ရုန်ပိုင်မှာ စုန့်ချီ သူ့မျက်စိရှေ့က ပျောက်သွားသည့်တစ်ခဏလေး ဘာ တွေဖြစ်ပျက်သွားမှန်း လိုက်မမှီတော့ပါချေ။
သူသည် ဝတ်ရုံလက်လေးကို လွှဲယမ်းကာ မျက်နှာချိုသွေးသော အပြုံးဖြင့် သူ့ထံသို့ လျှောက်လာနေသော စုန့်ချီအား မြင်လိုက်ရသည်။ ထုံမွှန်းနေသော အမွှေးနံ့က သူ့မျက်နှာတည့်တည့်ကို လာရိုက်ခတ်နေပြီး သူ့စိတ်ကိုပါ နောက်ကျိလာစေသည်။
ရုန်ပိုင် လက်တစ်ဖက်မြှောက်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းလျက်ပြောလိုက်၏။
"အဲ့ဒီမှာရပ်နေ "
စုန့်ချီ ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ သို့သော်လည်း နာခံစွာဖြင့် နေရာတွင် မလှုပ်မယှက် ရပ်နေလိုက်သည်။ မျက်နှာချိုသွေးသော အပြုံးက သူ့မျက်နှာထက် ပို၍ပင် ပေါ်လွင်ထင်ရှားလာသည်။ အကယ်၍ သူ့အမြှီးလေးနှစ်ချောင်းပါ ရှိနေပါက အမြှီးလေးတနှံ့နှံ့ပင် ဖြစ်နေလိမ့်ဦးမည်။
သူက မေးလာ၏။
" အဖေ. ဘာဖြစ်လို့လဲ "
ရုန်ပိုင် သူ့ခံစားချက်ကို နားလည်ပါ၏။ ယခုအချိန်တွင် စုန့်ချီသည် အလွန်ကြောက်လန့်ပြီး တထိတ်တလန့်ဖြစ်နေမည်မှန်း သူသိသည်။ ထို့ကြောင့်သာ သူ့လေသံကို အတတ်နိုင်ဆုံး ငြင်သာပေးနေခြင်းဖြစ်၏။
"ကိုယ့်ကို အဖေခေါ်ရမယ်လို့ ဘယ်သူပြောလိုက်တာလဲ "
ဤစကားတစ်ခွန်းက ရုန်ပိုင်၏ ရှုထောင့်မှကြည့်လျှင် သာမန်ကာလျှံကာ အမှတ်တမဲ့ မေးမိလိုက်သော မေးခွန်းတစ်ခုမျှသာဖြစ်သည်။ သို့သော် စုန့်ချီအတွက်မှာမူ မေးမြန်းစစ်ကြောလိုသော စကားနှင့်သွားတူသည်။ ထင်ထားသည့်အတိုင်း သခင်ရုန်က သူ့အား သားအဖြစ်အသိအမှတ်ပြုချင်ပုံမရပေ။သူ့ဒူးများ ပျော့ခွေလို့လာပြီး ကြမ်းပြင်ပေါ်သို့ ဘိုင်းခနဲ ဒူးထောက်ချလိုက်သည်။ သူသည် ခေါင်းကိုကျိုးမတတ် ငုံ့ထားပြီး ဘာစကားမှ ထပ်မဆိုတော့ပေ။
သူ စကားဆက်ပြောနေလျှင် အမှားမှားအယွင်းယွင်းတွေ ထပ်လုပ်မိလိမ့်ဦးမည်။ ဘာမှမပြောတာကမှ ပိုကောင်းသေးသည်။
ရုန်ပိုင်သည် စုန့်ချီ ဤမျှကြောက်လန့်နေသည်ကို မြင်လျှင် စိတ်ထဲ သဘောမကျဖြစ်သွားသည်။ သူ မျက်မှောင်ကြုတ်လိုက်သည်။
" အရင်ထပါ "
စုန့်ချီ ကြမ်းပြင်ကနေ ကပျာကယာထရပ်လိုက်သည်။
ရုန်ပိုင်သည် သူ့ထံသို့ တစ်ချက်မျှဝေ့ကြည့်လိုက်ပြီး သူ့လက်ထဲတွင် လက်ချည်းဗလာဖြစ်နေသည်ကို သတိထားမိလိုက်သည်။
"ထီးလေးရောဘယ်မှာလဲ "
" ကျွန်တော်မျိုး အကြီးအကဲဟွားကို ပြန်ပေးလိုက်ကြောင်းပါ "
စုန့်ချီ လေသံတိုးတိုးလေးဖြင့် ပြန်ဖြေလိုက်သည်။
"အဲ့ဒီထီးက အရှင်မင်းမြတ်ပိုင်ဆိုင်တာလို့ သူကပြောပါတယ်.သူကနေ အရှင်မင်းမြတ်ဆီ ပြန်ဆက်သပါလိမ့်မယ် "
ထိုစကားကိုကြားလျှင် ရုန်ပိုင်က ရုတ်ခြည်း တိတ်ဆ်ိတ်သွားသည်။ ထို့နောက် သူ့မျက်နှာအမူအရာက တဖြည်းဖြည်းအေးစက်လို့လာသည်။
" သူ့အလုပ်သူ သေချာသိသားပဲ "
စုန့်ချီ ပြန်မဖြေရဲတော့ပါချေ။
"ဘာလို့ အသံတိတ်သွားတာလဲ "
ရုန်ပိုင်က လှစ်ခနဲ ပြုံးပြလာသည်။
" အဲ့ဒီထီးက မင်းလက်ထဲကို ရောက်လာခဲ့တာမလား"
သူ ဘာရည်ရွယ်ချက်နှင့် မေးသည်လည်း မသိသဖြင့် စုန့်ချီ ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
"ဒါဆို ဘာကြောင့်ပြန်ပေးပစ်ရသလဲ..ကိုယ့်ပုံစံက ဘယ်နေရာမှ မကောင်းတဲ့လူနဲ့ တူနေသလား..မင်းအတွက် ပေးပြီးသားလက်ဆောင်ကို ပြန်ယူခဲ့လို့ ကိုယ် တခြားလူကို အမိန့်ပေးပါ့မလား "
ရုန်ပိုင် မျက်လုံးများ ပိတ်ဆို့လိုက်သည်။ သူ့စိတ်ခံစားချက်များ ထိန်းချုပ်မှုအောက်မှ လွှတ်ထွက်သွားလုဆဲဆဲပင်။
သူ့အတွေးထဲတွင်မူ_ သည်တစ်ခေါက် ဟွားဝူနမ် လုပ်ချသွားသည်က တကယ့် ပြဿနာကြီးတစ်ခုဖြစ်သွားချေပြီ။
သူ စုန့်ချီနှင့် မတွေ့ရသည်မှာ တစ်ခဏလေးသာရှိသေးသည်။ ဟွားဝူနမ်သည် သူ စုန့်ချီအား ပေးခဲ့သည့် လက်ဆောင်ကို ပြန်တောင်းခဲ့ရုံမျှမက သားတစ်ယောက်ပါ အဆစ်ရအောင်လုပ်လိုက်သေးသည်။ ထပ်မံ၍ ထိုသားတော်မောင်က အမွှေးနံ့သာများဖြင့် ထုံမွှန်းနေသေးသည်။
ရုန်ပိုင်မှာ ထိုအနံ့ကြောင့် ခေါင်းပင် တဆစ်ဆစ်ကိုက်ခဲလာရသည်မို့ စုန့်ချီအား သူ့အနားသို့ မခေါ်နိုင်ပါချေ။ သူသည် ပုလ္လင်နောက်ကို ပျင်းရိစွာ ကျောမှီထိုင်လိုက်ရင်း သက်မောချကာ မေးလာ၏။
" ဆိုတော့ မိစ္ဆာပြည်က လူ့ပြည်နဲ့ယှဉ်နိုင်ရဲ့လား "
ရုန်ပိုင်ဟာ သူမျှော်လင့်ထားသကဲ့သို့ ဒေါသတကြီးဖြစ်မနေကြောင်း စုန့်ချီ အတပ်ပြောနိုင်သည်။ ထို့ကြောင့် သူ့စိုးရွံ့စိတ်များ ပြေလျော့သွားပြီး ရိုးသားစွာပဲပြန်ဖြေလိုက်သည်။
" လူသားလောကထက် များစွာသာလွန်လှပါတယ်"
"အဟွန်းး...."
ရုန်ပိုင်၏ မဟူရာချောက်နက်ပမာ နက်စွေးနေသောမျက်ဝန်းများက စုန့်ချီအား အေးစက်စက်စိုက်ကြည့်လာသည်။
"မင်း မိစ္ဆာပြည်ကို လာရတဲ့ ရည်ရွယ်ချက်ကို မေ့သွားပြီလား "
စုန့်ချီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူ မဖြေရဲတော့ပါချေ။
ကံကြမ္မာဟူသည် ရှောင်လွှဲ၍မရနိုင်။
ရုန်ပိုင်သည် စုန့်ချီ၏ တုံ့ပြန်မှုမဲ့သွားပုံလေးကို ဘဝင်မကျမဖြစ်မိ။ ဖီလာအားဖြင့် စုန့်ချီ၏ အမူအရာလေးက ချစ်စရာကောင်းသည်ဟုပင် ထင်မိသည်။ သူ မျက်ခုံးတို့ ပင့်လျက် မေးလိုက်သည်။
" မင်း မိစ္ဆာနယ်မြေကိုရောက်ရင် ဘာလုပ်မယ်လို့ ပြောခဲ့တာတဲ့လဲ "
" အဲ့ဒါ..အဲ့ဒါ အကုန်နားလည်မှုလွဲတာပါ! "
စုန့်ချီ အလျင်စလိုနိုင်စွာ ပြောလိုက်သည်။
" ဂုဏ်သရေကြီးမြင့်တဲ့ မိစ္ဆာဘုရင်ခင်ဗျာ့.ကျွန်တော်မျိုး အရှင်မင်းမြတ်ကို အပုပ်ချပြောဆိုတဲ့ သွားပုပ်လေလွင့် အတင်းအဖျင်းစကားတွေကို နားယောင်မိသွားလို့ပါဘုရား..အရှင်မင်းမြတ်က ဒီလိုပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်မျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိခဲ့လို့ပါဘုရား "
"အဲ့ဒီတော့ ကိုယ်က ဘယ်လိုပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များလဲ "
ရုန်ပိုင်က ခပ်ထေ့ထေ့ပြုံးလိုက်သည်။
" အရှင်မင်းမြတ်က ဉာဏ်ပညာနက်နဲပြီး သိမ်မွေ့နူးညံ့လှပါတယ်..စိတ်ရင်းစေတနာကောင်းမွန်ပြီး သဘောထားလည်းကြီးမြင့်လှပါတယ်ဘုရား..အရှင်မင်းမြတ်ကို တစ်ခါမြင်တွေ့လိုက်ရုံနဲ့ အများသူငါ အပုပ်ချပြောဆိုနေသလို မဟုတ်မှန်ကြောင်း သိရှိနိုင်ပါတယ်ဘုရား "
စုန့်ချီသည် မြှောက်လုံးပင့်လုံးများကို ကရားရေလွှတ်သလို ရွှန်းရွှန်းဝေအောင် ပြောဆိုနေသည်မှာ မိုးပေါ်ကပင် ပြန်မကျတော့ပေ။
မြှောက်ပင့်ပြောဆိုခြင်းက နေရာတိုင်းတွင် အသုံးဝင်သည်!
