Zawgyi
ကေလးမ်ားအတြက္ အစာေၾကေဆးျပား
က်န္းေရွာင္ယြမ္သည္ ထိုပို႔စ္အား Weibo တြင္ တင္ခ့ဲေသာ္လည္း မည္သည့္ဂရုစိုက္မႈကိုမ်ွ မဆြဲေဆာင္နိုင္ခ့ဲေပ။ တစ္ဖက္တြင္မူ သတင္းေထာက္မ်ားက လီေက်ာင္းကို အင္တာဗ်ဴးခ့ဲသည့္ဗီဒီယိုဖိုင္သည္ အင္တာနက္ေပၚတြင္ ေက်ာ္ၾကားလာသည္။
အထူးသျဖင့္ စိတ္ရႈပ္ေထြးသည့္အသံျဖင့္ ေျဖဆိုေနေသာ လီေက်ာင္း၏ မွင္တက္ေနသည့္အမူအရာသည္ အင္တာနက္ အသံုးျပဳသူအခ်ိဳ႔၏မိခင္စိတ္ကို ေပါက္ကြဲထြက္ေစခဲ့သည္။ သူတို႔က သူ႕မ်က္ႏွာကို ထိခ်င္စိတ္ျဖင့္ ယားယံလာၾကသည္။ လက္ျမန္သည့္အင္တာနက္အသုံးျပဳသူမ်ားသည္ ဗီဒီယိုထဲမွ ထိုအျပဴအမူမ်ားကို ဓါတ္ပံုစီးရီးအျဖစ္ ရိုက္ယူခ့ဲၾကသည္။
ဥပမာေျပာရလ်ွင္ (ေက်ာင္းေက်ာင္းက လိမၼာတ့ဲေဘဘီေလးပါ ေက်ာင္းေက်ာင္း ဘာမွမသိဘူး) (ေက်ာင္းေက်ာင္း အံ့ၾသေနပံု) (ငါ့ကိုမလိမ္ပါနဲ႕) (ကြ်န္ေတာ္က ခုထိကေလးပဲ ရွိေသးတယ္) ( ေက်ာင္းေက်ာင္းငုံ႕ၾကည့္ေနပံု) စသျဖင့္ အင္တာနက္ေပၚတြင္ လ်င္ျမန္စြာပ်ံ့ႏွံ႕သြားသည္။
[ဓါတ္ပံုစီးရီးဆိုတာက Videoထဲက ေက်ာင္းေက်ာင္းရဲ႕အမူအရာေတြအကုန္လံုးကို screenshotယူထားျပီး comment တို႕ chat boxတို႕မွာ emojiအျဖစ္ meme အျဖစ္သံုးတာမ်ိဳးပါ ]
ထို႐ုပ္ေျပာင္ပံုမ်ားကို အသံုးျပဳေသာ္လည္း လီေက်ာင္းနာမည္ကို မသိေသာလူမ်ားကပင္ လီေက်ာင္းသည္ အျခားနည္းလမ္းေပါင္းစံုျဖင့္ သူ႕ေက်ာ္ၾကားမႈက တိတ္တဆိတ္ ျမင့္တက္လာခ့ဲေၾကာင္း တီးတိုးေျပာဆိုေနၾက၏ ။
ထိုအင္တာဗ်ဴး ထြက္ေပၚလာျပီးေနာက္ စုန္႔ယီြ၏ ပရိသတ္မ်ားသည္ လီေက်ာင္း၏ရုပ္ရည္ကို ခ်ီးမြမ္းရာမွ သူ၏ကိုယ္က်င့္တရားေကာင္းမြန္မႈကို အရူးအမူး ခ်ီးမြမ္းစျပဳလာၾက၏ ။ထိုလူနွစ္ဦးသည္ ညီအစ္ကိုေကာင္းမ်ားျဖစ္ရမည္ ဟူေသာအဆိုကိုပင္ သေဘာတူေၾကာင္းေျပာဆိုလာၾကသည္။
ေရွာင္ယီြကိုခ်စ္တယ္ : နာမည္ၾကီးခ်င္ေနတ့ဲ အခ်ိဳ႕အခ်ိဳ႕ေသာလူေတြနဲ႔မတူဘဲ ေရွာင္ယီြေလးက တကယ့္သူငယ္ခ်င္းေကာင္းပဲ ။ လီေက်ာင္းမွာ Weibo အေကာင့္မရွိတ့ဲအခ်က္ကို အားကိုးျပီး အျခားရိုက္ကူးေရးအဖြဲ႕သားတစ္ေယာက္ကို ခ်နင္း ၊ မ်က္နွာေျပာင္တိုက္ ၊ ၾကားကေန အက်ိဳးျဖစ္ထြန္းခ်င္ေနတ့ဲ အဆင့္ ၃၈ အနုပညာရွင္န့ဲ မပတ္သတ္ဖို႕ အၾကံေပးခ်င္တယ္ ။
ယြီ႕လက္ကို ေႏြးေထြးေစမ့ဲသူ : မစၥတာေရွာင္ယီြက သူ႕ကိုယ္သူဘယ္လို ေၾကာ္ျငာရမလဲဆိုတာမသိတ့ဲ ၊ အရွက္မ့ဲသူတစ္ခ်ိဳ႕ရဲ႕ ေခ်ာက္ခ်တာခံရတ့ဲ ၊ ရိုးသားတ့ဲ ေကာင္ေလးတစ္ေယာက္ပါ ။
စုန္႕ယီြသည္ သူ႕ပရိသတ္မ်ားက သူ႕အားဒုကၡေရာက္ေနသူက့ဲသို႔ မွတ္ယူကာ ေရာင္းစားရန္ ၾကံစည္ေနေၾကာင္း ေတြ႕လိုက္ရသျဖင့္ စားထားသမွ် အန္ထြက္မလိုပင္ ျဖစ္သြားခ့ဲသည္ ။ စုန္႕ယီြသည္ သူ႕ကိုယ္သူ ျမွင့္တင္ရန္ ေန႕တိုင္း ေရတပ္တစ္တပ္ ဝယ္သည္။ သူက ေစ်းကြက္ရွာေဖြေရးကို ဘယ္လိုလုပ္ နားမလည္ရမွာလဲ။ သို႕ေသာ္ျငား သူတို႕သည္ သူတို႔၏ ခ်စ္လွစြာေသာအနုပညာရွင္အား ၾကီးမားသည့္အရႈပ္အေထြးထဲ က်ေရာက္ေအာင္ လုပ္ေဆာင္မည္မဟုတ္ပါ ။
လီေက်ာင္းက စုန္႔ယီြဘက္မွ ကူညီေျပာဆိုေပးျခင္းသည္ စုန္႔ယီြ၏ PR အဖြဲ႕အတြက္ ထင္မွတ္မထားေသာ ေပ်ာ္ရႊင္မႈျဖစ္သည္။ စုန္႔ယီြ၏ေအးဂ်င့္သည္ စုန္႔ယီြအား စကားေျပာေနသည့္အခ်ိန္တြင္ ခံစားခ်က္မ်ားျဖင့္ ျပည့္ေနခ့ဲ၏ ။ “မေကာင္းတ့ဲစိတ္ေတြ ျပည့္ေနတ့ဲ မင္းကို တစ္ေယာက္ေယာက္က ကိုယ္က်ိဳးမဖက္ဘဲ ေျပာဆိုေပးလိမ့္မယ္လို႕ ငါမေမွ်ာ္လင့္ခဲ့ဘူး။ ”
တိတ္ဆိတ္စြာေနျခင္းသည္ လီေက်ာင္းအတြက္ အေကာင္းဆံုးေရြးခ်ယ္မႈျဖစ္ေၾကာင္း မည္သူမဆို ျမင္နိုင္ေပ၏ ။ အကယ္၍ သူသာ လီေက်ာင္း၏ ေအးဂ်င္႔ျဖစ္ပါက သူသည္ လီေက်ာင္း၏ေျဖဆိုမႈကို တားျမစ္လိမ့္မည္ ျဖစ္သည္။
စိတ္ဆင္းရဲေနတဲ့သူ႕ကိုယ္သူေရာင္းစားနိုင္မ့ဲ ဒီေလာက္ေကာင္းတဲ့အခြင့္အေရးကို အခြင့္ေကာင္းမယူဘဲ သူက႐ူးေနတာလား။
(ေရာင္းစား = နာမည္ၾကီးေအာင္လုပ္သည္
PR အဖြဲ႕ = လူထုဆက္ဆံေရးအဖြဲ႕ )
ဒါေပမ့ဲ ထိုအ႐ူးက သူ႕အႏုပညာရွင္အား ကူညီေပးသည့္အတြက္ သူသည္ ေပ်ာ္ရႊင္မႈကိုသာ ခံစားေနရသည္။
"ငါတို႔ဘက္က လီေက်ာင္းရဲ႕ PR အဖြဲ႕ကို မဆက္သြယ္ရေသးခင္ သူ႔ဘက္ကစျပီး မင္းအတြက္ စကားေျပာေပးခ့ဲတာ။ သူ႔ေၾကာင့္သာမဟုတ္ရင္ မင္းအခုရထားတ့ဲ ေခ်ာကလက္ဘရန္း ဖိတ္ေခၚစာကို ဆံုးရံႈးသြားလိမ့္မယ္ ။ ဒါက ႀကီးမားတဲ့ေက်းဇူးေၾကြးတစ္ခုျဖစ္လို႕ လီေက်ာင္းကို ပုဂၢိဳလ္ေရးအရ ေက်းဇူးတင္စကားေျပာဖို႔ သတိရသင့္တယ္။ လီေက်ာင္းကို မိတ္ဆက္ေပးဖို႔ သင့္ေတာ္မယ့္ အရင္းအျမစ္ေတြကို ငါ ရွာၾကည့္လိုက္မယ္၊ အဲဒါကို ေက်းဇူးျပန္ဆပ္တယ္လို႔ မွတ္ယူနိုင္တယ္။ ”
ကိုယ္စားလွယ္က စုန္႔ယီြကို ၾကည့္လိုက္သည္။“ မင္းနဲ႔ သူက သ႐ုပ္ေဆာင္ရတ့ဲ အမ်ိဳးအစားမတူဘူး။ သူကအနာဂတ္မွာ တိုးတက္ဖို႔အခြင့္အလမ္းရွိရင္ေတာင္ မင္းအတြက္ ၾကီးမားတဲ့ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ေအာင္ သူလုပ္မွာမဟုတ္ဘူး။”
