ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [M...
By yinyinhtun9699
648K 100K 3.8K
Zawgyi လီကျောင်းသည် ဆင်းရဲနွမ်းပါးသော အသက်၂၀အရွယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နောက်ထပ်တစ်နပ်စာ မည်သည့်နေရာမှရမလဲ... More
မိတ်ဆက်အမှာစာ
Chapter (1) Zawgyi အလွန်ပျော်ရွှင်နေပါတယ်
Chapter (1) Unicode အလွန်ပျော်ရွှင်နေပါတယ်
Chapter (2) Zawgyi မွေးနေ့ဆုတောင်း
Chapter (2) Unicode မွေးနေ့ဆုတောင်း
Chapter (3) Zawgyi အပြစ်ကင်းသော ပွဲကြည့်ပရိသတ်
Chapter (3) Unicode အပြစ်ကင်းသော ပွဲကြည့်ပရိသတ်
Chapter (4) Zawgyi Ahhhh......
Chapter (4) Unicode Ahhh......
Chapter (5) Z+U
Chapter (6) Z+U hot topic
Chapter (7) Z+U ခက္ခဲလြန္းတယ္ /ခက်ခဲလွန်းတယ်
Chapter (8) Z+U သတင္းဆိုး/သတင်းဆိုး
Chapter (9) Z+U အရမ်းကောင်းတယ် /အရမ်းကောင်းတယ်
Chapter (10) Z+U အရသာရွိေသာ/အရသာရှိသော
Chapter (11) Z+U ကလေးများအတွက် အစာကြေဆေးပြား / ကလေးများအတွက် အစာကြေဆေးပြား
Chapter (12) လံုးဝမျဖစ္နိုင္ဘူး /လုံးဝမဖြစ်နိုင်ဘူး
Chapter (13) Z+U မနာလိုမႈ / မနာလိုမှု
Chapter (14) Z+U သက္ဝင္လႈပ္ရွားေနေသာ / သက်ဝင်လှုပ်ရှားနေသော
Chapter (16) Z+U Fuwa
Chapter (17) Z+U ပံုၾကီးခ်ဲ႕ျခင္း /ပုံကြီးချဲ့ခြင်း
Chapter (18) Z+U မင္းကိုအလုပ္ကေနလာၾကိဳမယ္/မင်းကိုအလုပ်ကနေလာကြိုမယ်
Chapter (19) ဖြူစင်သောခင်မင်မှု
Chapter (20) ပိုက်ဆံပေးမယ်
Chapter (21) မျှော်လင့်မထားသည့်တွေ့ဆုံမှု
Chapter (22) ရနံ႔
Chapter (22) ရနံ့
Chapter (23) ဘယ္လိုတိုက္ဆိုင္မႈမ်ိဳးလဲ
Chapter (23) ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ
Chapter (24) ချောက်ကမ်းပါး
Chapter (25) ဆယ်ကျော်သက်ကဲ့သို့
Chapter (26) ညီအစ္ကိုအဝတ္အထည္
Chapter (26) ညီအစ်ကိုအဝတ်အထည်
Chapter (27) ဆူညံမႈ
Chapter (27) ဆူညံမှု
Chapter (28) ခြိမ်းခြောက်မှု
Chapter (29)
Chapter (29)
Chapter (30) သိုးများရေတွက်ခြင်း
Chapter (31) ဖက်ထုပ်များရေတွက်ခြင်း
Chapter (32) ေပ်ာ္ရႊင္စရာအဝတ္အစားမ်ား
Chapter (32) ပျော်ရွှင်စရာအဝတ်အစားများ
Chapter (33) ၾကြားတာလား
Chapter (33) ကြွားတာလား
Chapter (34) ထောက်ခံချက်
Chapter (34) ထောကျခံခကျြ
Chapter (35) Touching Porcelain
Chapter (35) Touching Porcelain
Chapter (36) ထင်းထင်းတဲ့လား
Chapter (37) ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း
Chapter (38-1) နှစ်ပတ်လည် တွေ့ဆုံပွဲ
Chapter (38-2) နှစ်ပတ်လည် တွေ့ဆုံပွဲ
Chapter (39) ပြင်ဆင်ခြယ်သခြင်း
Chapter (40) ပါတီပြဲ
Chapter (40) ပါတီပွဲ
Chapter (41) သီးသန့်အမှာစာ
Chapter (42) လက်ဆောင်
Chapter (42) လက်ဆောင်
Chapter (43-1) Z+U မ်က္ဝန္းတစ္စံု /မျက်ဝန်းတစ်စုံ
Chapter (43-2) Z+U မ်က္ဝန္းတစ္စံု /မျက်ဝန်းတစ်စုံ
Chapter (44) အင္တာဗ်ဴး
Chapter (44) အင်တာဗျူး
Chapter (45) ႏွစ္သစ္ကူးပိုက္ဆံ
Chapter (45) နှစ်သစ်ကူးပိုက်ဆံ
Chapter (46) ရုပ္ရွင္
Chapter (46) ရုပ်ရှင်
Chapter (47) ဇာတ်ကောင်
Chapter (47) ဇာတ်ကောင်
Chapter (48) စောစောစီးစီး အချစ်
Chapter (49) ဘဝတစ္သက္စာ
Chapter (49) ဘဝတစ်သက်စာ
Chapter (50) အရွက္မ့ဲေသာ
Chapter (50) အရှက်မဲ့သော
Chapter (51) မျက်နှာချိုသွေးခြင်း
Chapter (52) ရန္ပြဲ
Chapter (52) ရန်ပွဲ
Chapter (53-1) နွေးထွေးသော/ နွေးထွေးသော
Chapter (53-2) နွေးထွေးသော/ နွေးထွေးသော
Chapter (54) ဝက်မွေးမြူခြင်းဆိုင်ရာ အသိပညာကြော်ငြာ
Chapter (54)
Chapter (55-1) Z+U အစီအစဥ္ရိုက္ကူးျခင္း /အစီအစဉ်ရိုက်ကူးခြင်း
Chapter (55-2) Z+U အစီအစဥ္ရိုက္ကူးျခင္း/ အစီအစဉ်ရိုက်ကူးခြင်း
Chapter (56-1) Z+U အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (56-2) Z+U အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (56-3) အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (57-1) Z+U ထုတ်လွှင့်ပြသခြင်း/ထုတ်လွှင့်ပြသခြင်း
