ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [M...

yinyinhtun9699

648K 100K 3.8K

Zawgyi လီေက်ာင္းသည္ ဆင္းရဲႏြမ္းပါးေသာ အသက္၂၀အရြယ္ သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး ေနာက္ထပ္တစ္နပ္စာ မည္သည့္ေနရာမွရမလဲ... Еще

မိတ္ဆက္အမွာစာ
Chapter (1) Zawgyi အလြန္ေပ်ာ္ရႊင္ေနပါတယ္
Chapter (1) Unicode အလွန်ပျော်ရွှင်နေပါတယ်
Chapter (2) Zawgyi ေမြးေန႕ဆုေတာင္း
Chapter (2) Unicode မွေးနေ့ဆုတောင်း
Chapter (3) Zawgyi အျပစ္ကင္းေသာ ပြဲၾကည့္ပရိသတ္
Chapter (3) Unicode အပြစ်ကင်းသော ပွဲကြည့်ပရိသတ်
Chapter (4) Zawgyi Ahhhh......
Chapter (4) Unicode Ahhh......
Chapter (5) Z+U
Chapter (6) Z+U hot topic
Chapter (7) Z+U ခက္ခဲလြန္းတယ္ /ခက်ခဲလွန်းတယ်
Chapter (8) Z+U သတင္းဆိုး/သတင်းဆိုး
Chapter (10) Z+U အရသာရွိေသာ/အရသာရှိသော
Chapter (11) Z+U ကေလးမ်ားအတြက္ အစာေၾကေဆးျပား / ကလေးများအတွက် အစာကြေဆေးပြား
Chapter (12) လံုးဝမျဖစ္နိုင္ဘူး /လုံးဝမဖြစ်နိုင်ဘူး
Chapter (13) Z+U မနာလိုမႈ / မနာလိုမှု
Chapter (14) Z+U သက္ဝင္လႈပ္ရွားေနေသာ / သက်ဝင်လှုပ်ရှားနေသော
Chapter (15) Z+U လူလိမ္/ လူလိမ်
Chapter (16) Z+U Fuwa
Chapter (17) Z+U ပံုၾကီးခ်ဲ႕ျခင္း /ပုံကြီးချဲ့ခြင်း
Chapter (18) Z+U မင္းကိုအလုပ္ကေနလာၾကိဳမယ္/မင်းကိုအလုပ်ကနေလာကြိုမယ်
Chapter (19) ျဖဴ စင္ေသာခင္မင္မႈ
Chapter (19) ဖြူစင်သောခင်မင်မှု
Chapter (20) ပိုက္ဆံေပးမယ္
Chapter (20) ပိုက်ဆံပေးမယ်
Chapter (21) ေမ်ွာ္လင့္မထားသည့္ ေတြ႕ဆံုမႈ
Chapter (21) မျှော်လင့်မထားသည့်တွေ့ဆုံမှု
Chapter (22) ရနံ႔
Chapter (22) ရနံ့
Chapter (23) ဘယ္လိုတိုက္ဆိုင္မႈမ်ိဳးလဲ
Chapter (23) ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ
Chapter (24) ေခ်ာက္ကမ္းပါး
Chapter (24) ချောက်ကမ်းပါး
Chapter (25) ဆယ္ေက်ာ္သက္က့ဲသို႔
Chapter (25) ဆယ်ကျော်သက်ကဲ့သို့
Chapter (26) ညီအစ္ကိုအဝတ္အထည္
Chapter (26) ညီအစ်ကိုအဝတ်အထည်
Chapter (27) ဆူညံမႈ
Chapter (27) ဆူညံမှု
Chapter (28) ျခိမ္းေျခာက္မႈ
Chapter (28) ခြိမ်းခြောက်မှု
Chapter (29)
Chapter (29)
Chapter (30) သိုးမ်ားေရတြက္ျခင္း
Chapter (30) သိုးများရေတွက်ခြင်း
Chapter (31) ဖက္ထုပ္မ်ားေရတြက္ျခင္း
Chapter (31) ဖက်ထုပ်များရေတွက်ခြင်း
Chapter (32) ေပ်ာ္ရႊင္စရာအဝတ္အစားမ်ား
Chapter (32) ပျော်ရွှင်စရာအဝတ်အစားများ
Chapter (33) ၾကြားတာလား
Chapter (33) ကြွားတာလား
Chapter (34) ေထာက္ခံခ်က္
Chapter (34) ထောက်ခံချက်
Chapter (35) Touching Porcelain
Chapter (35) Touching Porcelain
Chapter (36) ထင္းထင္းတ့ဲလား
Chapter (36) ထင်းထင်းတဲ့လား
Chapter (37) ေပ်ာ္ရႊင္ျခင္း ဝမ္းနည္းျခင္း
Chapter (37) ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း
Chapter (38-1) နွွစ္ပတ္လည္ ေတြ႕ဆံုပြဲ
Chapter (38-1) နှစ်ပတ်လည် တွေ့ဆုံပွဲ
Chapter (38-2) ႏွစ္ပတ္လည္ ေတြ႕ဆံုပြဲ
Chapter (38-2) နှစ်ပတ်လည် တွေ့ဆုံပွဲ
Chapter (39) ျပင္ဆင္ျခယ္သျခင္း
Chapter (39) ပြင်ဆင်ခြယ်သခြင်း
Chapter (40) ပါတီပြဲ
Chapter (40) ပါတီပွဲ
Chapter (41) သီးသန္႔အမွာစာ
Chapter (41) သီးသန့်အမှာစာ
Chapter (42) လက္ေဆာင္
Chapter (42) လက်ဆောင်
Chapter (43-1) Z+U မ်က္ဝန္းတစ္စံု /မျက်ဝန်းတစ်စုံ
Chapter (43-2) Z+U မ်က္ဝန္းတစ္စံု /မျက်ဝန်းတစ်စုံ
Chapter (44) အင္တာဗ်ဴး
Chapter (44) အင်တာဗျူး
Chapter (45) ႏွစ္သစ္ကူးပိုက္ဆံ
Chapter (45) နှစ်သစ်ကူးပိုက်ဆံ
Chapter (46) ရုပ္ရွင္
Chapter (46) ရုပ်ရှင်
Chapter (47) ဇာတ္ေကာင္
Chapter (47) ဇာတ်ကောင်
Chapter (48) ေစာေစာစီးစီး အခ်စ္
Chapter (48) စောစောစီးစီး အချစ်
Chapter (49) ဘဝတစ္သက္စာ
Chapter (49) ဘဝတစ်သက်စာ
Chapter (50) အရွက္မ့ဲေသာ
Chapter (50) အရှက်မဲ့သော
Chapter (51) မ်က္ႏွာခ်ိဳေသြးျခင္း
Chapter (51) မျက်နှာချိုသွေးခြင်း
Chapter (52) ရန္ပြဲ
Chapter (52) ရန်ပွဲ
Chapter (53-1) ေႏြးေထြးေသာ/ နွေးထွေးသော
Chapter (53-2) ေႏြးေထြးေသာ/ နွေးထွေးသော
Chapter (54) ဝက္ေမြးျမဴျခင္းဆိုင္ရာ အသိပညာေၾကာ္ျငာ
Chapter (54) ဝက်မွေးမြူခြင်းဆိုင်ရာ အသိပညာကြော်ငြာ
Chapter (54)
Chapter (55-1) Z+U အစီအစဥ္ရိုက္ကူးျခင္း /အစီအစဉ်ရိုက်ကူးခြင်း
Chapter (55-2) Z+U အစီအစဥ္ရိုက္ကူးျခင္း/ အစီအစဉ်ရိုက်ကူးခြင်း
Chapter (56-1) Z+U အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (56-2) Z+U အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (56-3) အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (57-1) Z+U ထုတ္လႊင့္ျပသျခင္း/ထုတ်လွှင့်ပြသခြင်း
Chapter (57-2) Z+U ထုတ္လႊင့္ျပသျခင္း / ထုတ်လွှင့်ပြသခြင်း
Chapter (57-3) Z+U ထုတ္လႊင့္ျပသျခင္း / ထုတ်လွှင့်ပြသခြင်း
Chapter (58-1) Z+U ေဘဘီေလးကိုကာကြယ္ျခင္း /ဘေဘီလေးကိုကာကွယ်ခြင်း
Chapter (58-2) Z+U ေဘဘီေလးကိုကာကြယ္ျခင္း / ဘေဘီလေးကိုကာကွယ်ခြင်း
Chapter (59-1) အစားအေသာက္ဂရုစိုက္ေပးျခင္း /အစားအသောက်ဂရုစိုက်ပေးခြင်း
Chapter (59-2) Z+U အစားအေသာက္ဂရုစိုက္ေပးျခင္း / အစားအသောက်ဂရုစိုက်ပေးခြင်း
Chapter (60) Z+U အမိႈက္ေကာက္ျခင္း / အမှိုက်ကောက်ခြင်း
Chapter (61-1) Z+U သစ္ပင္စိုက္ပ်ိဳးျခင္း / သစ်ပင်စိုက်ပျိုးခြင်း
Chapter (61-2) Z+U သစ္ပင္စိုက္ပ်ိဳးျခင္း /သစ်ပင်စိုက်ပျိုးခြင်း
Chapter (62-1) Z+U ပိုက္ဆံေခ်းျခင္း / ပိုက်ဆံချေးခြင်း
Chapter (62-2) Z+U ပိုက္ဆံေခ်းျခင္း /ပိုက်ဆံချေးခြင်း
Chapter (63) Z+U လေရာင္/ လရောင်
Chapter (64-1) Z+U စားေသာက္ၾကျခင္း / စားသောက်ကြခြင်း
Chapter (64-2) Z+U စားေသာက္ၾကျခင္း / စားသောက်ကြခြင်း
Chapter (65-1) Z+U စာအိတ္နီ / စာအိတ်နီ
Chapter (65-2) Z+U စာအိတ္နီ / စာအိတ်နီ
Chapter (66-1) Z+U သူေဌးၾကီး / သူဌေးကြီး
chapter (66-2) Z+U သူေဌးၾကီး / သူဌေးကြီး
Chapter (67-1) Z+U
Chapter (67-2)
Chapter (68) Z+U အရသာ / အရသာ
Chapter (69) Z+U အေရးအၾကီးဆံုး / အရေးအကြီးဆုံး
Chapter (70-1) Z+U ထင္းထင္းလား / ထင်းထင်းလား
Chapter (70-2) Z+U ထင္းထင္းလား / ထင်းထင်းလား
Chapter (71-1) Z+U ေႏြးေထြးမႈ / နွေးထွေးမှု
Hello
Chapter (71-2) Z+U ေႏြးေထြးမႈ /နွေးထွေးမှု
Chapter (71-2) Z+U ေႏြးေထြးမႈ / နွေးထွေးမှု
Chapter (72-1) Z+U မခါးသီးပါဘူး / မခါးသီးပါဘူး
Chapter (72-2) Z+U မခါးသီးပါဘူး / မခါးသီးပါဘူး
Not update
Chapter (73-1) Z+U ဆုရျခင္း / ဆုရခြင်း
Chapter (73-2) Z+U ဆုရျခင္း/ ဆုရခြင်း
Chapter (74-1) Z+ U
Chapter(74-2) Z+U
Chapter (75-1) Z+U
Chapter (75-2)
Chapter (76-1) Z+U အင္တာဗ်ဴး / အင်တာဗျူး
Chapter (76-2) Z+U အင္တာဗ်ဴး
Chapter (77) Z+U ေရငတ္ျခင္း / ရေငတ်ခြင်း
Chapter (78) Z+U တကၠသိုလ္ဝင္ခြင့္စာေမးပြဲရလဒ္/ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ္
Chapter (79-1) Z+U ရႈရန္ထင္း / ရှုရန်ထင်း
Not Update
Chapter (79-2) Z+U ရႈရန္ထင္း / ရှုရန်ထင်း
Chapter (80-1) Z+U အတိတ္ / အတိတ်
Chapter (80-2) Z+U အတိတ္/ အတိတ်
Chapter (81-1) Z+U မဝံ့ရဲပါ / မဝံ့ရဲပါ
Chapter (81-2) Z+U မဝံ့ရဲပါ / မဝံ့ရဲပါ
Chapter (82) Z+U မဟုတ္ဘူး /မဟုတ်ဘူး
Chapter (83-1) Z+U ပိုက္ဆံမရွာနဲ႕ / ပိုက်ဆံမရှာနဲ့
Chapter (83-2) Z+U ပိုက္ဆံမရွာနဲ႕ / ပိုက်ဆံမရှာနဲ့
Not update (ေတာင္းပန္လႊာ)
Chapter (84-1) Z+U ေငြရွာျခင္း / ငွေရှာခြင်း
Chapter (84-2) Z+U ေငြရွာျခင္း / ငွေရှာခြင်း
Chapter (85) Z+U Volunteer
Chapter (86) Z+U ယွဥ္ျပိဳင္ျခင္း/ ယှဉ်ပြိုင်ခြင်း
Not Update
Chapter (87) Z+U မိုက္မဲမႈ / မိုက်မဲမှု
Chapter (88-1) Z+U အခ်စ္မ်ားေရတြက္ျခင္း / အချစ်များရေတွက်ခြင်း
Chapter (88-2) Z+U
Chapter (89-1) Z+U အရမ္းမိုက္တယ္/ အရမ်းမိုက်တယ်
Chapter (89-2) Z+U အရမ္းမိုက္တယ္/ အရမ်းမိုက်တယ်
Chapter (90) Z+U
Chapter (91-1)
Chapter (91-2)
ေတာင္းပန္လႊာ
Chapter (92-1)