စုန္႔ယီြ "……"
သူတို႔က အမ်ိဳးအစားမတူတ့ဲအတြက္ေၾကာင့္ သူရဲ႕ မနွစ္သက္မႈကို စြန႔္လႊတ္လိုက္သင့္သလား။
“အရင္တုန္းက မင္း လီေက်ာင္းကို ပစ္မွတ္ထားတဲ့အခါ ငါဒီကိစၥကို တားဖို႔ စိတ္မဝင္စားခဲ့ဘူး။ ဒါေပမဲ့ ဒီေန႕ကစၿပီး လီေက်ာင္းနဲ႔ ဘာျပႆ နာမွ မျဖစ္ရေတာ့ဘူး " ေအးဂ်င့္ကအြန္လိုင္းေဒတာကို ညႊန္ျပလိုက္ျပီး " အခုလီေက်ာင္းက မင္းအတြက္ေျပာေပးတာကို လူတိုင္း သိတယ္။ အနာဂတ္မွာ မင္းသူ႕ကိုအလြန္အကြၽံလုပ္ရင္ လူတိုင္းရဲ႕မ်က္လုံးထဲမွာ မ်က္ျဖဴဝံပုေလြ ျဖစ္လာလိမ့္မယ္။ နားလည္လား ။"
( မ်က္ျဖဴဝံပုေလြ = ေက်းဇူးကန္းသူ )
စုန္႔ယီြသည္ ေန႕တစ္ဝက္ခန္႔ ေဒါသထြက္ျပီးေနာက္ “ လီေက်ာင္းမွာ အ႐ူးအမူးျဖစ္ေနတ့ဲပရိသတ္အဖြဲ႔ ရွိတယ္။ သူက လက္ေထာက္တစ္ေယာက္မရွိေလာက္ေအာင္ကို ဆင္းရဲေနသားနဲ႔” ဟု ညည္းညဴ ေျပာဆိုခ့ဲသည္ ။
“ေနာက္ခံမရွိဘဲ အနိုင္က်င့္ခံရျပီး ဆင္းရဲတ့ဲ လူငယ္ေလးက လူၾကိဳက္မ်ားလာနိုင္တယ္။ ဒါက ဘာကိုဆိုလိုလဲဆိုတာ မင္းသိလား။ ”
"ဘာလဲ?"
"အ့ဲဒါက သူက သူ႕ဘဝတစ္ေလ်ွာက္လံုး ေက်ာ္ၾကားမႈရွိလိမ့္မယ္လို႔ ဆိုလိုတာ "
ေအးဂ်င့္က ကီးဘုတ္ကို တို႔ထိေနခ့ဲသည္ ။
"သူငယ္ခ်င္းအေျမာက္အမ်ားအတြက္ လမ္းေၾကာင္းအမ်ားၾကီးရွိတယ္ ။အကယ္၍ မင္းသာသူ႔ကို တကယ္ မၾကိဳက္ဘူးဆိုရင္ သူ႔ကို စင္ေပၚမွာေပၚထြက္လာဖို႔ အခြင့္အေရးတစ္ခုမွမေပးဘဲန့ဲ ဒရမ္မာရိုက္ကြင္းအစကတည္းက မင္း ကန္ထုတ္ခ့ဲသင့္တယ္။ သူက အခု ေက်ာ္ၾကားေနျပီ။ အ့ဲဒါေၾကာင့္ မင္းမၾကိဳက္ရင္ေတာင္ ေကာင္းေကာင္း သည္းခံရမယ္"
စုန္႔ယီြက ထိုသို႔တိတ္ဆိတ္ျပီး စကားနားေထာင္သည္ကို ျမင္ရသည္မွာ ရွားပါးလြန္းလွ၍ ေအးဂ်င့္က စကားနည္းနည္း ထပ္ေျပာခ့ဲသည္။
"ငါက အရမ္းေျပာေနတယ္လို႔ မထင္ပါနဲ႕။ေက်ာ္ၾကားတဲ့ဘဝကိုပိုင္ဆိုင္ထားတဲ့ ဒီလိုလူမ်ိဳးကို မေစာ္ကားတာ ပိုေကာင္းပါတယ္။ ”
စုန္႔ယီြသည္ သူ၏ေအးဂ်င့္အား ၾကည့္လိုက္သည္။
"ယုံခ်င္ယုံမယုံခ်င္ေန။" ေအးဂ်င့္က သူ႔ laptop ကိုပိတ္ၿပီးထလိုက္သည္ ။ “ မင္းခဏေလာက္ အနားယူသင့္တယ္။ ညေနေလးနာရီမွာ အစည္းအေဝးရွိတယ္။ အဲဒီအခ်ိန္က်ရင္ ငါမင္းကို လာေခၚမယ္။ လီေက်ာင္းကို ပုဂၢိဳလ္ေရးအရ ေက်းဇူးတင္ဖို႔ သတိရပါ။ ”
စုန္႔ယီြသည္ ေအးဂ်င့္ကိုလ်စ္လ်ဴရႈၿပီး ဆိုဖာေပၚတြင္ အၾကာႀကီးထိုင္ေနခဲ့၏ ။ ထို႔ေနာက္ ဖုန္းကိုထုတ္ကာ ဆက္သြယ္ရန္လိပ္စာကို ရွာလိုက္သည္။ ေနာက္ဆုံးတြင္ လီေက်ာင္း၏ WeChat အေကာင့္ကိုသူ၏ blacklist ထဲတြင္ေတြ႕သျဖင့္ သူ႔ကို blacklist စာရင္းမွ ဖယ္ထုတ္လိုက္သည္။
စုန္႔ယီြ : ငါမင္းကိုအခြင့္ေကာင္းယူမွာ မဟုတ္ဘူး။ ရက္အနည္းငယ္အတြင္း ငါမင္းကို အလုပ္တစ္ခုနဲ႔ မိတ္ဆက္ေပးမယ္။
ေဟာ့ေပါ့ဆိုင္တြင္ လီေက်ာင္းသည္ တူမ်ားကိုစိတ္ပ်က္လက္ပ်က္ ခ်ထားလိုက္သည္။ အစားအစာမ်ားက အရသာရွိေသာ္လည္း သူ၏အစာအိမ္က လက္မခံနိုင္ေတာ့ပါ။ သူက ပါးစပ္ကို သန႔္ရွင္းေအာင္ သုတ္လိုက္ျပီး “ ဒီေဟာ့ေပါ့က အရသာရွိတယ္။ ေနာက္တစ္ခါက်ရင္ အစ္ကိုေရွာင္ယြမ္ကိုေခၚၿပီး ငါတို႔ထပ္လာစားၾကမယ္။ " ဟုေျပာခ့ဲသည္။
“ ေကာင္းၿပီ။ ” ရန္ထင္းသည္ တူမ်ားကို ခ်လိုက္သည္။ သူ၏ဟန္ပန္သည္ အလြန္ေၾကာ့ရွင္းေနၿပီး သူသည္ေဟာ့ေပါ့အစား အဆင့္ျမင့္စားေသာက္ပြဲတစ္ခု စားေနဟန္တူသည္။
ထိုအခ်ိန္၌ WeChat မွ စာေရာက္ေၾကာင္း အသံထြက္ေပၚလာသည္။ လီေက်ာင္းသည္ 'ေကာင္းကင္ေအာက္က ကုန္းေျမ' အမည္ရေသာလူတစ္ဦးက သူ႕ထံစာတစ္ေစာင္ပို႔ခဲ့သည္ကို ျမင္လိုက္ရ၏ ။
"ငါမင္းကိုအခြင့္ေကာင္းယူမွာ မဟုတ္ဘူး။ ရက္အနည္းငယ္အတြင္း ငါမင္းကို အလုပ္တစ္ခုနဲ႔ မိတ္ဆက္ေပးမယ္။"
ရန္ထင္း၏ မ်က္လံုးမ်ားသည္ ဖုန္းမ်က္နွာျပင္ကို စူးစိုက္ၾကည့္ေနခ့ဲသည္ ။ ဒါက ရည္ရြယ္ခ်က္ရွိရွိ ၾကည့္ျခင္းမဟုတ္ေသာ္လည္း သူသည္ ကေလးဘဝတည္းက ျမင္သည့္အရာတိုင္းကို မွတ္မိေလ့ရွိ၏။ ထို႔ေနာက္ သူသည္ စာပါအေၾကာင္းအရာမ်ားကို ျမင္လိုက္သည္။ သူက လက္သုတ္ပုဝါကို ျဖည္းျဖည္းခ်င္း ခ်လိုက္ျပီး မ်က္လုံးမ်ားက ဂ႐ုမစိုက္သည့္ပံု ျဖစ္သြားသည္။
လီေက်ာင္းသည္ ဤထူးဆန္းေသာ WeChat အမည္သည္ မည္သူမည္ဝါျဖစ္ေၾကာင္း မမွန္းဆနိုင္ခ့ဲပါ။ တစ္ခါတစ္ရံ အဖြဲ႕သားမ်ား၏ အေပၚယံခင္မင္မႈကို ထိန္းသိမ္းရန္အတြက္ သူက တျခားသူမ်ားကို သူငယ္ခ်င္းအျဖစ္ ထည့္ေပးေကာင္းထည့္ေပးလိမ္႔မည္။ သို႔ေသာ္ သူတို႔အခ်င္းခ်င္း တစ္ခါမွ စကားမေျပာဖူးၾကေခ် ။
ေက်ာင္းေက်ာင္းဆီသို႔ကံေကာင္းမႈေတြေရာက္လာျပီ : ေဆာရီး ။ အရင္တုန္းက ငါအရမ္းအလုပ္မ်ားျပီး မင္းနာမည္ကို မွတ္စုေရးတ့ဲေနရာမွာ အမွားလုပ္မိလိုက္တယ္။ ေက်းဇူးျပဳၿပီး နာမည္ေလးေမးလို႔ရမလား ...