Chapter (57-2) Z+U ထုတ်လွှင့်ပြသခြင်း / ထုတ်လွှင့်ပြသခြင်း
Chapter (57-3) Z+U ထုတ်လွှင့်ပြသခြင်း / ထုတ်လွှင့်ပြသခြင်း
Chapter (58-1) Z+U ဘေဘီလေးကိုကာကွယ်ခြင်း /ဘေဘီလေးကိုကာကွယ်ခြင်း
Chapter (58-2) Z+U ဘေဘီလေးကိုကာကွယ်ခြင်း / ဘေဘီလေးကိုကာကွယ်ခြင်း
Chapter (59-1) အစားအသောက်ဂရုစိုက်ပေးခြင်း /အစားအသောက်ဂရုစိုက်ပေးခြင်း
Chapter (59-2) Z+U အစားအသောက်ဂရုစိုက်ပေးခြင်း / အစားအသောက်ဂရုစိုက်ပေးခြင်း
Chapter (60) Z+U အမှိုက်ကောက်ခြင်း / အမှိုက်ကောက်ခြင်း
Chapter (61-1) Z+U သစ္ပင္စိုက္ပ်ိဳးျခင္း / သစ်ပင်စိုက်ပျိုးခြင်း
Chapter (61-2) Z+U သစ္ပင္စိုက္ပ်ိဳးျခင္း /သစ်ပင်စိုက်ပျိုးခြင်း
Chapter (62-1) Z+U ပိုက်ဆံချေးခြင်း / ပိုက်ဆံချေးခြင်း
Chapter (62-2) Z+U ပိုက်ဆံချေးခြင်း /ပိုက်ဆံချေးခြင်း
Chapter (63) Z+U လေရာင္/ လရောင်
Chapter (64-1) Z+U စားသောက်ကြခြင်း / စားသောကျကွခွငျး
Chapter (64-2) Z+U စားသောက်ကြခြင်း / စားသောက်ကြခြင်း
Chapter (65-1) Z+U စာအိတ္နီ / စာအိတ်နီ
Chapter (65-2) Z+U စာအိတ္နီ / စာအိတ်နီ
Chapter (66-1) Z+U သူေဌးၾကီး / သူဌေးကြီး
chapter (66-2) Z+U သူေဌးၾကီး / သူဌေးကြီး
Chapter (67-1) Z+U
Chapter (67-2)
Chapter (68) Z+U အရသာ / အရသာ
Chapter (69) Z+U အေရးအၾကီးဆံုး / အရေးအကြီးဆုံး
Chapter (70-1) Z+U ထင္းထင္းလား / ထင်းထင်းလား
Chapter (70-2) Z+U ထင္းထင္းလား / ထင်းထင်းလား
Chapter (71-1) Z+U နွေးထွေးမှု / နွေးထွေးမှု
Hello
Chapter (71-2) Z+U နွေးထွေးမှု /နွေးထွေးမှု
Chapter (71-2) Z+U နွေးထွေးမှု / နွေးထွေးမှု
Chapter (72-1) Z+U မခါးသီးပါဘူး / မခါးသီးပါဘူး
Chapter (72-2) Z+U မခါးသီးပါဘူး / မခါးသီးပါဘူး
Not update
Chapter (73-1) Z+U ဆုရျခင္း / ဆုရခြင်း
Chapter (73-2) Z+U ဆုရျခင္း/ ဆုရခြင်း
Chapter (74-1) Z+ U
Chapter(74-2) Z+U
Chapter (75-1) Z+U
Chapter (75-2)
Chapter (76-1) Z+U အင္တာဗ်ဴး / အင်တာဗျူး
Chapter (76-2) Z+U အင္တာဗ်ဴး
Chapter (77) Z+U ရေငတ်ခြင်း / ရငေတျခွငျး
Chapter (78) Z+U တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်/ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ္
Chapter (79-1) Z+U ရႈရန္ထင္း / ရှုရန်ထင်း
Not Update
Chapter (79-2) Z+U ရႈရန္ထင္း / ရှုရန်ထင်း
Chapter (80-1) Z+U အတိတ္ / အတိတ်
Chapter (80-2) Z+U အတိတ္/ အတိတ်
Chapter (81-1) Z+U မဝံ့ရဲပါ / မဝံ့ရဲပါ
Chapter (81-2) Z+U မဝံ့ရဲပါ / မဝံ့ရဲပါ
Chapter (82) Z+U မဟုတ္ဘူး /မဟုတ်ဘူး
Chapter (83-1) Z+U ပိုက္ဆံမရွာနဲ႕ / ပိုက်ဆံမရှာနဲ့
Chapter (83-2) Z+U ပိုက္ဆံမရွာနဲ႕ / ပိုက်ဆံမရှာနဲ့
Not update (တောင်းပန်လွှာ)
Chapter (84-1) Z+U ငွေရှာခြင်း / ငှရှောခွငျး
Chapter (84-2) Z+U ငွေရှာခြင်း / ငှရှောခွငျး
Chapter (85) Z+U Volunteer
Chapter (86) Z+U ယှဉ်ပြိုင်ခြင်း/ ယှဉ်ပြိုင်ခြင်း
Not Update
Chapter (87) Z+U မိုက္မဲမႈ / မိုက်မဲမှု
Chapter (88-1) Z+U အချစ်များရေတွက်ခြင်း / အချစ်များရေတွက်ခြင်း
Chapter (88-2) Z+U
Chapter (89-1) Z+U အရမ္းမိုက္တယ္/ အရမ်းမိုက်တယ်
Chapter (89-2) Z+U အရမ္းမိုက္တယ္/ အရမ်းမိုက်တယ်
Chapter (90) Z+U
Chapter (91-1)
Chapter (91-2)
တောင်းပန်လွှာ
Chapter (92-1)
Chapter (15) Z+U လူလိမ်/ လူလိမျ
5.1K 905 17
By yinyinhtun9699
Zawgyi
လူလိမ်
"မေ့နေတာပဲ။ ငါဒီည ကြည့်ရမှာကို။"
သူငယ်ချင်းအုပ်စုသည် သူမအား အခါအားလျော်စွာ မက်ဆေ့ခ်ျများ ပေးပို့ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အလှတရားရှေ့တွင် ညီအစ်မသံယောဇဉ်အားလုံး အမှိုက်အဖြစ်သို့ ပြောင်းလဲသွားသည်။
"အိမ်ပြန်ကြရအောင်။ "
လီကျောင်း "......"