Chapter (9) Z+U အရမ္းေကာင္းတယ္ /အရမ်းကောင်းတယ်

5.4K 963 61
yinyinhtun9699

Zawgyi

အရမ္းေကာင္းတယ္

နူးည့ံသိမ္ေမြ႔သည့္မ်က္နွာကိုပိုင္ဆိုင္ထားသည့္ အသက္နွစ္ဆယ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္သည္ သူတို႔ကို စိတ္ရႈပ္ေထြးစြာၾကည့္ေနသည္။ သူတို႔ရဲ႕ နွလုံးတုန္လႈပ္သြားတာလား ဒါမွမဟုတ္ သူတို႔က မႀကိဳက္တာလား။

အမ်ိဳးသမီးသတင္းေထာက္တစ္ေယာက္က လီေက်ာင္းကိုၾကည့္ၿပီး သူမ၏နွလံုးသား မေပ်ာ့ေျပာင္းဘဲ မေနနိုင္ခ့ဲပါ။ အရည္အခ်င္းႏွင့္ျပည့္စုံေသာ ေဖ်ာ္ေျဖေရးသတင္းေထာက္တစ္ ဦးအေနႏွင့္ နာမည္ၾကီးေခါင္းစဥ္မ်ားကို အရွိန္ျမင့္တက္လာေအာင္ လုပ္ေပးရန္ လိုအပ္သည္။ သူမသည္ စိတ္ႏွလုံး ေပ်ာ့ေျပာင္းမေနသင့္ဘဲ မွန္မွန္ကန္ကန္ေမးျမန္းရန္ တာဝန္ရွိေပသည္။

"မၾကာေသးခင္က အေရးႀကီးဇာတ္ပို႔သရုပ္ေဆာင္တစ္ေယာက္က မင္းကို ရိုက္ကြင္းမွာ မမ်ွမတဆက္ဆံခဲ့တယ္ ဆိုျပီး တစ္စံုတစ္ေယာက္က သတင္းဖြင့္ခ်ခ့ဲတယ္။ "

သတင္းေထာက္မ်ားသည္ ဤအခြင့္အေရးကိုလက္လႊတ္ရန္ ဆႏၵမရွိသျဖင့္ လီေက်ာင္းအား ေမးခြန္းမ်ား ဆက္လက္ေမးျမန္းခဲ့သည္။

အေရးပါတဲ့ဇာတ္ပို႔တစ္ေယာက္ ... ဒီလူက စုန္႕ယီြဆိုတာ ရွင္းပါတယ္။

လူအမ်ားေရွ႕တြင္ လီေက်ာင္းေခါင္းကို ငုံ႕လိုက္သည္။ "ခင္ဗ်ား... ဒါေတြအကုန္လံုးကို ခင္ဗ်ားတို႕သိတာလား"

လီေက်ာင္း အနည္းငယ္ ေခါင္းငုံ႕ေနသည္ကို ျမင္ေသာအခါ သတင္းေထာက္မ်ား၏ မ်က္လုံးမ်ားသည္ ပိုမို ေတာင္ေလာင္လာသည္။ သတင္းႀကီးတစ္ခု ေပါက္ကြဲထြက္လာေတာ့မယ္။ ကင္မရာန့ဲ အသံဖမ္းစက္ေတြ ေနရာတက်ျဖစ္တာ ေသခ်ာပါေစ။

"ဟုတ္တယ္၊ ငါတို႔အားလုံးၾကားၿပီးၿပီ။ ေက်းဇူးျပဳျပီး ငါတို့ကို အေသးစိတ္ေျပာျပေပးပါလား။ ငါတို႔အားလုံး မင္းကို အရမ္းစိတ္ပူေနၾကတယ္ "

စုန္႕ယီြေနာက္တြင္ လိုက္လာသည့္ လက္ေထာက္သည္ ေျခေထာက္မ်ား ေပ်ာ့ေခြေနခ့ဲသည္။ သူက စုန္႕ယီြကို တိတ္ဆိတ္စြာ ကားထဲသို႔ ျပန္သြင္းလိုက္ၿပီး တံခါးေရွ႕တြင္ ပိတ္ရပ္လိုက္သည္။

"ေရွ႕ကဖယ္ေပး "

စုန္႕ယီြသည္ လက္ေထာက္အား တြန္းထုတ္ရန္ ၾကိဳးစားေသာ္လည္း လက္ေထာက္က သူ႕ကိုအလ်င္အျမန္ ျပန္တြန္းထည့္လိုက္သည္။

" အစ္ကိုစုန္႕၊ အစ္ကိုစုန္႕ ၊ ဆူညံေအာင္ မလုပ္ပါနဲ႕ ။ သတင္းေထာက္ေတြ ဂ႐ုမျပဳတဲ့အခ်ိန္မွာ ငါတို႔ ျမန္ျမန္သြားသင့္တယ္။ "

"ငါကဘာလို႔ သြားရမွာလဲ"

လီေက်ာင္း ရဲ႕ပရိသတ္ေတြက ေဒါသထြက္ျပီး လူေတြကို ရိုက္မွာ ငါေၾကာက္တယ္ "

" ......"

