေက်ာင္း၏ မ်က္လုံးမ်ားက မွားယြင္းေနေၾကာင္း ေတြ႕ခဲ့ရသည္။ "ေက်းဇူးျပဳၿပီး ငါ့ကိုသြားခြင့္ေပးပါ။ မင္းတို႔ႏွစ္ေယာက္ကို ငါဘယ္ေတာ့မွ မေႏွာင့္ယွက္ေတာ့ပါဘူး။ ငါ့ကို လႊတ္ေပးပါ။"
အဆုံးတြင္ သူ႕အသံ ျပတ္ေတာက္သြားခ့ဲသည္။
လီေက်ာင္းက ေခါင္းကိုင့ဲကာ ရန္ထင္း ျဖတ္သန္းသြားေသာ တံခါးကို ၾကည့္လိုက္၏။ ထို႔ေနာက္ သူသည္ ခရီးေဆာင္အိတ္ကို ေျမျပင္ေပၚသို႔ ပစ္ခ်ၿပီး ခရီးေဆာင္အိတ္ကို စတင္ဖြင့္လိုက္သည္။
"မလုပ္ပါနဲ႕...။" ေယာင္ယိကြမ္းသည္ ရႈိက္ၾကီးတငင္ ငိုေၾကြးေန၏။ အရပ္ 1.8 မီတာရွိသည့္ အမ်ိဳးသားတစ္ေယာက္သည္ ငိုယိုထားသျဖင့္ ေၾကာင္ေခ်းရုပ္ျဖစ္ေနခ့ဲသည္။
"မစၥတာခ်င္။" လီေက်ာင္းက အထူးထုတ္ကုန္တစ္ေသတၱာကို ဆြဲထုတ္ၿပီး ခ်င္ေရွာင္းကို ေပးလိုက္၏။ "ခင္ဗ်ားနဲ႕ ခင္ဗ်ားရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက ကြ်န္ေတာ္ၿပီးခဲ့တဲ့ တစ္ေခါက္က ယူလာတဲ့ အထူးထုတ္ကုန္ေတြကို အရမ္းသေဘာက်တယ္လို႔ ထင္းထင္းကေျပာတယ္၊ အ့ဲဒါေၾကာင့္ ဒီတစ္ခါ နည္းနည္းပိုဝယ္္လာခ့ဲတယ္။ ဒါေတြအကုန္လံုး ယူသြားလိုက္ပါ။"
ခ်င္ေရွာင္းသည္ အမွတ္တရပစၥည္းမ်ိဳးစုံျဖင့္ ျပည့္ႏွက္ေနေသာ ေသတၱာကို ေတြ႕လိုက္ရၿပီး အမ်ားစုမွာ အသားေျခာက္ႏွင့္ အျခားပစၥည္းမ်ားျဖစ္သည္။ ထိုမ်ွ ၾကီးမားသည့္ေသတၱာမွာ ေစ်းမေပါေလာက္ေပ။ ထိုအခ်ိန္၌ လီေက်ာင္း၏ႏွလံုးသားထဲတြင္ ေသြးစိမ္းရွင္ရွင္ က်ေနသည္ကို သူမသိခ့ဲေခ်။ တစ္ခါတရံ သူသည္ ရိုက္ကူးေရးအဖြဲ႕သားမ်ားအတြက္ အစားအေသာက္မွာေပးေသာအခါ သူသည္ သယ္ယူခ ေလ်ာ့ေပးသည့္ဆိုင္ကို ေရြးခ်ယ္ခ့ဲ၏။ ဤေသတၱာက သူ႔အား ပိုက္ဆံအမ်ားၾကီး ကုန္သြားေစခ့ဲသည္။
သို႔ေသာ္ ထင္းထင္း၏အနာဂတ္အတြက္ ရက္ေရာရံုသာ ရွိေတာ့သည္။ လီေက်ာင္းသည္ ခ်န္ရွီးသို႔ ေၾကာ္ျငာရိုက္ကူးရန္ ေနာက္ဆုံးအႀကိမ္သြားစဥ္က မစၥတာခ်င္သည္ ခ်န္ရွီးရံုးခ်ဳပ္၏ အထက္တန္းလႊာမ်ားသာမက နယ္ပယ္အသီးသီးမွ ေခါင္းေဆာင္မ်ားေရွ႕တြင္ စကားေျပာဆိုပိုင္ခြင့္ရွိသည္ကို သူေတြ႕ခဲ့ရ၏။ ထင္းထင္းသည္ ခ်န္ရွီး၏ ဥကၠ႒႐ုံးခန္းသို႔ မၾကာေသးမီက ေျပာင္းေ႐ႊ႕ခဲ့ၿပီး ခ်င္ေရွာင္းကဲ့သို႔ တစ္စုံတစ္ေယာက္၏ ႏွစ္သက္မႈရရန္ လိုအပ္ေပသည္။ ဤပုဂၢိဳလ္သည္ ထင္းထင္းအား စာ႐ြက္စာတမ္းမ်ားေပးပို႔ရန္ ကိုယ္တိုင္ကိုယ္က် ေရာက္လာခဲ့၏။ သူသည္ လုပ္ေဖာ္ကိုင္ဖက္ေကာင္းတစ္ဦး ျဖစ္သည္။
"ေက်းဇူးတင္ပါတယ္၊ ဒီေလာက္ဆို လုံေလာက္ပါၿပီ။ ကြ်န္ေတာ္ အကုန္မစားနိုင္ေလာက္ဘူး။" ခ်င္ေရွာင္းသည္ လီေက်ာင္းက သူ႔လက္လက္ထဲသို႔ တစ္အိတ္ျပီးတစ္အိတ္ ထည့္ေပးေနသည္ကို ေတြ႕လိုက္ရျပီး သူ႔လက္ႏွစ္ဖက္လံုးကိုင္စရာမ်ားႏွင့္ ျပည့္သြားသည့္အခါမွ ရပ္တန္႔သြားခ့ဲ၏။ ၎က သူ၏အထင္မွားမႈဟုတ္မဟုတ္ မသိေသာ္လည္း ယခုတစ္ၾကိမ္၌ လီေက်ာင္းက သူ႔အေပၚ ပို၍ စိတ္အားထက္သန္ေနခ့ဲသည္။
"မစားနိုင္ရင္ ခင္ဗ်ားရဲ႕သူငယ္ခ်င္းေတြကို ေပးလိုက္လို႔ ရပါတယ္။ ဒါေတြအကုန္လုံးက သဘာဝအတိုင္းျဖစ္ျပီး ဆိုးေဆးကင္းတ့ဲစားစရာေတြပါ။ သူတို႔ကို စိတ္ခ်လက္ခ် စားနိုင္ပါတယ္။"