ရုန်ပိုင်မှာ တစ်ခုခုမှားနေသလို ခံစားလာရသည်။
"ကို့ရို့ကားယားနိုင်လိုက်တာ..ကိုယ် မင်းကို ဘာမှမလုပ်ခဲ့ပါဘူး..ဘာကြောင့်များ ကိုယ့်ကို ဒီလောက်ကြောက်နေရတာလဲ..ကိုယ် တစ်ချိန်လုံး မင်းအပေါ် ကောင်းကောင်းမဆက်ဆံမိခဲ့လို့လား "
" မှန်လှပါ၊ မှန်လှပါ။ အရှင်မင်းမြတ်က ကျွန်တော်မျိုးအပေါ် အလွန်ကောင်းမွန်ခဲ့ပါတယ်.ကျွန်တော်မျိုး အရှင်မင်းမြတ်ကို ကြောက်နေတာ မဟုတ်ရကြောင်းပါ..အရှင်မင်းမြတ်ကို လေးစားကြည်ညိုခြင်းပါ "
စုန့်ချီ ငရုတ်ဆုံထောင်းသလို ခေါင်းကို ပြုတ်ထွက်မတတ်ငြိမ့်ပြလိုက်သည်။
"ဒါဖြင့် မင်း ကိုယ့်ကို ကျေးဇူးပြန်ဆပ်သင့်တယ်မလား "
ရုန်ပိုင် မေးလိုက်၏။
"မှန်ပါ့၊ မှန်ပါ့၊ မှန်ပါ့ဘုရား.ကျွန်တော်မျိုးရဲ့ အသက်ကို သက်ညှာပေးသရွေ့ အရှင်မင်းမြတ်အတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိကြောင်းပါ ဘုရား "
စုန့်ချီ ပြန်ဖြေလိုက်သည်။
ရုန်ပိုင် မတ်တပ်ထရပ်ပြီး စုန့်ချီ၏နံဘေးသို့ လျှောက်လာသည်။ ပြင်းလွန်းသည့် အမွှေးရနံ့ကို များပြားစွာ ရှူရှိုက်ပြီးသည့်နောက် အနံ့က သိပ်မစူးရှတော့ဘဲ ကျင့်သားရလာသည်။ သူသည် စုန့်ချီ၏ ခပ်ကျုံ့ကျုံ့လေးဖြစ်နေသည့် လည်တိုင်ဆီသို့ အကြည့်ရောက်သွားပြီး မနေနိုင်ဘဲ သူ့ပါးလေးကို ညစ်လိုက်သည်။
"ဒါနဲ့များ ကိုယ့်ကို မကြောက်ဘူးလို့ ငြင်းနေသေးတယ် "
စုန့်ချီ တသိမ့်သိမ့်တုန်ယင်လာသည်။ သူ့လက်ဖဝါးတွင် ချွေးစေးများဖြင့် စိုစွတ်လာသည်။ မကြာမီအချိန်အတွင်း ရုန်ပိုင်သည် သူ့ခေါင်းထိပ်သို့ မီးတောက်ပြာများဖြင့် ပစ်လွှတ်လိုက်မည်ကို သူကြောက်ရွံ့လှပါ၏။
သို့ပေသည့် ရုန်ပိုင်သည် သူ့ခေါင်းအနောက်ကို ညင်ညင်သာသာလေး အုပ်ကိုင်လာပြီး ခေါင်းလေးကို ဖြည်းဖြည်းချင်း မော့စေလိုက်သည်။ ရုန်ပိုင်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားကာ အပြုံးရိပ်များသန်းလာသည်။
" မကြောက်နဲ့နော်..ကိုယ် မင်းကို နာကျင်အောင်မလုပ်ပါဘူး "
စုန့်ချီ၏ မျက်ဝန်းများနှင့် ရုန်ပိုင်၏မျက်ဝန်းများ ဆုံတွေ့သွားသည့်တစ်ခဏ သူစိတ်သက်သာရာရသွားသည်။ သူ့အရှေ့မှ သည်လူဟာ ဒဏ္ဍာရီထဲက သွေးအေးရက်စက်သော မိစ္ဆာရှင်ဘုရင်မဟုတ်ဘဲ သူနှင့် တစ်လကျော်မျှ အတူတကွ မှီတင်းနေထိုင်ခဲ့သည့် ရုန်ပိုင်သာဖြစ်ကြောင်း ထိုမျက်ဝန်းများထဲမှ သူ ပြတ်ပြတ်သားသားမြင်နေရသည်။ သည်လူဟာ သူ့အား တစ်ချိန်လုံး ကာကွယ်စောင့်ရှောက်ပေးခဲ့သည့် ရုန်ပိုင်သာလျှင် ဖြစ်ချေသည်။
သူ မျက်တောင်များ ပုတ်ခတ်လိုက်သည်။
"သခင်ရုန်..ကျွန်တော့်ကို စိတ်မဆိုးဘူးလားဟင်"
ရုန်ပိုင်က ရယ်သည်။
"ကိုယ် မင်းကို စိတ်ဆိုးချင်ရင် ဟိုအရင်ကတည်းက စိတ်ဆိုးလိုက်မှာပေါ့..ဘာလို့ အခုချိန်ထိ စောင့်နေဦးမှာလဲ "
စုန့်ချီ ပါးစပ်ပိတ်သွားတော့သည်။ သူ မည်သို့တုံ့ပြန်သင့်သည်မှန်း မသိတော့ပါချေ။
ရုန်ပိုင်က သူထင်ထားသည်ထက် ပိုလို့တောင် သည်းခံနိုင်စွမ်းကြီးမားသေးသည်။
"ကိုယ်ပြောတာနားထောင် "
ရုန်ပိုင်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး စုန့်ချီ၏ နဖူးလေးပေါ် လာထောက်သည်။ သူ စကားဆိုတော့မည်ပြုနေစဉ် ရုတ်တရက် ငြိမ်သက်သွားသည်။
စုန့်ချီ သင်္ကာမကင်းစွာ ကြည့်လိုက်ရာ မြင်လိုက်ရသည်က ရုန်ပိုင်သည် မျက်ဝန်းများကို ရုတ်တရက် ပိတ်ဆို့လိုက်ပြီး ယိုင်ခနဲ ပြိုလဲကျသွားသည်ကိုပဲ ဖြစ်လေ၏။ ပျာယာခတ်စွာဖြင့် စုန့်ချီ သူ့ကို ဖမ်းထိန်းလိုက်သည်။ ထိုအခါမှ ရုန်ပိုင် သတိလစ်သွားခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။
"သခင်ရုန်! သခင်ရုန်! "
စုန့်ချီ လှုပ်နိုးသည်။ သူ တစ်စုံတစ်ယောက်ကို လှမ်းအော်၍ အကူအညီတောင်းတော့မည်ပြုစဉ် ရုတ်တရက်ဆန်လှသော ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်တစ်ခုကို မြင်လိုက်ရသည်။ လတ်ဆတ်သော သွေးနီနီရဲရဲများက ရုန်ပိုင်၏ နှာခေါင်းပေါက်၊ မျက်လုံးထောင့်နှင့် ပါးစပ်ထောင့်များမှ ဒရဟောစီးကျလာသည်။ ရုန်ပိုင်၏ ဖြူလျော်သော မျက်နှာကို မြင်လိုက်ရသည့်အခိုက် သူ့မျက်ဝန်းထဲတွင် တုန်လှုပ်ခြောက်ခြားမှုများ ပြည့်သိပ်သွားသည်။
စုန့်ချီသည် ကြောက်လန့်တုန်ယင်စွာဖြင့် အပြင်က အစေခံများကို အော်ခေါ်လိုက်သည်။
"အခြွေအရံတို့! တစ်ယောက်လောက်! လာကြပါဦး!"
မိစ္ဆာအမှုထမ်းများလည်း စုန့်ချီ၏ အော်သံကို ကြားပြီး တံခါးမှ ဒရသောပါးပြေးဝင်လာကြသည်။ သူတို့ ရုန်ပိုင်ကို တွေ့လိုက်ရသည့်အခါ အထိတ်ထိတ်အပျာပျာဖြင့် သလွန်ပေါ်သယ်ယူသွားကြသည်။ နန်းတော်တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
စုန့်ချီသည် ရုန်ပိုင်၏ယခုလို ပုံစံမျိုးကို တစ်ခါသော်မျှ မမြင်ခဲ့ဖူးသည်ဖြစ်ရာ အသိစိတ်ပင် လွတ်မတတ် တုန်လှုပ်သွားခဲ့သည်။ ရုန်ပိုင်သည် ဒွါရခုနစ်ပေါက်¹မှ သွေးများ အဆက်မပြတ် ယိုစီးကျနေသည်။ စုန့်ချီ သွေးများကို ပွတ်သုတ်ပေးပါသော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်စီးကျမြဲ။ သူဟာ သေလူတစ်ယောက်အလား တုံ့ပြန်မှုလေးတစ်ခုတောင်မပြုလုပ်တော့။
စုန့်ချီ၏ ခေါင်းတစ်ခုလုံး ချာချာလည်နေသည်။ သူ အလွန်ထိတ်လန့်နေပြီး ရင်ထဲဗြောင်းဆန်နေသည်။ သူ ဘာလုပ်သင့်သည်လဲ သူမသိတော့။ သူ့လက်ထဲက ပိုးသားပုဝါကို ပုံပန်းပျက်သည်အထိ ချေမွပစ်နေသည်။
ခဏလေးတင်ပဲ ရုန်ပိုင်က သူနှင့်စကားပြောနေတုန်းရှိသေးသည်။ ယခုတော့ ရုန်ပိုင်က သည်အခြေအနေသို့ ရောက်သွားချေသည်။ ဘယ်သူကများ ဒါကို လက်သင့်ခံနိုင်ပါ့မလဲ။
မိစ္ဆာအမှုထမ်းများ စိုးရိမ်ဗျာပါရများစွာဖြင့် ပျာယာခတ်နေကြစဉ် လူတစ်ယောက်ဟာ နန်းဆောင်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလူ၏ ဖိနှိပ်နိုင်စွမ်းရှိလွန်းသည့်အရှိန်အဝါများက ပါးလျသောလေထုကို ဖြတ်လျက် ရိုက်ခတ်လာရာ မိစ္ဆာအမှုထမ်းများ၏ ပုခုံးကို အားပြင်းသည့်လက်တစ်ဖက်ဖြင့် ဆောင့်ဖိလိုက်သကဲ့သို့ အကုန်လုံး ဒူးထောက်လဲကျကုန်ကြသည်။
စုန့်ချီ အသက်ပြင်းပြင်းရှူရှိုက်လျက် ထိုလူကိုမော့ကြည့်လိုက်သည်။ သူ ပထမဆုံးမြင်လိုက်ရသည့်အရာမှာ ကြည်လင်နေသည့် ရွှေရောင်မျက်လုံးများဖြစ်သည်။ ထို့နောက် သူ့နှလုံးအိမ်တစ်ခုလုံး တင်းကြပ်လာ၍ ဒူးထောက်ကာ ခေါင်းငုံ့လိုက်ရသည်။ ကံကောင်းသည်က သူသည် သလွန်ဘေးတွင် ထိုင်နေခဲ့ခြင်းဖြစ်သဖြင့် အတွင်းစွမ်းအားကို အချိန်မှီ ထိန်းထားနိုင်လိုက်သည်။
ထိုပုဂ္ဂိုလ်ဟာ အလွန်ပင် ငယ်ရွယ်လွန်းသေးပြီး ဆီးနှင်းဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူ၏ အပြင်ဘက်အင်္ကျီလည်ခွံမှ ခါးရိုးတစ်လျှောက် ရွှေချည်မျှင်များဖြင့် ထိုးဖွဲ့ထားသည်မှာ အိပ်မောကျနေသော နဂါးတစ်ကောင်၏ ဦးခေါင်းသို့ရောက်သည်အထိပင်။ နဂါး၏ ဦးချိုများက သူ့ပုခုံးထက်တွင် ဖြန့်ကျက်လျက်ရှိသည်။ ၄က အလွန့်အလွန်ပင် အသက်ဝင်လှသည်။
အမျိုးသားငယ်သည် စုန့်ချီကို မြင်သွားသောအခါ သူ့နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး အပြုံးလေးတစ်ခုဖြစ်ထွန်းလာသည်။ သူ့မျက်နှာချောချောပေါ်က ခြိမ်းခြောက်ဖိနှိပ်လိုသည့် အရှိန်အဝါများလည်း တစ်ခဏချင်းပျောက်ကွယ်သွားသည်။ ယခုမှ သူဟာ အနည်းငယ် စိတ်အေးသွားသည့် သဏ္ဌာန်ရှိသည်။
" မင်းနာမည်က? "
စုန့်ချီ တံတွေးမျိုချလိုက်သည်။
"စုန့်ချီ "
အမျိုးသားငယ်လေးက သူ့ရွှေရောင်မျက်လုံးများကို သလွန်ပ်ါရှိ ရုန်ပိုင်ထံသို့ အကြည့်ပို့လိုက်သည်။ သူသည် ခြေလှမ်းအနည်းငယ် လျှောက်လာပြီး လက်ညှိုးပေါ်တွင် ရွှေရောင်အလင်းမှုန်များကို စုဝေးလိုက်ရင်း ရုန်ပိုင်၏ နဖူးကို ခပ်သာသာတို့ထိလိုက်သည်။ ထိုအခါ ရုန်ပိုင်၏ ဒွါရခုနစ်ပေါက်မှ သွေးယိုစီးနေမှုများ ရပ်တန့်သွားသည်။ အမျိုးသားငယ်က ဆို၏။
"မင်းရောက်လာတာ အရမ်းနောက်ကျတယ် "
စုန့်ချီသည် သူ၏ဆိုလိုရင်းကို နားမလည်စွာဖြင့် စိတ်ရှုပ်ထွေးသွားသလို ကြည့်လိုက်သည်။
" ခင်ဗျား ဘယ်သူလဲ သိပါရစေ"
" ကျုပ်နဲ့လိုက်ခဲ့ပါ "
အမျိုးသားငယ်က ပဟေဋ္ဌိဆန်စွာပြန်ဖြေသည်။
ပြီးနောက် သူ့ရုပ်လွှာက တဖြည်းဖြည်းလွင့်ပါးလာပြီး ဆီးနှင်းဖြူရောင်ပုံရိပ်ဖြူက စုန့်ချီမျက်စိရှေ့ကနေ ပျောက်ကွယ်သွားသည်။
စိတ်ထဲ သံသယများအပြည့်အနှက်ဖြင့် စုန့်ချီ သလွန်ထက်က ရုန်ပိုင်ကိုကြည့်လိုက်သည်။ သူ ပုဝါလေးဖြင့် ရုန်ပိုင့်မျက်နှာပေါ်က သွေးစများကို သုတ်ပေးလိုက်သည်။ ရုန်ပိုင်၏ ခန့်ညားလှသည့်မျက်နှာလေး သန့်ရှင်းသွားသည်အထိ သုတ်ပေးပြီးနောက် သူထရပ်လိုက်သည်။ သူသည် ခြေလှမ်းတစ်လှမ်းသာလျှင် လျှောက်လိုက်ရပြီးနောက် ပတ်ဝန်းကျင်တစ်ဝိုက်က မြင်ကွင်းအပြောင်းအလဲဖြစ်သွားသည်။
သူ့အရှေ့တွင် အလွန်ကြီးမားလှသည့် ဗောဓိပင်ကြီးတစ်ပင်ရှိနေ၏။ ဤအပင်ကြီးသည် နှစ်ပေါင်းမည်မျှကြာ ရှင်သန်လာရပြီး လေဒဏ်၊ မိုးဒဏ်ကို ကြံ့ကြံ့ခံလာရသည်လည်း စုန့်ချီမသိပါချေ။ သို့ပေသည့် ၄က လက်မြောက်အရှုံးမပေးလိုသော ကြံ့ခိုင်သည့် စိတ်ဓာတ်ခွန်အားကိုပေးစွမ်းသည်။
အတန်ငယ်ကြာသည်အထိ သူဟာ အကြည့်မလွှဲနိုင်ဖြစ်နေပြီး သူ့နားထဲသို့ အသံတစ်သံ ဝင်ရောက်လာမှ လက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိလာသည်။
သူ တစ်ဖက်သို့လှည့်ကြည့်လိုက်ရာ သူနှင့်ခပ်နီးနီးနေရာတွင် ရပ်လျက်ရှိသော လူနှစ်ယောက်ကို တွေ့လိုက်ရ၏။ ထို့အထဲမှ တစ်ယောက်က နန်းဆောင်ထဲတွင် ရုန်ပိုင်အား သွေးတိတ်အောင်လုပ်ပေးသွားသည့် ရွှေမျက်လုံးရှင်ဖြစ်သည်။ ကျန်တစ်ယောက်မှာမူ မကြာခင်က လှောင်ချိုင့်ထဲတွင် ပိတ်မိနေခဲ့သည့် ဦးချိုတစ်ဖက်ကျိုးနေသော နတ်ဘုရားသခင် ရှောင့်ရှန့်ဖြစ်လေ၏။
လူနှစ်ဦး။ တစ်ဦးက ဖြူဆွတ်ကာ ကြည်စင်နေလျက်၊ နောက်တစ်ဦးက နက်စွေးကာ ရွှံ့များပေကျံနေလျက် ကွာခြားလှသော အသွင်အပြင်ဖြင့် အတူတကွရပ်နေကြသည်။
"ကျဲကျိုကု မင်း ဒီလူကိုသိသလား "
ရွှေမျက်လုံးရှင်က မေးသည်။
ကျဲကျိုကု၊ တစ်နည်းအားဖြင့် ခြောက်လောကတွင် တစ်ဦးတည်းသော အဏ္ဏဝါချီလင်မျိုးဆက်၊ နတ်ဘုရားသခင် ရှောင့်ရှန့်က စုန့်ချီအား တစ်ချက်မျှကြည့်ကာ တရင်းတနှီးလေသံဖြင့် ပြောသည်။
"ကျွန်တော် သူနဲ့ဆုံပြီးပြီ။ ကျွန်တော်တို့ စကားတောင်ပြောပြီးကြရောပေါ့..ကျွန်တော် မပြောဘူးလား.ဒီတစ်ယောက်ရဲ့ကံက အတော်လေးကို ဆိုးတာပါဆို၊ သူ...."