ယခုအခါ လီေက်ာင္းတြင္ အရူးအမူးျဖစ္ေနေသာပရိသတ္မ်ား ရွိခဲ့ၿပီး ၎တို႔အားလုံးသည္ ဒရာမာကို ျကိုက္သည့္ ပရိတ္သတ္မ်ားႏွင့္ မ်က္ႏွာကို ၾကိဳက္သည့္ ပရိတ္သတ္မ်ား ျဖစ္ၾကသည္။

လီေက်ာင္းသည္ သတင္းေထာက္မ်ား၏မ်က္လုံးမ်ားေၾကာင့္ ထိတ္လန႔္သြားၿပီး ေနာက္သို႔ ေျခတစ္လွမ္းဆုတ္လိုက္ရာ သူ႕ေက်ာျပင္သည္ ကင္မရာနွင့္ မိုက္ခရိုဖုန္းမ်ားစြာကို ရိုက္မိသြားသည္။ သူက စုန္႕ယီြ၏ ညဥ့္လယ္စာမုန္႕မ်ားကို အရွက္မဲ့စြာ လက္ခံခဲ့သည္ ။ဒါေပမ့ဲလည္း လူအမ်ားႀကီးေရာက္လာျပီး ဓာတ္ပုံရိုက္ရေလာက္တ့ဲထိ မလိုအပ္ဘူးမလား ။ သူက အိုင္ေဒါတစ္ေယာက္ျဖစ္ရသည္ကို ဝန္ထုပ္ဝန္ပိုးျဖစ္ေနသည့္ လူငယ္ေလးတစ္ေယာက္သာ ျဖစ္ပါသည္။

"လူအမ်ားႀကီးေရွ႕မွာ ေျပာရတာ နည္းနည္းမေကာင္းဘူးလားလို႕ " လီေက်ာင္းသည္ အလြန္တိုးညင္းစြာ ေျပာခဲ့သည္။

"အဲဒါကဘာမွ မမွားပါဘူး။ ဒါကို ပရိသတ္ေတြက အရမ္းစိုးရိမ္ေနၾကပါတယ္။ " သတင္းေထာက္မ်ားသည္ လီေက်ာင္းက ထိုေခါင္းစဥ္အား ေျပာင္းပစ္မည္ကို မည္သို႕ ခြင့္ျပဳနိုင္မည္နည္း။

"ေက်းဇူးျပဳၿပီး ဒီအေၾကာင္းကို ေသခ်ာေလး ေျပာျပေပးပါ။ "

သတင္းေထာက္မ်ား၏ စိတ္ထဲတြင္ "ဖြင့္ခ်လိုက္ေတာ့ ၊ တိုက္ခိုက္လိုက္ေတာ့" ဟူ၍ ေတြးေနခ့ဲသည္။

"မမွ်တတဲ့ဆက္ဆံမႈ နည္းနည္းေလးေတာ့ ရွိခဲ့တယ္" လီေက်ာင္းက ေခ်ာင္းဟန္႕လိုက္သည္။ "တကယ္ေတာ့ ဘာမွ ေျပာစရာမရွိပါဘူး။ "

"အ့ဲဒါက အဆင္ေျပပါတယ္ ။ မင္းငါတို႕ကို ေျပာျပလို႕ရတယ္။ " သတင္းေထာက္မ်ားသည္ ဖြင့္ခ်မည့္သတင္းကို စိုးရိမ္တႀကီး ေစာင့္ဆိုင္းေနၾကသည္။

စုန္႕ယီြ၏ လက္ေထာက္သည္ လီေက်ာင္း၏ လက္မွတ္မ်ားကိုင္ကာ သူတို႕ပတ္လည္တြင္ ဝန္းရံေနသည့္ပရိသတ္မ်ားကို ေစာင့္ၾကည့္ေနျပီး စုန္႕ယီြကို ဆြဲေျပးရန္ အဆင္သင့္ျဖစ္ေနခ့ဲသည္။

"ဒါဆို ကြ်န္ေတာ္... ကြ်န္ေတာ္ နည္းနည္းေလး ေျပာျပမယ္" လီေက်ာင္း၏ပါးမ်ား အနည္းငယ္ နီျမန္းလာခ့ဲ၏ ။

"ဟုတ္ျပီ ။ ေျပာျပလိုက္ေတာ့" သတင္းေထာင္မ်ားက မေစာင့္ဆိုင္းနိုင္ေတာ့ေပ ။

"အစ္ကိုစုန္႕က ကြ်န္ေတာ္ညဘက္ဆိုရင္ အလြယ္တကူ ဗိုက္ဆာတတ္တာကို သိျပီးေတာ့ ညဘက္ေတြမွာ ကြ်န္ေတာ့္အတြက္ မုန္႕ဝယ္ေပးဖို႕ သူ႕လက္ေထာက္ကို မၾကာခဏ ခိုင္းေလ့ရွိတယ္။"

"ဟမ္??? "သတင္းေထာက္မ်ားအေနျဖင့္ ဤအရာကို မမ်ွတေသာဆက္ဆံမႈဟု မထင္ၾကေပ။ "တစ္ျခား ဘာမ်ားရွိေသးလဲ " သူအခုထိ မေျပာေသးတဲ့ အရာတစ္ခုခုေတာ့ ရွိရမယ္။

လီေက်ာင္းသည္ ဤသတင္းေထာက္မ်ားက ဇာတ္လမ္းတစ္ခုလုံး ေမးလိမ့္မည္ဟု မေမွ်ာ္လင့္ထားပါ။ သူသည္ ပတ္ဝန္းက်င္ရွိ သတင္းေထာက္မ်ားကို ၾကည့္ၿပီး မလြတ္ေျမာက္နိုင္ေၾကာင္း သိလိုက္သည္။ ထို႔ေၾကာင့္ သူက ဆက္လက္ ရွင္းျပခဲ့ရသည္။

"လအနည္းငယ္အၾကာက အစ္ကိုစုန္႕က အရမ္းအရသာရွိတ့ဲ ေခ်ာကလက္ဘရန္းတစ္ခုရဲ႕ ဖိတ္ေခၚမႈကို လက္ခံရရွိခ့ဲတယ္ ။ သူက ကြၽန္ေတာ့္ကို ရိုက္ကူးေရးအဖြဲ႕သားေတြေရွ႕မွာ ေခ်ာကလက္တစ္ဘူးေပးခ့ဲတယ္ ။ ဒါေပမဲ႔ သူက ကြၽန္ေတာ့္ကို ေနာက္တစ္ဘူးထပ္ေပးဖို႕ သူ႕လက္ေထာက္ကို တိတ္တဆိတ္ ညႊန္ၾကားခဲ့တယ္။ "

ဤအေၾကာင္း ေျပာျပရင္း သူက ကင္မရာမ်ားကို အျမန္ၾကည့္လိုက္သည္ ။ " ရိုက္ကူးေရးအဖြဲ႕က အျခားညီအစ္ကိုေမာင္ႏွမေတြ အစ္ကိုစုန္႕ကို မမ်ွတဘူးလို႕ အျပစ္မတင္ပါနဲ႕ ။ကြ်န္ေတာ္က အရမ္းစားနိုင္တာမို႕ အစ္ကိုစုန္႕က တိတ္တိတ္ေလးေနာက္တစ္ဘူးပို႕ေပးခ့ဲတ့ဲအခ်က္ကိုပဲ အျပစ္တင္ၾကပါ ။ အစ္ကိုစုန္႕က အရမ္းေကာင္းတ့ဲလူတစ္ေယာက္ပါ "

အယ္? အယ္? အယ္?

သတင္းေထာက္မ်ားမွာ အံ့အားသင့္ခဲ့ရသည္။ထိုအရာသည္ သူတို႔ေမွ်ာ္လင့္ထားသည့္ 'မမ်ွမတဆက္ဆံမႈ' ႏွင့္ လုံးဝကြဲျပားေနသည္။ မဟုတ္ဘူး ။ ငါတို့ ဒါကိုမလိုခ်င္ဘူး။

"အစ္ကိုစုန္႕က ကြ်န္ေတာ့္ကို မၾကာခဏ အာဟာရျပည့္ဝတဲ့ အစားအစာေတြ ေကြၽးဖို႕ သူ႕လက္ေထာက္ကို စီစဥ္ခိုင္းေလ့ရွိတယ္။ကြ်န္ေတာ္က သူ႕ထက္ငယ္လို႕ နွစ္သိမ့္ေပးျပီး ဒီလိုပံုစံနဲ႕ ကြ်န္ေတာ့္ကို ဂရုစိုက္ေပးတာပါ။ ဒါကို အစ္ကိုစုန္႕က ကြ်န္ေတာ့္ကို မမ်ွမတဆက္ဆံတယ္ဆိုျပီး လူတိုင္းက ေတြးေနမယ္လို႕ ဘယ္တုန္းကမွ မထင္ခ့ဲမိဘူး။ ကြ်န္ေတာ္ ေတာင္းပန္ပါတယ္။" လီေက်ာင္းသည္ ကင္မရာကို ကိုးဆယ္ဒီဂရီ ဦးၫႊတ္လိုက္သည္။

က်န္းေရွာင္ယြမ္က လီေက်ာင္းအား သူ၏နတ္သားပံုရိပ္ကို ထိန္းသိမ္းရန္ ေျပာထားေၾကာင္း မွတ္မိသျဖင့္ သူ၏ထူးျခားသည့္ စားေသာက္ပံုအေလ့အထမ်ားကို အျခားသူမ်ားမသိေအာင္ ဖုံးကြယ္ထားခ့ဲသည္။

ထိုလူငယ္ေလးအား ငုံ႕ၾကည့္ေနသည့္ သတင္းေထာက္အုပ္စုသည္ တိတ္ဆိတ္ေနသည့္အခိုက္အတန႔္ကို ၾကံဳေတြ႕လိုက္ရသည္ ။ ဤမွ်အံ့ၾသဖြယ္ေကာင္းေသာ အႏုပညာရွင္ကို သူတို႔ ပထမဆုံးျမင္ဖူးျခင္း ၿဖစ္နိုင္သည္။