အား...အႀကီးမားဆုံး အားနည္းခ်က္ကေတာ့ ေသေလာက္ေအာင္ ေစ်းႀကီးတာပါပဲ၊ ေစ်းၾကီးလြန္းလို႕ အိတ္တစ္အိတ္ေတာင္ မေပးပစ္ခ်င္ဘူး။
"ဒါေတြ အမ်ားႀကီးရွိပါတယ္။ ပစၥည္းေတြ ကားထဲ ထည့္ဖို႔ ကြ်န္ေတာ္ ကူညီပါရေစ။" လီေက်ာင္းသည္ ခ်င္ေရွာင္းက နက္ကတိုင္ႏွင့္အေနာက္တိုင္းဝတ္စုံ ဝတ္ဆင္ထားျပီး ဤအမွတ္တရပစၥည္းေသတၱာႏွင့္ အပ္စပ္မႈမရွိသည္ကို ေတြ႔လိုက္ရ၏။ သူက ခရီးေဆာင္အိတ္ကို ဂိတ္တံခါးေထာင့္နားတြင္ ခ်ထားၿပီး ခ်င္ေရွာင္းထံမွ အမွတ္တရပစၥည္းေသတၱာကို ဆြဲယူကာ ေတာက္ေတာက္ပပ ၿပဳံးလိုက္သည္။ "မစၥတာခ်င္ သြားၾကရေအာင္။ ကြ်န္ေတာ္ ခင္ဗ်ားကို လိုက္ပို႔ေပးမယ္။"
လီေက်ာင္း ထြက္သြားေၾကာင္း ျမင္ရေသာအခါ ေယာင္ယိကြမ္းသည္ ေထာင့္နားတြင္ ေအးစက္ေနသည့္ ခရီးေဆာင္အိတ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျမျပင္ေပၚမွာ တြားသြားကာ သူ႕ကားဆီေရာက္ရန္ ၾကိဳးစားရုန္းကန္ခ့ဲသည္။ ထို႔ေနာက္ သူ႔ေျခေထာက္မ်ားက ကားေမာင္းရန္ မျဖစ္နိုင္ေတာ့သည္ထိ ေပ်ာ့ေခြေနေၾကာင္း သိလိုက္ရ၏။ သူက ဖုန္းဖြင့္ကာ တကၠစီတစ္စီး ေခၚလိုက္သည္။ ယခုအခ်ိန္၌ ယာဥ္ငွားအက္ပလီေကးရွင္းမ်ားသည္ ေယာင္ယိကြမ္း၏စိတ္ထဲတြင္ ကမာၻ႔အႀကီးက်ယ္ဆုံးတီထြင္မႈ ျဖစ္ခဲ့သည္။
ရပ္ကြက္ထဲတြင္ ဧည့္သည္မ်ားအတြက္ သီးသန္႔ကားပါကင္ေနရာ ရွိေသာ္လည္း ၎သည္ ဗီလာဧရိယာႏွင့္ အနည္းငယ္ေဝးကြာလွသည္။ ခ်င္ေရွာင္းသည္ လီေက်ာင္းတစ္ေယာက္တည္း ပစၥည္းအမ်ားႀကီး သယ္ထားရသည္ကို ျမင္ျပီး အနည္းငယ္ ရွက္ရြံ႕သြားခ့ဲ၏။ သူက တခ်ိဳ႕တေလကို ကူသယ္ေပးခ်င္လာသည္။
"အဆင္ေျပပါတယ္၊ အဆင္ေျပပါတယ္။ ကြ်န္ေတာ္ ငယ္ငယ္ကတည္းက ဒီလိုကိစၥေတြ လုပ္လာခဲ့ေတာ့ က်င့္သားရေနပါျပီ။" လီေက်ာင္းက ၿပဳံးျပလိုက္သည္။ "ျပီးေတာ့ ဒါက ေျခလွမ္းနည္းနည္းေလးဆိုေတာ့ မပင္ပန္းပါဘူး။"
"ေက်းဇူးတင္ပါတယ္။" လီေက်ာင္း၏သေဘာထားသည္ ဂ႐ုတစိုက္ရွိလြန္းၿပီး ယဥ္ေက်းပ်ဴငွာေနေၾကာင္းကို ခ်င္ေရွာင္း သတိျပဳမိခ့ဲ၏။ သူက လူငယ္ေလးကို ၾကည့္ၿပီး အဘယ္ေၾကာင့္ ဤမ်ွ စိတ္အားထက္သန္ေနရသလဲဟု ေမးခ်င္ေသာ္လည္း မ်က္ႏွာေပၚရွိ ေတာက္ပသည့္အျပံဳးကို ျမင္လိုက္ရေသာအခါ သူစကားတစ္ခြန္းမွ မဆိုနိုင္ေတာ့ေပ။
"အဲဒါ... မစၥတာခ်င္၊ ထင္းထင္းက ဥကၠ႒႐ုံးခန္းကို ေျပာင္းလာခ့ဲတာ။ သူအလုပ္နဲ႕ အကြ်မ္းတဝင္ရွိရဲ႕လား။" လီေက်ာင္းက ခ်င္ေရွာင္း ၏အမူအရာကို အကဲခတ္ေနခ့ဲသည္။ ခ်င္ေရွာင္းမ်က္ႏွာ ပ်က္သြားလ်ွင္ ေခါင္းစဥ္ေျပာင္းလိုက္မည္ပင္။ အကယ္၍ ခ်င္ေရွာင္းက စိတ္မရွည္ေၾကာင္း မျပသလ်ွင္ လီေက်ာင္းက အေရထူထူႏွင့္ ဆက္လက္ေမးျမန္းရေပလိမ့္မည္။
ခ်င္ေရွာင္းသည္ ေခတၱရပ္တန္႔ကာ သူ႕ကို မ်က္ႏွာခ်ိဳေသြးလုနီးနီး ၿပဳံးရယ္ေနေသာ ေကာင္ေလးကို ၾကည့္လိုက္ျပီး သူ႕အၾကည့္ကို အနည္းငယ္ ေရႊ႕ေျပာင္းလိုက္သည္။ "မစၥတာထင္းက အျမဲတမ္း အလုပ္မွာ စြမ္းေဆာင္ရည္ျပည့္ဝတ့ဲသူပါ။ ဌာနတိုင္းက ေခါင္းေဆာင္ေတြက သူ႕ကို အရမ္းေလးစားၾကပါတယ္။"