စုန္႔ယီြသည္ လီေက်ာင္း၏အေျဖကို ရေသာအခါ အလြန္ေဒါသထြက္သြားသျဖင့္ ဖုန္းကို ေကာ္ေဇာေပၚသို႔ ပစ္ခ်လိုက္သည္။ လီေက်ာင္း…ဒီလွည့္စားတတ္တ့ဲ တေစၦေလးက မွတ္စုမွားေရးတယ္ဆိုတာ ျဖစ္နိုင္ပါ့မလား။ နာမည္ေပၚမွာ မွတ္စုေရးဖို႔ေမ့သြားတယ္ဆိုတာ ရွင္းေနတာပဲ ။
သူက ရိုက္ကူးေရးတြင္ စုန္႔ယီြကို 'အစ္ကို'ဟု ေခၚေလ့ရွိျပီး မီဒီယာေရွ႕တြင္ သူ႕အေၾကာင္း ဂုဏ္ယူစြာေျပာေပးေသာ္လည္း လီေက်ာင္းက စုန္႔ယီြ၏ နာမည္မွတ္စု ေရးထားရန္ပင္ မထိုက္တန္ဟု ထင္ေနတာလား ။ စုန္႔ယီြ၏ရင္ဘတ္သည္ ေဒါသမ်ားႏွင့္ျပည့္ေနၿပီး လီေက်ာင္းကို blacklist ထဲသို႔ တစ္ဖန္ ျပန္ထည့္လိုက္သည္။ သူ့ဘက္မွ လီေက်ာင္းထံသို႔ စတင္ျပီး စာပို့ခ့ဲလ်ွင္ သူသည္ ပုပ္ပြေနသည့္လူယုတ္မာ ျဖစ္ေပလိမ့္မည္။
အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ တစ္ဖက္မွလီေက်ာင္းထံသို႔ စာမျပန္သျဖင့္ ေနာက္ထပ္စာတစ္ေစာင္ ပို႔လိုက္သည္။ ထို႔ေနာက္ သူသည္ အျခားသူနွင့္ သူငယ္ခ်င္း ျဖစ္မေနေၾကာင္း WeChat အခ်က္ေပးသံ ထြက္ေပၚလာသည္။
"စာမွားပို႔တာလား" လီေက်ာင္းက တီးတိုးေျပာလိုက္ေသာ္လည္း ထိုကိစၥကို အမ်ားၾကီး မစဥ္းစားခ့ဲေပ ။ သူက ထလာၿပီး ရန္ထင္းကို ေျပာလိုက္သည္။ "ငါ ပိုက္ဆံသြားရွင္းလိုက္ဦးမယ္။ မင္းငါ့ကို ဒီမွာ ေစာင့္ေနေနာ္။ "
ရန္ထင္းက ေခါင္းညိတ္ျပလိုက္သည္။
ေဟာ့ေပါ့ဟင္းရည္သည္ ဆူပြက္ေနဆဲျဖစ္သည္။ ရန္ထင္းက ခံစားခ်က္မ့ဲေသာမ်က္နွာထားျဖင့္ ဆူပြက္ေနေသာ ဟင္းရည္ကို ၾကည့္လိုက္သည္။ ဝတ္စုံျပည့္ဝတ္ထားေသာ အမ်ိဳးသားတစ္ဦးသည္ ဂ႐ုတစိုက္လမ္းေလွ်ာက္လာကာ ဦးၫႊတ္ၿပီး မီးဖိုကို ပိတ္လိုက္သည္။
"ဆရာ ၊ ဒီဆိုင္ကအစားအေသာက္နဲ႕ပတ္သက္ၿပီး မင္းမွာ မွတ္ခ်က္တစ္ခုခုမ်ား ေျပာဖို႔ ရွိလားမသိဘူး။ "
ရန္ထင္း : "မင္းကဆိုင္မန္ေနဂ်ာလား"
"ဟုတ္ကဲ့ ဆရာ" အဘိုးအို၏မ်က္ႏွာေပၚရွိအၿပဳံးသည္ ပို၍ စိတ္အားထက္သန္ေနခဲ့သည္။
ရန္ထင္းက စကားေျပာရန္ ျပင္လိုက္စဥ္ တံခါးအျပင္ဘက္မွ ေျခသံမ်ား ထြက္ေပၚလာ၏။ သူက လက္ညိွဳးကို အနည္းငယ္ျမွင့္ျပလိုက္ေသာအခါ ဆိုင္မန္ေနဂ်ာက ေနာက္သို႔ ႏွစ္လွမ္း ဆုတ္သြားသည္ ။ လီေက်ာင္းက အခန္းထဲတြင္ အျခားတစ္ေယာက္ရွိေနသည္ကို ျမင္သျဖင့္ ျပံဳးျပလိုက္၏ ။ ဆိုင္မန္ေနဂ်ာကလည္း ရိုးသားစြာ ျပန္ၿပဳံးျပသည္။
"ဒါကမင္းအတြက္" လီေက်ာင္းသည္ အစာေၾကေဆးျပားတစ္ဘူးကို ရန္ထင္းလက္ထဲထည့္လိုက္သည္။ ရန္ထင္းသည္ အစာေၾကေဆးျပားမ်ားကို ကိုင္ထားၿပီး သူ၏နက္ေမွာင္ေသာမ်က္လုံးမ်ားက လီေက်ာင္းကို ၾကည့္လိုက္၏ ။
"ငါတို႔ပထမဆုံးအတူတူစားတ့ဲ ထမင္းနွစ္နပ္မွာ မင္းနည္းနည္းပဲစားတာကို ငါေတြ႕ခ့ဲတယ္။"လီေက်ာင္းသည္ ရန္ထင္းကို ေဆးဘူးကူဖြင့္ေပးျပီး သူ႔လက္ဖဝါးထဲသို႔ ထည့္ေပးလိုက္သည္။
“ဒီေန႕မင္းက ေနာက္ဆုံးႏွစ္ႀကိမ္ထက္ ပိုစားခ့ဲတာဆိုေတာ့ မင္း အစာမေၾကျဖစ္မွာစိုးတယ္။ အနီးအနားမွာ ေဆးဆိုင္ရွိေနတာနဲ႔ ေဆးတစ္ဘူးဝယ္ခဲ့တယ္။ ေဆးျပား နည္းနည္းေလာက္ ယူလိုက္ပါ ။ ”
ရန္ထင္းသည္ အစာေၾကေဆးျပားမ်ားကိုအနံ႕ခံလိုက္ေသာအခါ သင္းပ်ံ႕သည့္ အသီးရနံ႔ ရခ့ဲသည္။ သူသည္ ဘူးေပၚတြင္ 'ကေလးမ်ားအတြက္ အစာေၾကေဆးျပား' ဟူေသာစာလုံးနွင့္ ေထာင့္၌ ကေလးကာတြန္းပုံတစ္ခုရွိေၾကာင္း ေတြ႕ခ့ဲ၏ ။
"ေက်းဇူးတင္ပါတယ္။" ရန္ထင္းသည္ ရိုးရွင္းစြာ ဝါးစားလိုက္သည္။
ဆိုင္မန္ေနဂ်ာ၏မ်က္လုံးမ်ားသည္ လူႏွစ္ ဦး ကိုတိတ္တခိုး ၾကည့္ေနၿပီး စကားေျပာရန္ ေၾၾကာက္႐ြံ႕ေနခ့ဲ၏။
"ဒါန့ဲ ခင္ဗ်ားက " လီေက်ာင္းက သူ႕ေဘးတြင္ ရပ္ေနသည့္လူစိမ္းကို ေတြ႕သြားၿပီး လွည့္ၾကည့္လိုက္သည္။
“မဂၤလာပါ ဆရာ၊ ကြၽန္ေတာ္က ဆိုင္မန္ေနဂ်ာပါ။ မင္းက ဒီအစားအေသာက္ေတြအေပၚ ေက်နပ္မႈရွိပါရဲ႕လား။ ” မန္ေနဂ်ာကၿပဳံးၿပီးေမးတယ္။
“ဒါက အရသာရွိတယ္။ ငါ့သူငယ္ခ်င္းေရာ ငါေရာ ၾကိဳက္ၾကတယ္။ ဟုတ္တယ္မလား။” လီေက်ာင္းသည္ ရန္ထင္းအား တံေတာင္နွင့္ တြတ္လိုက္သည္။
“ အင္း ” ရန္ထင္းက တိုတိုတုတ္တုတ္ ျပန္ေျဖလိုက္သည္။
"မင္းေက်နပ္ရင္ လုံေလာက္ပါၿပီ၊ ေက်နပ္တာ ေကာင္းပါတယ္။" ထိုအရာသည္ ရိုးရွင္းသည့္ ခ်ီးက်ဴးစကားျဖစ္ေသာ္လည္း မန္ေနဂ်ာက ၾကီးမားသည့္အတည္ျပဳခ်က္တစ္ခု ရသြားပံုေပၚ၏ ။ သူက လူႏွစ္ေယာက္ကို ဦးၫႊတ္ၿပီး စိတ္လႈပ္ရွားစြာ စကားေျပာလိုက္သည္ ။
“ဝန္ေဆာင္မႈစိတ္ဓာတ္တိုးတက္ဖို႔ ေရွ႔ေလ်ွာက္ ငါတို႔ပိုႀကိဳးစားရမယ္။ မင္းရဲ႕ေနာက္တစ္ခါ လာစားမ့ဲအခ်ိန္ကို ေမွ်ာ္လင့္ေနပါမယ္။ ”
လီေက်ာင္းက ဆိုင္မန္ေနဂ်ာသည္ အလြန္စိတ္လႈပ္ရွားသြားမည္ဟုမထင္လိုက္သျဖင့္ ထပ္မံ၍ ခ်ီးမြမ္းစကားအနည္းငယ္ ဆိုခဲ့သည္။သူက ခ်ီးမြမ္းစကား မ်ားမ်ားေျပာေလ၊ တစ္ဖက္လူက ပိုေပ်ာ္႐ႊင္ေလျဖစ္ခ့ဲ၏ ။ မန္ေနဂ်ာကသူတို႔ကို တံခါးဝထိလိုက္ပို႔ၿပီး သူတို႔ထြက္သြားသည္ကိုၾကည့္ရင္း ေတာက္ပစြာၿပဳံးလိုက္သည္။