ယခု အင္တာနက္ေပၚတြင္ ေခတ္စားေနေသာ ထင္ျမင္ခ်က္မွာ လီေက်ာင္းကို ကိုယ္ခ်င္းစာၿပီး စုန္႕ယီြကို ေျပာဆိုေနၾကျခင္း ျဖစ္သည္။ အကယ္၍ လီေက်ာင္းသာ ထက္ျမက္လ်ွင္ ယခုအခ်ိန္တြင္ သူသည္ စုန္႕ယီြကို မကူညီသင့္ေပ။

စိတ္ပညာရႈေထာင္႔မွၾကည့္လ်ွင္ လူအမ်ားသည္ ဒုကၡေရာက္ေနသူကို သဘာဝအေလ်ာက္ ကိုယ္ခ်င္းစာျပီး ခ်စ္ခင္ျမတ္နိုးတတ္သည္ ။ လီေက်ာင္းသည္ အလွပေဂးမ်ားစြာရွိသည့္ ေဖ်ာ္ေျဖေရးလုပ္ငန္း၌ပင္ ၾကည့္ေကာင္းသူတစ္ဦးျဖစ္သည္။ သူက ဆြဲေဆာင္မႈရွိျပီး သ႐ုပ္ေဆာင္စြမ္းရည္လည္း ေကာင္းမြန္သည္။ သူသည္ ကြ်မ္းက်င္သရုပ္ေဆာင္တစ္ဦး မဟုတ္ေသာ္လည္း က်ရာဇာတ္ရုပ္ကို ေပ်ာ္ေပ်ာ္႐ႊင္ရႊင္ႏွင့္ ကြက္ကြက္ကြင္းကြင္း သ႐ုပ္ေဆာင္နိုင္ခဲ့သည္။ သူ႕ကိုလွပၿပီး ၾကံ့ခိုင္သူအျဖစ္ မွတ္ယူနိုင္သည္ ။

သူ႕၌ မရွိေသာအရာမွာ စိတ္ဆင္းရဲမႈ ျဖစ္သည္။ သူ႕အေပၚ အေကာင္းျမင္ေနသည့္ပရိသတ္မ်ားအား 'ဒီမင္းသားက အရမ္းသနားစရာေကာင္းတာပဲ။ ငါ့အသည္းေတြ ကြဲေၾကကုန္ျပီ' ဟူေသာ အေတြးမ်ိဳး ေတြးမိေအာင္ လုပ္ေဆာင္နိုင္သေရြ႕ ဒရမ္မာပရိသတ္မ်ားႏွင့္ ျဖတ္ေလ်ွာက္ပရိသတ္မ်ားကို သူ၏ပရိသတ္မ်ားအျဖစ္သို႕ ေျပာင္းနိုင္ေပလိမ့္မည္။ လီေက်ာင္းသာ အနည္းငယ္ ထက္ျမက္လွ်င္ သူသည္ပရိသတ္အား သူ႕အတြက္ စိတ္မေကာင္းျဖစ္ေစရန္ မေသခ်ာမေရရာသည့္အေျဖမ်ိဳး ေပးလိမ့္မည္ျဖစ္သည္။

(ဒီနားမွာ သတင္းေထာက္ေတြက လီေက်ာင္းသာ စုန္႕ယီြဘက္ကကူမေျပာမေပးဘဲ ခံရသူပံုစံမ်ိဳး အလိုက္သင့္ေနေပးလိုက္ရင္ လူေတြက သူ့ကိုသနားျပီး ဖန္ေတြပိုတိုးလာလိမ့္မယ္ဆိုျပီး ေတြးေနတာပါ )

ၾကာရွည္စြာ မိုးေခါင္ေရရွားျပီးေနာက္ မိုးရြာျခင္း ၊ ေကာင္းကင္မွ ျပဳတ္က်လာေသာ ကံေကာင္းမႈ ၊ အလြန္အမင္းဝမ္းနည္းရာမွ အလြန္အမင္းေပ်ာ္ရႊင္မႈသို႕ ေျပာင္းသြားျခင္း စတ့ဲအလွည့္အေျပာင္းေတြက ဘာကိုဆိုလိုတာလဲ ။ ထိုအခိုက္အတန္႕၌ စုန္႕ယီြ၏လက္ေထာက္သည္ ဤစကားစုမ်ား၏အဓိပၸါယ္ကို နက္နက္ရွိုင္းရွိုင္း ဆင္ျခင္ေတြးေတာေနခ့ဲသည္။ သူက လီေက်ာင္းသည္ စုန္႕ယီြအား ခ်ီးက်ဴးျပီး စုန္႕ယီြ၏ေကာင္းကြက္မ်ားကို ကူေျပာေပးမည္ဟု မေမ်ွာ္လင့္ခ့ဲေပ။ ကာယကံရွင္၏ ရွင္းလင္းေျပာၾကားခ်က္ထက္ ပို၍ အစြမ္းထက္သည့္အရာ မရွိေခ်။

လီေက်ာင္းက ဘယ္လို နတ္သားအမ်ိဳးအစားေလးလဲ။ သူက ရုပ္ရည္ေခ်ာေမာတယ္၊ ၾကင္နာတတ္တယ္ ၊ တစ္ကိုယ္ေကာင္းမဆန္ဘူး ။ သူက ေခတ္သစ္အႏုပညာရွင္ေတြအတြက္ စံျပပုဂၢိဳလ္တစ္ဦးပဲ။

" အစ္ကိုစုန္႕ ၊ လီေက်ာင္းက ဒီကိစၥကို ကိုယ္တိုင္ေျဖရွင္းခဲ့တယ္၊ ေခ်ာကလက္ဘရန္းက ဖိတ္ေခၚမႈစာခ်ဳပ္ကို လုံးဝ ဖ်က္မွာမဟုတ္ဘူး။ " လက္ေထာက္သည္ စုန္႕ယီြအား စိတ္ခံစားခ်က္အျပည့္ျဖင့္ ေျပာဆိုခဲ့သည္။ "ဒါက ငါတို႔အတြက္ အမ်ားႀကီး အေထာက္အကူျဖစ္ခဲ့တယ္"

PR အဖြဲ႕တစ္ခုလုံး ဘာမွ မစဥ္းစားနိုင္ေသးခင္ ဤအရာသည္ ျဖစ္ပ်က္ခဲ့သည္။

စုန္႕ယီြသည္ သတင္းေထာက္မ်ားဝန္းရံခံေနရေသာ လီေက်ာင္းကို စိုက္ၾကည့္ကာ ေခါင္းကို ေမာ့ၾကည့္လိုက္သည္။ သူ႕မွာ ဝက္လိုဦး ေႏွာက္ပဲရွိရင္ ႐ုပ္ရည္ေခ်ာေမာတာကို ဘယ္လိုလုပ္ အသုံးခ်နိုင္မလဲ။ လီေက်ာင္းက သူသည္ တမင္တကာ ပစ္မွတ္ထားခံရသည္ကိုပင္ မျမင္နိုင္ခ့ဲေပ။

ပလက္ေဖာင္းမွ ငွားရမ္းထားေသာ လုံၿခဳံေရးအေစာင့္မ်ားသည္ ေနာက္ဆံုးက်မွ ေရာက္လာခ့ဲသည္။ သူတို႕သည္ "လႊမ္းမိုးျခယ္လွယ္နိုင္စြမ္းရွိသည့္ အမ်ိဳးသမီးဥကၠ႒" ဇာတ္လမ္း၏ သရုပ္ေဆာင္မ်ား VIP လမ္းေၾကာင္းသို႕ ေခ်ာေခ်ာေမြ႕ေမြ႕ ဝင္ေရာက္နိုင္ရန္  သတင္းေထာက္မ်ားကို တားဆီးေပးခ့ဲ၏ ။ သတင္းေထာက္မ်ားျဖင့္ စည္ကားဆူညံေနေသာ ဝင္ေပါက္ႏွင့္ ႏွိုင္းယွဥ္ပါက ဤလမ္းေၾကာင္းသည္ အနည္းငယ္ တိတ္ဆိတ္ေနသည္။

မင္းသမီးေယာင္ရွရွသည္ အင္တာနက္ေပၚရွိ သတင္းကိုသိၿပီးေနာက္ လီေက်ာင္းနွင့္ သူမ ပိုမိုရင္းႏွီးလာေစရန္ ရည္႐ြယ္ခ်က္ရွိရွိႏွင့္ေသာ္လည္းေကာင္း ၊ မရည္႐ြယ္ဘဲႏွင့္ေသာ္လည္းေကာင္း ခ်ဥ္းကပ္ခဲ့သည္။ ထိုအရာက ရိုက္ကူးေရးတြင္ သူမသည္ လီေက်ာင္းအေပၚ ေအးစက္စက္ ဆက္ဆံခ့ဲသည္ကို သိေနေသာ ပရိသတ္မ်ားအတြက္ ရယ္စရာျပက္လံုးတစ္ခု ျဖစ္ေနခ့ဲ၏ ။

ကံမေကာင္းစြာျဖင့္ အခ်ိန္အၾကာၾကီး ၿဖတ္သန္းျပီးေသာ္လည္း လီေက်ာင္းသည္ အလြန္ယဥ္ေက်းဆဲ ၊ ရင္းႏွီးမႈနည္းပါးဆဲ ျဖစ္ေနေသးသည္။ တူညီသည့္လမ္းေၾကာင္းတြင္ လူနွစ္ဦးလံုးရပ္ေနေသာ္လည္း သူတို႕အား ေျခလွမ္းနွစ္လွမ္းက ျခားနားထားသည္။ စတိတ္စင္ေအာက္မွ ပရိသတ္မ်ား၏ေအာ္ဟစ္သံကို ၾကားရေသာအခါ ေယာင္ရွရွ၏ မ်က္ႏွာေပၚရွိ အၿပဳံးသည္ ေတာင့္တင္းလုနီးနီးျဖစ္ေနခ့ဲ၏ ။