"ခင္ဗ်ားတို႔ကုမၸဏီက နိုင္ငံတကာကုမၸဏီႀကီးတစ္ခုဆိုေတာ့ ဥကၠ႒႐ုံးခန္းက အရမ္းအလုပ္ရႈပ္လား။"
အလုပ္မမ်ားပါက ထင္းထင္းလည္း ကိုယ္အေလးခ်ိန္ အမ်ားၾကီး က်သြားမည္မဟုတ္ေပ။
"႐ုံးခ်ဳပ္မွာ လုပ္ရတ့ဲအလုပ္ပမာဏက တကယ္မလြယ္ဘူး။" ခ်င္ေရွာင္းသည္ လီေက်ာင္း၏ မ်က္ႏွာခ်ိဳေသြးမႈေနာက္ကြယ္မွ ရည္႐ြယ္ခ်က္မ်ားကို ဝိုးတဝါး ခန႔္မွန္းမိခဲ့သည္။
"ေၾသာ္..." လီေက်ာင္းက စိတ္သက္သာရာမရသြားခင္ မ်က္ေမွာင္ၾကဳတ္လိုက္၏။ "မစၥတာခ်င္၊ ရန္ထင္းက စကားေျပာရတာ မႀကိဳက္ဘူး၊ သူ႕ကို ဂ႐ုစိုက္တ့ဲသူ မရွိရင္ စားဖို႔ေသာက္ဖို႔ ေမ့သြားတတ္တယ္။ အကယ္၍ ခင္ဗ်ားအားတ့ဲအခါက်ရင္ ကြ်န္ေတာ္ဆိုလိုတာက ခင္ဗ်ားအခ်ိန္ရရင္ သူ႔ကို ခင္ဗ်ားနဲ႕အတူတူ ထမင္းစားဖို႔ ေမးေပးနိုင္မလား။"
ဤလူ၏မ်က္ႏွာမွာ ငယ္႐ြယ္နုပ်ိဳေနဆဲျဖစ္ျပီး သူ႕မ်က္လုံးထဲတြင္ နိုင္ငံတကာကုမၸဏီႀကီး၏ အထက္တန္းလႊာမ်ားအေပၚ ေလးစားမႈမ်ား ရွိေနခ့ဲသည္။
ဤတစ္ႀကိမ္တြင္ ခ်င္ေရွာင္းသည္ သူေဌးက လီေက်ာင္းကို အဘယ္ေၾကာင့္ ႏွစ္သက္သေဘာက်ၿပီး သူ႕ဘဝထဲတြင္ အဘယ္ေၾကာင့္ လီေက်ာင္းအား သီးသန္႔ျဖစ္တည္မႈတစ္ခုအျဖစ္ ေပးအပ္ထားေၾကာင္းကိုပင္ နားလည္သြားခ့ဲသည္။
ခံစားခ်က္အစစ္အမွန္မ်ားက ရွားပါးလွေပသည္။ အသက္ႏွစ္ဆယ္အ႐ြယ္ေယာက်္ားတစ္ေယာက္က သူ၏ နာမည္ၾကီးဟူေသာ ဂုဏ္ပုဒ္ကို ေလွ်ာ့ခ်ျပီး သူ႔သူငယ္ခ်င္းအတြက္ အေကာင္းေျပာေပးရန္ ဆႏၵရွိသည္ကို ၾကည့္ျခင္းျဖင့္ သူေဌးႏွင့္သူ၏ ခင္မင္မႈမွာ ဂုဏ္သတင္းႏွင့္ ေက်ာ္ၾကားမႈအဆင့္အတန္းကို ေက်ာ္လြန္ေနေၾကာင္း ျပသေနခ့ဲ၏။ အ႐ြယ္ေရာက္ၿပီးသူတိုင္းတြင္ ရိုးသားေျဖာင့္မတ္မႈသည္ အေရးႀကီးဆုံးျဖစ္၏ ၊ သို႔ေသာ္ သူသည္ အခ်ိန္မတန္ေသးဘဲ ဦးၫႊတ္ရန္ သင္ယူထားျပီးျဖစ္သည္။
"ကြ်န္ေတာ္က မစၥတာထင္းကို ဂရုစိုက္ေပးမွာမို႔လို႔ မင္းစိတ္ခ်လက္ခ်ေနနိုင္ပါတယ္။" ခ်င္ေရွာင္းက လီေက်ာင္းကို ရိုးသားသည့္အျပံဳးတစ္ပြင့္ ျပသခ့ဲသည္။ "တကယ္လို႔ သူကုမၸဏီမွာ ေကာင္းေကာင္းမစားရင္ ကြ်န္ေတာ္ ခင္ဗ်ားဆီ မက္ေဆ့ခ်္ပို႔လိုက္ပါ့မယ္။ ခင္ဗ်ား အဆင္ေျပရင္ဘကြ်န္ေတာ္တို႔ အဆက္အသြယ္ခ်င္း ဖလွယ္ရေအာင္ေလ။"
"အိုေက။" လီေက်ာင္းက သူ႕အၿပဳံးကို ထိန္းသိမ္းထားခ့ဲသည္။ "ေက်းဇူးပါ ေက်းဇူးပါ ။"
အမွတ္တရပစၥည္းမ်ားကို ကားေနာက္ခန္းထဲ ထည့္ျပီးေသာအခါ လီေက်ာင္းက သူ၏ဖုန္းကိုထုတ္ကာ ခ်င္ေရွာင္းကို WeChat တြင္ သူငယ္ခ်င္းအျဖစ္ ထည့္သြင္းခဲ့၏။ "မစၥတာခ်င္၊ ျဖည္းျဖည္းသြားပါ။"
ခ်င္ေရွာင္း၏ မ်က္လုံးမ်ားက အမွတ္တရလက္ေဆာင္အိတ္မ်ားေၾကာင့္ အနီစင္းၾကီး ထင္ေနသည့္ လီေက်ာင္း၏ လက္ဖဝါးကို ေဝ႔ဝိုက္ ၾကည့္လိုက္ေသာ္လည္း လီေက်ာင္းက သတိျပဳမိပံုမရေပ။ သူသည္ ကုမၸဏီတြင္ ရန္ထင္းကို ေစာင့္ေရွာက္ေပးမည့္ တစ္စံုတစ္ေယာက္ရွိလာသျဖင့္ ေပ်ာ္ရႊင္ေနခ့ဲသည္။
"ေက်းဇူးတင္ပါတယ္၊ ေနာက္တစ္ေခါက္မွ ဆံုၾကတာေပါ့။" ထိုကေလးက သူေဌးကို ေခ်ာက္ကမ္းပါးမွ ျပန္ဆြဲတင္နိုင္ေလာက္သည္ဟု ခ်င္ေရွာင္း ေတြးေနမိ၏။ "ခုနက မစၥတာထင္းနဲ႕ပတ္သက္တဲ့ အဲဒီလူရဲ႕စကားေတြက..."