#5422words
#2.9.21
Unicode
လူလိမ်
"ဘာဖြစ်လို့လဲ" လီကျောင်းက ရန်ထင်းသည် ပုစွန်ကင်လည်းမယူ စကားလည်းမပြောဘဲ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရ၏ ။ လီကျောင်းက သူ့မျက်နှာကို ယုံကြည်ချက်မရှိစွာ ထိလိုက်ပြီး "ငါ့မျက်နှာမှာ ထူးဆန်းတဲ့အရာတစ်ခုခု ရှိနေလား။" ဟုမေးလိုက်သည်။
"ဟုတ်တယ်။" ရန်ထင်းက ပုစွန်ကင်ကို ယူကာ အဝေးကို ကြည့်လိုက်သည်။
"ဘာများလဲ" လီကျောင်းသည် သူ့မျက်နှာကိုထိလိုက်ပြီး ဖုန်းကို ထုတ်ကာ ကြည့်လိုက်သော်လည်း ဘာမှမတွေ့ခဲ့ပါ ။
"ထင်းထင်း ၊ မင်းမှာ ဒီလောက်မျက်ခုံးထူထူနဲ့ မျက်လုံးကြီးကြီးတွေ ရှိနေမယ်လို့ ငါမထင်ခဲ့မိဘူး။ မင်းက ဒီပုံစံနဲ့ လူတွေကို လှည့်စားနိုင်လိမ့်မယ်။"
ရန်ထင်းက ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မပြောဘဲ ပုစွန်ကိုစားလိုက်သည်။
"အဲ့ဒီမှာ မင်းရဲ့အလှရှိတယ်။" ကျန်းရှောင်ယွမ်သည် လီကျောင်း၏နဖူးကိုရိုက်ပြီး အရက်တစ်ခွက် သောက်လိုက်သည်။
"မစ္စတာရန်၊ ဒါကငါတို့ ပထမဆုံးတွေ့ဆုံတာပါ ။ ကျောင်းကျောင်းက ဒီကိုမလာခင် မင်းကိုအရက်မတိုက်ရဘူးဆိုပြီး ငါ့ကို သတိပေးထားတယ်။ အဲ့ဒါကြောင့် ဝိုင်အစား လက်ဖက်ရည် ပေးမယ် ။ ဒီကလေးက ဖြောင့်မတ်ပြီး ရိုးရှင်းတဲ့စိတ်ဓါတ်ရှိတယ် ။အကယ်၍ အနာဂတ်မှာ သူက မင်းကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိရင် ကျေးဇူးပြုပြီး သည်းခံပေးပါ။"
ရန်ထင်းသည် ယွမ်အနည်းငယ်သာ ကျသင့်သော ဆေးဖက်ဝင်လက်ဖက်ရည်ခွက်ကို ကိုင်ကာ ကျန်းရှောင်ယွမ်၏ခွက်နှင့် တိုက်ပြီး ဖြေလိုက်သည်။ "လီကျောင်းက အရမ်းကောင်းပါတယ်။"
ကျန်းရှောင်ယွမ်က ရယ်မောကာ "ငါက သူ့အေးဂျင့်ဆိုပေမဲ့ သူ့ကို ငါ့ရဲ့ညီလေးတစ်ယောက်လို ဆက်ဆံခဲ့တယ်။ ကံမကောင်းစွာနဲ့ သူက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျော်ကြားမှုတစ်ခုမှ မရခဲ့ဘူး။ အနာဂတ်မှာ မင်းတစ်ခုခု လိုအပ်ရင် ငါ့ကိုပြောပါ၊ ငါ တတ်နိုင်သလောက် ကူညီပါ့မယ်။ "
"ကျေးဇူးတင်ပါတယ်။" ဆေးဖက်ဝင်လက်ဖက်ရည်သည် အနည်းငယ်ချိုမြမြအရသာရှိပြီး ရန်ထင်းက ညင်သာစွာ သောက်လိုက်သည်။
"ငါတို့ပဲရှိတာမို့လို့ ယဉ်ကျေးနေစရာ မလိုပါဘူး။ " ကျန်းရှောင်ယွမ်က သူ၏လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လက်အချင်းချင်း ပွတ်လိုက်၏ ။ "ဒါဆိုငါတို့ ...စကြရအောင်။"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် ရန်ထင်း ၏ဆံပင်တို့ လှုပ်ရှားသွား၏။ ထိုသို့ဖြစ်ရခြင်းမှာ လီကျောင်းက လက်ဆန့်ထုတ်လိုက်သောအခါ ထွက်ပေါ်လာသည့် လေညင်းကြောင့် ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း စားပွဲပေါ်ရှိ ပုစွန်ကင်နှင့် သိုးသားကင်တို့သည် လီကျောင်းလက်ထဲသို့ ပျံဝဲရောက်ရှိနေပြီ ဖြစ်၏ ။ လီကျောင်းသည် ဘယ်လက်၌ ပုစွန်ကိုကိုင်ထားပြီး ညာလက်၌ သိုးသားကင်ကို ကိုင်ကာ လက်ဗလာဖြစ်နေသော ကျန်းရှောင်ယွမ်ကို ဂုဏ်ယူဝံ့ကြွားစွာ ကြည့်လိုက်သည်။ "အစ်ကို ဒီလို လုပ်မယ်ဆိုတာ သေချာသိလို့ အဆင်သင့်ပြင်ထားတာ"
"ရန်ထင်း... လာလေ" လီကျောင်းသည် သူ၏အကင်တုတ်များကို ရန်ထင်းရှေ့ရှိ တစ်ခါသုံးဖော့ဘူးတစ်ခုထဲသို့ ထည့်လိုက်သည်။