သူမ၏ လူထုဆက္ဆံေရးေအးဂ်င့္က သူမကိုလီေက်ာင္းနွင့္ CP တစ္ခုအျဖစ္ ျမႇင့္တင္ေစခ်င္သည္ ။ သို႔ေသာ္လည္း လီေက်ာင္း၏သေဘာထားအရ မ်က္ကန္းမဟုတ္သူတိုင္းက သူတို႔တစ္ဦးႏွင့္တစ္ဦး မရင္းႏွီးၾကေၾကာင္း ျမင္နိုင္ေပသည္။ သူမက CPတစ္ခုအျဖစ္ ျမွင့္တင္နိုင္ေအာင္ ဘယ္လိုလုပ္ရမလဲ။

ေမးခြန္းေျဖဆိုသည့္အပိုင္းတြင္ သ႐ုပ္ေဆာင္မ်ားအၾကား နားလည္မႈကို စမ္းသပ္သည့္ ကစားပြဲတစ္ခု ရွိခဲ့သည္။ အစီအစဥ္တင္ဆက္သူသည္ လီေက်ာင္းအား သူႀကိဳက္ႏွစ္သက္သည့္ နို႔လက္ဖက္ရည္၏အရသာကို ေမးခဲ့ၿပီး ေယာင္ရွရွက စေတာ္ဘယ္ရီအရသာဟု ေရးခ့ဲသည္။ တစ္ခါက ရိုက္ကူးေရးအဖြဲ႕က လက္ေထာက္ကို နို႔လက္ဖက္ရည္ ဝယ္ခိုင္းလိုက္သည့္အခါ လီေက်ာင္းက အ့ဲဒါကို စိတ္သန့္စြာ ေသာက္ခဲ့ေၾကာင္း သူမ မွတ္မိခ့ဲ၏။

"ငါတို႔အေျဖကို တိုက္ၾကည့္ၾကမလား" ပလက္ေဖာင္း၏တင္ဆက္သူသည္ လီေက်ာင္း၏ စာေရးသင္ပုန္းကို လွည့္ျပလိုက္သည္။
"ဗနီလာအရသာ"

အေျဖမွန္ရသူမွာ ေယာင္ရွရွလည္း မဟုတ္ ၊ အတင္းအဖ်င္းအေကာင့္ကို အေျခခံျပီး သူငယ္ခ်င္းေကာင္းတစ္ေယာက္ ျဖစ္ခ့ဲသည့္ လုရန္က်ားလည္း မဟုတ္ပါ ။ အမွန္ေတာ့ အဲဒါက စုန္႕ယီြပါ။

စုန္႕ယီြ  "......"

အကယ္၍ သူက လီေက်ာင္း၏အၾကိဳက္ကို နားမလည္ခဲ့လ်ွင္ သူက လီေက်ာင္းဝလာေအာင္ ဘယ္လိုလုပ္ လုပ္နိုင္ပါ့မလဲ။ လီေက်ာင္း၏ပံုစံကို နဂိုထက္ ပိုဝလာေအာင္ သူမည္မ်ွ အားထုတ္ၾကိဳးပမ္းခ့ဲရေၾကာင္းကို ဤလူမ်ားသိလိမ့္မည္မဟုတ္ေပ။

အစီအစဥ္ ရိုက္ကူးျပီးေနာက္ စုန္႕ယီြသည္ လီေက်ာင္းထံသို႔ ေလွ်ာက္သြားၿပီး လီေက်ာင္း၏စာနာသနားမႈကို မလိုအပ္ဟု ဂုဏ္ယူစြာ ေၾကညာရန္ အဆင္သင့္ျဖစ္ေနခ့ဲသည္။ သို႔ေသာ္ လီေက်ာင္းသည္ သူ႕အက်ီကိုကိုင္ကာ ပလက္ေဖာင္း၏ဝန္ထမ္းမ်ားႏွင့္အတူ ဓာတ္ေလွကားထဲသို႔ အလ်င္အျမန္ဝင္လိုက္သည္။

"အစ္ကိုစုန္႕၊ အစ္ကိုလီ..."
လုရန္က်ား ေရွ႕သို႔တက္သြားသည့္အခါ စုန္႕ယီြက ၾကားျဖတ္ကာ တားလိုက္သည္။

"ဘာအစ္ကိုလဲ ။ လီေက်ာင္းက အသက္နွစ္ဆယ္ပဲ ရွိေသးျပီး မင္းက သူ႕ထက္ နွစ္နွစ္ေတာင္ ပိုၾကီးတယ္ ။ မင္းက သူမ်ားေတြေရွ႕မွာ ဟန္ေဆာင္ျပခ်င္ေနတာလား " စုန္႕ယီြသည္ လုရန္က်ားကို ရယ္လိုက္ျပီး "လီေက်ာင္းကငါ့ၿပိဳင္ဘက္။ မင္းက ဘာလဲ။"

နာမည္ၾကီးဖို႕အတြက္ အြန္လိုင္းေစ်းကြက္ရွာေဖြေရးအေကာင့္ကို သုံးျပီး လီေက်ာင္းန့ဲ ေကာင္းမြန္တ့ဲဆက္ဆံေရးရွိေၾကာင္း ေဖာ္ထုတ္တာကို ဘယ္သူက မျမင္ဘဲ ေနမွာလဲ။ ေခြးအားလုံးသည္ ေလွာင္ေျပာင္ဖို႕ပင္ မထိုက္တန္ပါ။

စုန္႕ယီြ၏သေဘာထားသည္ ဤမ်ွေလာက္ ရိုးရွင္းလိမ့္မည္ဟု သူမေမ်ွာ္လင့္ခ့ဲေပ ။ သူတို႔ေနာက္တြင္ ပလက္ေဖာင္းမွ ဝန္ထမ္းမ်ားရွိေနသည္။ လုရန္က်ား၏မ်က္ႏွာသည္ ရွက္ရြံ႕မႈေၾကာင့္ နီျမန္းေနေသာ္လည္း သူသည္ စုန္႕ယီြကို စိန္ေခၚရန္ မဝံ႔ရဲေပ။ သူသည္ အံ့ၾသသြားသေယာင္ ၿပဳံးေနရံုသာ တတ္နိုင္သည္။

"အစ္ကိုစုန္႔က တကယ့္ကို ဟာသေတြ ေျပာေနတာပဲ ။ ကြ်န္ေတာ္က အစ္ကိုလီရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္နဲ႕ ကာရိုက္တာကို ေလးစားတာမို႕ သူ႕ကို အစ္ကိုလို႔ ေခၚတာပါ။"

စုန္႕ယီြ၏ တံု႕ျပန္မႈမွာ ေအးစက္စက္နွာမႈတ္သံနွင့္ ထြက္ခြာသြားသည့္ စုန္႕ယီြ၏ပံုရိပ္ပင္ ျဖစ္သည္ ။ လုရန္က်ားသည္ ပလက္ေဖာင္းဝန္ထမ္းမ်ားက သူ႕ကိုမည္သည့္အမူအရာမ်ိဳးျဖင့္ ၾကည့္ေနမည္ကို ေနာက္ျပန္လွည့္ၾကည့္စရာမလိုဘဲ သိေနခ့ဲသည္ ။ သူကအံၾကိတ္လိုက္ၿပီး သူ႕ႏွလုံးသားက တင္းမာေနခ့ဲသည္ ။ အကယ္၍ သူ႕ေနာက္မွာ တစ္ေယာက္ေယာက္သာ ရွိမေနခ့ဲရင္ စုန္႕ယီြက ဘယ္လိုလုပ္ဒီလို ျပဳမူနိုင္မွာလဲ။

လီေက်ာင္းကို ဝန္ထမ္းက ဦးေဆာင္ေခၚလာၿပီး ေျမေအာက္ကားပါကင္သို႔ ပို႕ေပးခဲ့သည္။ သူက ဝန္ထမ္းကို အျမန္ႏႈတ္ဆက္လိုက္ၿပီး အနက္ေရာင္ကားတစ္စီး၏ တံခါးကို ဖြင့္ကာ အထဲဝင္လိုက္သည္။

"အစ္ကို၊ ေစာင့္ေနလိုက္ရတယ္ " လီေက်ာင္းက အကၤ် ီကို ေပါင္ေပၚတင္လိုက္ၿပီး ရန္ထင္းကိုၾကည့္လိုက္၏ ။ " ဒီေန႕ အသံသြင္းတာကအခ်ိန္ပို ျဖစ္သြားတယ္။ မင္းဗိုက္ဆာေနေလာက္ျပီ ။ "

သူကထိုသို႕ ေျပာကာ သူ႕ဂ်ာကင္အိတ္ကပ္ထဲမွ လိေမၼာ္သီးႏွစ္လုံးကို ထုတ္ယူလိုက္သည္ ။ "ငါ နားေနခန္းကေန ဒါေတြယူလာခ့ဲတယ္။ ဒါေတြနဲ႔ မင္း အရင္ဗိုက္ျဖည့္လိုက္ပါလား"

ရန္ထင္းက လိေမၼာ္သီးကိုယူျပီး လီေက်ာင္းမ်က္ႏွာေပၚရွိ မိတ္ကပ္မ်ားကို မဖ်က္ခဲ့ေၾကာင္း သတိျပဳမိသည္။ "မင္းအခုတေလာ အရမ္းအလုပ္မ်ားေနလား"

"လူေတြက အခုဇာတ္လမ္းတြဲကို ၾကည့္ေနၾကတယ္၊ ဒါေၾကာင့္ငါ အစီအစဥ္ေတြမွာ မ်က္နွာျပျပီး ေငြရွာနိုင္တယ္"