"အ့ဲဒီအရူးရဲ႕စကားေတြကို မယုံပါနဲ႕။" လီေက်ာင္း၏ မ်က္ႏွာမွာ စိုးရိမ္ေသာကေရာက္ေနခ့ဲသည္။ "ထင္းထင္းက ေနေကာင္းပါတယ္၊ ဘာမွမမွားပါဘူး။"
ထင္းထင္း၏မိဘမ်ားကိစၥက မွားမွားမွန္မွန္ လံုးဝေပါက္ၾကား၍ မရေပ။
"ဝန္ထမ္းေတြက ကုမၸဏီထဲကို မဝင္ခင္ ႐ုပ္ပိုင္းဆိုင္ရာနဲ႕ စိတ္ပိုင္းဆိုင္ရာ စစ္ေဆးမႈေတြ လုပ္ရတယ္ဆိုတာ ကြ်န္ေတာ္သိပါတယ္။" လီေက်ာင္း၏မ်က္လုံးမ်ားက စိုးရိမ္ပူပန္ေနေသးသည္ကို ခ်င္ေရွာင္း ျမင္လိုက္ရသျဖင့္ "ဒီလိုအေျခအျမစ္မရွိတဲ့ အရာေတြကို ကြၽန္ေတာ္ ထုတ္ေျပာမွာမဟုတ္လို႔ စိတ္ခ်လက္ခ် ေနနိုင္ပါတယ္။" ဟု ႏွစ္သိမ့္ေပးလိုက္သည္။
၎က သူ႔ကို ကားပါကင္သို႔ လိုက္ပို႔ေပးခ့ဲသည့္ လီေက်ာင္း၏အဓိကရည္႐ြယ္ခ်က္ျဖစ္သည္ဟု သူ သကၤာမကင္းျဖစ္မိခ့ဲသည္။
"ေက်းဇူးတင္ပါတယ္။" လီေက်ာင္းက ခ်င္ေရွာင္းကို ေက်းဇူးတင္စြာ ၾကည့္ၿပီး သူ႕ႏွလုံးသားထဲက ေနာက္ဆံုးအစိုင္အခဲၾကီးကို လႊတ္ခ်လိုက္သည္။ သူက အလြန္ယုံၾကည္စိတ္ခ်ေနေသာေၾကာင့္ ခ်င္ေရွာင္းမွာ အနည္းငယ္ အျပစ္ရွိသက့ဲသို႔ ခံစားလိုက္ရၿပီး ကမန္းကတန္းႏႈတ္ဆက္ကာ ကားေမာင္းထြက္သြားခဲ့၏။ ၿပိဳင္ဘက္မ်ားကို မ်က္ေတာင္မခတ္တမ္း လိမ္ညာနိုင္သည့္ အထူးလက္ေထာက္ခ်င္သည္ ဤလူငယ္၏ေရွ႕တြင္ ရွားရွားပါးပါး လိပ္ျပာမလံု ျဖစ္ေနခ့ဲသည္။
"အိမ္ေတာ္ထိန္း၊ လီေက်ာင္း... သူ ဂိတ္မွာရွိေသးလား။"
"ဆရာ။ "အိမ္ေတာ္ထိန္းက ရန္ထင္းကို ဘာျပန္ေျပာရမွန္းမသိေအာင္ အေနရခက္သည့္အမူအရာႏွင့္ ၾကည့္ေနခ့ဲသည္။ "ဆရာ၊ မစၥတာလီက ငယ္ပါေသးတယ္။ ဒါက နားလည္မႈလြဲတာဆိုေတာ့ ညေနက်ရင္ ျပန္လာမွာပါ။"
ရန္ထင္းက ျဖည္းညင္းစြာ ေျပာလိုက္၏။ "သူျပန္လာေတာ့မွာ မဟုတ္ဘူး။"
တစ္အိမ္လုံး တျဖည္းျဖည္း တိတ္ဆိတ္သြားခ့ဲသည္။ ထိုင္ခံုေပၚတြင္ ထိုင္ေနေသာလူကို အဆုံးမရွိေသာ အထီးက်န္မႈမ်ားက ရစ္ပတ္ထားပုံရၿပီး၊ သူ႕တစ္ကိုယ္လုံးမွာ အသက္ကင္းမ့ဲကာ ယိုယြင္းပ်က္စီးမႈမ်ား ဖုံးလႊမ္းေနခ့ဲ၏။
"သူ ႐ုပ္ရွင္တစ္ကားမွာ ပါမယ္လို႔ ၾကားထားတယ္။" အခ်ိန္အေတာ္ၾကာၿပီးေနာက္ ရန္ထင္းသည္ အိမ္ေတာ္ထိန္းကို ေမာ့ၾကည့္လိုက္သည္။ "အ့ဲဒီဇာတ္ကားကို ေခ်ာေခ်ာေမြ႕ေမြ႕ ရိုက္ကူးနိုင္ေအာင္ စီစဥ္ေပးလိုက္ပါ။ အဲဒါက ... ျဖစ္ပါလိမ့္မယ္။"
သူ လီေက်ာင္းကို ေပးခဲ့တ့ဲ လက္ေဆာင္တစ္ခု...
ရန္ထင္းက ထိုစကားမ်ားကို အၿပီးမသတ္နိုင္ခဲ့ေပ။
တစ္ခဏမ်ွ ေတာက္ပေသာ အေရာင္ ျခယ္မႈန္းခံလိုက္ရ၍ မီးခိုးေရာင္ကမာၻၾကီးကို သည္းခံနိုင္ရန္ ခက္ခဲသည္ဟု သူ စတင္ခံစားလာရ၏။ သူ႕ကမာၻမွာ မီးခိုးေရာင္ျဖစ္ေၾကာင္း သူေမ့ေနခ့ဲေပသည္။
#4171words
10.12.21
(အပိုင္းသစ္ေလးေတြေတာင္းခ်င္ရင္ ဒီေန႔ click to donate point ဘယ္ႏွခုစာ လုပ္ခ့ဲပါတယ္ဆိုျပီး ေျပာေပးရံုန့ဲ update ေတာင္းလို႔ရပါတယ္။ comment မွာ လူငါးေယာက္ ေျပာရင္ တစ္ပိုင္း ၊ လူ၁၅ ေယာက္ေျပာရင္ ႏွစ္ပိုင္း bonus ေပးမွာပါ။ ဒါမွမဟုတ္ point 500 ဖိုး click ဖူးေၾကာင္း အာမခံနိုင္ရင္ တစ္ပိုင္း update ေပးပါ့မယ္။ ကိုယ္လည္း တစ္ပါတ္ကို အမ်ားၾကီး မေရးနိုင္ေတာ့ အမ်ားဆံုးမွ တစ္ပါတ္ကို ႏွစ္ပိုင္းေလာက္ပဲ bonus ေပးနိုင္ပါတယ္။)
Unicode
နွေးထွေးသော
လီကျောင်းက ခရီးဆောင်သေတ္တာကြီးတစ်ခု ဆွဲလာသည်ကို မြင်လိုက်ရသောအခါ ယောင်ယိကွမ်း၏ ခြေထောက်များသာမက သူ့တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့သည်။ မကြာသေးမီက သူဖတ်ခဲ့ရသည့် လူမှုကွန်ရက်သတင်းတစ်ခုကို အမှတ်ရသွား၏။ သန့်ရှင်းရေးသမားတစ်ဦးသည် ရေကန်အောက်ခြေတွင် ခရီးဆောင်အိတ်ကြီးတစ်လုံးကို တွေ့ရှိခဲ့သည်။ သူက ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ဝှက်ထားသည့်ခန္ဓာကိုယ်တစ်ခုကို တွေ့သွားခဲ့သည်။
"မင်း မင်း...၊ ဒီကိုမလာနဲ့။" ယောင်ယိကွမ်း သည် ရန်ထင်းကို ကြောက်လန့်တကြား ကြည့်လိုက်၏။ ရန်ထင်းက သူ့ကို သတ်ချင်နေပြီး လီကျောင်းက သူ့အလောင်းကို ရှင်းထုတ်ပစ်ချင်နေသည်...