"ငါတို့နှစ်ယောက်လုံး ဖြည်းဖြည်းချင်း စားကြမယ်။"
"ငါက မင်းရဲ့အချစ်ဆုံးအစ်ကို မဟုတ်တော့ဘူးလား။" သနားစရာကောင်းသည့် ကျန်းရှောင်ယွမ်သည် နောက်ဆုံးကျန်သည့် အာလူးကြော်ပန်းကန်ကိုသာ ရလိုက်ပြီး ဆိုင်ရှင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ "ဆိုင်ရှင်ရေ ၊ နောက်ထပ်သိုးသားနှစ်ချောင်းနှင့် ဝက်သားနှစ်ချောင်းပေးပါ။"
"ကောင်းပြီ" ချမ်းအေးသောဆောင်းရာသီတွင် ဆိုင်ရှင်သည် အလုပ်များနေသဖြင့် ချွေးစေးများ ထွက်နေ၏ ။ သူက လီကျောင်းဘက်သို့ လှည့်ကာ သူတို့ကို ပြုံးပြလိုက်ပြီး ပါဝင်ပစ္စည်းများကို ကျွမ်းကျင်စွာ ကင်လိုက်သည်။
ထို့နောက် လီကျောင်းက "နောက်ထပ်ပုစွန်ဆယ်ချောင်း ၊ အီနိုကီမှိုဆယ်ချောင်းနဲ့ ပုစွန်အစပ်တစ်ချောင်း" ဟုမှာကာ ရန်ထင်းအား "မင်းဘာစားချင်သေးလဲ" ဟု တိုးတိုးလေးမေးလိုက်သည်။
ရန်ထင်းက ခေတ္တမျှ တိတ်ဆိတ်သွား၏ ။ "မင်းပဲ မှာတဲ့တာဝန်ယူလိုက်ပါ။ "
"ဒါဆိုနောက်ထပ်ဝက်သားဆယ်ချောင်း မှာရအောင်။" လီကျောင်းသည် ရန်ထင်းပန်းကန်သို့ လက်လှမ်းနေသော ကျန်းရှောင်ယွမ်၏လက်ကို ရိုက်လိုက်သည်။ " ငါမင်းကို ပြောပြမယ်၊ သူဌေးရဲ့ဝက်သားကင်က မပါမဖြစ်ပဲ ။ အဲ့ဒါက အဆီလုံးဝမပါဘဲ မွှေးကြိုင်နေတာ။"
လူစည်ကားသောဆိုင်ထဲတွင် ညစာစားသူများသည် ကျယ်လောင်စွာ ပြောဆိုနေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် နှောင့်ယှက်ခြင်းမရှိဘဲ စည်းချက်ညီစွာ သဟဇာတဖြစ်နေသည်။ ပါဆယ်သွားပို့သည့်ဆိုင်ရှင် ပြန်လာသည့်အခါ သူမသည် ရီမုကို ဗီရိုထဲမှထုတ်ပြီး TVကိုဖွင့်ကာ ခင်ပွန်းကို ကူညီရန် အလျင်အမြန် လှည့်လာ၏ ။
TVသည် အိုဟောင်းနေပြီ ဖြစ်သည်။ ၎င်းသည် ကြည်လင်ပြတ်သားသည့်ရုပ်ပုံများ ထွက်ပေါ်မလာခင်အထိ တဂျစ်ဂျစ်မြည်နေ၏ ။TVတွင် ရှန်းကော်ရုပ်သံလိုင်းကို ပြသနေသည်။ လီကျောင်းက အချိန်ကိုတွက်လိုက်သည့်အခါ သူရိုက်ကူးခဲ့သည့်အစီအစဉ်ကို ယခုညတွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိလိုက်သည်။
"မေ့နေတာပဲ။ ငါဒီည ကြည့်ရမှာကို။"
ကျန်းရှောင်ယွမ်သည် လီကျောင်းသတိမထားမိသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရန်ထင်းပန်းကန်ထဲမှ အမဲကင်နှစ်ချောင်း ခိုးယူလိုက်ပြီး ဖြည်းဖြည်းချင်း စားနေခဲ့သည်။
"ဒီညရဲ့ဘာဘီကျူးက မင်း ပထမဆုံးအကြိမ် နာမည်ကြီး TVအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ကျင်းပပေးတာ ဖြစ်ပါတယ်။"
လီကျောင်း : "ဘယ်လိုပဲဖြစ်ဖြစ် ဒီညငါ ပိုက်ဆံရှင်းပေးမယ်"
"ဘယ်သူက ငွေရှင်းလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက နှလုံးသားပဲ။"
ကျန်းရှောင်ယွမ်သည် သူ၏လက်ကောက်ဝတ်ကို မြှောက်ပြီး အချိန်ကို ကြည့်လိုက်သည်။ "ဒီအစီအစဉ်က နှစ်မိနစ်အတွင်းမှာ စပြလိမ့်မယ်။"
ကျန်းရှောင်ယွမ်၏စကားကို ကြားရသောအခါရန်ထင်းသည် သူ့လက်ထဲရှိ အစားအစာများကိုချလိုက်ပြီး နံရံတွင် ချိတ်ဆွဲထားသော TV အဟောင်းကို ကြည့်လိုက်သည်။ ဆူညံနေသည့်ဆိုင်ထဲတွင် သူတို့သုံးဦးမှလွဲ၍ TV ၌ပြသနေသည့် အကြောင်းအရာများကို မည်သူမှ စိတ်မဝင်စားခဲ့ပေ။