လီေက်ာင္းသည္ သူ၏အိတ္ကပ္ထဲမွ ေငြေခ်နိုင္သည့္ကူပြန္ကို ထုတ္၍ ေပ်ာ္႐ႊင္စြာေျပာခဲ့သည္။

"ငါအဲဒါကို စုံစမ္းခဲ့တယ္။ အားလပ္ရက္မဟုတ္သေ႐ြ႕ ကူပြန္ကို အသံုးျပဳနိုင္တယ္။ ဒါေၾကာင့္ ဒီေန႕ အစားအေသာက္က ငါေကြ်းတာ ျဖစ္လိမ့္မယ္ "

ေရာင္စုံကူပြန္မ်ားအား လီေက်ာင္း ကိုင္ထားသည္ကိုျမင္ေသာအခါ ရန္ထင္း၏မ်က္ခုံးမ်ားအနည္းငယ္ ပင့္တက္သြားသည္။ ႏွစ္ေပါင္းသံုးဆယ္နီးပါး အသက္ရွင္လာၿပီးေနာက္ ဤက့ဲသို႕ သူသည္ ကူပြန္ျဖင့္ ညစာစားရန္ ေတာင္းဆိုခံရသည္မွာ ပထမဆုံးအႀကိမ္ ျဖစ္သည္။

" ဒီဆိုင္က အရသာေတာ္ေတာ္ေကာင္းတယ္လို႔ ေဖာက္သည္အမ်ားစုက ထင္ျမင္ခ်က္ေပးထားတာကို စားေသာက္ဆိုင္ေဝဖန္ခ်က္ appမွာ ငါ ဖတ္ဖူးတယ္။ ဝန္ေဆာင္မႈ သေဘာထားလည္း ေကာင္းပါတယ္။ " လီေက်ာင္းသည္ ရန္ထင္းအား ေဖာက္သည္မ်ား၏ ေဝဖန္ခ်က္မ်ားကို ျပရန္ app ကိုဖြင့္လိုက္သည္။ "ငါ လြန္ခဲ့တဲ့လအနည္းငယ္က စမ္းၾကည့္ခ်င္ေပမယ့္ အခြင့္အေရးမရခဲ့ဘူး"

ကံမေကာင္းစြာနွင့္ သူ႕မွာပိုက္ဆံမရွိခ့ဲေပ။

လီေက်ာင္းသည္ ဆိုင္၏ထူးျခားခ်က္မ်ားကို ႐ြတ္ျပေနစဥ္ ရန္ထင္းသည္ တိတ္ဆိတ္စြာနားေထာင္ေနခဲ့သည္။ ထို႔ေနာက္ သူေျပာျပီးခါနီးတြင္ ရန္ထင္းက မဖြင့္ရေသးေသာ ေရဘူးကို ဖြင့္လိုက္ၿပီး လီေက်ာင္းကို ေပးလိုက္သည္။

"ေက်းဇူးပါ" လီေက်ာင္းသည္ ေရအနည္းငယ္ကို ေသာက္လိုက္သည္။ " အခုအခ်ိန္မွာ တစ္ခ်ိဳ႕အရာေတြကို ေကာင္းေကာင္းမရိုက္နိုင္ခဲ့ဘူး။ အႀကိမ္ႀကိမ္ အျပန္ျပန္အလွန္လွန္ လုပ္ရလို႕ လည္ေခ်ာင္းေတြ ေျခာက္ေနတယ္"

သူ၏အသံသည္ အားအင္အျပည့္ျဖစ္ေနျပီး  ေျခလက္မ်ားႏွင့္ ဆံပင္ထိပ္ဖ်ားမ်ားပင္ ေလျဖည့္သြင္းထားက့ဲသို႕ ရႊင္ျမဴးေသာေလထုသည္ သူ႕အရိုးအဆစ္မ်ားထဲမွ ထြက္ေပၚေနသည္ ။ ရန္ထင္းသည္ ဤလူငယ္ေလးေျပာသမ်ွ နားေထာင္ရတာကို နွစ္သက္သည္။ သူသည္ သြက္လက္တက္ၾကြေနျပီး စိတ္အေႏွာင့္အယွက္လုံးဝမျဖစ္ေစေပ ။

"ဒါဆို " ရန္ထင္းက စကားလမ္းေၾကာင္းေပးလိုက္ျပီး တစ္ဖက္လူက ဆက္ေျပာလာမည္ကို ေစာင့္ေနခ့ဲသည္။

"အဲဒါေၾကာင့္ ငါေနာက္က်သြားျပီးေတာ့ မင္းက ဒီေလာက္အၾကာႀကီး ေစာင့္ခဲ့ရတယ္"  လီေက်ာင္းက သက္ျပင္းခ်လိုက္သည္။ " အစ္ကိုေရွာင္ယြမ္က ဒီေန႕လုပ္စရာတစ္ခ်ိဳ႕ ရွိေနတယ္။ မဟုတ္ရင္ ငါသူ႕ကို အတူတူစားဖို႕ ေမးလိုက္မွာ ။ ေဟာ့ေပါ့စားတာက လူအမ်ားၾကီးကို မွန္ကန္တ့ဲေလထုေလးရေအာင္ လုပ္ေပးနိုင္တယ္ "

"မင္းငါ့ဆီကို စာတစ္ေစာင္ႀကိဳပို႔ထားလို႔ ငါအၾကာႀကီးမေစာင့္လိုက္ရဘူး" ရန္ထင္း၏အသံသည္ တည္ျငိမ္ေနဆဲျဖစ္သည္။ " မင္းအစီအစဥ္ရိုက္ကူးေနတာ ။ မင္းငါ့ဆီကိုဘယ္လိုလုပ္ စာပို႔နိုင္လဲ "

"ဟဲဟဲ။ " လီေက်ာင္းသည္ လိေမၼာ္ခြံကို ယူ၍ လက္ေခ်ာင္းမ်ားကို ဆန႔္လိုက္ၿပီး လႈပ္လိုက္သည္။ "စာပို႔ဖို႔ အစီအစဥ္ရိုက္ကူးတာရဲ႕ ကြာဟခ်က္ကို သုံးခဲ့တယ္။ ငါ့လက္ရဲ႕ အျမန္ႏႈန္းက မ်က္လွည့္ဆန္တယ္ ။ "

သူသည္ လူႀကိဳက္မ်ားသည့္ တတ္သစ္စေလးတစ္ေယာက္ျဖစ္ၿပီး အစီအစဥ္တစ္ခု ရိုက္ကူးေနစဥ္ လ်ိွဳ႕ဝွက္စြာ စာတစ္ေစာင္ပို႔ခဲ့သည္။ ၎သည္ သူ႕ႏွလုံးသားအား ေၾကာက္႐ြံ႕မႈေၾကာင့္ ရပ္တန႔္သြားေစရန္ လုံေလာက္ေပသည္။

ကားသည္ ေျမေအာက္ကားပါကင္အထြက္မွ ေမာင္းလာသည္။ ထို႔ေနာက္ လီေက်ာင္းသည္ ေယာင္ရွရွႏွင့္ သူမ၏လက္ေထာက္ အျဖဴေရာင္ကားေဘးတြင္ ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။ ကားစက္ဖံုးသည္ ပြင့္ေနျပီး  အျဖဴေရာင္မီးခိုးေငြ႕မ်ားနွင့္ ျပည့္ေန၏။ ကားတြင္ တစ္ခုခုမွားယြင္းသြားပုံ ရသည္ ။

"လီေက်ာင္း " ေယာင္ရွရွသည္ ကားထဲတြင္ ထိုင္ေနသူက လီေက်ာင္းနွင့္ တူသျဖင့္ အကူအညီေတာင္းခံရန္ လီေက်ာင္း၏ဦးတည္ခ်က္အတိုင္း လက္ေဝွ႕ယမ္းျပလိုက္သည္ ။

#5461words
#26.8.21

စာေရးသူမွာ ေျပာစရာရွိတယ္။

ေက်ာင္းေက်ာင္း : အစ္ကိုစုန္႔က အရမ္းေကာင္းတယ္၊ အရမ္းငဲ့ညွာတတ္တယ္။ သူက ငါ့ရဲ႕ ထမင္းရွင္တစ္ဝက္ ျဖစ္ေနၿပီ။

အစ္ကိုစုန္႕ - ဒီေန႕ငါမင္းကို ျငိမ္ၿငိမ္ေလး ေနေစခ်င္တယ္။

(ဒီတစ္ပိုင္းမွာ တစ္ခ်ိဳ႕စာသားေတြကို အတိအက်မဟုတ္ဘဲ ဆီေလ်ာ္ေအာင္ သင့္တာ္သလို ျပန္ထားပါတယ္။
ဒီမွာ လီေက်ာင္းန့ဲရန္ထင္းစကားေျပာတ့ဲအခါ သူငယ္ခ်င္းလိုမ်ိဳးခံစားရလို့ မင္းန့ဲငါလို႕ သံုးထားပါတယ္ ။E trans ကလည္း တစ္ခ်ိဳ႕ေနရာေတြမွာပဲ brother လို႕သံုးျပီး အမ်ားစုကေတာ့ you ပဲသံုးထားပါတယ္ ။ယဥ္ေက်းတ့ဲအေျပာမ်ိဳးျဖစ္ေအာင္ အစ္ကိုန့ဲ ကြ်န္ေတာ္လို့ေျပာင္းေရးသင့္လား သူငယ္ခ်င္းလိုမ်ိဳး မင္းန့ဲငါလို႕ပဲဆက္သံုးသင့္လား အၾကံေပးၾကပါဦး ။ )