"ဝမ်းကွဲအစ်ကို ကျွန်တော်မှားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ။" ယောင်ယိကွမ်းသည် မျက်ရည်များနှင့် နှပ်များ တစက်စက်ကျလာသည်အထိ ကြောက်ရွံ့သွားခဲ့သည် ။
ရန်ထင်းက သူဘယ်လိုမြင်သလဲဆိုသည်ကို ဂရုမစိုက်ပေ။ ရန်ထင်းက သူ့လက်ကို လွှတ်ကာ ယောင်ယိကွမ်း၏ခေါင်းနောက်ဘက်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်သဖြင့် နာနာကျင်ကျင် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။
"မင်းထွက်သွားတော့မှာလား။" လီကျောင်း၏လက်ထဲတွင် ခရီးဆောင်အိတ်ကို မြင်လိုက်ရသောအခါ ရန်ထင်းက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ရပ်တန့်သွား၏။ ထို့နောက် နောက်သို့တစ်လှမ်းပြန်ဆုတ်လိုက်သည်။ "အရမ်း အရေးကြီးလို့လား။"
"ဟုတ်တယ် အရမ်းအရေးကြီးလို့ပါ။" လီကျောင်းက ရန်ထင်းဆီသို့ လျှောက်လာချိန်၌ ရန်ထင်းက ရုတ်ခြည်းပင် "ငါ့စာကြည့်ခန်းထဲမှာ အလုပ်တစ်ချို့လုပ်ဖို့ ရှိသေးတယ်။" ဟု ပြောကာ လှည့်ထွက်သွားခဲ့သည်။
အကယ်၍ သူသည် လီကျောင်းကို နီးနီးကပ်ကပ် ကြည့်လိုက်ပါက ဤလူကို သွားခွင့်မပေးနိုင်တော့မည်ကို စိုးထိတ်နေမိသည်။
"ဘာလဲဟ။"
ရန်ထင်းက ပြန်လှည့်မလာဘဲ အိမ်ရှေ့တံခါးဆီသို့ ခြေလှမ်းကျဲကျဲလျှောက်သွားသည်ကို မြင်လိုက်ရသောကြောင့် လီကျောင်းက မျက်မှောင်ကြုတ်ကာ မြေပြင်ပေါ်ရှိ ယောင်ယိကွမ်းကို ငုံ့ကြည့်လိုက်၏။ သူက ယောင်ယိကွမ်းကို လက်သီးနဲ့ထိုးခဲ့တာကြောင့် ရန်ထင်းက သူ့ကို ရိုင်းစိုင်းတယ်လို့ ထင်သွားတာလား။
သူတို့သည် သူငယ်ချင်းကောင်းများဖြစ်ကြပါလျက် ရန်ထင်းသည် သူ တစ်ယောက်ယောက်ကို ရိုက်နှက်နေသည်ကိုပင် မကြည့်နိုင်ခဲ့ပေ။ သူတို့ရဲ့ ညီအကိုဆက်ဆံရေးက ပလတ်စတစ်နဲ့ လုပ်ထားတာလား။
"မလာနဲ့၊ ဒီနားကို မလာနဲ့။" ယောင်ယိကွမ်းသည် လီကျောင်း၏ မျက်လုံးများက မှားယွင်းနေကြောင်း တွေ့ခဲ့ရသည်။ "ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပေးပါ။ မင်းတို့နှစ်ယောက်ကို ငါဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး။ ငါ့ကို လွှတ်ပေးပါ။"
အဆုံးတွင် သူ့အသံ ပြတ်တောက်သွားခဲ့သည်။
လီကျောင်းက ခေါင်းကိုငဲ့ကာ ရန်ထင်း ဖြတ်သန်းသွားသော တံခါးကို ကြည့်လိုက်၏။ ထို့နောက် သူသည် ခရီးဆောင်အိတ်ကို မြေပြင်ပေါ်သို့ ပစ်ချပြီး ခရီးဆောင်အိတ်ကို စတင်ဖွင့်လိုက်သည်။
"မလုပ်ပါနဲ့...။" ယောင်ယိကွမ်းသည် ရှိုက်ကြီးတငင် ငိုကြွေးနေ၏။ အရပ် 1.8 မီတာရှိသည့် အမျိုးသားတစ်ယောက်သည် ငိုယိုထားသဖြင့် ကြောင်ချေးရုပ်ဖြစ်နေခဲ့သည်။
"မစ္စတာချင်။" လီကျောင်းက အထူးထုတ်ကုန်တစ်သေတ္တာကို ဆွဲထုတ်ပြီး ချင်ရှောင်းကို ပေးလိုက်၏။ "ခင်ဗျားနဲ့ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော်ပြီးခဲ့တဲ့ တစ်ခေါက်က ယူလာတဲ့ အထူးထုတ်ကုန်တွေကို အရမ်းသဘောကျတယ်လို့ ထင်းထင်းကပြောတယ်၊ အဲ့ဒါကြောင့် ဒီတစ်ခါ နည်းနည်းပိုဝယ်လာခဲ့တယ်။ ဒါတွေအကုန်လုံး ယူသွားလိုက်ပါ။"
ချင်ရှောင်းသည် အမှတ်တရပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသော သေတ္တာကို တွေ့လိုက်ရပြီး အများစုမှာ အသားခြောက်နှင့် အခြားပစ္စည်းများဖြစ်သည်။ ထိုမျှ ကြီးမားသည့်သေတ္တာမှာ ဈေးမပေါလောက်ပေ။ ထိုအချိန်၌ လီကျောင်း၏နှလုံးသားထဲတွင် သွေးစိမ်းရှင်ရှင် ကျနေသည်ကို သူမသိခဲ့ချေ။ တစ်ခါတရံ သူသည် ရိုက်ကူးရေးအဖွဲ့သားများအတွက် အစားအသောက်မှာပေးသောအခါ သူသည် သယ်ယူခ လျော့ပေးသည့်ဆိုင်ကို ရွေးချယ်ခဲ့၏။ ဤသေတ္တာက သူ့အား ပိုက်ဆံအများကြီး ကုန်သွားစေခဲ့သည်။