“ဒီဆိုင္ကတကယ္ေကာင္းတယ္။ ေစ်းသက္သာျပီး ဧည့္သည္ေတြအေပၚလည္း ေႏြးေထြးတယ္။ ” လီေက်ာင္းကၿပဳံးလိုက္သည္။
"ဒီေန႕ဘဝက တကယ့္ကို ၿပီးျပည့္စုံတယ္။ "
"မင္းေက်နပ္လား" ရန္ထင္း၏ေဖ်ာ့ေတာ့ေသာႏႈတ္ခမ္းမ်ားက အနည္းငယ္တုန္ခါသြားသည္။ "တကယ္လား"
"ငါကအျပင္ပန္းအရ ၾကည့္မယ္ဆိုရင္ သူငယ္ခ်င္းနဲ႕အရသာရွိတဲ့ေဟာ့ေပါ့ စားရတယ္။ ျပီးေတာ့ အဖြဲ႔ဝင္ေလ်ာ့ေစ်းကတ္လည္း ရခဲ့တယ္။" လီေက်ာင္းက ၿပဳံးျပီး "အဟုတ္ပဲ ၊ဒါက ၿပီးျပည့္စုံတယ္။ " ဟု ေျဖလိုက္သည္။
ရန္ထင္းက အနည္းငယ္ ေခါင္းညိတ္လိုက္သည္။ "ငါနားလည္တယ္။"
"မင္းကဘာကို နားလည္တာလဲ" လီေက်ာင္းသည္ သူငယ္ခ်င္းအသစ္၏ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနခဲ့သည္။ ဤအရာအေပၚ သူ၏နားလည္မႈသည္ အလြန္ရိုးရွင္းၿပီး ၾကမ္းတမ္းသည္။ ရန္ထင္းက သူငယ္ခ်င္းဖြဲ႔ျခင္း ၊ လူအမ်ားနွင့္ ေျပာဆိုဆက္ဆံရျခင္းတို႔ကို မနွစ္သက္ေပ။ သူ႕ႏွလုံးသားက အၿမဲဆန္းၾကယ္ေနခ့ဲ၏ ။
ရန္ထင္းက "ငါမင္းကိုျပန္ယူမယ္" ဟု ျပန္ေျပာလိုက္သည္။
လီေက်ာင္းက အ့ံၾသသြားျပီး "ထင္းထင္း ၊ မင္းမွာ ရည္းစားမရွိဘူးလား" ဟုေမးလိုက္သည္။
“ အင္း ”
အိုေက ၊ သူတို႔ရဲ႕ ညီအစ္ကိုဆက္ဆံေရးအတြက္ ဒီလူကို သူရဲ႕ ဆန္းၾကယ္တ့ဲပံုစံကို ထိန္းသိမ္းထားဖို႔ ခြင့္ျပဳလိုက္မယ္။ ဆန္းၾကယ္ေသာ ေယာက္်ားမ်ားသည္ မိန္းကေလးမ်ားၾကားတြင္ ေရပန္းစားၿပီး လီေက်ာင္းက သူကိုယ္သုူ အရမ္းနားလည္မႈရွိတာပဲ ဟုေတြးထင္ေနခဲ့သည္။
“အဆင္ေျပပါတယ္။ မင္းကအသက္ႏွစ္ဆယ့္ရွစ္ႏွစ္ပဲ ရွိေသးတာမို႔ ေလာစရာမလိုပါဘူး။”
လီေက်ာင္းသည္ ရန္ထင္းကို ႏွစ္သိမ့္လိုက္သည္။ "မိန္းကေလးရည္းစားေတြက အၿမဲ ရွိေနမွာပါ"
ရန္ထင္း တိတ္ဆိတ္သြားသည္။ ရင့္က်က္ေသာေယာက္်ားတစ္ေယာက္အေနႏွင့္ တစ္ခါတစ္ရံ သူသည္ လူငယ္မ်ားႏွင့္ ေျပာဆိုဆက္ဆံရာတြင္ အခက္ၾကံဳရသည္။
လီေက်ာင္း အိမ္သို႔ ျပန္ေရာက္ၿပီးေနာက္ ရန္ထင္းသည္ ကုမၸဏီသို႔ ျပန္လာခဲ့၏ ။ ယာဥ္ေမာင္းသည္ ဦးညြတ္ကာ တံခါးဖြင့္ေပးလိုက္ျပီး လက္ေထာက္က သူ႕ကို “ စေတာ္ဘယ္ရီ အနုပညာကုမၸဏီဒါရိုက္တာက ဆရာနဲ႕စကားေျပာခ်င္ေနတယ္” ဟု တီးတိုးေျပာလိုက္သည္။
"ငါသူတို႔ကိုေတြ႕မယ္။" ရန္ထင္းက ပါးစပ္ကိုကာရန္ လက္သီးဆုပ္လိုက္ၿပီး ညင္သာစြာ ေခ်ာင္းဆိုးလိုက္သည္။
“ ဟုတ္က့ဲ ” လက္ေထာက္သည္ ရန္ထင္း တံခါးမွထြက္လာရန္ ေစာင့္ဆိုင္းေနၿပီး ရန္ထင္းပုခုံးေပၚရွိအကၤ် ီကို အလ်င္အျမန္လွမ္းယူလိုက္သည္။ ႐ုတ္တရက္ ရန္ထင္း၏ေျခလွမ္းမ်ားရပ္တန႔္သြားျပီး သူသည္ ကားထိုင္ခုံေပၚရွိအစာေၾကေဆးဘူးကို ျပန္ၾကည့္သည္။ ထို႔ေနာက္သူက ခါးကိုင္းလိုက္ျပီး ေဆးဘူးကိုသူ၏အကၤ် ီအိတ္ကပ္ထဲသို႔ ထည့္လိုက္သည္။
အေဆာက္အဦထဲ ဝင္လိုက္သည္နွင့္ ရန္ထင္းသည္ နားထင္ကို နွိပ္ကာ ေန႔စဥ္ေန႔တိုင္း လံုးဝေျပာင္းလဲမသြားသည့္ ကမ႓ာၾကီးကို ၾကည့္လိုက္သည္။ သူ၏မ်က္လုံးမ်ားသည္ အတက္အက်မရွိေသာ ေရအိုင္တစ္ခုကဲ့သို႔ ျဖစ္ေနသည္။ ဓာတ္ေလွကားသည္ တစ္ထပ္ၿပီးတစ္ထပ္ လင္းလာျပီး ျဖည္းျဖည္းခ်င္း ပြင့္သြားသည္။ ဓာတ္ေလွကားအျပင္ဘက္တြင္ စတိုင္က်လွပေသာ စၾကႍတစ္ခုရွိသည္။
"ဆရာ၊ မင္းရဲ႕အာဟာရေဆးဝါး" ဓာတ္ေလွကားအျပင္ဘက္ရွိ ပေရာ္ဖက္ရွင္နယ္ဝတ္စံုျပည့္ ဝတ္ဆင္ထားသည့္လူတစ္ေယာက္ကသူ႕ကို ေဆးတစ္ဘူးေပးလိုက္သည္ ။
"ဟင့္အင္း ၊ အဲဒါမလိုဘူး" သူ၏မ်က္ခြံမ်ားအနည္းငယ္နိမ့္က်သြားၿပီး သူ၏ခႏၶာကိုယ္တစ္ခုလုံးသည္ ေအးစက္ေသာစၾကႍ၌ပင္ လႈပ္ရွားမႈတစ္စံုတစ္ရာမျပဳဘဲ ေႏြးေထြးေနခ့ဲ၏ ။ဤေနရာတြင္ရွိေနမည္ဟု ထင္မွတ္မထားသည့္ တစ္ခုတည္းေသာအရာမွာ အကၤ် ီအိတ္ကပ္ထဲတြင္ ရွိေနခ့ဲ၏ ။ ၎မွာ ကေလးမ်ားအတြက္ ခုတ္လုပ္ထားေသာ အစာေၾကေဆးျပားျဖစ္ျပီး တစ္ဘူးကို ယြမ္တစ္ရာေအာက္သာ ေပးရသည္။
ပေရာ္ဖက္ရွင္နယ္ဝတ္စုံျပည့္ဝတ္ထားသည့္ အမ်ိဳးသား၏ မ်က္လုံးထဲတြင္ စိုးရိမ္မႈတစ္ခ်ိဳ႕ ရွိေနေသာ္လည္း သူဘာမွ မေျပာနိုင္ခဲ့ေပ။ သူသည္တိတ္ဆိတ္စြာ ေခါင္းကိုငံု႔ထားခဲ့သည္။
စာေရးသူမွာ ေျပာစရာရွိတယ္။
ေက်ာင္းေက်ာင္း : ရည္းစားမရွိတဲ့ အစ္ကိုေကာင္းတစ္ေယာက္အတြက္ ငါ့ႏွလုံးသားေၾကကြဲေနတယ္။
ထင္းထင္း : စကားမေျပာခ်င္ဘူး။
(note : ေတြ႔တာသံုးခါပဲရွိေသးေပမ့ဲ ထင္းထင္းကေတာ့ ယူဖို့ေတာင္ေျပာေနပါျပီ )
#5411words
#28.8.21
Unicode
ကလေးများအတွက် အစာကြေဆေးပြား
ကျန်းရှောင်ယွမ်သည် ထိုပို့စ်အား Weibo တွင် တင်ခဲ့သော်လည်း မည်သည့်ဂရုစိုက်မှုကိုမျှ မဆွဲဆောင်နိုင်ခဲ့ပေ။ တစ်ဖက်တွင်မူ သတင်းထောက်များက လီကျောင်းကို အင်တာဗျူးခဲ့သည့်ဗီဒီယိုဖိုင်သည် အင်တာနက်ပေါ်တွင် ကျော်ကြားလာသည်။