စုန့်ချီ၏မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ချောင်းတစ်ဟွတ်ဟွတ်ဆိုးကာ သူ့တို့စကားဝိုင်းကို ဝင်နှောင့်ယှက်လိုက်သည်။
" ဘာလို့ ကျွန်တော့်ကို ဒီခေါ်လိုက်တာလဲ "
ကျဲကျိုကုလည်း စကားစပြတ်သွားပြီး သူ့ဘေးက ရွှေမျက်လုံးရှင်ကို ကြည့်လိုက်သည်။ သူက အံ့သြသလိုမေး၏။
"ဟုတ်သားပဲ၊ ဘာလို့ သူ့ကိုဒီခေါ်လိုက်တာလဲ"
"ငါ့မှာ ငါ့ရည်ရွယ်ချက်နဲ့ငါရှိတယ် "
ရွှေမျက်လုံးရှင်က မျက်ခုံးတို့ပင်မြှောက်လိုက်ပြီး စုန့်ချီကို စကားဆက်ပြောသည်။
" ရုန်ပိုင်ရဲ့ အဆုံးသတ်က နီးကပ်လာပြီ၊ ဒါကို မင်းသိသလား "
စုန့်ချီ ဗလာသက်သက်အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
"ကျွန်တော်မသိဘူး "
" ဟိုအရင်အချိန်က နတ်ဆိုးချိပ်တံဆိပ်ကို ဖျက်ဆီးဖို့ သူ့ဝိညာဉ်ကို ဖြိုခွဲလိုက်ရတယ်..ဒီနှစ်တွေထဲမှာ သူရဲ့တိုက်ခိုက်သတ်ဖြတ်တဲ့သတင်းတွေ အတော်လေးငြိမ်ကျသွားတယ်..တကယ်တမ်းကျ အဲ့ဒီကောင်လေးက သူ့ဝိညာဉ်ကို အပြီးတိုင်ဖြိုခွဲဖို့ နည်းလမ်းရှာနေခဲ့တာ.သူ ကောင်းကောင်းမွန်မွန်နဲ့ ထွက်မသွားနိုင်ခင် လုံမုကော ပြန်အလာကို စောင့်နေခဲ့တာ "
ရွှေမျက်လုံးရှင်၏လေသံဟာ တည်ငြိမ်နေပြီး တဖြည်းဖြည်း လေးလံလို့လာသည်။
စုန့်ချီသည် သူ့စကားကိုနားလည်သွားသည့် တစ်ခဏ ယုံကြည်ဖို့ပင်ခက်ခဲနေသည်။
" ခင်ဗျားပုံပြောအရ သူက သူ့ကိုယ်သူ သတ်သေမလို့ပေါ့? ဒါပေမယ့် ဘာလို့လဲ? "
"ဖြစ်နိုင်တာ သူ အသက်ရှင်ရတာ ငြီးငွေ့လာလို့နေမှာပေါ့"
ရွှေမျက်လုံးရှင်က ပြော၏။
" နတ်ဘုရားတစ်ပါးက ထာဝရရှင်သန်တယ်။ ဒါပေမယ့် အသက်ရှင်ရတာ ကြာမြင့်လာသည်နဲ့အမျှ ကမ္ဘာလောကကြီးက ငြီးငွေ့ဖို့ကောင်းမှန်း သိလာရလေပဲ။ ဒါကြောင့် နတ်ဘုရားနဲ့ အမတများစွာက ကမ္ဘာမြေပြင်ပေါ်က သံယောဇဉ်အနှောင်အဖွဲ့တွေ အားလုံးကိုဖြတ်တောက်ပြီး သူတို့အတွက် စိတ်သက်သာရာရစေမယ့်လမ်းကို ရွေးချယ်သွားကြတာများတယ်။ ဒီလိုကြောင့်ပဲ 'မသေမျိုးတွေဟာ လိုအင်ဆန္ဒ၊ အာသီသတို့ ကင်းဝေးတယ် ' ဆိုတဲ့ဆိုရိုးစကားဖြစ်လာတာ "
"အဲ့ဒီကောင်လေး ရုန်ပိုင်က သူ့ဝိညာဉ်ကို ဖြိုခွဲလိုက်ပြီးကတည်းက ဘယ်တုန်းကမှ ပြန်ယူဖို့ မကြံစည်ခဲ့ဖူးဘူး။ ဒါပေမယ့် မကြာခင်ကပဲ အဲ့ဒီဝိညာဉ်တစ်ခုကို သူပြန်ယူခဲ့တယ်၊ ဒီပုံအတိုင်းသာဆို သူတကယ်ကို သေလွန်ဖို့ပဲရှိတော့တယ် "
ရွှေမျက်လုံးရှင်က ခေါင်းကိုခါရမ်းသည်။
" ဘယ်သူမှ သူ့ကိုကယ်လို့မရလောက်တော့ဘူး "
စုန့်ချီ ရင်တွင်း၌ ရုတ်ခြည်းဆိုသလို ဗလာကျင်းသွားသည်။ သူ့ စိတ်ထဲရှိ မြောက်မြားစွာသော မေးခွန်းများကို ဘေးဖယ်ထားလိုက်ပြီး အဆုံးတွင်မူ မေးခွန်းတစ်ခုထဲသာ ထွက်လာခဲ့သည်။
"ဘယ်သူမှ သူ့ကိုကယ်လို့မရတော့ဘူး? "
ရုန်ပိုင်၏ မျက်နှာလေးက သူ့မျက်ဝန်းထဲပြန်ပေါ်လာသည်။ သူ၏ပြုံးနေသော မျက်နှာလေး၊ သိမ်မွေ့သော အမူအရာတွေ၊ လျစ်လျူတတ်သော မျက်နှာထား၊ သတ်ဖြတ်လိုစိတ်ပြင်းနေသော အကြည့်များ။ ပြန်ပြောင်းတွေးကြည့်ရပါလျှင် ရုန်ပိုင်၏ ဟက်ဟက်ပက်ပက်ရယ်မောနေခြင်းများ၊ ဒေါသူပုန်ထခြင်းများ၊ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း၊ ပျော်ရွှင်ခြင်းများကို ဘယ်တုန်းကမှမမြင်ဖူးခဲ့။ ဤသို့ လွယ်ကူရှင်းလင်းလှပါသည့် စိတ်ခံစားချက်များကို ရုန်ပိုင်ဟာ ဘယ်သောအခါကမှ ထုတ်ဖော်မပြခဲ့ဖူးပေ။
သူ တွေးခဲ့သည်က ၄ကပဲ ရုန်ပိုင်၏ ပင်ကိုအမူအကျင့်များ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ထိုသို့မဟုတ်ဘဲ ရုန်ပိုင်တွင် ဝိညာဉ်အစုံအလင် ရှိမနေ၍သာဖြစ်ကြောင်း သူ အဆုံးမှ နားလည်သွားရချေသည်။ ထို့ကြောင့်သာ သာမန်လူတစ်ယောက်ပြုမူနိုင်သည့် စိတ်ခံစားချက်များ ရုန်ပိုင့်ထံတွင် ရှိမနေခြင်းပင်။
အကြိမ်ပေါင်းများစွာတိုင် စုန့်ချီသည် သူ့ထံ၌ ရစ်ဝဲနေတတ်သည့် ရုန်ပိုင်၏ အကြည့်များကို သတိထားမိခဲ့သည်။ သူ့ထံတွင် အဘယ်ကြောင့် ဤမျှရှင်းလင်းမြင်သာသော ခံစားချက်အမူအရာများ ရှိနေပါသနည်းဟု ရုန်ပိုင်က စူးစမ်းနေပေလိမ့်မည်။
သို့ပေသည့် သူသည် ရုန်ပိုင်၏ ထူးဆန်းသည့်အကြည့်များကို လုံးဝအဖြေမရှာမိခဲ့။
"သူ့ကို ကယ်လို့ရမယ့် နည်းလမ်းရှိသေးလား"
လည်ချောင်းထဲတွင် အစိုင်အခဲတစ်ခုမြိုချထားရသကဲ့သို့ ဆို့နင့်နေလျက် စုန့်ချီမေးလိုက်သည်။
"နည်းလမ်းတစ်ခုတော့ရှိတယ်၊ သူ မသေဆုံးခင် အကောင်ထည်ဖော်မြှဖစ်မယ့်ဟာ "
ရွှေမျက်လုံးရှင်က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်ပြီး စုန့်ချီကို တစ်ချက်ကြည့်သည်။
"ဒါပေမယ့် ကျုပ်တို့ မင်းရဲ့အကူအညီလိုအပ်တယ်"
"ရတာပေါ့၊ ပြောကြည့်ပါ "
စုန့်ချီ တုံ့ဆိုင်းမှုမရှိ လက်ခံလိုက်သည်။
" ကျွန်တော် ဘာကူညီပေးရမှာလဲ"
" ကျုပ်တို့...."