သို့သော် ထင်းထင်း၏အနာဂတ်အတွက် ရက်ရောရုံသာ ရှိတော့သည်။ လီကျောင်းသည် ချန်ရှီးသို့ ကြော်ငြာရိုက်ကူးရန် နောက်ဆုံးအကြိမ်သွားစဉ်က မစ္စတာချင်သည် ချန်ရှီးရုံးချုပ်၏ အထက်တန်းလွှာများသာမက နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များရှေ့တွင် စကားပြောဆိုပိုင်ခွင့်ရှိသည်ကို သူတွေ့ခဲ့ရ၏။ ထင်းထင်းသည် ချန်ရှီး၏ ဥက္ကဋ္ဌရုံးခန်းသို့ မကြာသေးမီက ပြောင်းရွှေ့ခဲ့ပြီး ချင်ရှောင်းကဲ့သို့ တစ်စုံတစ်ယောက်၏ နှစ်သက်မှုရရန် လိုအပ်ပေသည်။ ဤပုဂ္ဂိုလ်သည် ထင်းထင်းအား စာရွက်စာတမ်းများပေးပို့ရန် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့၏။ သူသည် လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦး ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်၊ ဒီလောက်ဆို လုံလောက်ပါပြီ။ ကျွန်တော် အကုန်မစားနိုင်လောက်ဘူး။" ချင်ရှောင်းသည် လီကျောင်းက သူ့လက်လက်ထဲသို့ တစ်အိတ်ပြီးတစ်အိတ် ထည့်ပေးနေသည်ကို တွေ့လိုက်ရပြီး သူ့လက်နှစ်ဖက်လုံးကိုင်စရာများနှင့် ပြည့်သွားသည့်အခါမှ ရပ်တန့်သွားခဲ့၏။ ၎င်းက သူ၏အထင်မှားမှုဟုတ်မဟုတ် မသိသော်လည်း ယခုတစ်ကြိမ်၌ လီကျောင်းက သူ့အပေါ် ပို၍ စိတ်အားထက်သန်နေခဲ့သည်။
"မစားနိုင်ရင် ခင်ဗျားရဲ့သူငယ်ချင်းတွေကို ပေးလိုက်လို့ ရပါတယ်။ ဒါတွေအကုန်လုံးက သဘာဝအတိုင်းဖြစ်ပြီး ဆိုးဆေးကင်းတဲ့စားစရာတွေပါ။ သူတို့ကို စိတ်ချလက်ချ စားနိုင်ပါတယ်။"
အား...အကြီးမားဆုံး အားနည်းချက်ကတော့ သေလောက်အောင် ဈေးကြီးတာပါပဲ၊ ဈေးကြီးလွန်းလို့ အိတ်တစ်အိတ်တောင် မပေးပစ်ချင်ဘူး။
"ဒါတွေ အများကြီးရှိပါတယ်။ ပစ္စည်းတွေ ကားထဲ ထည့်ဖို့ ကျွန်တော် ကူညီပါရစေ။" လီကျောင်းသည် ချင်ရှောင်းက နက်ကတိုင်နှင့်အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး ဤအမှတ်တရပစ္စည်းသေတ္တာနှင့် အပ်စပ်မှုမရှိသည်ကို တွေ့လိုက်ရ၏။ သူက ခရီးဆောင်အိတ်ကို ဂိတ်တံခါးထောင့်နားတွင် ချထားပြီး ချင်ရှောင်းထံမှ အမှတ်တရပစ္စည်းသေတ္တာကို ဆွဲယူကာ တောက်တောက်ပပ ပြုံးလိုက်သည်။ "မစ္စတာချင် သွားကြရအောင်။ ကျွန်တော် ခင်ဗျားကို လိုက်ပို့ပေးမယ်။"
လီကျောင်း ထွက်သွားကြောင်း မြင်ရသောအခါ ယောင်ယိကွမ်းသည် ထောင့်နားတွင် အေးစက်နေသည့် ခရီးဆောင်အိတ်ကို တစ်ချက်ကြည့်လိုက်ပြီး မြေပြင်ပေါ်မှာ တွားသွားကာ သူ့ကားဆီရောက်ရန် ကြိုးစားရုန်းကန်ခဲ့သည်။ ထို့နောက် သူ့ခြေထောက်များက ကားမောင်းရန် မဖြစ်နိုင်တော့သည်ထိ ပျော့ခွေနေကြောင်း သိလိုက်ရ၏။ သူက ဖုန်းဖွင့်ကာ တက္ကစီတစ်စီး ခေါ်လိုက်သည်။ ယခုအချိန်၌ ယာဉ်ငှားအက်ပလီကေးရှင်းများသည် ယောင်ယိကွမ်း၏စိတ်ထဲတွင် ကမ္ဘာ့အကြီးကျယ်ဆုံးတီထွင်မှု ဖြစ်ခဲ့သည်။
ရပ်ကွက်ထဲတွင် ဧည့်သည်များအတွက် သီးသန့်ကားပါကင်နေရာ ရှိသော်လည်း ၎င်းသည် ဗီလာဧရိယာနှင့် အနည်းငယ်ဝေးကွာလှသည်။ ချင်ရှောင်းသည် လီကျောင်းတစ်ယောက်တည်း ပစ္စည်းအများကြီး သယ်ထားရသည်ကို မြင်ပြီး အနည်းငယ် ရှက်ရွံ့သွားခဲ့၏။ သူက တချို့တလေကို ကူသယ်ပေးချင်လာသည်။
"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဒီလိုကိစ္စတွေ လုပ်လာခဲ့တော့ ကျင့်သားရနေပါပြီ။" လီကျောင်းက ပြုံးပြလိုက်သည်။ "ပြီးတော့ ဒါက ခြေလှမ်းနည်းနည်းလေးဆိုတော့ မပင်ပန်းပါဘူး။"
"ကျေးဇူးတင်ပါတယ်။" လီကျောင်း၏သဘောထားသည် ဂရုတစိုက်ရှိလွန်းပြီး ယဉ်ကျေးပျူငှာနေကြောင်းကို ချင်ရှောင်း သတိပြုမိခဲ့၏။ သူက လူငယ်လေးကို ကြည့်ပြီး အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်နေရသလဲဟု မေးချင်သော်လည်း မျက်နှာပေါ်ရှိ တောက်ပသည့်အပြုံးကို မြင်လိုက်ရသောအခါ သူစကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။