အထူးသဖြင့် စိတ်ရှုပ်ထွေးသည့်အသံဖြင့် ဖြေဆိုနေသော လီကျောင်း၏ မှင်တက်နေသည့်အမူအရာသည် အင်တာနက် အသုံးပြုသူအချို့၏မိခင်စိတ်ကို ပေါက်ကွဲထွက်စေခဲ့သည်။ သူတို့က သူ့မျက်နှာကို ထိချင်စိတ်ဖြင့် ယားယံလာကြသည်။ လက်မြန်သည့်အင်တာနက်အသုံးပြုသူများသည် ဗီဒီယိုထဲမှ ထိုအပြူအမူများကို ဓါတ်ပုံစီးရီးအဖြစ် ရိုက်ယူခဲ့ကြသည်။
ဥပမာပြောရလျှင် (ကျောင်းကျောင်းက လိမ္မာတဲ့ဘေဘီလေးပါ ကျောင်းကျောင်း ဘာမှမသိဘူး) (ကျောင်းကျောင်း အံ့သြနေပုံ) (ငါ့ကိုမလိမ်ပါနဲ့) (ကျွန်တော်က ခုထိကလေးပဲ ရှိသေးတယ်) ( ကျောင်းကျောင်းငုံ့ကြည့်နေပုံ) စသဖြင့် အင်တာနက်ပေါ်တွင် လျင်မြန်စွာပျံ့နှံ့သွားသည်။
[ဓါတ်ပုံစီးရီးဆိုတာက Videoထဲက ကျောင်းကျောင်းရဲ့အမူအရာတွေအကုန်လုံးကို screenshotယူထားပြီး comment တို့ chat boxတို့မှာ emojiအဖြစ် meme အဖြစ်သုံးတာမျိုးပါ ]
ထိုရုပ်ပြောင်ပုံများကို အသုံးပြုသော်လည်း လီကျောင်းနာမည်ကို မသိသောလူများကပင် လီကျောင်းသည် အခြားနည်းလမ်းပေါင်းစုံဖြင့် သူ့ကျော်ကြားမှုက တိတ်တဆိတ် မြင့်တက်လာခဲ့ကြောင်း တီးတိုးပြောဆိုနေကြ၏ ။
ထိုအင်တာဗျူး ထွက်ပေါ်လာပြီးနောက် စုန့်ယွီ၏ ပရိသတ်များသည် လီကျောင်း၏ရုပ်ရည်ကို ချီးမွမ်းရာမှ သူ၏ကိုယ်ကျင့်တရားကောင်းမွန်မှုကို အရူးအမူး ချီးမွမ်းစပြုလာကြ၏ ။ထိုလူနှစ်ဦးသည် ညီအစ်ကိုကောင်းများဖြစ်ရမည် ဟူသောအဆိုကိုပင် သဘောတူကြောင်းပြောဆိုလာကြသည်။
ရှောင်ယွီကိုချစ်တယ် : နာမည်ကြီးချင်နေတဲ့ အချို့အချို့သောလူတွေနဲ့မတူဘဲ ရှောင်ယွီလေးက တကယ့်သူငယ်ချင်းကောင်းပဲ ။ လီကျောင်းမှာ Weibo အကောင့်မရှိတဲ့အချက်ကို အားကိုးပြီး အခြားရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ကို ချနင်း ၊ မျက်နှာပြောင်တိုက် ၊ ကြားကနေ အကျိုးဖြစ်ထွန်းချင်နေတဲ့ အဆင့် ၃၈ အနုပညာရှင်နဲ့ မပတ်သတ်ဖို့ အကြံပေးချင်တယ် ။
ယွီ့လက်ကို နွေးထွေးစေမဲ့သူ : မစ္စတာရှောင်ယွီက သူ့ကိုယ်သူဘယ်လို ကြော်ငြာရမလဲဆိုတာမသိတဲ့ ၊ အရှက်မဲ့သူတစ်ချို့ရဲ့ ချောက်ချတာခံရတဲ့ ၊ ရိုးသားတဲ့ ကောင်လေးတစ်ယောက်ပါ ။
စုန့်ယွီသည် သူ့ပရိသတ်များက သူ့အားဒုက္ခရောက်နေသူကဲ့သို့ မှတ်ယူကာ ရောင်းစားရန် ကြံစည်နေကြောင်း တွေ့လိုက်ရသဖြင့် စားထားသမျှ အန်ထွက်မလိုပင် ဖြစ်သွားခဲ့သည် ။ စုန့်ယွီသည် သူ့ကိုယ်သူ မြှင့်တင်ရန် နေ့တိုင်း ရေတပ်တစ်တပ် ဝယ်သည်။ သူက ဈေးကွက်ရှာဖွေရေးကို ဘယ်လိုလုပ် နားမလည်ရမှာလဲ။ သို့သော်ငြား သူတို့သည် သူတို့၏ ချစ်လှစွာသောအနုပညာရှင်အား ကြီးမားသည့်အရှုပ်အထွေးထဲ ကျရောက်အောင် လုပ်ဆောင်မည်မဟုတ်ပါ ။
လီကျောင်းက စုန့်ယွီဘက်မှ ကူညီပြောဆိုပေးခြင်းသည် စုန့်ယွီ၏ PR အဖွဲ့အတွက် ထင်မှတ်မထားသော ပျော်ရွှင်မှုဖြစ်သည်။ စုန့်ယွီ၏အေးဂျင့်သည် စုန့်ယွီအား စကားပြောနေသည့်အချိန်တွင် ခံစားချက်များဖြင့် ပြည့်နေခဲ့၏ ။ “မကောင်းတဲ့စိတ်တွေ ပြည့်နေတဲ့ မင်းကို တစ်ယောက်ယောက်က ကိုယ်ကျိုးမဖက်ဘဲ ပြောဆိုပေးလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး။ ”
တိတ်ဆိတ်စွာနေခြင်းသည် လီကျောင်းအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း မည်သူမဆို မြင်နိုင်ပေ၏ ။ အကယ်၍ သူသာ လီကျောင်း၏ အေးဂျင့်ဖြစ်ပါက သူသည် လီကျောင်း၏ဖြေဆိုမှုကို တားမြစ်လိမ့်မည် ဖြစ်သည်။
စိတ်ဆင်းရဲနေတဲ့သူ့ကိုယ်သူရောင်းစားနိုင်မဲ့ ဒီလောက်ကောင်းတဲ့အခွင့်အရေးကို အခွင့်ကောင်းမယူဘဲ သူကရူးနေတာလား။
(ရောင်းစား = နာမည်ကြီးအောင်လုပ်သည်
PR အဖွဲ့ = လူထုဆက်ဆံရေးအဖွဲ့ )
ဒါပေမဲ့ ထိုအရူးက သူ့အနုပညာရှင်အား ကူညီပေးသည့်အတွက် သူသည် ပျော်ရွှင်မှုကိုသာ ခံစားနေရသည်။
"ငါတို့ဘက်က လီကျောင်းရဲ့ PR အဖွဲ့ကို မဆက်သွယ်ရသေးခင် သူ့ဘက်ကစပြီး မင်းအတွက် စကားပြောပေးခဲ့တာ။ သူ့ကြောင့်သာမဟုတ်ရင် မင်းအခုရထားတဲ့ ချောကလက်ဘရန်း ဖိတ်ခေါ်စာကို ဆုံးရှုံးသွားလိမ့်မယ် ။ ဒါက ကြီးမားတဲ့ကျေးဇူးကြွေးတစ်ခုဖြစ်လို့ လီကျောင်းကို ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်စကားပြောဖို့ သတိရသင့်တယ်။ လီကျောင်းကို မိတ်ဆက်ပေးဖို့ သင့်တော်မယ့် အရင်းအမြစ်တွေကို ငါ ရှာကြည့်လိုက်မယ်၊ အဲဒါကို ကျေးဇူးပြန်ဆပ်တယ်လို့ မှတ်ယူနိုင်တယ်။ ”
ကိုယ်စားလှယ်က စုန့်ယွီကို ကြည့်လိုက်သည်။“ မင်းနဲ့ သူက သရုပ်ဆောင်ရတဲ့ အမျိုးအစားမတူဘူး။ သူကအနာဂတ်မှာ တိုးတက်ဖို့အခွင့်အလမ်းရှိရင်တောင် မင်းအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်အောင် သူလုပ်မှာမဟုတ်ဘူး။”
စုန့်ယွီ "……"
သူတို့က အမျိုးအစားမတူတဲ့အတွက်ကြောင့် သူရဲ့ မနှစ်သက်မှုကို စွန့်လွှတ်လိုက်သင့်သလား။