အစီအစဉ်ရိုက်ကူးရန် သုံးလေးနာရီခန့် အချိန်ယူရသော်လည်း ပြသရန် မိနစ်ဒါဇင်အနည်းငယ်သာ ကြာခဲ့သည်။ လီကျောင်းက မတူညီသည့်ခံစားချက်ကို ခံစားခဲ့ရသော်လည်း တည်းဖြတ်မှု အလွန်ကောင်းကြောင်း မြင်ရ၏ ။ ဖိုင့်ရှောင်း ဖျော်ဖြေနေစဉ်အတောအတွင်း အစီအစဉ်အဖွဲ့သည် လှုပ်ရှားနေသောပရိသတ်များ၏နီရဲနေသည့်မျက်လုံးများကို အကြိမ်ပေါင်းများစွာ ပြသခဲ့သည်။ အစီအစဉ်အဖွဲ့သည် သရုပ်ဆောင်စွမ်းရည်ရှိသော ပရိသတ်များကို ငွေသုံးကာ ဖိတ်ခေါ်ခဲ့မည်ဟု သူက တိတ်တဆိတ် တွေးလိုက်မိ၏ ။
အစီအစဉ်သည် မိနစ်ဒါဇင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အစီအစဉ်ထက် ပိုမိုရှည်လျားသော ကြော်ငြာများ ပါဝင်သည်။ လူသုံးယောက်သည် အိမ်ပြန်ရန် အလျင်မလိုပေ။ သူတို့က TV ကြည့်ရင်း တစ်ချိန်တည်းမှာပင် အသားကင်စားခဲ့ကြသည်။ ဂိမ်းအပိုင်းကို ဦးစွာ ရိုက်ကူးခဲ့သော်လည်း ၎င်းကို စွမ်းရည်ပြပွဲ၏နောက်တွင် ထားခဲ့၏ ။ အစီအစဉ်ထဲတွင် လီကျောင်းသည် အလျားလိုက်ဘားတန်းသို့ ရောက်ရန် သုံးကြိမ်ခုန်ကာ အကြိမ်နှစ်ဆယ် ဘားတန်းခိုခဲ့ပြီး အရုပ်ဘောလုံးကို ပထမဆုံး ဖမ်းယူနိုင်ခဲ့သည်။
တီဗီထဲမှ အော်ဟစ်သံများက ကျန်းရှောင်ယွမ်အတွက် ထိုပြကွက်၏ စိတ်လှုပ်ရှားမှုကို မှန်းဆနိုင်ရန် လုံလောက်ပေသည်။ သူသည် လီကျောင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏ ။သည်ကောင်လေးသည် အသက်နှစ်ဆယ်ရှိပြီဖြစ်ပြီး သူ၏ဆွဲဆောင်မှုများကို ထုတ်ဖော်ပြသခဲ့သည် ။သူသည် နှစ်အနည်းငယ်အတွင်း သူ၏အအောင်မြင်ဆုံးအချိန်သို့ ရောက်သည်နှင့် သူ့အား မိန်းကလေးဘယ်လောက်များများ စွဲလမ်းသွားမည်ကို မသိနိုင်ပေ။
"ပန်းပွင့်လေးလိုလှတဲ့ မျက်နှာလေးကို ငါ့ကို ကြည့်ခွင့်ပေးပါဦး။ နောက်ကျရင် ဘယ်မိန်းကလေးကများ ဒါကို ပိုင်ဆိုင်ခွင့်ရမလဲ။" ကျန်းရှောင်ယွမ်သည် သည် လီကျောင်းနှင့် ခွက်ချင်းတိုက်လိုက်ပြီး "လာပါ၊ လီကျောင်းရဲ့အနာဂတ်ရည်းစားအတွက် ဂုဏ်ပြုလိုက်ရအောင်။" ဟု ပြောလိုက်သည်။
ရန်ထင်းသည် ဆေးဖက်ဝင်လက်ဖက်ရည်ခွက်ကို လက်လှမ်းလိုက်သော်လည်း ခွက်ချင်းတိုက်ရာတွင် မပါဝင်ခဲ့ပါ။ သူ့မျက်လုံးများကတီဗွီဖန်သားပြင်သို့ ကြည့်နေခဲ့၏ ။အဖြူရောင်ရှပ်အင်္ကျ ီ ဝတ်ဆင်ထားသည့်လူငယ်လေးက ကင်မရာရှေ့တွင် ပျော်ရွှင်စွာ ပြုံးနေပြီး သူသည် နွေးထွေးမှုကို အလိုအလျောက် ပေးစွမ်းသော နေရောင်ခြည်လေးနှင့်တူသည်။
တောက်ပတယ် ၊ အရမ်းတောက်ပတယ်။
ရှန်းရှန်းသည် ဤအစီအစဉ်၏ သစ္စာရှိပရိသတ်တစ်ဦး ဖြစ်၏ ။ စနေနေ့တိုင်း သူမသည် ဆိုဖာပေါ်တွင်ထိုင်ကာ သရေစာစားရင်း အစီအစဉ် ကြည့်လေ့ရှိသည်။ ဤသည်မှာ အပတ်တိုင်း သူမ၏စိတ်အပန်းဖြေသည့် မရှိမဖြစ်နည်းလမ်းဖြစ်၏ ။ သူမသည် အစီအစဉ်အဖွဲ့က ဧည့်သည့်များကို ရုတ်တရက်ပြောင်းလိုက်သဖြင့် စိတ်ပျက်သွားသော်လည်း တီဗီကိုဖွင့်ကာ သရေစာစားရင်း အစီအစဉ်ကို ကြည့်ရှုနေခဲ့သည်။
ထို့နောက်တွင်မူ TVဖန်သားပြင်၌ ဧည်သည့်တစ်ဦး၏မျက်နှာပေါ်လာပြီးနောက် သူမ၏စိတ်ပျက်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ကြော်ငြာမဝင်ခင်အထိ TVကို အကြာကြီး ငေးကြည့်နေခဲ့သည် ။ ပြီးနောက် သူမသည် စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကိုထုတ်ကာ ဤချောမောသောကောင်လေးအကြောင်း သူငယ်ချင်းများအား မျှဝေရန် chat group ကိုဖွင့်လိုက်သည်။