"အဲဒါ... မစ္စတာချင်၊ ထင်းထင်းက ဥက္ကဋ္ဌရုံးခန်းကို ပြောင်းလာခဲ့တာ။ သူအလုပ်နဲ့ အကျွမ်းတဝင်ရှိရဲ့လား။" လီကျောင်းက ချင်ရှောင်း ၏အမူအရာကို အကဲခတ်နေခဲ့သည်။ ချင်ရှောင်းမျက်နှာ ပျက်သွားလျှင် ခေါင်းစဉ်ပြောင်းလိုက်မည်ပင်။ အကယ်၍ ချင်ရှောင်းက စိတ်မရှည်ကြောင်း မပြသလျှင် လီကျောင်းက အရေထူထူနှင့် ဆက်လက်မေးမြန်းရပေလိမ့်မည်။
ချင်ရှောင်းသည် ခေတ္တရပ်တန့်ကာ သူ့ကို မျက်နှာချိုသွေးလုနီးနီး ပြုံးရယ်နေသော ကောင်လေးကို ကြည့်လိုက်ပြီး သူ့အကြည့်ကို အနည်းငယ် ရွှေ့ပြောင်းလိုက်သည်။ "မစ္စတာထင်းက အမြဲတမ်း အလုပ်မှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့သူပါ။ ဌာနတိုင်းက ခေါင်းဆောင်တွေက သူ့ကို အရမ်းလေးစားကြပါတယ်။"
"ခင်ဗျားတို့ကုမ္ပဏီက နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဆိုတော့ ဥက္ကဋ္ဌရုံးခန်းက အရမ်းအလုပ်ရှုပ်လား။"
အလုပ်မများပါက ထင်းထင်းလည်း ကိုယ်အလေးချိန် အများကြီး ကျသွားမည်မဟုတ်ပေ။
"ရုံးချုပ်မှာ လုပ်ရတဲ့အလုပ်ပမာဏက တကယ်မလွယ်ဘူး။" ချင်ရှောင်းသည် လီကျောင်း၏ မျက်နှာချိုသွေးမှုနောက်ကွယ်မှ ရည်ရွယ်ချက်များကို ဝိုးတဝါး ခန့်မှန်းမိခဲ့သည်။
"သြော်..." လီကျောင်းက စိတ်သက်သာရာမရသွားခင် မျက်မှောင်ကြုတ်လိုက်၏။ "မစ္စတာချင်၊ ရန်ထင်းက စကားပြောရတာ မကြိုက်ဘူး၊ သူ့ကို ဂရုစိုက်တဲ့သူ မရှိရင် စားဖို့သောက်ဖို့ မေ့သွားတတ်တယ်။ အကယ်၍ ခင်ဗျားအားတဲ့အခါကျရင် ကျွန်တော်ဆိုလိုတာက ခင်ဗျားအချိန်ရရင် သူ့ကို ခင်ဗျားနဲ့အတူတူ ထမင်းစားဖို့ မေးပေးနိုင်မလား။"
ဤလူ၏မျက်နှာမှာ ငယ်ရွယ်နုပျိုနေဆဲဖြစ်ပြီး သူ့မျက်လုံးထဲတွင် နိုင်ငံတကာကုမ္ပဏီကြီး၏ အထက်တန်းလွှာများအပေါ် လေးစားမှုများ ရှိနေခဲ့သည်။
ဤတစ်ကြိမ်တွင် ချင်ရှောင်းသည် သူဌေးက လီကျောင်းကို အဘယ်ကြောင့် နှစ်သက်သဘောကျပြီး သူ့ဘဝထဲတွင် အဘယ်ကြောင့် လီကျောင်းအား သီးသန့်ဖြစ်တည်မှုတစ်ခုအဖြစ် ပေးအပ်ထားကြောင်းကိုပင် နားလည်သွားခဲ့သည်။
ခံစားချက်အစစ်အမှန်များက ရှားပါးလှပေသည်။ အသက်နှစ်ဆယ်အရွယ်ယောကျ်ားတစ်ယောက်က သူ၏ နာမည်ကြီးဟူသော ဂုဏ်ပုဒ်ကို လျှော့ချပြီး သူ့သူငယ်ချင်းအတွက် အကောင်းပြောပေးရန် ဆန္ဒရှိသည်ကို ကြည့်ခြင်းဖြင့် သူဌေးနှင့်သူ၏ ခင်မင်မှုမှာ ဂုဏ်သတင်းနှင့် ကျော်ကြားမှုအဆင့်အတန်းကို ကျော်လွန်နေကြောင်း ပြသနေခဲ့၏။ အရွယ်ရောက်ပြီးသူတိုင်းတွင် ရိုးသားဖြောင့်မတ်မှုသည် အရေးကြီးဆုံးဖြစ်၏ ၊ သို့သော် သူသည် အချိန်မတန်သေးဘဲ ဦးညွှတ်ရန် သင်ယူထားပြီးဖြစ်သည်။
"ကျွန်တော်က မစ္စတာထင်းကို ဂရုစိုက်ပေးမှာမို့လို့ မင်းစိတ်ချလက်ချနေနိုင်ပါတယ်။" ချင်ရှောင်းက လီကျောင်းကို ရိုးသားသည့်အပြုံးတစ်ပွင့် ပြသခဲ့သည်။ "တကယ်လို့ သူကုမ္ပဏီမှာ ကောင်းကောင်းမစားရင် ကျွန်တော် ခင်ဗျားဆီ မက်ဆေ့ချ်ပို့လိုက်ပါ့မယ်။ ခင်ဗျား အဆင်ပြေရင်ဘကျွန်တော်တို့ အဆက်အသွယ်ချင်း ဖလှယ်ရအောင်လေ။"
"အိုကေ။" လီကျောင်းက သူ့အပြုံးကို ထိန်းသိမ်းထားခဲ့သည်။ "ကျေးဇူးပါ ကျေးဇူးပါ ။"
အမှတ်တရပစ္စည်းများကို ကားနောက်ခန်းထဲ ထည့်ပြီးသောအခါ လီကျောင်းက သူ၏ဖုန်းကိုထုတ်ကာ ချင်ရှောင်းကို WeChat တွင် သူငယ်ချင်းအဖြစ် ထည့်သွင်းခဲ့၏။ "မစ္စတာချင်၊ ဖြည်းဖြည်းသွားပါ။"
ချင်ရှောင်း၏ မျက်လုံးများက အမှတ်တရလက်ဆောင်အိတ်များကြောင့် အနီစင်းကြီး ထင်နေသည့် လီကျောင်း၏ လက်ဖဝါးကို ဝေ့ဝိုက် ကြည့်လိုက်သော်လည်း လီကျောင်းက သတိပြုမိပုံမရပေ။ သူသည် ကုမ္ပဏီတွင် ရန်ထင်းကို စောင့်ရှောက်ပေးမည့် တစ်စုံတစ်ယောက်ရှိလာသဖြင့် ပျော်ရွှင်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခေါက်မှ ဆုံကြတာပေါ့။" ထိုကလေးက သူဌေးကို ချောက်ကမ်းပါးမှ ပြန်ဆွဲတင်နိုင်လောက်သည်ဟု ချင်ရှောင်း တွေးနေမိ၏။ "ခုနက မစ္စတာထင်းနဲ့ပတ်သက်တဲ့ အဲဒီလူရဲ့စကားတွေက..."