“အရင်တုန်းက မင်း လီကျောင်းကို ပစ်မှတ်ထားတဲ့အခါ ငါဒီကိစ္စကို တားဖို့ စိတ်မဝင်စားခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ကစပြီး လီကျောင်းနဲ့ ဘာပြဿ နာမှ မဖြစ်ရတော့ဘူး " အေးဂျင့်ကအွန်လိုင်းဒေတာကို ညွှန်ပြလိုက်ပြီး " အခုလီကျောင်းက မင်းအတွက်ပြောပေးတာကို လူတိုင်း သိတယ်။ အနာဂတ်မှာ မင်းသူ့ကိုအလွန်အကျွံလုပ်ရင် လူတိုင်းရဲ့မျက်လုံးထဲမှာ မျက်ဖြူဝံပုလွေ ဖြစ်လာလိမ့်မယ်။ နားလည်လား ။"
( မျက်ဖြူဝံပုလွေ = ကျေးဇူးကန်းသူ )
စုန့်ယွီသည် နေ့တစ်ဝက်ခန့် ဒေါသထွက်ပြီးနောက် “ လီကျောင်းမှာ အရူးအမူးဖြစ်နေတဲ့ပရိသတ်အဖွဲ့ ရှိတယ်။ သူက လက်ထောက်တစ်ယောက်မရှိလောက်အောင်ကို ဆင်းရဲနေသားနဲ့” ဟု ညည်းညူ ပြောဆိုခဲ့သည် ။
“နောက်ခံမရှိဘဲ အနိုင်ကျင့်ခံရပြီး ဆင်းရဲတဲ့ လူငယ်လေးက လူကြိုက်များလာနိုင်တယ်။ ဒါက ဘာကိုဆိုလိုလဲဆိုတာ မင်းသိလား။ ”
"ဘာလဲ?"
"အဲ့ဒါက သူက သူ့ဘဝတစ်လျှောက်လုံး ကျော်ကြားမှုရှိလိမ့်မယ်လို့ ဆိုလိုတာ "
အေးဂျင့်က ကီးဘုတ်ကို တို့ထိနေခဲ့သည် ။
"သူငယ်ချင်းအမြောက်အများအတွက် လမ်းကြောင်းအများကြီးရှိတယ် ။အကယ်၍ မင်းသာသူ့ကို တကယ် မကြိုက်ဘူးဆိုရင် သူ့ကို စင်ပေါ်မှာပေါ်ထွက်လာဖို့ အခွင့်အရေးတစ်ခုမှမပေးဘဲနဲ့ ဒရမ်မာရိုက်ကွင်းအစကတည်းက မင်း ကန်ထုတ်ခဲ့သင့်တယ်။ သူက အခု ကျော်ကြားနေပြီ။ အဲ့ဒါကြောင့် မင်းမကြိုက်ရင်တောင် ကောင်းကောင်း သည်းခံရမယ်"
စုန့်ယွီက ထိုသို့တိတ်ဆိတ်ပြီး စကားနားထောင်သည်ကို မြင်ရသည်မှာ ရှားပါးလွန်းလှ၍ အေးဂျင့်က စကားနည်းနည်း ထပ်ပြောခဲ့သည်။
"ငါက အရမ်းပြောနေတယ်လို့ မထင်ပါနဲ့။ကျော်ကြားတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ ဒီလိုလူမျိုးကို မစော်ကားတာ ပိုကောင်းပါတယ်။ ”
စုန့်ယွီသည် သူ၏အေးဂျင့်အား ကြည့်လိုက်သည်။
"ယုံချင်ယုံမယုံချင်နေ။" အေးဂျင့်က သူ့ laptop ကိုပိတ်ပြီးထလိုက်သည် ။ “ မင်းခဏလောက် အနားယူသင့်တယ်။ ညနေလေးနာရီမှာ အစည်းအဝေးရှိတယ်။ အဲဒီအချိန်ကျရင် ငါမင်းကို လာခေါ်မယ်။ လီကျောင်းကို ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်ဖို့ သတိရပါ။ ”
စုန့်ယွီသည် အေးဂျင့်ကိုလျစ်လျူရှုပြီး ဆိုဖာပေါ်တွင် အကြာကြီးထိုင်နေခဲ့၏ ။ ထို့နောက် ဖုန်းကိုထုတ်ကာ ဆက်သွယ်ရန်လိပ်စာကို ရှာလိုက်သည်။ နောက်ဆုံးတွင် လီကျောင်း၏ WeChat အကောင့်ကိုသူ၏ blacklist ထဲတွင်တွေ့သဖြင့် သူ့ကို blacklist စာရင်းမှ ဖယ်ထုတ်လိုက်သည်။
စုန့်ယွီ : ငါမင်းကိုအခွင့်ကောင်းယူမှာ မဟုတ်ဘူး။ ရက်အနည်းငယ်အတွင်း ငါမင်းကို အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်။
ဟော့ပေါ့ဆိုင်တွင် လီကျောင်းသည် တူများကိုစိတ်ပျက်လက်ပျက် ချထားလိုက်သည်။ အစားအစာများက အရသာရှိသော်လည်း သူ၏အစာအိမ်က လက်မခံနိုင်တော့ပါ။ သူက ပါးစပ်ကို သန့်ရှင်းအောင် သုတ်လိုက်ပြီး “ ဒီဟော့ပေါ့က အရသာရှိတယ်။ နောက်တစ်ခါကျရင် အစ်ကိုရှောင်ယွမ်ကိုခေါ်ပြီး ငါတို့ထပ်လာစားကြမယ်။ " ဟုပြောခဲ့သည်။
“ ကောင်းပြီ။ ” ရန်ထင်းသည် တူများကို ချလိုက်သည်။ သူ၏ဟန်ပန်သည် အလွန်ကြော့ရှင်းနေပြီး သူသည်ဟော့ပေါ့အစား အဆင့်မြင့်စားသောက်ပွဲတစ်ခု စားနေဟန်တူသည်။
ထိုအချိန်၌ WeChat မှ စာရောက်ကြောင်း အသံထွက်ပေါ်လာသည်။ လီကျောင်းသည် 'ကောင်းကင်အောက်က ကုန်းမြေ' အမည်ရသောလူတစ်ဦးက သူ့ထံစာတစ်စောင်ပို့ခဲ့သည်ကို မြင်လိုက်ရ၏ ။
"ငါမင်းကိုအခွင့်ကောင်းယူမှာ မဟုတ်ဘူး။ ရက်အနည်းငယ်အတွင်း ငါမင်းကို အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးမယ်။"
ရန်ထင်း၏ မျက်လုံးများသည် ဖုန်းမျက်နှာပြင်ကို စူးစိုက်ကြည့်နေခဲ့သည် ။ ဒါက ရည်ရွယ်ချက်ရှိရှိ ကြည့်ခြင်းမဟုတ်သော်လည်း သူသည် ကလေးဘဝတည်းက မြင်သည့်အရာတိုင်းကို မှတ်မိလေ့ရှိ၏။ ထို့နောက် သူသည် စာပါအကြောင်းအရာများကို မြင်လိုက်သည်။ သူက လက်သုတ်ပုဝါကို ဖြည်းဖြည်းချင်း ချလိုက်ပြီး မျက်လုံးများက ဂရုမစိုက်သည့်ပုံ ဖြစ်သွားသည်။
လီကျောင်းသည် ဤထူးဆန်းသော WeChat အမည်သည် မည်သူမည်ဝါဖြစ်ကြောင်း မမှန်းဆနိုင်ခဲ့ပါ။ တစ်ခါတစ်ရံ အဖွဲ့သားများ၏ အပေါ်ယံခင်မင်မှုကို ထိန်းသိမ်းရန်အတွက် သူက တခြားသူများကို သူငယ်ချင်းအဖြစ် ထည့်ပေးကောင်းထည့်ပေးလိမ့်မည်။ သို့သော် သူတို့အချင်းချင်း တစ်ခါမှ စကားမပြောဖူးကြချေ ။
ကျောင်းကျောင်းဆီသို့ကံကောင်းမှုတွေရောက်လာပြီ : ဆောရီး ။ အရင်တုန်းက ငါအရမ်းအလုပ်များပြီး မင်းနာမည်ကို မှတ်စုရေးတဲ့နေရာမှာ အမှားလုပ်မိလိုက်တယ်။ ကျေးဇူးပြုပြီး နာမည်လေးမေးလို့ရမလား ...