ရှန်းရှန်း : အစ်မတို့၊ ချောမောတဲ့လူတစ်ယောက်ကို လာကြည့်ကြပါ။ ရှန်းကော် TVလိုင်းကို ပြောင်းလိုက်ရင် အဲ့ဒီမှာ အံ့သြစရာတစ်ခု တွေ့ရလိမ့်မယ်။
ဘင်းဘင်း : မင်းကြိုက်တဲ့အဖွဲ့က ရိုက်ကူးရေး ပယ်ဖျက်လိုက်တယ်လို့ မပြောခဲ့ဘူးလား။မနေ့တစ်နေ့ကပဲ ဒီအပိုင်းက စိတ်ဝင်စားစရာမကောင်းဘူးလို့ ညည်းညူနေသေးတာလေ။ ဒီနေ့ ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ။
ရှန်းရှန်း : လူသားတွေရဲ့အနှစ်သာရက တကယ်ကို မွှေးပျံ့တယ်။ အစ်မတို့၊ ငါဒီသတင်းကိုပြောပြပြီးပြီနော် ။ သူက နောက်ပိုင်း တကယ် သတင်းမွှေးလာတဲ့အခါ မင်းတို့ကို သတင်းမပို့ဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့။
ထို မက်ဆေ့ချ်ကို စာပြန်ပြီးနောက် ရှန်းရှန်းသည် သူငယ်ချင်းများအား ဂရုစိုက်ရန် အချိန်မရှိပါ။ သူမသည် ကြော်ငြာဝင်ခြင်းကို အခွင့်ကောင်းယူပြီး Weiboတွင် အစီအစဉ်အကြောင်း ပိုစ့်တင်ခဲ့သည်။
ရှန်းရှန်း : ဒီပိုစ့်ကို တွေ့တဲ့သူတွေ ထောက်ထားညှာတာသောအားဖြင့် "မင်းနဲ့ အလုပ်အကိုင်ချင်းတူတဲ့ လူတစ်ယောက် တည်ရှိနေပါတယ်''အစီအစဉ်ရဲ့ ဒီညအပိုင်းမှာပါတဲ့ အဖြူရောင် ရှပ်အင်္ကျ ီနဲ့ လူချောလေးက ဘယ်သူလဲဆိုတာ ငါ့ကိုပြောပြပေးကြပါ။ ဘယ်သူ့အပြုံးက ငါ့နှလုံးသားလေးကို ထုံကျင်အောင် လုပ်ခဲ့တာလဲ။ ညီအစ်မချင်း ဒူးထောက်ပြီး တောင်းဆိုပါတယ်။
ရှန်းရှန်းသည် ဤအစီအစဉ်၏ တက်ကြွသည့်ပရိသတ်တစ်ဦးဖြစ်၍ သူမပိုစ့်တွင် ချက်ချင်းပင် မှတ်ချက်များ ရောက်လာခဲ့သည်။။
ပဲအရသာပေါင်မုန့်ပေါ်ကဆား : အစ်မရေ ၊ ဒါကငါ့ရဲ့ စုဆောင်းမှုအသစ်လေးပါ။ သူက တက်သစ်စသရုပ်ဆောင်တစ်ယောက်ပါ။ သူ့နာမည်က လီကျောင်း ဖြစ်ပြီး Green Pepper Video ကနေ ထုတ်လွှင့်တဲ့ ဒရမ်မာတစ်ခုမှာ မကြာသေးခင်က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အစ်မ စိတ်ဝင်စားရင် အဲဒါကို ရှာကြည့်နိုင်ပါတယ်။
ရှန်းရှန်းသည် နွေးထွေးသောနှလုံးသားရှိသည့် အင်တာနက်အသုံးပြုသူကို ကျေးဇူးတင်ခဲ့သည်။ ကြော်ငြာဝင်ချိန် ကုန်သွားကြောင်းကို သူမ မြင်လိုက်သည်နှင့် ဖုန်းကို မြန်မြန်ချထားလိုက်၏ ။ သူမက ထိုကောင်ငယ်လေး၏ပုံရိပ်ကို လွတ်သွားမှာစိုးရိမ်သဖြင့် TVကို အသေအချာ စိုက်ကြည့်နေခဲ့သည်။
သူငယ်ချင်းအုပ်စုသည် သူမအား အခါအားလျော်စွာ မက်ဆေ့ချ်များ ပေးပို့ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အလှတရားရှေ့တွင် ညီအစ်မသံယောဇဉ်အားလုံး အမှိုက်အဖြစ်သို့ ပြောင်းလဲသွားသည်။
လီကျောင်းသည် အကြိမ်နှစ်ဆယ် ဘားတန်းခိုခြင်းကို လွယ်ကူစွာ ပြုလုပ်နေသည်မှာ အလွန်ခန့်ညားလှသည်။ လီကျောင်းက ဖိုင့်ရှောင်းနှင့် ကျေးလက်တေးသွားတစ်ခု တီးမှုတ်ပြသောအခါ ၎င်းကို ပါရမီရှိခြင်းနှင့် စိတ်နေစိတ်ထားကောင်းခြင်းဟု အမည်တပ်ကြပြန်သည်။ နောက်အပိုင်းတစ်ခုတွင် အခြားဧည့်သည်များက နာမည်ကြီးအိတ်များ သို့မဟုတ် ကိုယ်ပိုင်လေယာဉ်များ ပိုင်ဆိုင်ကြသော သူတို့၏ချမ်းသာသည့်သူငယ်ချင်းများအကြောင်း ပြောပြခဲ့သော်လည်း လီကျောင်းအလှည့်ရောက်သောအခါ သူသည် ဖြိုဖျက်ပြီးနေရာပြောင်းရွှေ့ရသော အိမ်ပိုင်ရှင် သူငယ်ချင်းတစ်ဦးအကြောင်းကိုသာ ပြောပြခဲ့သည်။