ရွှေမျက်လုံးရှင်က ဆို၏။
" .....အတိတ်ကို ပြန်သွားဖို့လိုတယ် "
စုန့်ချီ နားဝေတိမ်တောင်ဖြစ်သွားသည်။ အတန်ငယ်ကြာ မှင်သေနေပြီးနောက် သူထပ်မေးလိုက်သည်။
" ကျွန်တော့်ကို အသေးစိတ်ရှင်းပြလို့ရမလား"
ရွှေမျက်လုံးရှင်က ကျဲကျိုကုဘက်လှည့်ကြည့်လိုက်သည်။
"မင်းရှင်းပြလိုက် "
"ကျွန်တော် အတိုချုံးရှင်းပြလိုက်ပါ့မယ် "
ကျဲကျိုကုက ခေါင်းငြိမ့်သည်။
"မင်း ဟိုရှေးခေတ်က နတ်ဆိုးဘုရင်အကြောင်း ကြားဖူးသလား"
စုန့်ချီ ပြန်ဖြေလိုက်သည်။
"ကြားဖူးတယ် "
" သူက ဒီနေ့အထိ လက်ဆင့်ကမ်းကျင့်သုံးနေတဲ့ နာမည်ကြီး အစီအရင်လေးခုကို ဖန်တီးခဲ့ဖူးတယ်..ဘာအစီအရင်တွေလဲဆိုတော့ : ရဟန်းမိစ္ဆာထင်ယောင်မှားနယ်မြေ၊ သဘာဝဗီဇ၏ မဟာအန္တိမ သရုပ်သကန်ပြရပ်၊ ရှင်းလော်စစ်တုရင်ခုံ နဲ့ ယင်းယန်အချိန်နောက်ပြန်ခရီးသွားခြင်း တဲ့ "
ကျဲကျိုကုက သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူလိုက်ပြီး မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချလျက် အကွက်ရှစ်ကွက်နှင့် ပုံကြမ်းတစ်ခု ²ကို စဆွဲသည်။
" အဲ့ဒီအထဲက 'ယင်းယန်အချိန်နောက်ပြန်ခရီးသွားခြင်း အစီအရင်' တစ်ခုကပဲ သူကိုယ်တိုင် အသက်မဝင်နိုင်တာ..အခု ကျွန်တော်တို့တွေ ဒီအစီအရင်ပေါ်မှာ ရပ်နေကြတယ် "
စုန့်ချီ မသိလိုက်ဘာသာဖြင့် သူ့ခြေထောက်အောက်ကို ငုံ့ကြည့်လိုက်မိသည်။
"ယင်းယန်အချိန်နောက်ပြန်ခရီးသွားခြင်းအစီအရင်ဆိုတာ ဘယ်လိုမျိုးလဲ "
"အဲ့ဒါက အချိန်တွေကို ခွဲထုတ်ပေးနိုင်တယ် "
ကျဲကျိုကုက ခေါင်းမော့လာသည်။ သူ၏ မျက်ဝန်းနက်နက်များက အလင်းရောင်ဖျော့ဖျော့လေး ဖြာထွက်နေသည်။
"ပြီးတော့ အတိတ်ကိုပို့ပေးတယ် "
"အဲ့ဒါက ခွင်းလွင်ကြေးမှုံနဲ့မတူဘူးလား"
"မတူဘူး "
ကျဲကျိုကုကပြော၏။
"ယင်းယန်အချိန်နောက်ပြန်ခရီးသွားခြင်းက အတိတ်ကို ပြန်လမ်းမရှိဘဲ သွားနိုင်မှာ..တကယ့်အတိတ်ကို အမှန်စင်စစ်ရောက်သွားမှာ..ခွင်းလွင်ကြေးမှုံက အတိတ်ကို ဆက်သွယ်ပေးရုံပဲ ဒါပေမယ့် ဖန်တီးထားသမျှ ဖြစ်ရပ်မှန်လို့ထင်ရတဲ့ ပုံရိပ်ယောင်သာသာပဲ "
"အဲ့တော့ ခင်ဗျားပြောတာက ယင်းယန်အချိန်နောက်ပြန်ခရီးသွားခြင်းအစီအရင်ကို အောင်အောင်မြင်မြင်နဲ့ အသက်သွင်းနိုင်ခဲ့ရင် သမိုင်းကိုပြောင်းလဲလို့ရပြီပေါ့ "
စုန့်ချီ၏ နောက်ကျောက ချွေးစေးများဖြင့် စိမ့်စိုလာသည်။
"မှန်တယ် "
ကျဲကျိုကုက ဆက်ပြောလေသည်။
"ကျွန်တော်တို့တွေ ကိစ္စကြီးတစ်ခုကို လုပ်ရတော့မယ် "
ရွှေမျက်လုံးရှင်က ကြေးမှုံလေးတစ်ချပ်ကို ထုတ်လာပြီး လက်ထဲတွင်တင်းတင်းဆုပ်လိုက်ရာ လက်သည်းခွံအရွယ်အစားမျှ ပြောင်းလဲသွားသည်။ ပြီးနောက် အနီရောင်ကြိုးတစ်ချောင်းကို ဖန်းတီးလိုက်ကာ ကြေးမှုံအသေးလေးကို ချည်လိုက်ပြီး စုန့်ချီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒါကိုယူထား။ ဒါက မင်းကိုကူညီပေးနိုင်လိမ့်မယ် "
"ဒါက? "
စုန့်ချီ ဤကြေးနီရောင်မှန်လေးကို ရင်းနှီးနေသည်။
"ရှေးဟောင်းခွင်းလွင်ကြေးမှုံ..ဒါက ပျောက်ဆုံးနေတဲ့အပိုင်းအစလေးတစ်ခုဆိုပေမယ့် စွမ်းရည်ကတော့ လျော့ကျသွားခြင်းမရှိပါဘူး "
ရွှေမျက်လုံးရှင်က မျက်ဝန်းများ ကွေးညွှတ်သွားသည်အထိ ပြုံးပြလာသည်။
"မင်းလုပ်ရမှာဆိုလို့ အတိတ်ကိုသွားပြီး ရုန်ပိုင်ရဲ့ အတိတ်ကအချိန်တွေမှာ ပါဝင်ဖြတ်သန်းပေးဖို့ပဲ"
" ဒါပေမယ့်..ဘယ်လိုလုပ်ရမလဲ.ကျွန်တော်မှ ဘာမှမသိတာကို "
စုန့်ချီမှာ ထိတ်ပျာလို့သွားသည်။
"ကျွန်တော့်ကို နည်းနည်းလောက် ထပ်ရှင်းပြလို့မရဘူးလား "
"အချိန်မကျန်တော့ဘူး "
ရွှေမျက်လုံးရှင်က ခေါင်းခါသည်။
"စိတ်မပူပါနဲ့။ မင်း နှလုံးသားရဲ့ဆန္ဒအတိုင်း လိုက်လုပ်ပါ။ ကျုပ် မင်းကိုယုံတယ် "
သူ့စကားဆုံးဆုံးချင်းပင် နေမင်းသည် ရှေ့ပြေးရောင်ခြည်များ ဖြန့်ကျက်လျက် မိုးကုပ်စက်ဝိုင်းမှ ထွက်ပြူလာပြီး ကောင်းကင်တစ်ခြမ်းလုံးကို တောက်ပသောအလင်းရောင်များဖြင့် ဆေးရောင်ခြယ်သလိုက်၏။
စုန့်ချီသည် တစ်စုံတစ်ခု ပြောလိုသေးပါသော်လည်း ရွှေမျက်လုံးရှင်နှင့် ကျဲကျိုကုတို့က ဓားတစ်ချောင်းကို တစ်ပြိုင်နက်တည်း ဖန်ဆင်းလိုက်ကြပြီး သူတို့၏လက်ဖဝါးပေါ်သို့ လှီးဖြတ်လိုက်ကြသည်။ ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာပြီး အမျိုးသားနှစ်ယောက်၏ သွေးစက်များကို လေထဲတွင်ပင် ပေါင်းစည်းသွားစေသည်။
ပတ်ဝန်းကျင်က မူမမှန်တော့ဟု ခံစားမိလိုက်သည်နှင့် စုန့်ချီ မြေပြင်ကိုငုံ့ကြည့်လိုက်သည်။ ထူးဆန်းလှသည့် အဆောင်မန္တန်တစ်ခုမှ အနီရောင်အလင်းတန်းများ ဝင်းလက်လာပြီး အလင်းတန်းများက သူတို့ခြေထောက်အောက်ထိ ပျံ့ပွားလာကာ ဗောဓိပင်တစ်ပင်လုံးကို သိုင်းခြုံသွားသည်။
လေပြင်းဟာ သည်းကြီးမည်းကြီး တိုက်ခတ်နေလျက် ဗောဓိပင်၏ သစ်ရွက်များကိုပင် လေတိုးသံများ ကျယ်ကျယ်လောင်လောင် မြည်ဟည်းနေစေသည်။ စုန့်ချီပင် လေပြင်းကြောင့် ယိမ်းထိုးသွားရသည်။ သူသည် လက်သည်းခွံအရွယ် ခွင်းလွင်ကြေးမှုံလေးကို မြဲမြံစွာဆုပ်ကိုင်ထားလျက် အံကိုတင်းတင်းကြိတ်ကာ တောင့်ခံနေသည်။ သူ့ စိတ်အာရုံများဟာ မိန်းမောတွေဝေနေလျက်သား။ သူ့တွင် တွေးတောနေဖို့ အချိန်မရှိတော့ပါချေ။
ထို့နောက်တွင် ရွှေရောင်အလင်းတန်းများ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ သူတို့ ခြေထောက်အောက်ရှိ အဆောင်မန္တန်မှ အနက်ရောင်အလင်းတန်းများနှင့် ရွှေဝါရောင်အလင်းတန်းတို့ ထိပ်တိုက်ဆုံသွားကြသည်။ နေမင်း၏ အလင်းရောင်တို့ အပြည့်အဝ ထွက်ပြူလာချိန်တွင်တော့ လေပြင်းဟာလည်း ငြိမ်သက်သွားပြီဖြစ်သည်။
မတိုင်ခင်က အမျိုးသားသုံးဦး ရပ်နေခဲ့သော နေရာ၌ ရွှေရောင်မျက်လုံးရှင်တစ်ဦးသာ ကျန်ရစ်ခဲ့သည်။
သူသည် မျက်လွှာချလျက် လက်ဖဝါးက ဒဏ်ရာကို လက်ညှိုးဖြင့် ဖိပွတ်လိုက်သည်။ သူ့မျက်နှာက ဆီးနှင်းကဲ့သို့ ဖြူလျော်နေပြီး အရောင်အဆင်းကင်းမဲ့နေသည့်အလားပင်။ သူက ခပ်တိုးတိုးရယ်လိုက်ပြီး ရေရွတ်သည်။
"ကျေးဇူးပြုပြီး ကျုပ်ကို စိတ်မပျက်ရပါစေနဲ့ "
──────── ❃ ────────
စာရေးသူ၏ စကားချပ် ::
ကျွန်မတို့တွေ ပုံပြင်လေးရဲ့ အဓိကအခန်းကဏ္ဍကိုရောက်လာကြပါပြီ။
──────── ❃ ────────
[FOOTNOTES]
1. ဒွါရခုနစ်ပေါက်
မျက်လုံးနှစ်ပေါက်၊ နှာခေါင်းနှစ်ပေါက်၊ နားနှစ်ပေါက်၊ ပါးစပ်တစ်ပေါက်။
2. အကွက်ရှစ်ကွက်နဲ့ပုံကြမ်း
ဒီပုံလေးကို ရင်းနှီးကြမယ်နဲ့တူပါတယ်
** တောက်ဓမ္မအယူအဆမှာ လူတစ်ယောက်ဟာ ထာဝစဉ်မြဲတဲ့ ဝိညာဉ်(၃)ခုနဲ့ ထာဝစဉ်မမြဲတဲ့ ဝိညာဉ် (၇) ခုရှိတယ်တဲ့။ ဒါကြောင့် လူတစ်ယောက်ဟာ ဝိညာဉ်တစ်ခုလစ်လပ်သွားရင်လည်း မသေနိုင်ဘူး။ ဒါပေမယ့် အာရုံခံစားမှုတစ်ခုခု ချွတ်ယွင်းနေသလိုမျိုး လိုက်လျောညီထွေမရြှိဖစ်နေလိမ့်မယ်။
လူတစ်ယောက်ရဲ့ လိုနေတဲ့ ဝိညာဉ်တွေကို ပြန်ပြီး ဆင့်ခေါ်လို့ရတယ်။ ဒီလိုဆို အကောင်းအတိုင်းပြန်ဖြစ်သွားမှာပဲ။ ပြီးတော့ ဝိညာဉ် (၁၀) ခုလုံးမစုံရင် လူပြန်ဝင်စားလို့မရဘူး။
အခြေခံအားဖြင့်-
• သက်ရှိလူ+ဝိညာဉ်စုံလင် = ပုံမှန်လူတစ်ယောက်
• သက်ရှိလူ+ဝိညာဉ်မစုံလင် = အသက်ရှိသော်လည်း တစ်စုံတစ်ခုချို့ယွင်း
• သေပြီးသူ+ဝိညာဉ်စုံလင် = လူပြန်ဝင်စား၍ရ
• သေပြီးသူ+ဝိညာဉ်မစုံလင် = လူပြန်ဝင်စား၍မရတော့။ သို့သော် လက်ရှိဘဝတွင် ဆက်လက်နေထိုင်၍ရ။
ရုန်ပိုင်ဟာ တကယ်ကိုပဲ ဝိညာဉ်အစုံအလင်ရှိမနေခဲ့ပါဘူး။ တစ်ချိန်လုံး ငေးမှိုင်ပြီး တုံ့ပြန်မှုတွေ နှေးကွေးနေတာ ဒါကြောင့်ပါ။ ဒါတောင်မှ ပုံမှန်လူတစ်ယောက်လို နေနိုင်တဲ့အထိ ရုန်ပိုင်ရဲ့အင်အားကြီးမှုက အံ့မခန်းပါပဲ။
──────── ❃ ────────
႐ုန္ပိုင္မွာ စုန္႔ခ်ီ သူ႔မ်က္စိေရွ႕က ေပ်ာက္သြားသည့္တစ္ခဏေလး ဘာေတြျဖစ္ပ်က္သြားမွန္း လိုက္မမွီေတာ့ပါေခ်။
သူသည္ ဝတ္ရံုလက္ေလးကို လႊဲယမ္းကာ မ်က္ႏွာခ်ိဳေသြးေသာ အျပံဳးျဖင့္ သူ႔ထံသို႔ ေလွ်ာက္လာေနေသာ စုန္႔ခ်ီအား ျမင္လိုက္ရသည္။ ထံုမႊန္းေနေသာ အေမႊးနံ႔က သူ႔မ်က္ႏွာတည့္တည့္ကို လာ႐ိုက္ခတ္ေနၿပီး သူ႔စိတ္ကိုပါ ေနာက္က်ိလာေစသည္။
႐ုန္ပိုင္ လက္တစ္ဖက္ေျမႇာက္လိုက္ၿပီး မ်က္လံုးမ်ား က်ဥ္းေျမာင္းလ်က္ေျပာလိုက္၏။
"အဲ့ဒီမွာရပ္ေန "
စုန္႔ခ်ီ ရင္ထဲ ထိတ္ခနဲျဖစ္သြားသည္။ သို႔ေသာ္လည္း နာခံစြာျဖင့္ ေနရာတြင္ မလႈပ္မယွက္ ရပ္ေနလိုက္သည္။ မ်က္ႏွာခ်ိဳေသြးေသာ အျပံဳးက သူ႔မ်က္ႏွာထက္ ပို၍ပင္ ေပၚလြင္ထင္ရွားလာသည္။ အကယ္၍ သူ႔အျမႇီးေလးႏွစ္ေခ်ာင္းပါ ရွိေနပါက အျမႇီးေလးတႏွံ႔ႏွံ႔ပင္ ျဖစ္ေနလိမ့္ဦးမည္။
သူက ေမးလာ၏။
" အေဖ. ဘာျဖစ္လို႔လဲ "
႐ုန္ပိုင္ သူ႔ခံစားခ်က္ကို နားလည္ပါ၏။ ယခုအခ်ိန္တြင္ စုန္႔ခ်ီသည္ အလြန္ေၾကာက္လန္႔ၿပီး တထိတ္တလန္႔ျဖစ္ေနမည္မွန္း သူသိသည္။ ထို႔ေၾကာင့္သာ သူ႔ေလသံကို အတတ္ႏိုင္ဆံုး ျငင္သာေပးေနျခင္းျဖစ္၏။
"ကိုယ့္ကို အေဖေခၚရမယ္လို႔ ဘယ္သူေျပာလိုက္တာလဲ "