စုန့်ယွီသည် လီကျောင်း၏အဖြေကို ရသောအခါ အလွန်ဒေါသထွက်သွားသဖြင့် ဖုန်းကို ကော်ဇောပေါ်သို့ ပစ်ချလိုက်သည်။ လီကျောင်း…ဒီလှည့်စားတတ်တဲ့ တစ္ဆေလေးက မှတ်စုမှားရေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ နာမည်ပေါ်မှာ မှတ်စုရေးဖို့မေ့သွားတယ်ဆိုတာ ရှင်းနေတာပဲ ။
သူက ရိုက်ကူးရေးတွင် စုန့်ယွီကို 'အစ်ကို'ဟု ခေါ်လေ့ရှိပြီး မီဒီယာရှေ့တွင် သူ့အကြောင်း ဂုဏ်ယူစွာပြောပေးသော်လည်း လီကျောင်းက စုန့်ယွီ၏ နာမည်မှတ်စု ရေးထားရန်ပင် မထိုက်တန်ဟု ထင်နေတာလား ။ စုန့်ယွီ၏ရင်ဘတ်သည် ဒေါသများနှင့်ပြည့်နေပြီး လီကျောင်းကို blacklist ထဲသို့ တစ်ဖန် ပြန်ထည့်လိုက်သည်။ သူ့ဘက်မှ လီကျောင်းထံသို့ စတင်ပြီး စာပို့ခဲ့လျှင် သူသည် ပုပ်ပွနေသည့်လူယုတ်မာ ဖြစ်ပေလိမ့်မည်။
အချိန်အနည်းငယ်ကြာပြီးနောက် တစ်ဖက်မှလီကျောင်းထံသို့ စာမပြန်သဖြင့် နောက်ထပ်စာတစ်စောင် ပို့လိုက်သည်။ ထို့နောက် သူသည် အခြားသူနှင့် သူငယ်ချင်း ဖြစ်မနေကြောင်း WeChat အချက်ပေးသံ ထွက်ပေါ်လာသည်။
"စာမှားပို့တာလား" လီကျောင်းက တီးတိုးပြောလိုက်သော်လည်း ထိုကိစ္စကို အများကြီး မစဉ်းစားခဲ့ပေ ။ သူက ထလာပြီး ရန်ထင်းကို ပြောလိုက်သည်။ "ငါ ပိုက်ဆံသွားရှင်းလိုက်ဦးမယ်။ မင်းငါ့ကို ဒီမှာ စောင့်နေနော်။ "
ရန်ထင်းက ခေါင်းညိတ်ပြလိုက်သည်။
ဟော့ပေါ့ဟင်းရည်သည် ဆူပွက်နေဆဲဖြစ်သည်။ ရန်ထင်းက ခံစားချက်မဲ့သောမျက်နှာထားဖြင့် ဆူပွက်နေသော ဟင်းရည်ကို ကြည့်လိုက်သည်။ ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ဦးသည် ဂရုတစိုက်လမ်းလျှောက်လာကာ ဦးညွှတ်ပြီး မီးဖိုကို ပိတ်လိုက်သည်။
"ဆရာ ၊ ဒီဆိုင်ကအစားအသောက်နဲ့ပတ်သက်ပြီး မင်းမှာ မှတ်ချက်တစ်ခုခုများ ပြောဖို့ ရှိလားမသိဘူး။ "
ရန်ထင်း : "မင်းကဆိုင်မန်နေဂျာလား"
"ဟုတ်ကဲ့ ဆရာ" အဘိုးအို၏မျက်နှာပေါ်ရှိအပြုံးသည် ပို၍ စိတ်အားထက်သန်နေခဲ့သည်။
ရန်ထင်းက စကားပြောရန် ပြင်လိုက်စဉ် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာ၏။ သူက လက်ညှိုးကို အနည်းငယ်မြှင့်ပြလိုက်သောအခါ ဆိုင်မန်နေဂျာက နောက်သို့ နှစ်လှမ်း ဆုတ်သွားသည် ။ လီကျောင်းက အခန်းထဲတွင် အခြားတစ်ယောက်ရှိနေသည်ကို မြင်သဖြင့် ပြုံးပြလိုက်၏ ။ ဆိုင်မန်နေဂျာကလည်း ရိုးသားစွာ ပြန်ပြုံးပြသည်။
"ဒါကမင်းအတွက်" လီကျောင်းသည် အစာကြေဆေးပြားတစ်ဘူးကို ရန်ထင်းလက်ထဲထည့်လိုက်သည်။ ရန်ထင်းသည် အစာကြေဆေးပြားများကို ကိုင်ထားပြီး သူ၏နက်မှောင်သောမျက်လုံးများက လီကျောင်းကို ကြည့်လိုက်၏ ။
"ငါတို့ပထမဆုံးအတူတူစားတဲ့ ထမင်းနှစ်နပ်မှာ မင်းနည်းနည်းပဲစားတာကို ငါတွေ့ခဲ့တယ်။"လီကျောင်းသည် ရန်ထင်းကို ဆေးဘူးကူဖွင့်ပေးပြီး သူ့လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။
“ဒီနေ့မင်းက နောက်ဆုံးနှစ်ကြိမ်ထက် ပိုစားခဲ့တာဆိုတော့ မင်း အစာမကြေဖြစ်မှာစိုးတယ်။ အနီးအနားမှာ ဆေးဆိုင်ရှိနေတာနဲ့ ဆေးတစ်ဘူးဝယ်ခဲ့တယ်။ ဆေးပြား နည်းနည်းလောက် ယူလိုက်ပါ ။ ”
ရန်ထင်းသည် အစာကြေဆေးပြားများကိုအနံ့ခံလိုက်သောအခါ သင်းပျံ့သည့် အသီးရနံ့ ရခဲ့သည်။ သူသည် ဘူးပေါ်တွင် 'ကလေးများအတွက် အစာကြေဆေးပြား' ဟူသောစာလုံးနှင့် ထောင့်၌ ကလေးကာတွန်းပုံတစ်ခုရှိကြောင်း တွေ့ခဲ့၏ ။
"ကျေးဇူးတင်ပါတယ်။" ရန်ထင်းသည် ရိုးရှင်းစွာ ဝါးစားလိုက်သည်။
ဆိုင်မန်နေဂျာ၏မျက်လုံးများသည် လူနှစ် ဦး ကိုတိတ်တခိုး ကြည့်နေပြီး စကားပြောရန် ေြကြာက်ရွံ့နေခဲ့၏။
"ဒါနဲ့ ခင်ဗျားက " လီကျောင်းက သူ့ဘေးတွင် ရပ်နေသည့်လူစိမ်းကို တွေ့သွားပြီး လှည့်ကြည့်လိုက်သည်။
“မင်္ဂလာပါ ဆရာ၊ ကျွန်တော်က ဆိုင်မန်နေဂျာပါ။ မင်းက ဒီအစားအသောက်တွေအပေါ် ကျေနပ်မှုရှိပါရဲ့လား။ ” မန်နေဂျာကပြုံးပြီးမေးတယ်။
“ဒါက အရသာရှိတယ်။ ငါ့သူငယ်ချင်းရော ငါရော ကြိုက်ကြတယ်။ ဟုတ်တယ်မလား။” လီကျောင်းသည် ရန်ထင်းအား တံတောင်နှင့် တွတ်လိုက်သည်။
“ အင်း ” ရန်ထင်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
"မင်းကျေနပ်ရင် လုံလောက်ပါပြီ၊ ကျေနပ်တာ ကောင်းပါတယ်။" ထိုအရာသည် ရိုးရှင်းသည့် ချီးကျူးစကားဖြစ်သော်လည်း မန်နေဂျာက ကြီးမားသည့်အတည်ပြုချက်တစ်ခု ရသွားပုံပေါ်၏ ။ သူက လူနှစ်ယောက်ကို ဦးညွှတ်ပြီး စိတ်လှုပ်ရှားစွာ စကားပြောလိုက်သည် ။
“ဝန်ဆောင်မှုစိတ်ဓာတ်တိုးတက်ဖို့ ရှေ့လျှောက် ငါတို့ပိုကြိုးစားရမယ်။ မင်းရဲ့နောက်တစ်ခါ လာစားမဲ့အချိန်ကို မျှော်လင့်နေပါမယ်။ ”