"အဲ့ဒီအရူးရဲ့စကားတွေကို မယုံပါနဲ့။" လီကျောင်း၏ မျက်နှာမှာ စိုးရိမ်သောကရောက်နေခဲ့သည်။ "ထင်းထင်းက နေကောင်းပါတယ်၊ ဘာမှမမှားပါဘူး။"
ထင်းထင်း၏မိဘများကိစ္စက မှားမှားမှန်မှန် လုံးဝပေါက်ကြား၍ မရပေ။
"ဝန်ထမ်းတွေက ကုမ္ပဏီထဲကို မဝင်ခင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။" လီကျောင်း၏မျက်လုံးများက စိုးရိမ်ပူပန်နေသေးသည်ကို ချင်ရှောင်း မြင်လိုက်ရသဖြင့် "ဒီလိုအခြေအမြစ်မရှိတဲ့ အရာတွေကို ကျွန်တော် ထုတ်ပြောမှာမဟုတ်လို့ စိတ်ချလက်ချ နေနိုင်ပါတယ်။" ဟု နှစ်သိမ့်ပေးလိုက်သည်။
၎င်းက သူ့ကို ကားပါကင်သို့ လိုက်ပို့ပေးခဲ့သည့် လီကျောင်း၏အဓိကရည်ရွယ်ချက်ဖြစ်သည်ဟု သူ သင်္ကာမကင်းဖြစ်မိခဲ့သည်။
"ကျေးဇူးတင်ပါတယ်။" လီကျောင်းက ချင်ရှောင်းကို ကျေးဇူးတင်စွာ ကြည့်ပြီး သူ့နှလုံးသားထဲက နောက်ဆုံးအစိုင်အခဲကြီးကို လွှတ်ချလိုက်သည်။ သူက အလွန်ယုံကြည်စိတ်ချနေသောကြောင့် ချင်ရှောင်းမှာ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး ကမန်းကတန်းနှုတ်ဆက်ကာ ကားမောင်းထွက်သွားခဲ့၏။ ပြိုင်ဘက်များကို မျက်တောင်မခတ်တမ်း လိမ်ညာနိုင်သည့် အထူးလက်ထောက်ချင်သည် ဤလူငယ်၏ရှေ့တွင် ရှားရှားပါးပါး လိပ်ပြာမလုံ ဖြစ်နေခဲ့သည်။
"အိမ်တော်ထိန်း၊ လီကျောင်း... သူ ဂိတ်မှာရှိသေးလား။"
"ဆရာ။ "အိမ်တော်ထိန်းက ရန်ထင်းကို ဘာပြန်ပြောရမှန်းမသိအောင် အနေရခက်သည့်အမူအရာနှင့် ကြည့်နေခဲ့သည်။ "ဆရာ၊ မစ္စတာလီက ငယ်ပါသေးတယ်။ ဒါက နားလည်မှုလွဲတာဆိုတော့ ညနေကျရင် ပြန်လာမှာပါ။"
ရန်ထင်းက ဖြည်းညင်းစွာ ပြောလိုက်၏။ "သူပြန်လာတော့မှာ မဟုတ်ဘူး။"
တစ်အိမ်လုံး တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။ ထိုင်ခုံပေါ်တွင် ထိုင်နေသောလူကို အဆုံးမရှိသော အထီးကျန်မှုများက ရစ်ပတ်ထားပုံရပြီး၊ သူ့တစ်ကိုယ်လုံးမှာ အသက်ကင်းမဲ့ကာ ယိုယွင်းပျက်စီးမှုများ ဖုံးလွှမ်းနေခဲ့၏။
"သူ ရုပ်ရှင်တစ်ကားမှာ ပါမယ်လို့ ကြားထားတယ်။" အချိန်အတော်ကြာပြီးနောက် ရန်ထင်းသည် အိမ်တော်ထိန်းကို မော့ကြည့်လိုက်သည်။ "အဲ့ဒီဇာတ်ကားကို ချောချောမွေ့မွေ့ ရိုက်ကူးနိုင်အောင် စီစဉ်ပေးလိုက်ပါ။ အဲဒါက ... ဖြစ်ပါလိမ့်မယ်။"
သူ လီကျောင်းကို ပေးခဲ့တဲ့ လက်ဆောင်တစ်ခု...
ရန်ထင်းက ထိုစကားများကို အပြီးမသတ်နိုင်ခဲ့ပေ။
တစ်ခဏမျှ တောက်ပသော အရောင် ခြယ်မှုန်းခံလိုက်ရ၍ မီးခိုးရောင်ကမ္ဘာကြီးကို သည်းခံနိုင်ရန် ခက်ခဲသည်ဟု သူ စတင်ခံစားလာရ၏။ သူ့ကမ္ဘာမှာ မီးခိုးရောင်ဖြစ်ကြောင်း သူမေ့နေခဲ့ပေသည်။
#4171words
10.12.21
(အပိုင်းသစ်လေးတွေတောင်းချင်ရင် ဒီနေ့ click to donate point ဘယ်နှခုစာ လုပ်ခဲ့ပါတယ်ဆိုပြီး ပြောပေးရုံနဲ့ update တောင်းလို့ရပါတယ်။ comment မှာ လူငါးယောက် ပြောရင် တစ်ပိုင်း ၊ လူ၁၅ ယောက်ပြောရင် နှစ်ပိုင်း bonus ပေးမှာပါ။ ဒါမှမဟုတ် point 500 ဖိုး click ဖူးကြောင်း အာမခံနိုင်ရင် တစ်ပိုင်း update ပေးပါ့မယ်။ ကိုယ်လည်း တစ်ပါတ်ကို အများကြီး မရေးနိုင်တော့ အများဆုံးမှ တစ်ပါတ်ကို နှစ်ပိုင်းလောက်ပဲ bonus ပေးနိုင်ပါတယ်။)