Unicode

အရမ်းကောင်းတယ်

နူးညံ့သိမ်မွေ့သည့်မျက်နှာကိုပိုင်ဆိုင်ထားသည့် အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက်သည် သူတို့ကို စိတ်ရှုပ်ထွေးစွာကြည့်နေသည်။ သူတို့ရဲ့ နှလုံးတုန်လှုပ်သွားတာလား ဒါမှမဟုတ် သူတို့က မကြိုက်တာလား။

အမျိုးသမီးသတင်းထောက်တစ်ယောက်က လီကျောင်းကိုကြည့်ပြီး သူမ၏နှလုံးသား မပျော့ပြောင်းဘဲ မနေနိုင်ခဲ့ပါ။ အရည်အချင်းနှင့်ပြည့်စုံသော ဖျော်ဖြေရေးသတင်းထောက်တစ် ဦးအနေနှင့် နာမည်ကြီးခေါင်းစဉ်များကို အရှိန်မြင့်တက်လာအောင် လုပ်ပေးရန် လိုအပ်သည်။ သူမသည် စိတ်နှလုံး ပျော့ပြောင်းမနေသင့်ဘဲ မှန်မှန်ကန်ကန်မေးမြန်းရန် တာဝန်ရှိပေသည်။

"မကြာသေးခင်က အရေးကြီးဇာတ်ပို့သရုပ်ဆောင်တစ်ယောက်က မင်းကို ရိုက်ကွင်းမှာ မမျှမတဆက်ဆံခဲ့တယ် ဆိုပြီး တစ်စုံတစ်ယောက်က သတင်းဖွင့်ချခဲ့တယ်။ "

သတင်းထောက်များသည် ဤအခွင့်အရေးကိုလက်လွှတ်ရန် ဆန္ဒမရှိသဖြင့် လီကျောင်းအား မေးခွန်းများ ဆက်လက်မေးမြန်းခဲ့သည်။

အရေးပါတဲ့ဇာတ်ပို့တစ်ယောက် ... ဒီလူက စုန့်ယွီဆိုတာ ရှင်းပါတယ်။

လူအများရှေ့တွင် လီကျောင်းခေါင်းကို ငုံ့လိုက်သည်။ "ခင်ဗျား... ဒါတွေအကုန်လုံးကို ခင်ဗျားတို့သိတာလား"

လီကျောင်း အနည်းငယ် ခေါင်းငုံ့နေသည်ကို မြင်သောအခါ သတင်းထောက်များ၏ မျက်လုံးများသည် ပိုမို တောင်လောင်လာသည်။ သတင်းကြီးတစ်ခု ပေါက်ကွဲထွက်လာတော့မယ်။ ကင်မရာနဲ့ အသံဖမ်းစက်တွေ နေရာတကျဖြစ်တာ သေချာပါစေ။

"ဟုတ်တယ်၊ ငါတို့အားလုံးကြားပြီးပြီ။ ကျေးဇူးပြုပြီး ငါတို့ကို အသေးစိတ်ပြောပြပေးပါလား။ ငါတို့အားလုံး မင်းကို အရမ်းစိတ်ပူနေကြတယ် "

စုန့်ယွီနောက်တွင် လိုက်လာသည့် လက်ထောက်သည် ခြေထောက်များ ပျော့ခွေနေခဲ့သည်။ သူက စုန့်ယွီကို တိတ်ဆိတ်စွာ ကားထဲသို့ ပြန်သွင်းလိုက်ပြီး တံခါးရှေ့တွင် ပိတ်ရပ်လိုက်သည်။

"ရှေ့ကဖယ်ပေး "

စုန့်ယွီသည် လက်ထောက်အား တွန်းထုတ်ရန် ကြိုးစားသော်လည်း လက်ထောက်က သူ့ကိုအလျင်အမြန် ပြန်တွန်းထည့်လိုက်သည်။

" အစ်ကိုစုန့်၊ အစ်ကိုစုန့် ၊ ဆူညံအောင် မလုပ်ပါနဲ့ ။ သတင်းထောက်တွေ ဂရုမပြုတဲ့အချိန်မှာ ငါတို့ မြန်မြန်သွားသင့်တယ်။ "

"ငါကဘာလို့ သွားရမှာလဲ"

လီကျောင်း ရဲ့ပရိသတ်တွေက ဒေါသထွက်ပြီး လူတွေကို ရိုက်မှာ ငါကြောက်တယ် "

" ......"

ယခုအခါ လီကျောင်းတွင် အရူးအမူးဖြစ်နေသောပရိသတ်များ ရှိခဲ့ပြီး ၎င်းတို့အားလုံးသည် ဒရာမာကို ကြိုက်သည့် ပရိတ်သတ်များနှင့် မျက်နှာကို ကြိုက်သည့် ပရိတ်သတ်များ ဖြစ်ကြသည်။

လီကျောင်းသည် သတင်းထောက်များ၏မျက်လုံးများကြောင့် ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရာ သူ့ကျောပြင်သည် ကင်မရာနှင့် မိုက်ခရိုဖုန်းများစွာကို ရိုက်မိသွားသည်။ သူက စုန့်ယွီ၏ ညဥ့်လယ်စာမုန့်များကို အရှက်မဲ့စွာ လက်ခံခဲ့သည် ။ဒါပေမဲ့လည်း လူအများကြီးရောက်လာပြီး ဓာတ်ပုံရိုက်ရလောက်တဲ့ထိ မလိုအပ်ဘူးမလား ။ သူက အိုင်ဒေါတစ်ယောက်ဖြစ်ရသည်ကို ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် လူငယ်လေးတစ်ယောက်သာ ဖြစ်ပါသည်။

"လူအများကြီးရှေ့မှာ ပြောရတာ နည်းနည်းမကောင်းဘူးလားလို့ " လီကျောင်းသည် အလွန်တိုးညင်းစွာ ပြောခဲ့သည်။

"အဲဒါကဘာမှ မမှားပါဘူး။ ဒါကို ပရိသတ်တွေက အရမ်းစိုးရိမ်နေကြပါတယ်။ " သတင်းထောက်များသည် လီကျောင်းက ထိုခေါင်းစဉ်အား ပြောင်းပစ်မည်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။

"ကျေးဇူးပြုပြီး ဒီအကြောင်းကို သေချာလေး ပြောပြပေးပါ။ "

သတင်းထောက်များ၏ စိတ်ထဲတွင် "ဖွင့်ချလိုက်တော့ ၊ တိုက်ခိုက်လိုက်တော့" ဟူ၍ တွေးနေခဲ့သည်။

"မမျှတတဲ့ဆက်ဆံမှု နည်းနည်းလေးတော့ ရှိခဲ့တယ်" လီကျောင်းက ချောင်းဟန့်လိုက်သည်။ "တကယ်တော့ ဘာမှ ပြောစရာမရှိပါဘူး။ "

"အဲ့ဒါက အဆင်ပြေပါတယ် ။ မင်းငါတို့ကို ပြောပြလို့ရတယ်။ " သတင်းထောက်များသည် ဖွင့်ချမည့်သတင်းကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

စုန့်ယွီ၏ လက်ထောက်သည် လီကျောင်း၏ လက်မှတ်များကိုင်ကာ သူတို့ပတ်လည်တွင် ဝန်းရံနေသည့်ပရိသတ်များကို စောင့်ကြည့်နေပြီး စုန့်ယွီကို ဆွဲပြေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။

"ဒါဆို ကျွန်တော်... ကျွန်တော် နည်းနည်းလေး ပြောပြမယ်" လီကျောင်း၏ပါးများ အနည်းငယ် နီမြန်းလာခဲ့၏ ။

"ဟုတ်ပြီ ။ ပြောပြလိုက်တော့" သတင်းထောင်များက မစောင့်ဆိုင်းနိုင်တော့ပေ ။

"အစ်ကိုစုန့်က ကျွန်တော်ညဘက်ဆိုရင် အလွယ်တကူ ဗိုက်ဆာတတ်တာကို သိပြီးတော့ ညဘက်တွေမှာ ကျွန်တော့်အတွက် မုန့်ဝယ်ပေးဖို့ သူ့လက်ထောက်ကို မကြာခဏ ခိုင်းလေ့ရှိတယ်။"

"ဟမ်??? "သတင်းထောက်များအနေဖြင့် ဤအရာကို မမျှတသောဆက်ဆံမှုဟု မထင်ကြပေ။ "တစ်ခြား ဘာများရှိသေးလဲ " သူအခုထိ မပြောသေးတဲ့ အရာတစ်ခုခုတော့ ရှိရမယ်။

လီကျောင်းသည် ဤသတင်းထောက်များက ဇာတ်လမ်းတစ်ခုလုံး မေးလိမ့်မည်ဟု မမျှော်လင့်ထားပါ။ သူသည် ပတ်ဝန်းကျင်ရှိ သတင်းထောက်များကို ကြည့်ပြီး မလွတ်မြောက်နိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ဆက်လက် ရှင်းပြခဲ့ရသည်။

"လအနည်းငယ်အကြာက အစ်ကိုစုန့်က အရမ်းအရသာရှိတဲ့ ချောကလက်ဘရန်းတစ်ခုရဲ့ ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့တယ် ။ သူက ကျွန်တော့်ကို ရိုက်ကူးရေးအဖွဲ့သားတွေရှေ့မှာ ချောကလက်တစ်ဘူးပေးခဲ့တယ် ။ ဒါပေမဲ့ သူက ကျွန်တော့်ကို နောက်တစ်ဘူးထပ်ပေးဖို့ သူ့လက်ထောက်ကို တိတ်တဆိတ် ညွှန်ကြားခဲ့တယ်။ "

ဤအကြောင်း ပြောပြရင်း သူက ကင်မရာများကို အမြန်ကြည့်လိုက်သည် ။ " ရိုက်ကူးရေးအဖွဲ့က အခြားညီအစ်ကိုမောင်နှမတွေ အစ်ကိုစုန့်ကို မမျှတဘူးလို့ အပြစ်မတင်ပါနဲ့ ။ကျွန်တော်က အရမ်းစားနိုင်တာမို့ အစ်ကိုစုန့်က တိတ်တိတ်လေးနောက်တစ်ဘူးပို့ပေးခဲ့တဲ့အချက်ကိုပဲ အပြစ်တင်ကြပါ ။ အစ်ကိုစုန့်က အရမ်းကောင်းတဲ့လူတစ်ယောက်ပါ "

အယ်? အယ်? အယ်?