ဤစကားတစ္ခြန္းက ႐ုန္ပိုင္၏ ရႈေထာင့္မွၾကည့္လွ်င္ သာမန္ကာလွ်ံကာ အမွတ္တမဲ့ ေမးမိလိုက္ေသာ ေမးခြန္းတစ္ခုမွ်သာျဖစ္သည္။ သို႔ေသာ္ စုန္႔ခ်ီအတြက္မွာမူ ေမးျမန္းစစ္ေၾကာလိုေသာ စကားႏွင့္သြားတူသည္။ ထင္ထားသည့္အတိုင္း သခင္႐ုန္က သူ႔အား သားအျဖစ္အသိအမွတ္ျပဳခ်င္ပံုမရေပ။သူ႔ဒူးမ်ား ေပ်ာ့ေခြလို႔လာၿပီး ၾကမ္းျပင္ေပၚသို႔ ဘိုင္းခနဲ ဒူးေထာက္ခ်လိုက္သည္။ သူသည္ ေခါင္းကိုက်ိဳးမတတ္ ငံု႔ထားၿပီး ဘာစကားမွ ထပ္မဆိုေတာ့ေပ။
သူ စကားဆက္ေျပာေနလွ်င္ အမွားမွားအယြင္းယြင္းေတြ ထပ္လုပ္မိလိမ့္ဦးမည္။ ဘာမွမေျပာတာကမွ ပိုေကာင္းေသးသည္။
႐ုန္ပိုင္သည္ စုန္႔ခ်ီ ဤမွ်ေၾကာက္လန္႔ေနသည္ကို ျမင္လွ်င္ စိတ္ထဲ သေဘာမက်ျဖစ္သြားသည္။ သူ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
" အရင္ထပါ "
စုန္႔ခ်ီ ၾကမ္းျပင္ကေန ကပ်ာကယာထရပ္လိုက္သည္။
႐ုန္ပိုင္သည္ သူ႔ထံသို႔ တစ္ခ်က္မွ်ေဝ့ၾကည့္လိုက္ၿပီး သူ႔လက္ထဲတြင္ လက္ခ်ည္းဗလာျဖစ္ေနသည္ကို သတိထားမိလိုက္သည္။
"ထီးေလးေရာဘယ္မွာလဲ "
" ကြ်န္ေတာ္မ်ိဳး အႀကီးအကဲဟြားကို ျပန္ေပးလိုက္ေၾကာင္းပါ "
စုန္႔ခ်ီ ေလသံတိုးတိုးေလးျဖင့္ ျပန္ေျဖလိုက္သည္။
"အဲ့ဒီထီးက အရွင္မင္းျမတ္ပိုင္ဆိုင္တာလို႔ သူကေျပာပါတယ္.သူကေန အရွင္မင္းျမတ္ဆီ ျပန္ဆက္သပါလိမ့္မယ္ "
ထိုစကားကိုၾကားလွ်င္ ႐ုန္ပိုင္က ႐ုတ္ျခည္း တိတ္ဆိ္တ္သြားသည္။ ထို႔ေနာက္ သူ႔မ်က္ႏွာအမူအရာက တျဖည္းျဖည္းေအးစက္လို႔လာသည္။
" သူ႔အလုပ္သူ ေသခ်ာသိသားပဲ "
စုန္႔ခ်ီ ျပန္မေျဖရဲေတာ့ပါေခ်။
"ဘာလို႔ အသံတိတ္သြားတာလဲ "
႐ုန္ပိုင္က လွစ္ခနဲ ျပံဳးျပလာသည္။
" အဲ့ဒီထီးက မင္းလက္ထဲကို ေရာက္လာခဲ့တာမလား"
သူ ဘာရည္ရြယ္ခ်က္ႏွင့္ ေမးသည္လည္း မသိသျဖင့္ စုန္႔ခ်ီ ေခါင္းကိုသာ တဆတ္ဆတ္ၿငိမ့္ျပလိုက္သည္။
"ဒါဆို ဘာေၾကာင့္ျပန္ေပးပစ္ရသလဲ..ကိုယ့္ပံုစံက ဘယ္ေနရာမွ မေကာင္းတဲ့လူနဲ႔ တူေနသလား..မင္းအတြက္ ေပးၿပီးသားလက္ေဆာင္ကို ျပန္ယူခဲ့လို႔ ကိုယ္ တျခားလူကို အမိန္႔ေပးပါ့မလား "
႐ုန္ပိုင္ မ်က္လံုးမ်ား ပိတ္ဆို႔လိုက္သည္။ သူ႔စိတ္ခံစားခ်က္မ်ား ထိန္းခ်ဳပ္မႈေအာက္မွ လႊတ္ထြက္သြားလုဆဲဆဲပင္။
သူ႔အေတြးထဲတြင္မူ_ သည္တစ္ေခါက္ ဟြားဝူနမ္ လုပ္ခ်သြားသည္က တကယ့္ ျပႆနာႀကီးတစ္ခုျဖစ္သြားေခ်ၿပီ။
သူ စုန္႔ခ်ီႏွင့္ မေတြ႕ရသည္မွာ တစ္ခဏေလးသာရွိေသးသည္။ ဟြားဝူနမ္သည္ သူ စုန္႔ခ်ီအား ေပးခဲ့သည့္ လက္ေဆာင္ကို ျပန္ေတာင္းခဲ့ရံုမွ်မက သားတစ္ေယာက္ပါ အဆစ္ရေအာင္လုပ္လိုက္ေသးသည္။ ထပ္မံ၍ ထိုသားေတာ္ေမာင္က အေမႊးနံ့သာမ်ားျဖင့္ ထံုမႊန္းေနေသးသည္။
႐ုန္ပိုင္မွာ ထိုအနံ႔ေၾကာင့္ ေခါင္းပင္ တဆစ္ဆစ္ကိုက္ခဲလာရသည္မို႔ စုန္႔ခ်ီအား သူ႔အနားသို႔ မေခၚႏိုင္ပါေခ်။ သူသည္ ပုလႅင္ေနာက္ကို ပ်င္းရိစြာ ေက်ာမွီထိုင္လိုက္ရင္း သက္ေမာခ်ကာ ေမးလာ၏။
" ဆိုေတာ့ မိစၧာျပည္က လူ႔ျပည္နဲ႔ယွဥ္ႏိုင္ရဲ႕လား "
႐ုန္ပိုင္ဟာ သူေမွ်ာ္လင့္ထားသကဲ့သို႔ ေဒါသတႀကီးျဖစ္မေနေၾကာင္း စုန္႔ခ်ီ အတပ္ေျပာႏိုင္သည္။ ထို႔ေၾကာင့္ သူ႔စိုးရြံ႕စိတ္မ်ား ေျပေလ်ာ့သြားၿပီး ႐ိုးသားစြာပဲျပန္ေျဖလိုက္သည္။
" လူသားေလာကထက္ မ်ားစြာသာလြန္လွပါတယ္"
"အဟြန္းး...."
႐ုန္ပိုင္၏ မဟူရာေခ်ာက္နက္ပမာ နက္ေစြးေနေသာမ်က္ဝန္းမ်ားက စုန္႔ခ်ီအား ေအးစက္စက္စိုက္ၾကည့္လာသည္။
"မင္း မိစၧာျပည္ကို လာရတဲ့ ရည္ရြယ္ခ်က္ကို ေမ့သြားၿပီလား "
စုန္႔ခ်ီ တစ္ကိုယ္လံုး ေတာင့္တင္းသြားသည္။ သူ မေျဖရဲေတာ့ပါေခ်။
ကံၾကမၼာဟူသည္ ေရွာင္လႊဲ၍မရႏိုင္။
႐ုန္ပိုင္သည္ စုန္႔ခ်ီ၏ တံု႔ျပန္မႈမဲ့သြားပံုေလးကို ဘဝင္မက်မျဖစ္မိ။ ဖီလာအားျဖင့္ စုန္႔ခ်ီ၏ အမူအရာေလးက ခ်စ္စရာေကာင္းသည္ဟုပင္ ထင္မိသည္။ သူ မ်က္ခံုးတို႔ ပင့္လ်က္ ေမးလိုက္သည္။
" မင္း မိစၧာနယ္ေျမကိုေရာက္ရင္ ဘာလုပ္မယ္လို႔ ေျပာခဲ့တာတဲ့လဲ "
" အဲ့ဒါ..အဲ့ဒါ အကုန္နားလည္မႈလြဲတာပါ! "
စုန္႔ခ်ီ အလ်င္စလိုႏိုင္စြာ ေျပာလိုက္သည္။
" ဂုဏ္သေရႀကီးျမင့္တဲ့ မိစၧာဘုရင္ခင္ဗ်ာ့.ကြ်န္ေတာ္မ်ိဳး အရွင္မင္းျမတ္ကို အပုပ္ခ်ေျပာဆိုတဲ့ သြားပုပ္ေလလြင့္ အတင္းအဖ်င္းစကားေတြကို နားေယာင္မိသြားလို႔ပါဘုရား..အရွင္မင္းျမတ္က ဒီလိုပုဂၢဳိလ္ထူး၊ ပုဂၢဳိလ္ျမတ္မ်ိဳး ျဖစ္ေနလိမ့္မယ္လို႔ မထင္ထားမိခဲ့လို႔ပါဘုရား "
"အဲ့ဒီေတာ့ ကိုယ္က ဘယ္လိုပုဂၢဳိလ္ထူး၊ ပုဂၢဳိလ္ျမတ္မ်ားလဲ "
႐ုန္ပိုင္က ခပ္ေထ့ေထ့ျပံဳးလိုက္သည္။
" အရွင္မင္းျမတ္က ဉာဏ္ပညာနက္နဲၿပီး သိမ္ေမြ႕ႏူးညံ့လွပါတယ္..စိတ္ရင္းေစတနာေကာင္းမြန္ၿပီး သေဘာထားလည္းႀကီးျမင့္လွပါတယ္ဘုရား..အရွင္မင္းျမတ္ကို တစ္ခါျမင္ေတြ႕လိုက္ရံုနဲ႔ အမ်ားသူငါ အပုပ္ခ်ေျပာဆိုေနသလို မဟုတ္မွန္ေၾကာင္း သိရွိႏိုင္ပါတယ္ဘုရား "
စုန္႔ခ်ီသည္ ေျမႇာက္လံုးပင့္လံုးမ်ားကို ကရားေရလႊတ္သလို ရႊန္းရႊန္းေဝေအာင္ ေျပာဆိုေနသည္မွာ မိုးေပၚကပင္ ျပန္မက်ေတာ့ေပ။
ေျမႇာက္ပင့္ေျပာဆိုျခင္းက ေနရာတိုင္းတြင္ အသံုးဝင္သည္!
႐ုန္ပိုင္မွာ တစ္ခုခုမွားေနသလို ခံစားလာရသည္။
"ကို႔႐ို႕ကားယားႏိုင္လိုက္တာ..ကိုယ္ မင္းကို ဘာမွမလုပ္ခဲ့ပါဘူး..ဘာေၾကာင့္မ်ား ကိုယ့္ကို ဒီေလာက္ေၾကာက္ေနရတာလဲ..ကိုယ္ တစ္ခ်ိန္လံုး မင္းအေပၚ ေကာင္းေကာင္းမဆက္ဆံမိခဲ့လို႔လား "
" မွန္လွပါ၊ မွန္လွပါ။ အရွင္မင္းျမတ္က ကြ်န္ေတာ္မ်ိဳးအေပၚ အလြန္ေကာင္းမြန္ခဲ့ပါတယ္.ကြ်န္ေတာ္မ်ိဳး အရွင္မင္းျမတ္ကို ေၾကာက္ေနတာ မဟုတ္ရေၾကာင္းပါ..အရွင္မင္းျမတ္ကို ေလးစားၾကည္ညိဳျခင္းပါ "
စုန္႔ခ်ီ င႐ုတ္ဆံုေထာင္းသလို ေခါင္းကို ျပဳတ္ထြက္မတတ္ၿငိမ့္ျပလိုက္သည္။
"ဒါျဖင့္ မင္း ကိုယ့္ကို ေက်းဇူးျပန္ဆပ္သင့္တယ္မလား "
႐ုန္ပိုင္ ေမးလိုက္၏။
"မွန္ပါ့၊ မွန္ပါ့၊ မွန္ပါ့ဘုရား.ကြ်န္ေတာ္မ်ိဳးရဲ႕ အသက္ကို သက္ညႇာေပးသေရြ႕ အရွင္မင္းျမတ္အတြက္ ဘာမဆိုလုပ္ေပးဖို႔ ဆႏၵရွိေၾကာင္းပါ ဘုရား "
စုန္႔ခ်ီ ျပန္ေျဖလိုက္သည္။
႐ုန္ပိုင္ မတ္တပ္ထရပ္ၿပီး စုန္႔ခ်ီ၏နံေဘးသို႔ ေလွ်ာက္လာသည္။ ျပင္းလြန္းသည့္ အေမႊးရနံ့ကို မ်ားျပားစြာ ရွဴရႈိက္ၿပီးသည့္ေနာက္ အနံ႔က သိပ္မစူးရွေတာ့ဘဲ က်င့္သားရလာသည္။ သူသည္ စုန္႔ခ်ီ၏ ခပ္က်ံဳ႕က်ံဳ႕ေလးျဖစ္ေနသည့္ လည္တိုင္ဆီသို႔ အၾကည့္ေရာက္သြားၿပီး မေနႏိုင္ဘဲ သူ႔ပါးေလးကို ညစ္လိုက္သည္။
"ဒါနဲ႔မ်ား ကိုယ့္ကို မေၾကာက္ဘူးလို႔ ျငင္းေနေသးတယ္ "
စုန္႔ခ်ီ တသိမ့္သိမ့္တုန္ယင္လာသည္။ သူ႔လက္ဖဝါးတြင္ ေခြ်းေစးမ်ားျဖင့္ စိုစြတ္လာသည္။ မၾကာမီအခ်ိန္အတြင္း ႐ုန္ပိုင္သည္ သူ႔ေခါင္းထိပ္သို႔ မီးေတာက္ျပာမ်ားျဖင့္ ပစ္လႊတ္လိုက္မည္ကို သူေၾကာက္ရြံ႕လွပါ၏။
သို႔ေပသည့္ ႐ုန္ပိုင္သည္ သူ႔ေခါင္းအေနာက္ကို ညင္ညင္သာသာေလး အုပ္ကိုင္လာၿပီး ေခါင္းေလးကို ျဖည္းျဖည္းခ်င္း ေမာ့ေစလိုက္သည္။ ႐ုန္ပိုင္၏ ႏႈတ္ခမ္းေထာင့္စြန္းေလးမ်ား ေကြးတက္သြားကာ အျပံဳးရိပ္မ်ားသန္းလာသည္။
" မေၾကာက္နဲ႔ေနာ္..ကိုယ္ မင္းကို နာက်င္ေအာင္မလုပ္ပါဘူး "
စုန္႔ခ်ီ၏ မ်က္ဝန္းမ်ားႏွင့္ ႐ုန္ပိုင္၏မ်က္ဝန္းမ်ား ဆံုေတြ႕သြားသည့္တစ္ခဏ သူစိတ္သက္သာရာရသြားသည္။ သူ႔အေရွ႕မွ သည္လူဟာ ဒ႑ာရီထဲက ေသြးေအးရက္စက္ေသာ မိစၧာရွင္ဘုရင္မဟုတ္ဘဲ သူႏွင့္ တစ္လေက်ာ္မွ် အတူတကြ မွီတင္းေနထိုင္ခဲ့သည့္ ႐ုန္ပိုင္သာျဖစ္ေၾကာင္း ထိုမ်က္ဝန္းမ်ားထဲမွ သူ ျပတ္ျပတ္သားသားျမင္ေနရသည္။ သည္လူဟာ သူ႔အား တစ္ခ်ိန္လံုး ကာကြယ္ေစာင့္ေရွာက္ေပးခဲ့သည့္ ႐ုန္ပိုင္သာလွ်င္ ျဖစ္ေခ်သည္။
သူ မ်က္ေတာင္မ်ား ပုတ္ခတ္လိုက္သည္။
"သခင္႐ုန္..ကြ်န္ေတာ့္ကို စိတ္မဆိုးဘူးလားဟင္"
႐ုန္ပိုင္က ရယ္သည္။
"ကိုယ္ မင္းကို စိတ္ဆိုးခ်င္ရင္ ဟိုအရင္ကတည္းက စိတ္ဆိုးလိုက္မွာေပါ့..ဘာလို႔ အခုခ်ိန္ထိ ေစာင့္ေနဦးမွာလဲ "
စုန္႔ခ်ီ ပါးစပ္ပိတ္သြားေတာ့သည္။ သူ မည္သို႔တံု႔ျပန္သင့္သည္မွန္း မသိေတာ့ပါေခ်။
႐ုန္ပိုင္က သူထင္ထားသည္ထက္ ပိုလို႔ေတာင္ သည္းခံႏိုင္စြမ္းႀကီးမားေသးသည္။
"ကိုယ္ေျပာတာနားေထာင္ "
႐ုန္ပိုင္က သူ႔လက္ကို ျပန္႐ုတ္လိုက္ၿပီး စုန္႔ခ်ီ၏ နဖူးေလးေပၚ လာေထာက္သည္။ သူ စကားဆိုေတာ့မည္ျပဳေနစဥ္ ႐ုတ္တရက္ ၿငိမ္သက္သြားသည္။
စုန္႔ခ်ီ သကၤာမကင္းစြာ ၾကည့္လိုက္ရာ ျမင္လိုက္ရသည္က ႐ုန္ပိုင္သည္ မ်က္ဝန္းမ်ားကို ႐ုတ္တရက္ ပိတ္ဆို႔လိုက္ၿပီး ယိုင္ခနဲ ၿပိဳလဲက်သြားသည္ကိုပဲ ျဖစ္ေလ၏။ ပ်ာယာခတ္စြာျဖင့္ စုန္႔ခ်ီ သူ႔ကို ဖမ္းထိန္းလိုက္သည္။ ထိုအခါမွ ႐ုန္ပိုင္ သတိလစ္သြားျခင္းျဖစ္ေၾကာင္း သိလိုက္ရေတာ့သည္။
"သခင္႐ုန္! သခင္႐ုန္! "
စုန္႔ခ်ီ လႈပ္ႏိုးသည္။ သူ တစ္စံုတစ္ေယာက္ကို လွမ္းေအာ္၍ အကူအညီေတာင္းေတာ့မည္ျပဳစဥ္ ႐ုတ္တရက္ဆန္လွေသာ ထိတ္လန္႔တုန္လႈပ္ဖြယ္ အျဖစ္အပ်က္တစ္ခုကို ျမင္လိုက္ရသည္။ လတ္ဆတ္ေသာ ေသြးနီနီရဲရဲမ်ားက ႐ုန္ပိုင္၏ ႏွာေခါင္းေပါက္၊ မ်က္လံုးေထာင့္ႏွင့္ ပါးစပ္ေထာင့္မ်ားမွ ဒရေဟာစီးက်လာသည္။ ႐ုန္ပိုင္၏ ျဖဴေလ်ာ္ေသာ မ်က္ႏွာကို ျမင္လိုက္ရသည့္အခိုက္ သူ႔မ်က္ဝန္းထဲတြင္ တုန္လႈပ္ေျခာက္ျခားမႈမ်ား ျပည့္သိပ္သြားသည္။
စုန္႔ခ်ီသည္ ေၾကာက္လန္႔တုန္ယင္စြာျဖင့္ အျပင္က အေစခံမ်ားကို ေအာ္ေခၚလိုက္သည္။
"အေႁခြအရံတို႔! တစ္ေယာက္ေလာက္! လာၾကပါဦး!"