ရဟတ်ယာဉ်များ၊ ဇိမ်ခံအိမ်ရာများနှင့် အပျော်စီးသင်္ဘောများသည် သာမန်လူထုနှင့် အလွန်ဝေးကွာသော်လည်း နေရာပြောင်းရွှေ့ခြင်း ဟူသောစကားလုံးသည် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့၏။ ယနေ့ခေတ်လူငယ်များသည် သူတို့၏ကိုယ်ပိုင်ခွန်အားဖြင့် တိုက်ခန်းတစ်ခန်းကို မဝယ်ယူနိုင်ပါ။ သူတို့က သူတို့နှင့်သက်ဆိုင်သည့် အိမ်တစ်လုံးပိုင်ဆိုင်နိုင်ရန် အိပ်မက်ရှိကြသည်။
ထို့ကြောင့် လီကျောင်း၏သူငယ်ချင်းတွင် အဆောက်အဦနှစ်ခုရှိသည်ဟု ကြားရသောအခါသူတို့က အမှန်ပင် မနာလိုဖြစ်ခဲ့ရသည်။ ချမ်းသာခြင်းကအရေးမကြီးပါ ။ အရေးကြီးသည်က လီကျောင်း၏သူငယ်ချင်းကို သူတို့က အသိအမှတ်ပြုမိခြင်း ဖြစ်သည်။ ထိုသို့သော သူငယ်ချင်းမျိုးကို မည်သည့်နေရာတွင် ရှာ၍ရနိုင်မည်နည်း။
မနာလိုဖြစ်နေသောပရိသတ်က ကြည့်ရှုနေစဉ် TV ထက်ရှိ လီကျောင်းသည် သူ့သူငယ်ချင်းအကြောင်း ပြောပြနေဆဲဖြစ်၏ ။ "ကျွန်တော့် သူငယ်ချင်းက အရမ်းကောင်းတယ်။ ကျွန်တော်က အိမ်တစ်လုံးဝယ်ဖို့ မတတ်နိုင်တာကိုသိပြီး သူ့အိမ်မှာ လာနေချင်လားလို့ မေးခဲ့တယ်။ "
"ဒါဆို မင်းသွားခဲ့သေးလား။" အစီအစဉ်တင်ဆက်သူသည် ဤကိစ္စကို အရမ်းသိချင်နေပုံရသည်။
"ဟင့်အင်း" လီကျောင်းက ပြုံးပြီးခေါင်းခါလိုက်သည်။ "သူက အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ့အေပေါ် အခွင့်ကောင်းယူနိုင်မှာလဲ။"
ဤစကားကို ကြားရသောအခါ ရှန်းရှန်းသည် အလွန် စိတ်လှုပ်ရှားသွား၏ ။ ခင်မင်ရင်းနှီးမှုကို ပိုတန်ဖိုးထားလေလေ လူတစ်ဦးက ၎င်းကိုဖျက်ဆီးရန် တွန့်ဆုတ်လေလေ ဖြစ်သည်။ လီကျောင်းသည် ဤသူငယ်ချင်းဆက်ဆံရေးကို အလွန်အလေးထားကြောင်း တွေ့မြင်နိုင်ပေသည်။
သူမသည် ဖုန်းကို ဂရုတစိုက် ကောက်ကိုင်ပြီး chat group ကို ဖွင့်လိုက်သည်။ သူမ၏ ညီအစ်မအားလုံးသည် သူတို့၏ကျောင်းကျောင်းက မည်မျှနွေးထွေးကြောင်း ပြောဆိုရင်း အရူးအမူးဖြစ်နေသည်ကို တွေ့လိုက်ရပြီးနောက် သူမက chat group ကို အမူအရာကင်းမဲ့စွာဖြင့် ပိတ်လိုက်သည်။
သူမက စိတ်ပူသွားသည်။ ထိုအုပ်စုသည် ချောမောသည့်လူတစ်ယောက်ကို အမှန်တကယ် လက်လွှတ်မည် မဟုတ်ချေ။
အကင်ဆိုင်ထဲတွင် ကျန်းရှောင်ယွမ်သည် ထိုအကြောင်းအရာကို သံသယမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ "ကျောင်းကျောင်း ၊ မင်းမှာအဆောက်အဦနှစ်ခုပိုင်တဲ့ သူငယ်ချင်းတစ်ယောက် တကယ်ရှိတာလား။ " သူက လီကျောင်း၏သူငယ်ချင်းတစ်ယောက်မှ မချမ်းသာကြောင်း သိရှိပေသည်။
"ရှိတာပေါ့။" လီကျောင်းက ရန်ထင်း၏ပုခုံးပေါ် လက်တစ်ဖက်တင်လိုက်ပြီး မေးစေ့ကို ဂုဏ်ယူဝံ့ကြွားစွာ မော့လိုက်သည်။ "ဒီမှာလေ"
ကျနိးရှောင်ယွမ်က ငေးကြည့်နေပြီး "မစ္စတာ ရန် ၊ မင်းမှာတကယ်ပဲ အဆောက်အဦနှစ်ခုရှိတာလား။" ဟု မေးလိုက်သည်။
ရန်ထင်းက အနည်းငယ် ခေါင်းညိတ်ပြပြီး "ဟုတ်တယ်။" ဟုဖြေလိုက်၏။
ရန်ထင်း ခေါင်းညိတ်လိုက်သောအခါ ကျန်းရှောင်ယွမ်၏မျက်လုံးထဲတွင် သူသည် လူသားတစ်ယောက် မဟုတ်တော့ပါ။ ထိုအစား သူက ဆွဲဆောင်မှုရှိပြီး တောက်ပသည့် ရွှေရောင်ရတနာကြီး ဖြစ်သွားသည်။