လီကျောင်းက ဆိုင်မန်နေဂျာသည် အလွန်စိတ်လှုပ်ရှားသွားမည်ဟုမထင်လိုက်သဖြင့် ထပ်မံ၍ ချီးမွမ်းစကားအနည်းငယ် ဆိုခဲ့သည်။သူက ချီးမွမ်းစကား များများပြောလေ၊ တစ်ဖက်လူက ပိုပျော်ရွှင်လေဖြစ်ခဲ့၏ ။ မန်နေဂျာကသူတို့ကို တံခါးဝထိလိုက်ပို့ပြီး သူတို့ထွက်သွားသည်ကိုကြည့်ရင်း တောက်ပစွာပြုံးလိုက်သည်။
“ဒီဆိုင်ကတကယ်ကောင်းတယ်။ ဈေးသက်သာပြီး ဧည့်သည်တွေအပေါ်လည်း နွေးထွေးတယ်။ ” လီကျောင်းကပြုံးလိုက်သည်။
"ဒီနေ့ဘဝက တကယ့်ကို ပြီးပြည့်စုံတယ်။ "
"မင်းကျေနပ်လား" ရန်ထင်း၏ဖျော့တော့သောနှုတ်ခမ်းများက အနည်းငယ်တုန်ခါသွားသည်။ "တကယ်လား"
"ငါကအပြင်ပန်းအရ ကြည့်မယ်ဆိုရင် သူငယ်ချင်းနဲ့အရသာရှိတဲ့ဟော့ပေါ့ စားရတယ်။ ပြီးတော့ အဖွဲ့ဝင်လျော့ဈေးကတ်လည်း ရခဲ့တယ်။" လီကျောင်းက ပြုံးပြီး "အဟုတ်ပဲ ၊ဒါက ပြီးပြည့်စုံတယ်။ " ဟု ဖြေလိုက်သည်။
ရန်ထင်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ငါနားလည်တယ်။"
"မင်းကဘာကို နားလည်တာလဲ" လီကျောင်းသည် သူငယ်ချင်းအသစ်၏ လျှို့ဝှက်ဆန်းကြယ်သောပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေခဲ့သည်။ ဤအရာအပေါ် သူ၏နားလည်မှုသည် အလွန်ရိုးရှင်းပြီး ကြမ်းတမ်းသည်။ ရန်ထင်းက သူငယ်ချင်းဖွဲ့ခြင်း ၊ လူအများနှင့် ပြောဆိုဆက်ဆံရခြင်းတို့ကို မနှစ်သက်ပေ။ သူ့နှလုံးသားက အမြဲဆန်းကြယ်နေခဲ့၏ ။
ရန်ထင်းက "ငါမင်းကိုပြန်ယူမယ်" ဟု ပြန်ပြောလိုက်သည်။
လီကျောင်းက အံ့သြသွားပြီး "ထင်းထင်း ၊ မင်းမှာ ရည်းစားမရှိဘူးလား" ဟုမေးလိုက်သည်။
“ အင်း ”
အိုကေ ၊ သူတို့ရဲ့ ညီအစ်ကိုဆက်ဆံရေးအတွက် ဒီလူကို သူရဲ့ ဆန်းကြယ်တဲ့ပုံစံကို ထိန်းသိမ်းထားဖို့ ခွင့်ပြုလိုက်မယ်။ ဆန်းကြယ်သော ယောက်ျားများသည် မိန်းကလေးများကြားတွင် ရေပန်းစားပြီး လီကျောင်းက သူကိုယ်သုူ အရမ်းနားလည်မှုရှိတာပဲ ဟုတွေးထင်နေခဲ့သည်။
“အဆင်ပြေပါတယ်။ မင်းကအသက်နှစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာမို့ လောစရာမလိုပါဘူး။”
လီကျောင်းသည် ရန်ထင်းကို နှစ်သိမ့်လိုက်သည်။ "မိန်းကလေးရည်းစားတွေက အမြဲ ရှိနေမှာပါ"
ရန်ထင်း တိတ်ဆိတ်သွားသည်။ ရင့်ကျက်သောယောက်ျားတစ်ယောက်အနေနှင့် တစ်ခါတစ်ရံ သူသည် လူငယ်များနှင့် ပြောဆိုဆက်ဆံရာတွင် အခက်ကြုံရသည်။
လီကျောင်း အိမ်သို့ ပြန်ရောက်ပြီးနောက် ရန်ထင်းသည် ကုမ္ပဏီသို့ ပြန်လာခဲ့၏ ။ ယာဉ်မောင်းသည် ဦးညွတ်ကာ တံခါးဖွင့်ပေးလိုက်ပြီး လက်ထောက်က သူ့ကို “ စတော်ဘယ်ရီ အနုပညာကုမ္ပဏီဒါရိုက်တာက ဆရာနဲ့စကားပြောချင်နေတယ်” ဟု တီးတိုးပြောလိုက်သည်။
"ငါသူတို့ကိုတွေ့မယ်။" ရန်ထင်းက ပါးစပ်ကိုကာရန် လက်သီးဆုပ်လိုက်ပြီး ညင်သာစွာ ချောင်းဆိုးလိုက်သည်။
“ ဟုတ်ကဲ့ ” လက်ထောက်သည် ရန်ထင်း တံခါးမှထွက်လာရန် စောင့်ဆိုင်းနေပြီး ရန်ထင်းပုခုံးပေါ်ရှိအင်္ကျ ီကို အလျင်အမြန်လှမ်းယူလိုက်သည်။ ရုတ်တရက် ရန်ထင်း၏ခြေလှမ်းများရပ်တန့်သွားပြီး သူသည် ကားထိုင်ခုံပေါ်ရှိအစာကြေဆေးဘူးကို ပြန်ကြည့်သည်။ ထို့နောက်သူက ခါးကိုင်းလိုက်ပြီး ဆေးဘူးကိုသူ၏အင်္ကျ ီအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
အဆောက်အဦထဲ ဝင်လိုက်သည်နှင့် ရန်ထင်းသည် နားထင်ကို နှိပ်ကာ နေ့စဉ်နေ့တိုင်း လုံးဝပြောင်းလဲမသွားသည့် ကမ္ဘာကြီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် အတက်အကျမရှိသော ရေအိုင်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ဓာတ်လှေကားသည် တစ်ထပ်ပြီးတစ်ထပ် လင်းလာပြီး ဖြည်းဖြည်းချင်း ပွင့်သွားသည်။ ဓာတ်လှေကားအပြင်ဘက်တွင် စတိုင်ကျလှပသော စင်္ကြံတစ်ခုရှိသည်။
"ဆရာ၊ မင်းရဲ့အာဟာရဆေးဝါး" ဓာတ်လှေကားအပြင်ဘက်ရှိ ပရော်ဖက်ရှင်နယ်ဝတ်စုံပြည့် ဝတ်ဆင်ထားသည့်လူတစ်ယောက်ကသူ့ကို ဆေးတစ်ဘူးပေးလိုက်သည် ။
"ဟင့်အင်း ၊ အဲဒါမလိုဘူး" သူ၏မျက်ခွံများအနည်းငယ်နိမ့်ကျသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်သောစင်္ကြံ၌ပင် လှုပ်ရှားမှုတစ်စုံတစ်ရာမပြုဘဲ နွေးထွေးနေခဲ့၏ ။ဤနေရာတွင်ရှိနေမည်ဟု ထင်မှတ်မထားသည့် တစ်ခုတည်းသောအရာမှာ အင်္ကျ ီအိတ်ကပ်ထဲတွင် ရှိနေခဲ့၏ ။ ၎င်းမှာ ကလေးများအတွက် ခုတ်လုပ်ထားသော အစာကြေဆေးပြားဖြစ်ပြီး တစ်ဘူးကို ယွမ်တစ်ရာအောက်သာ ပေးရသည်။
ပရော်ဖက်ရှင်နယ်ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသား၏ မျက်လုံးထဲတွင် စိုးရိမ်မှုတစ်ချို့ ရှိနေသော်လည်း သူဘာမှ မပြောနိုင်ခဲ့ပေ။ သူသည်တိတ်ဆိတ်စွာ ခေါင်းကိုငုံ့ထားခဲ့သည်။
စာရေးသူမှာ ပြောစရာရှိတယ်။
ကျောင်းကျောင်း : ရည်းစားမရှိတဲ့ အစ်ကိုကောင်းတစ်ယောက်အတွက် ငါ့နှလုံးသားကြေကွဲနေတယ်။
ထင်းထင်း : စကားမပြောချင်ဘူး။
(note : တွေ့တာသုံးခါပဲရှိသေးပေမဲ့ ထင်းထင်းကတော့ ယူဖို့တောင်ပြောနေပါပြီ )
#5411words
#28.8.21