မိစၧာအမႈထမ္းမ်ားလည္း စုန္႔ခ်ီ၏ ေအာ္သံကို ၾကားၿပီး တံခါးမွ ဒရေသာပါးေျပးဝင္လာၾကသည္။ သူတို႔ ႐ုန္ပိုင္ကို ေတြ႕လိုက္ရသည့္အခါ အထိတ္ထိတ္အပ်ာပ်ာျဖင့္ သလြန္ေပၚသယ္ယူသြားၾကသည္။ နန္းေတာ္တြင္း၌ ႐ုတ္႐ုတ္သဲသဲ ျဖစ္ကုန္သည္။
စုန္႔ခ်ီသည္ ႐ုန္ပိုင္၏ယခုလို ပံုစံမ်ဳိးကို တစ္ခါေသာ္မွ် မျမင္ခဲ့ဖူးသည္ျဖစ္ရာ အသိစိတ္ပင္ လြတ္မတတ္ တုန္လႈပ္သြားခဲ့သည္။ ႐ုန္ပိုင္သည္ ဒြါရခုနစ္ေပါက္¹မွ ေသြးမ်ား အဆက္မျပတ္ ယိုစီးက်ေနသည္။ စုန္႔ခ်ီ ေသြးမ်ားကို ပြတ္သုတ္ေပးပါေသာ္လည္း ရပ္တန္႔သြားျခင္းမရွိဘဲ ဆက္လက္စီးက်ၿမဲ။ သူဟာ ေသလူတစ္ေယာက္အလား တံု႔ျပန္မႈေလးတစ္ခုေတာင္မျပဳလုပ္ေတာ့။
စုန္႔ခ်ီ၏ ေခါင္းတစ္ခုလံုး ခ်ာခ်ာလည္ေနသည္။ သူ အလြန္ထိတ္လန္႔ေနၿပီး ရင္ထဲေျဗာင္းဆန္ေနသည္။ သူ ဘာလုပ္သင့္သည္လဲ သူမသိေတာ့။ သူ႔လက္ထဲက ပိုးသားပုဝါကို ပံုပန္းပ်က္သည္အထိ ေခ်မြပစ္ေနသည္။
ခဏေလးတင္ပဲ ႐ုန္ပိုင္က သူႏွင့္စကားေျပာေနတုန္းရွိေသးသည္။ ယခုေတာ့ ႐ုန္ပိုင္က သည္အေျခအေနသို႔ ေရာက္သြားေခ်သည္။ ဘယ္သူကမ်ား ဒါကို လက္သင့္ခံႏိုင္ပါ့မလဲ။
မိစၧာအမႈထမ္းမ်ား စိုးရိမ္ဗ်ာပါရမ်ားစြာျဖင့္ ပ်ာယာခတ္ေနၾကစဥ္ လူတစ္ေယာက္ဟာ နန္းေဆာင္ထဲ၌ ႐ုတ္တရက္ ေပၚလာခဲ့သည္။ ထိုလူ၏ ဖိႏွိပ္ႏိုင္စြမ္းရွိလြန္းသည့္အရွိန္အဝါမ်ားက ပါးလ်ေသာေလထုကို ျဖတ္လ်က္ ႐ိုက္ခတ္လာရာ မိစၧာအမႈထမ္းမ်ား၏ ပုခံုးကို အားျပင္းသည့္လက္တစ္ဖက္ျဖင့္ ေဆာင့္ဖိလိုက္သကဲ့သို႔ အကုန္လံုး ဒူးေထာက္လဲက်ကုန္ၾကသည္။
စုန္႔ခ်ီ အသက္ျပင္းျပင္းရွဴရႈိက္လ်က္ ထိုလူကိုေမာ့ၾကည့္လိုက္သည္။ သူ ပထမဆံုးျမင္လိုက္ရသည့္အရာမွာ ၾကည္လင္ေနသည့္ ေရႊေရာင္မ်က္လံုးမ်ားျဖစ္သည္။ ထို႔ေနာက္ သူ႔ႏွလံုးအိမ္တစ္ခုလံုး တင္းၾကပ္လာ၍ ဒူးေထာက္ကာ ေခါင္းငံု႔လိုက္ရသည္။ ကံေကာင္းသည္က သူသည္ သလြန္ေဘးတြင္ ထိုင္ေနခဲ့ျခင္းျဖစ္သျဖင့္ အတြင္းစြမ္းအားကို အခ်ိန္မွီ ထိန္းထားႏိုင္လိုက္သည္။
ထိုပုဂၢဳိလ္ဟာ အလြန္ပင္ ငယ္ရြယ္လြန္းေသးၿပီး ဆီးႏွင္းျဖဴေရာင္ ဝတ္ရံုရွည္ကို ဝတ္ဆင္ထားသည္။ သူ၏ အျပင္ဘက္အက်ႌလည္ခြံမွ ခါး႐ိုးတစ္ေလွ်ာက္ ေရႊခ်ည္မွ်င္မ်ားျဖင့္ ထိုးဖြဲ႕ထားသည္မွာ အိပ္ေမာက်ေနေသာ နဂါးတစ္ေကာင္၏ ဦးေခါင္းသို႔ေရာက္သည္အထိပင္။ နဂါး၏ ဦးခ်ိဳမ်ားက သူ႔ပုခံုးထက္တြင္ ျဖန္႔က်က္လ်က္ရွိသည္။ ၎က အလြန္႔အလြန္ပင္ အသက္ဝင္လွသည္။
အမ်ိဳးသားငယ္သည္ စုန္႔ခ်ီကို ျမင္သြားေသာအခါ သူ႔ႏႈတ္ခမ္းေထာင့္မ်ား ေကြးၫႊတ္သြားၿပီး အျပံဳးေလးတစ္ခုျဖစ္ထြန္းလာသည္။ သူ႔မ်က္ႏွာေခ်ာေခ်ာေပၚက ၿခိမ္းေျခာက္ဖိႏွိပ္လိုသည့္ အရွိန္အဝါမ်ားလည္း တစ္ခဏခ်င္းေပ်ာက္ကြယ္သြားသည္။ ယခုမွ သူဟာ အနည္းငယ္ စိတ္ေအးသြားသည့္ သဏၭာန္ရွိသည္။
" မင္းနာမည္က? "
စုန္႔ခ်ီ တံေတြးမ်ိဳခ်လိုက္သည္။
"စုန္႔ခ်ီ "
အမ်ိဳးသားငယ္ေလးက သူ႔ေရႊေရာင္မ်က္လံုးမ်ားကို သလြန္ပၚရွိ ႐ုန္ပိုင္ထံသို႔ အၾကည့္ပို႔လိုက္သည္။ သူသည္ ေျခလွမ္းအနည္းငယ္ ေလွ်ာက္လာၿပီး လက္ညႇိုဳးေပၚတြင္ ေရႊေရာင္အလင္းမႈန္မ်ားကို စုေဝးလိုက္ရင္း ႐ုန္ပိုင္၏ နဖူးကို ခပ္သာသာတို႔ထိလိုက္သည္။ ထိုအခါ ႐ုန္ပိုင္၏ ဒြါရခုနစ္ေပါက္မွ ေသြးယိုစီးေနမႈမ်ား ရပ္တန္႔သြားသည္။ အမ်ိဳးသားငယ္က ဆို၏။
"မင္းေရာက္လာတာ အရမ္းေနာက္က်တယ္ "
စုန္႔ခ်ီသည္ သူ၏ဆိုလိုရင္းကို နားမလည္စြာျဖင့္ စိတ္ရႈပ္ေထြးသြားသလို ၾကည့္လိုက္သည္။
" ခင္ဗ်ား ဘယ္သူလဲ သိပါရေစ"
" က်ဳပ္နဲ႔လိုက္ခဲ့ပါ "
အမ်ိဳးသားငယ္က ပေဟ႒ိဆန္စြာျပန္ေျဖသည္။
ၿပီးေနာက္ သူ႔႐ုပ္လႊာက တျဖည္းျဖည္းလြင့္ပါးလာၿပီး ဆီးႏွင္းျဖဴေရာင္ပံုရိပ္ျဖဴက စုန္႔ခ်ီမ်က္စိေရွ႕ကေန ေပ်ာက္ကြယ္သြားသည္။
စိတ္ထဲ သံသယမ်ားအျပည့္အႏွက္ျဖင့္ စုန္႔ခ်ီ သလြန္ထက္က ႐ုန္ပိုင္ကိုၾကည့္လိုက္သည္။ သူ ပုဝါေလးျဖင့္ ႐ုန္ပိုင့္မ်က္ႏွာေပၚက ေသြးစမ်ားကို သုတ္ေပးလိုက္သည္။ ႐ုန္ပိုင္၏ ခန္႔ညားလွသည့္မ်က္ႏွာေလး သန္႔ရွင္းသြားသည္အထိ သုတ္ေပးၿပီးေနာက္ သူထရပ္လိုက္သည္။ သူသည္ ေျခလွမ္းတစ္လွမ္းသာလွ်င္ ေလွ်ာက္လိုက္ရၿပီးေနာက္ ပတ္ဝန္းက်င္တစ္ဝိုက္က ျမင္ကြင္းအေျပာင္းအလဲျဖစ္သြားသည္။
သူ႔အေရွ႕တြင္ အလြန္ႀကီးမားလွသည့္ ေဗာဓိပင္ႀကီးတစ္ပင္ရွိေန၏။ ဤအပင္ႀကီးသည္ ႏွစ္ေပါင္းမည္မွ်ၾကာ ရွင္သန္လာရၿပီး ေလဒဏ္၊ မိုးဒဏ္ကို ၾကံ့ၾကံ့ခံလာရသည္လည္း စုန္႔ခ်ီမသိပါေခ်။ သို႔ေပသည့္ ၎က လက္ေျမာက္အရွံဳးမေပးလိုေသာ ၾကံ့ခိုင္သည့္ စိတ္ဓာတ္ခြန္အားကိုေပးစြမ္းသည္။
အတန္ငယ္ၾကာသည္အထိ သူဟာ အၾကည့္မလႊဲႏိုင္ျဖစ္ေနၿပီး သူ႔နားထဲသို႔ အသံတစ္သံ ဝင္ေရာက္လာမွ လက္ရွိအခ်ိန္သို႔ ျပန္လည္ေရာက္ရွိလာသည္။
သူ တစ္ဖက္သို႔လွည့္ၾကည့္လိုက္ရာ သူႏွင့္ခပ္နီးနီးေနရာတြင္ ရပ္လ်က္ရွိေသာ လူႏွစ္ေယာက္ကို ေတြ႕လိုက္ရ၏။ ထို႔အထဲမွ တစ္ေယာက္က နန္းေဆာင္ထဲတြင္ ႐ုန္ပိုင္အား ေသြးတိတ္ေအာင္လုပ္ေပးသြားသည့္ ေရႊမ်က္လံုးရွင္ျဖစ္သည္။ က်န္တစ္ေယာက္မွာမူ မၾကာခင္က ေလွာင္ခ်ိဳင့္ထဲတြင္ ပိတ္မိေနခဲ့သည့္ ဦးခ်ိဳတစ္ဖက္က်ိဳးေနေသာ နတ္ဘုရားသခင္ ေရွာင့္ရွန္႔ျဖစ္ေလ၏။
လူႏွစ္ဦး။ တစ္ဦးက ျဖဴဆြတ္ကာ ၾကည္စင္ေနလ်က္၊ ေနာက္တစ္ဦးက နက္ေစြးကာ ရႊံ႕မ်ားေပက်ံေနလ်က္ ကြာျခားလွေသာ အသြင္အျပင္ျဖင့္ အတူတကြရပ္ေနၾကသည္။
"က်ဲက်ိဳကု မင္း ဒီလူကိုသိသလား "
ေရႊမ်က္လံုးရွင္က ေမးသည္။
က်ဲက်ိဳကု၊ တစ္နည္းအားျဖင့္ ေျခာက္ေလာကတြင္ တစ္ဦးတည္းေသာ အဏၰဝါခ်ီလင္မ်ိဳးဆက္၊ နတ္ဘုရားသခင္ ေရွာင့္ရွန္႔က စုန္႔ခ်ီအား တစ္ခ်က္မွ်ၾကည့္ကာ တရင္းတႏွီးေလသံျဖင့္ ေျပာသည္။
"ကြ်န္ေတာ္ သူနဲ႔ဆံုၿပီးၿပီ။ ကြ်န္ေတာ္တို႔ စကားေတာင္ေျပာၿပီးၾကေရာေပါ့..ကြ်န္ေတာ္ မေျပာဘူးလား.ဒီတစ္ေယာက္ရဲ႕ကံက အေတာ္ေလးကို ဆိုးတာပါဆို၊ သူ...."