"ဗိုက်ပြည့်သွားပြီ။" လီကျောင်းက သူ့ဗိုက်ကိုပွတ်လိုက်ပြီး ဦးထုပ်ကို ဆွဲချလိုက်သည်။
"အိမ်ပြန်ကြရအောင်။ "
ကျန်းရှောင်ယွမ်၏အာရုံများ ပြန်မရသေးပေ။သူ့တွင် တစ်ခုခုလုပ်စရာရှိသေးကြောင်း မပြောရသေးမီ သူသည် လီကျောင်းနှင့်ရန်ထင်းနောက်သို့လိုက်သွားပြီး သူတို့ရှေ့သို့ အနက်ရောင်ကားတစ်စီးရပ်လာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ "ကျောင်းကျောင်း ၊ ငါ ဒီည မိဘအိမ်ကို ပြန်သွားရမှာမို့လို့ မင်းနဲ့အတူမလိုက်နိုင်တော့ဘူး။ "
"အိုကေ။" လီကျောင်းက ခေါင်းညိတ်လိုက်သည်။ "အစ်ကို လမ်းမှာ ဂရုစိုက်ပါ။ "
"ငါမင်းအိမ်ကိုလိုက်ပို့ပေးမယ်။" ရန်ထင်း၏ပါးများသည် ညအခါတွင် ဖြူဖျော့နေပြီး အထူးသဖြင့် သူနှင့် အကွာအဝေးတစ်ခု ခြားနားနေသယောင် ခံစားရစေသည်။
ကျန်းရှောင်ယွမ်က ထိတ်လန့်သွားပြီး "မဟုတ်ဘူး၊ ငါ့မိဘအိမ်က အဝေးကြီးမှာမဟုတ်ဘူး။" ဟု ပြန်ဖြေကာ သူ၏လျှပ်စစ်စကူတာလေးကိုစီးပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာ မောင်းထွက်သွားသည်။
လီကျောင်းသည် ကားကို သူ၏အငှားအိမ်သို့ ပြန်ယူလာခဲ့၏။ သူသည် လှေကားပေါ်တက်လာသည့်အခါ တံခါးနားမှ အမှောင်ရိပ်တစ်ခုက သူ့ဆီ ပြေးလာခဲ့သည်။ သူက သတိလက်လွတ်ဖြင့် ခြေထောက်များကို ဆန့်ထုတ်ကာ ထိုအရိပ်ကို ကန်လိုက်၏ ။ အမှောင်ရိပ်သည် နံရံနှင့် တိုက်မိပြီး သနားစရာငိုကြွေးသံတစ်ခု ထွက်ပေါ်လာသည်။
" မလှုပ်နဲ့၊ မဟုတ်ရင် ငါရဲကို ဖုန်းခေါ်လိုက်မယ်။" လီကျောင်းသည် အရိပ်အား သတိနှင့်ကြည့်လိုက်သည်။
"ဆ-ဆရာ လီကျောင်း ၊ ငါက စတော်ဘယ်ရီအင်တာတိန်းမန့်ဥက္ကဌရဲ့ လက်ထောက် ချောင်ကျားပါ။" လက်ထောက်သည် လီကျောင်း၏အငှားအိမ် တံခါးနားတွင် စောင့်နေခဲ့သည်။ သူစကားမပြောရသေးခင် သူ့ကိုကန်လိုက်သည့် လူတစ်ယောက်ကို စောင့်ဆိုင်းရသည်မှာ မလွယ်ကူလှချေ။
လီကျောင်းက အိုင်ဒေါသရုပ်ဆောင်တစ်ယောက်မဟုတ်လား။ သူကလူတွေကို ကွန်ဖူးဒရမ်မာထဲကလို ဘယ်လိုလုပ် ကန်နိုင်တာလဲ။လက်ထောက်က အကန်ခံလိုက်ရသည့် နာကျင်နေသောနေရာကို ပွတ်လိုက်ပြီး မီးမထွန်းထားသည့် စင်္ကြံတစ်လျှောက်ကို ကြည့်ရှုလိုက်သည်။ "ငါမင်းရဲ့အေးဂျင့်ကို အရင်ဆက်သွယ်ခဲ့ပေမဲ့ စကားပြောတဲ့နေရာမှာ နားလည်မှုလွဲသွားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် မစ္စတာစွန်းက ငါ့ကိုအသေးစိတ်အကြောင်းအရာတွေ ဆွေးနွေးဖို့ ဒီကိုလာခိုင်းလိုက်တာပါ ။ "
လီကျောင်း "......"
အခုဆိုရင် လူလိမ်တွေက အွန်လိုင်းမှာ မဟုတ်ဘဲ အပြင်မှာပါ လိုက်လိမ်နေပြီလား။
စာရေးသူမှာ ပြောစရာရှိတယ်။
လီကျောင်း : ဒီကလေးလေးက သုံးနှစ်လောက်ပဲရှိပြီး လိမ်ဖို့လွယ်တယ်လို့ မင်းထင်နေတာလား။
#5422words
#2.9.21
Continue Reading
You'll Also Like
60.4K 11.4K 59
Original Author - 望三山 Original Publisher - jjwxc Chapter - 224 Chapters and 13 extras Genre - Yaoi Horror Supernatural Romance Drama This story is n...
421K 16K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
280K 14.4K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...