စုန္႔ခ်ီ၏မ်က္ႏွာတစ္ခုလံုး နီျမန္းသြားၿပီး ေခ်ာင္းတစ္ဟြတ္ဟြတ္ဆိုးကာ သူ႔တို႔စကားဝိုင္းကို ဝင္ေႏွာင့္ယွက္လိုက္သည္။
" ဘာလို႔ ကြ်န္ေတာ့္ကို ဒီေခၚလိုက္တာလဲ "
က်ဲက်ိဳကုလည္း စကားစျပတ္သြားၿပီး သူ႔ေဘးက ေရႊမ်က္လံုးရွင္ကို ၾကည့္လိုက္သည္။ သူက အံ့ၾသသလိုေမး၏။
"ဟုတ္သားပဲ၊ ဘာလို႔ သူ႔ကိုဒီေခၚလိုက္တာလဲ"
"ငါ့မွာ ငါ့ရည္ရြယ္ခ်က္နဲ႔ငါရွိတယ္ "
ေရႊမ်က္လံုးရွင္က မ်က္ခံုးတို႔ပင္ေျမႇာက္လိုက္ၿပီး စုန္႔ခ်ီကို စကားဆက္ေျပာသည္။
" ႐ုန္ပိုင္ရဲ႕ အဆံုးသတ္က နီးကပ္လာၿပီ၊ ဒါကို မင္းသိသလား "
စုန္႔ခ်ီ ဗလာသက္သက္အၾကည့္ျဖင့္ ျပန္ၾကည့္လိုက္သည္။
"ကြ်န္ေတာ္မသိဘူး "
" ဟိုအရင္အခ်ိန္က နတ္ဆိုးခ်ိပ္တံဆိပ္ကို ဖ်က္ဆီးဖို႔ သူ႔ဝိညာဥ္ကို ၿဖိဳခြဲလိုက္ရတယ္..ဒီႏွစ္ေတြထဲမွာ သူရဲ႕တိုက္ခိုက္သတ္ျဖတ္တဲ့သတင္းေတြ အေတာ္ေလးၿငိမ္က်သြားတယ္..တကယ္တမ္းက် အဲ့ဒီေကာင္ေလးက သူ႔ဝိညာဥ္ကို အၿပီးတိုင္ၿဖိဳခြဲဖို႔ နည္းလမ္းရွာေနခဲ့တာ.သူ ေကာင္းေကာင္းမြန္မြန္နဲ႔ ထြက္မသြားႏိုင္ခင္ လံုမုေကာ ျပန္အလာကို ေစာင့္ေနခဲ့တာ "
ေရႊမ်က္လံုးရွင္၏ေလသံဟာ တည္ၿငိမ္ေနၿပီး တျဖည္းျဖည္း ေလးလံလို႔လာသည္။
စုန္႔ခ်ီသည္ သူ႔စကားကိုနားလည္သြားသည့္ တစ္ခဏ ယံုၾကည္ဖို႔ပင္ခက္ခဲေနသည္။
" ခင္ဗ်ားပံုေျပာအရ သူက သူ႔ကိုယ္သူ သတ္ေသမလို႔ေပါ့? ဒါေပမယ့္ ဘာလို႔လဲ? "
"ျဖစ္ႏိုင္တာ သူ အသက္ရွင္ရတာ ၿငီးေငြ႕လာလို႔ေနမွာေပါ့"
ေရႊမ်က္လံုးရွင္က ေျပာ၏။
" နတ္ဘုရားတစ္ပါးက ထာဝရရွင္သန္တယ္။ ဒါေပမယ့္ အသက္ရွင္ရတာ ၾကာျမင့္လာသည္နဲ႔အမွ် ကမ႓ာေလာကႀကီးက ၿငီးေငြ႕ဖို႔ေကာင္းမွန္း သိလာရေလပဲ။ ဒါေၾကာင့္ နတ္ဘုရားနဲ႔ အမတမ်ားစြာက ကမ႓ာေျမျပင္ေပၚက သံေယာဇဥ္အေႏွာင္အဖြဲ႕ေတြ အားလံုးကိုျဖတ္ေတာက္ၿပီး သူတို႔အတြက္ စိတ္သက္သာရာရေစမယ့္လမ္းကို ေရြးခ်ယ္သြားၾကတာမ်ားတယ္။ ဒီလိုေၾကာင့္ပဲ 'မေသမ်ိဳးေတြဟာ လိုအင္ဆႏၵ၊ အာသီသတို႔ ကင္းေဝးတယ္ ' ဆိုတဲ့ဆို႐ိုးစကားျဖစ္လာတာ "
"အဲ့ဒီေကာင္ေလး ရုန္ပိုင္က သူ႔ဝိညာဥ္ကို ၿဖိဳခြဲလိုက္ၿပီးကတည္းက ဘယ္တုန္းကမွ ျပန္ယူဖို႔ မၾကံစည္ခဲ့ဖူးဘူး။ ဒါေပမယ့္ မၾကာခင္ကပဲ အဲ့ဒီဝိညာဥ္တစ္ခုကို သူျပန္ယူခဲ့တယ္၊ ဒီပံုအတိုင္းသာဆို သူတကယ္ကို ေသလြန္ဖို႔ပဲရွိေတာ့တယ္ "
ေရႊမ်က္လံုးရွင္က ေခါင္းကိုခါရမ္းသည္။
" ဘယ္သူမွ သူ႔ကိုကယ္လို႔မရေလာက္ေတာ့ဘူး "
စုန္႔ခ်ီ ရင္တြင္း၌ ႐ုတ္ျခည္းဆိုသလို ဗလာက်င္းသြားသည္။ သူ႔ စိတ္ထဲရွိ ေျမာက္ျမားစြာေသာ ေမးခြန္းမ်ားကို ေဘးဖယ္ထားလိုက္ၿပီး အဆံုးတြင္မူ ေမးခြန္းတစ္ခုထဲသာ ထြက္လာခဲ့သည္။
"ဘယ္သူမွ သူ႔ကိုကယ္လို႔မရေတာ့ဘူး? "
႐ုန္ပိုင္၏ မ်က္ႏွာေလးက သူ႔မ်က္ဝန္းထဲျပန္ေပၚလာသည္။ သူ၏ျပံဳးေနေသာ မ်က္ႏွာေလး၊ သိမ္ေမြ႕ေသာ အမူအရာေတြ၊ လ်စ္လ်ဴတတ္ေသာ မ်က္ႏွာထား၊ သတ္ျဖတ္လိုစိတ္ျပင္းေနေသာ အၾကည့္မ်ား။ ျပန္ေျပာင္းေတြးၾကည့္ရပါလွ်င္ ႐ုန္ပိုင္၏ ဟက္ဟက္ပက္ပက္ရယ္ေမာေနျခင္းမ်ား၊ ေဒါသူပုန္ထျခင္းမ်ား၊ ႏွစ္သက္ျခင္း၊ မႏွစ္သက္ျခင္း၊ ေပ်ာ္ရႊင္ျခင္းမ်ားကို ဘယ္တုန္းကမွမျမင္ဖူးခဲ့။ ဤသို႔ လြယ္ကူရွင္းလင္းလွပါသည့္ စိတ္ခံစားခ်က္မ်ားကို ႐ုန္ပိုင္ဟာ ဘယ္ေသာအခါကမွ ထုတ္ေဖာ္မျပခဲ့ဖူးေပ။
သူ ေတြးခဲ့သည္က ၎ကပဲ ႐ုန္ပိုင္၏ ပင္ကိုအမူအက်င့္မ်ား ျဖစ္လိမ့္မည္ဟု ထင္ထားခဲ့သည္။ သို႔ေသာ္ ထိုသို႔မဟုတ္ဘဲ ႐ုန္ပိုင္တြင္ ဝိညာဥ္အစံုအလင္ ရွိမေန၍သာျဖစ္ေၾကာင္း သူ အဆံုးမွ နားလည္သြားရေခ်သည္။ ထို႔ေၾကာင့္သာ သာမန္လူတစ္ေယာက္ျပဳမူႏိုင္သည့္ စိတ္ခံစားခ်က္မ်ား ႐ုန္ပိုင့္ထံတြင္ ရွိမေနျခင္းပင္။
အႀကိမ္ေပါင္းမ်ားစြာတိုင္ စုန္႔ခ်ီသည္ သူ႔ထံ၌ ရစ္ဝဲေနတတ္သည့္ ႐ုန္ပိုင္၏ အၾကည့္မ်ားကို သတိထားမိခဲ့သည္။ သူ႔ထံတြင္ အဘယ္ေၾကာင့္ ဤမွ်ရွင္းလင္းျမင္သာေသာ ခံစားခ်က္အမူအရာမ်ား ရွိေနပါသနည္းဟု ႐ုန္ပိုင္က စူးစမ္းေနေပလိမ့္မည္။
သို႔ေပသည့္ သူသည္ ႐ုန္ပိုင္၏ ထူးဆန္းသည့္အၾကည့္မ်ားကို လံုးဝအေျဖမရွာမိခဲ့။
"သူ႔ကို ကယ္လို႔ရမယ့္ နည္းလမ္းရွိေသးလား"
လည္ေခ်ာင္းထဲတြင္ အစိုင္အခဲတစ္ခုၿမိဳခ်ထားရသကဲ့သို႔ ဆို႔နင့္ေနလ်က္ စုန္႔ခ်ီေမးလိုက္သည္။
"နည္းလမ္းတစ္ခုေတာ့ရွိတယ္၊ သူ မေသဆံုးခင္ အေကာင္ထည္ေဖာ္မွျဖစ္မယ့္ဟာ "
ေရႊမ်က္လံုးရွင္က ႐ုတ္တရက္ စကားလမ္းေၾကာင္း လႊဲလိုက္ၿပီး စုန္႔ခ်ီကို တစ္ခ်က္ၾကည့္သည္။
"ဒါေပမယ့္ က်ဳပ္တို႔ မင္းရဲ႕အကူအညီလိုအပ္တယ္"
"ရတာေပါ့၊ ေျပာၾကည့္ပါ "
စုန္႔ခ်ီ တံု႔ဆိုင္းမႈမရွိ လက္ခံလိုက္သည္။
" ကြ်န္ေတာ္ ဘာကူညီေပးရမွာလဲ"
" က်ဳပ္တို႔...."
ေရႊမ်က္လံုးရွင္က ဆို၏။
" .....အတိတ္ကို ျပန္သြားဖို႔လိုတယ္ "
စုန္႔ခ်ီ နားေဝတိမ္ေတာင္ျဖစ္သြားသည္။ အတန္ငယ္ၾကာ မွင္ေသေနၿပီးေနာက္ သူထပ္ေမးလိုက္သည္။
" ကြ်န္ေတာ့္ကို အေသးစိတ္ရွင္းျပလို႔ရမလား"
ေရႊမ်က္လံုးရွင္က က်ဲက်ိဳကုဘက္လွည့္ၾကည့္လိုက္သည္။
"မင္းရွင္းျပလိုက္ "
"ကြ်န္ေတာ္ အတိုခ်ဳံးရွင္းျပလိုက္ပါ့မယ္ "
က်ဲက်ိဳကုက ေခါင္းၿငိမ့္သည္။
"မင္း ဟိုေရွးေခတ္က နတ္ဆိုးဘုရင္အေၾကာင္း ၾကားဖူးသလား"
စုန္႔ခ်ီ ျပန္ေျဖလိုက္သည္။
"ၾကားဖူးတယ္ "
" သူက ဒီေန႔အထိ လက္ဆင့္ကမ္းက်င့္သံုးေနတဲ့ နာမည္ႀကီး အစီအရင္ေလးခုကို ဖန္တီးခဲ့ဖူးတယ္..ဘာအစီအရင္ေတြလဲဆိုေတာ့ : ရဟန္းမိစၧာထင္ေယာင္မွားနယ္ေျမ၊ သဘာဝဗီဇ၏ မဟာအႏၱိမ သရုပ္သကန္ျပရပ္၊ ရွင္းေလာ္စစ္တုရင္ခံု နဲ႔ ယင္းယန္အခ်ိန္ေနာက္ျပန္ခရီးသြားျခင္း တဲ့ "
က်ဲက်ိဳကုက သစ္ကိုင္းေျခာက္တစ္ခုကို ေကာက္ယူလိုက္ၿပီး ေျမျပင္ေပၚ ေဆာင့္ေၾကာင့္ထိုင္ခ်လ်က္ အကြက္ရွစ္ကြက္ႏွင့္ ပံုၾကမ္းတစ္ခု ²ကို စဆြဲသည္။
" အဲ့ဒီအထဲက 'ယင္းယန္အခ်ိန္ေနာက္ျပန္ခရီးသြားျခင္း အစီအရင္' တစ္ခုကပဲ သူကိုယ္တိုင္ အသက္မဝင္ႏိုင္တာ..အခု ကြ်န္ေတာ္တို႔ေတြ ဒီအစီအရင္ေပၚမွာ ရပ္ေနၾကတယ္ "
စုန္႔ခ်ီ မသိလိုက္ဘာသာျဖင့္ သူ႔ေျခေထာက္ေအာက္ကို ငံု႔ၾကည့္လိုက္မိသည္။
"ယင္းယန္အခ်ိန္ေနာက္ျပန္ခရီးသြားျခင္းအစီအရင္ဆိုတာ ဘယ္လိုမ်ိဳးလဲ "
"အဲ့ဒါက အခ်ိန္ေတြကို ခြဲထုတ္ေပးႏိုင္တယ္ "
က်ဲက်ိဳကုက ေခါင္းေမာ့လာသည္။ သူ၏ မ်က္ဝန္းနက္နက္မ်ားက အလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလး ျဖာထြက္ေနသည္။
"ၿပီးေတာ့ အတိတ္ကိုပို႔ေပးတယ္ "
"အဲ့ဒါက ခြင္းလြင္ေၾကးမႈံနဲ႔မတူဘူးလား"
"မတူဘူး "
က်ဲက်ိဳကုကေျပာ၏။
"ယင္းယန္အခ်ိန္ေနာက္ျပန္ခရီးသြားျခင္းက အတိတ္ကို ျပန္လမ္းမရွိဘဲ သြားႏိုင္မွာ..တကယ့္အတိတ္ကို အမွန္စင္စစ္ေရာက္သြားမွာ..ခြင္းလြင္ေၾကးမႈံက အတိတ္ကို ဆက္သြယ္ေပးရံုပဲ ဒါေပမယ့္ ဖန္တီးထားသမွ် ျဖစ္ရပ္မွန္လို႔ထင္ရတဲ့ ပံုရိပ္ေယာင္သာသာပဲ "
"အဲ့ေတာ့ ခင္ဗ်ားေျပာတာက ယင္းယန္အခ်ိန္ေနာက္ျပန္ခရီးသြားျခင္းအစီအရင္ကို ေအာင္ေအာင္ျမင္ျမင္နဲ႔ အသက္သြင္းႏိုင္ခဲ့ရင္ သမိုင္းကိုေျပာင္းလဲလို႔ရၿပီေပါ့ "
စုန္႔ခ်ီ၏ ေနာက္ေက်ာက ေခြ်းေစးမ်ားျဖင့္ စိမ့္စိုလာသည္။
"မွန္တယ္ "
က်ဲက်ိဳကုက ဆက္ေျပာေလသည္။
"ကြ်န္ေတာ္တို႔ေတြ ကိစၥႀကီးတစ္ခုကို လုပ္ရေတာ့မယ္ "
ေရႊမ်က္လံုးရွင္က ေၾကးမႈံေလးတစ္ခ်ပ္ကို ထုတ္လာၿပီး လက္ထဲတြင္တင္းတင္းဆုပ္လိုက္ရာ လက္သည္းခြံအရြယ္အစားမွ် ေျပာင္းလဲသြားသည္။ ၿပီးေနာက္ အနီေရာင္ႀကိဳးတစ္ေခ်ာင္းကို ဖန္းတီးလိုက္ကာ ေၾကးမႈံအေသးေလးကို ခ်ည္လိုက္ၿပီး စုန္႔ခ်ီ၏ လက္ထဲသို႔ ထည့္ေပးလိုက္သည္။
"ဒါကိုယူထား။ ဒါက မင္းကိုကူညီေပးႏိုင္လိမ့္မယ္ "
"ဒါက? "
စုန္႔ခ်ီ ဤေၾကးနီေရာင္မွန္ေလးကို ရင္းႏွီးေနသည္။
"ေရွးေဟာင္းခြင္းလြင္ေၾကးမႈံ..ဒါက ေပ်ာက္ဆံုးေနတဲ့အပိုင္းအစေလးတစ္ခုဆိုေပမယ့္ စြမ္းရည္ကေတာ့ ေလ်ာ့က်သြားျခင္းမရွိပါဘူး "
ေရႊမ်က္လံုးရွင္က မ်က္ဝန္းမ်ား ေကြးၫႊတ္သြားသည္အထိ ျပံဳးျပလာသည္။
"မင္းလုပ္ရမွာဆိုလို႔ အတိတ္ကိုသြားၿပီး ႐ုန္ပိုင္ရဲ႕ အတိတ္ကအခ်ိန္ေတြမွာ ပါဝင္ျဖတ္သန္းေပးဖို႔ပဲ"
" ဒါေပမယ့္..ဘယ္လိုလုပ္ရမလဲ.ကြ်န္ေတာ္မွ ဘာမွမသိတာကို "
စုန္႔ခ်ီမွာ ထိတ္ပ်ာလို႔သြားသည္။
"ကြ်န္ေတာ့္ကို နည္းနည္းေလာက္ ထပ္ရွင္းျပလို႔မရဘူးလား "
"အခ်ိန္မက်န္ေတာ့ဘူး "
ေရႊမ်က္လံုးရွင္က ေခါင္းခါသည္။
"စိတ္မပူပါနဲ႔။ မင္း ႏွလံုးသားရဲ႕ဆႏၵအတိုင္း လိုက္လုပ္ပါ။ က်ဳပ္ မင္းကိုယံုတယ္ "
သူ႔စကားဆံုးဆံုးခ်င္းပင္ ေနမင္းသည္ ေရွ႕ေျပးေရာင္ျခည္မ်ား ျဖန္႔က်က္လ်က္ မိုးကုပ္စက္ဝိုင္းမွ ထြက္ျပဴလာၿပီး ေကာင္းကင္တစ္ျခမ္းလံုးကို ေတာက္ပေသာအလင္းေရာင္မ်ားျဖင့္ ေဆးေရာင္ျခယ္သလိုက္၏။
စုန္႔ခ်ီသည္ တစ္စံုတစ္ခု ေျပာလိုေသးပါေသာ္လည္း ေရႊမ်က္လံုးရွင္ႏွင့္ က်ဲက်ိဳကုတို႔က ဓားတစ္ေခ်ာင္းကို တစ္ၿပိဳင္နက္တည္း ဖန္ဆင္းလိုက္ၾကၿပီး သူတို႔၏လက္ဖဝါးေပၚသို႔ လွီးျဖတ္လိုက္ၾကသည္။ ျပင္းထန္ေသာ ေလျပင္းမုန္တိုင္းတစ္ခု ႐ုတ္တရက္ တိုက္ခတ္လာၿပီး အမ်ိဳးသားႏွစ္ေယာက္၏ ေသြးစက္မ်ားကို ေလထဲတြင္ပင္ ေပါင္းစည္းသြားေစသည္။
ပတ္ဝန္းက်င္က မူမမွန္ေတာ့ဟု ခံစားမိလိုက္သည္ႏွင့္ စုန္႔ခ်ီ ေျမျပင္ကိုငံု႔ၾကည့္လိုက္သည္။ ထူးဆန္းလွသည့္ အေဆာင္မႏၲန္တစ္ခုမွ အနီေရာင္အလင္းတန္းမ်ား ဝင္းလက္လာၿပီး အလင္းတန္းမ်ားက သူတို႔ေျခေထာက္ေအာက္ထိ ပ်ံ႕ပြားလာကာ ေဗာဓိပင္တစ္ပင္လံုးကို သိုင္းျခံဳသြားသည္။
ေလျပင္းဟာ သည္းႀကီးမည္းႀကီး တိုက္ခတ္ေနလ်က္ ေဗာဓိပင္၏ သစ္ရြက္မ်ားကိုပင္ ေလတိုးသံမ်ား က်ယ္က်ယ္ေလာင္ေလာင္ ျမည္ဟည္းေနေစသည္။ စုန္႔ခ်ီပင္ ေလျပင္းေၾကာင့္ ယိမ္းထိုးသြားရသည္။ သူသည္ လက္သည္းခြံအရြယ္ ခြင္းလြင္ေၾကးမႈံေလးကို ၿမဲျမံစြာဆုပ္ကိုင္ထားလ်က္ အံကိုတင္းတင္းႀကိတ္ကာ ေတာင့္ခံေနသည္။ သူ႔ စိတ္အာရံုမ်ားဟာ မိန္းေမာေတြေဝေနလ်က္သား။ သူ႔တြင္ ေတြးေတာေနဖို႔ အခ်ိန္မရွိေတာ့ပါေခ်။
ထို႔ေနာက္တြင္ ေရႊေရာင္အလင္းတန္းမ်ား ဝုန္းခနဲ ေပါက္ကြဲသြားသည္။ သူတို႔ ေျခေထာက္ေအာက္ရွိ အေဆာင္မႏၲန္မွ အနက္ေရာင္အလင္းတန္းမ်ားႏွင့္ ေရႊဝါေရာင္အလင္းတန္းတို႔ ထိပ္တိုက္ဆံုသြားၾကသည္။ ေနမင္း၏ အလင္းေရာင္တို႔ အျပည့္အဝ ထြက္ျပဴလာခ်ိန္တြင္ေတာ့ ေလျပင္းဟာလည္း ၿငိမ္သက္သြားၿပီျဖစ္သည္။
မတိုင္ခင္က အမ်ိဳးသားသံုးဦး ရပ္ေနခဲ့ေသာ ေနရာ၌ ေရႊေရာင္မ်က္လံုးရွင္တစ္ဦးသာ က်န္ရစ္ခဲ့သည္။
သူသည္ မ်က္လႊာခ်လ်က္ လက္ဖဝါးက ဒဏ္ရာကို လက္ညႇိဳးျဖင့္ ဖိပြတ္လိုက္သည္။ သူ႔မ်က္ႏွာက ဆီးႏွင္းကဲ့သို႔ ျဖဴေလ်ာ္ေနၿပီး အေရာင္အဆင္းကင္းမဲ့ေနသည့္အလားပင္။ သူက ခပ္တိုးတိုးရယ္လိုက္ၿပီး ေရရြတ္သည္။
"ေက်းဇူးျပဳၿပီး က်ဳပ္ကို စိတ္မပ်က္ရပါေစနဲ႔ "
──────── ❃ ────────
စာေရးသူ၏ စကားခ်ပ္ ::
ကြ်န္မတို႔ေတြ ပံုျပင္ေလးရဲ႕ အဓိကအခန္းက႑ကိုေရာက္လာၾကပါၿပီ။
──────── ❃ ────────
[FOOTNOTES]
1. ဒြါရခုနစ္ေပါက္
မ်က္လံုးႏွစ္ေပါက္၊ ႏွာေခါင္းႏွစ္ေပါက္၊ နားႏွစ္ေပါက္၊ ပါးစပ္တစ္ေပါက္။
2. အကြက္ရွစ္ကြက္နဲ႔ပံုၾကမ္း
ဒီပံုေလးကို ရင္းႏွီးၾကမယ္နဲ႔တူပါတယ္
** ေတာက္ဓမၼအယူအဆမွာ လူတစ္ေယာက္ဟာ ထာဝစဥ္ၿမဲတဲ့ ဝိညာဥ္(၃)ခုနဲ႔ ထာဝစဥ္မၿမဲတဲ့ ဝိညာဥ္ (၇) ခုရွိတယ္တဲ့။ ဒါေၾကာင့္ လူတစ္ေယာက္ဟာ ဝိညာဥ္တစ္ခုလစ္လပ္သြားရင္လည္း မေသႏိုင္ဘူး။ ဒါေပမယ့္ အာရံုခံစားမႈတစ္ခုခု ခြ်တ္ယြင္းေနသလိုမ်ိဳး လိုက္ေလ်ာညီေထြမရွိျဖစ္ေနလိမ့္မယ္။
လူတစ္ေယာက္ရဲ႕ လိုေနတဲ့ ဝိညာဥ္ေတြကို ျပန္ၿပီး ဆင့္ေခၚလို႔ရတယ္။ ဒီလိုဆို အေကာင္းအတိုင္းျပန္ျဖစ္သြားမွာပဲ။ ၿပီးေတာ့ ဝိညာဥ္ (၁၀) ခုလံုးမစံုရင္ လူျပန္ဝင္စားလို႔မရဘူး။
အေျခခံအားျဖင့္-
• သက္ရွိလူ+ဝိညာဥ္စံုလင္ = ပံုမွန္လူတစ္ေယာက္
• သက္ရွိလူ+ဝိညာဥ္မစံုလင္ = အသက္ရွိေသာ္လည္း တစ္စံုတစ္ခုခ်ိဳ႕ယြင္း
• ေသၿပီးသူ+ဝိညာဥ္စံုလင္ = လူျပန္ဝင္စား၍ရ
• ေသၿပီးသူ+ဝိညာဥ္မစံုလင္ = လူျပန္ဝင္စား၍မရေတာ့။ သို႔ေသာ္ လက္ရွိဘဝတြင္ ဆက္လက္ေနထိုင္၍ရ။
႐ုန္ပိုင္ဟာ တကယ္ကိုပဲ ဝိညာဥ္အစံုအလင္ရွိမေနခဲ့ပါဘူး။ တစ္ခ်ိန္လံုး ေငးမႈိင္ၿပီး တံု႔ျပန္မႈေတြ ေႏွးေကြးေနတာ ဒါေၾကာင့္ပါ။ ဒါေတာင္မွ ပံုမွန္လူတစ္ေယာက္လို ေနႏိုင္တဲ့အထိ ႐ုန္ပိုင္ရဲ႕အင္အားႀကီးမႈက အံ့မခန္းပါပဲ။
──────── ❃ ────────