သတင်းထောက်များမှာ အံ့အားသင့်ခဲ့ရသည်။ထိုအရာသည် သူတို့မျှော်လင့်ထားသည့် 'မမျှမတဆက်ဆံမှု' နှင့် လုံးဝကွဲပြားနေသည်။ မဟုတ်ဘူး ။ ငါတို့ ဒါကိုမလိုချင်ဘူး။

"အစ်ကိုစုန့်က ကျွန်တော့်ကို မကြာခဏ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးဖို့ သူ့လက်ထောက်ကို စီစဉ်ခိုင်းလေ့ရှိတယ်။ကျွန်တော်က သူ့ထက်ငယ်လို့ နှစ်သိမ့်ပေးပြီး ဒီလိုပုံစံနဲ့ ကျွန်တော့်ကို ဂရုစိုက်ပေးတာပါ။ ဒါကို အစ်ကိုစုန့်က ကျွန်တော့်ကို မမျှမတဆက်ဆံတယ်ဆိုပြီး လူတိုင်းက တွေးနေမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ကျွန်တော် တောင်းပန်ပါတယ်။" လီကျောင်းသည် ကင်မရာကို ကိုးဆယ်ဒီဂရီ ဦးညွှတ်လိုက်သည်။

ကျန်းရှောင်ယွမ်က လီကျောင်းအား သူ၏နတ်သားပုံရိပ်ကို ထိန်းသိမ်းရန် ပြောထားကြောင်း မှတ်မိသဖြင့် သူ၏ထူးခြားသည့် စားသောက်ပုံအလေ့အထများကို အခြားသူများမသိအောင် ဖုံးကွယ်ထားခဲ့သည်။

ထိုလူငယ်လေးအား ငုံ့ကြည့်နေသည့် သတင်းထောက်အုပ်စုသည် တိတ်ဆိတ်နေသည့်အခိုက်အတန့်ကို ကြုံတွေ့လိုက်ရသည် ။ ဤမျှအံ့သြဖွယ်ကောင်းသော အနုပညာရှင်ကို သူတို့ ပထမဆုံးမြင်ဖူးခြင်း ဖြစ်နိုင်သည်။

ယခု အင်တာနက်ပေါ်တွင် ခေတ်စားနေသော ထင်မြင်ချက်မှာ လီကျောင်းကို ကိုယ်ချင်းစာပြီး စုန့်ယွီကို ပြောဆိုနေကြခြင်း ဖြစ်သည်။ အကယ်၍ လီကျောင်းသာ ထက်မြက်လျှင် ယခုအချိန်တွင် သူသည် စုန့်ယွီကို မကူညီသင့်ပေ။

စိတ်ပညာရှုထောင့်မှကြည့်လျှင် လူအများသည် ဒုက္ခရောက်နေသူကို သဘာဝအလျောက် ကိုယ်ချင်းစာပြီး ချစ်ခင်မြတ်နိုးတတ်သည် ။ လီကျောင်းသည် အလှပဂေးများစွာရှိသည့် ဖျော်ဖြေရေးလုပ်ငန်း၌ပင် ကြည့်ကောင်းသူတစ်ဦးဖြစ်သည်။ သူက ဆွဲဆောင်မှုရှိပြီး သရုပ်ဆောင်စွမ်းရည်လည်း ကောင်းမွန်သည်။ သူသည် ကျွမ်းကျင်သရုပ်ဆောင်တစ်ဦး မဟုတ်သော်လည်း ကျရာဇာတ်ရုပ်ကို ပျော်ပျော်ရွှင်ရွှင်နှင့် ကွက်ကွက်ကွင်းကွင်း သရုပ်ဆောင်နိုင်ခဲ့သည်။ သူ့ကိုလှပပြီး ကြံ့ခိုင်သူအဖြစ် မှတ်ယူနိုင်သည် ။

သူ့၌ မရှိသောအရာမှာ စိတ်ဆင်းရဲမှု ဖြစ်သည်။ သူ့အပေါ် အကောင်းမြင်နေသည့်ပရိသတ်များအား 'ဒီမင်းသားက အရမ်းသနားစရာကောင်းတာပဲ။ ငါ့အသည်းတွေ ကွဲကြေကုန်ပြီ' ဟူသော အတွေးမျိုး တွေးမိအောင် လုပ်ဆောင်နိုင်သရွေ့ ဒရမ်မာပရိသတ်များနှင့် ဖြတ်လျှောက်ပရိသတ်များကို သူ၏ပရိသတ်များအဖြစ်သို့ ပြောင်းနိုင်ပေလိမ့်မည်။ လီကျောင်းသာ အနည်းငယ် ထက်မြက်လျှင် သူသည်ပရိသတ်အား သူ့အတွက် စိတ်မကောင်းဖြစ်စေရန် မသေချာမရေရာသည့်အဖြေမျိုး ပေးလိမ့်မည်ဖြစ်သည်။

(ဒီနားမှာ သတင်းထောက်တွေက လီကျောင်းသာ စုန့်ယွီဘက်ကကူမပြောမပေးဘဲ ခံရသူပုံစံမျိုး အလိုက်သင့်နေပေးလိုက်ရင် လူတွေက သူ့ကိုသနားပြီး ဖန်တွေပိုတိုးလာလိမ့်မယ်ဆိုပြီး တွေးနေတာပါ )

ကြာရှည်စွာ မိုးခေါင်ရေရှားပြီးနောက် မိုးရွာခြင်း ၊ ကောင်းကင်မှ ပြုတ်ကျလာသော ကံကောင်းမှု ၊ အလွန်အမင်းဝမ်းနည်းရာမှ အလွန်အမင်းပျော်ရွှင်မှုသို့ ပြောင်းသွားခြင်း စတဲ့အလှည့်အပြောင်းတွေက ဘာကိုဆိုလိုတာလဲ ။ ထိုအခိုက်အတန့်၌ စုန့်ယွီ၏လက်ထောက်သည် ဤစကားစုများ၏အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်း ဆင်ခြင်တွေးတောနေခဲ့သည်။ သူက လီကျောင်းသည် စုန့်ယွီအား ချီးကျူးပြီး စုန့်ယွီ၏ကောင်းကွက်များကို ကူပြောပေးမည်ဟု မမျှော်လင့်ခဲ့ပေ။ ကာယကံရှင်၏ ရှင်းလင်းပြောကြားချက်ထက် ပို၍ အစွမ်းထက်သည့်အရာ မရှိချေ။

လီကျောင်းက ဘယ်လို နတ်သားအမျိုးအစားလေးလဲ။ သူက ရုပ်ရည်ချောမောတယ်၊ ကြင်နာတတ်တယ် ၊ တစ်ကိုယ်ကောင်းမဆန်ဘူး ။ သူက ခေတ်သစ်အနုပညာရှင်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦးပဲ။

" အစ်ကိုစုန့် ၊ လီကျောင်းက ဒီကိစ္စကို ကိုယ်တိုင်ဖြေရှင်းခဲ့တယ်၊ ချောကလက်ဘရန်းက ဖိတ်ခေါ်မှုစာချုပ်ကို လုံးဝ ဖျက်မှာမဟုတ်ဘူး။ " လက်ထောက်သည် စုန့်ယွီအား စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုခဲ့သည်။ "ဒါက ငါတို့အတွက် အများကြီး အထောက်အကူဖြစ်ခဲ့တယ်"

PR အဖွဲ့တစ်ခုလုံး ဘာမှ မစဉ်းစားနိုင်သေးခင် ဤအရာသည် ဖြစ်ပျက်ခဲ့သည်။

စုန့်ယွီသည် သတင်းထောက်များဝန်းရံခံနေရသော လီကျောင်းကို စိုက်ကြည့်ကာ ခေါင်းကို မော့ကြည့်လိုက်သည်။ သူ့မှာ ဝက်လိုဦး နှောက်ပဲရှိရင် ရုပ်ရည်ချောမောတာကို ဘယ်လိုလုပ် အသုံးချနိုင်မလဲ။ လီကျောင်းက သူသည် တမင်တကာ ပစ်မှတ်ထားခံရသည်ကိုပင် မမြင်နိုင်ခဲ့ပေ။

ပလက်ဖောင်းမှ ငှားရမ်းထားသော လုံခြုံရေးအစောင့်များသည် နောက်ဆုံးကျမှ ရောက်လာခဲ့သည်။ သူတို့သည် "လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည့် အမျိုးသမီးဥက္ကဋ္ဌ" ဇာတ်လမ်း၏ သရုပ်ဆောင်များ VIP လမ်းကြောင်းသို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ရန်  သတင်းထောက်များကို တားဆီးပေးခဲ့၏ ။ သတင်းထောက်များဖြင့် စည်ကားဆူညံနေသော ဝင်ပေါက်နှင့် နှိုင်းယှဉ်ပါက ဤလမ်းကြောင်းသည် အနည်းငယ် တိတ်ဆိတ်နေသည်။

မင်းသမီးယောင်ရှရှသည် အင်တာနက်ပေါ်ရှိ သတင်းကိုသိပြီးနောက် လီကျောင်းနှင့် သူမ ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်ချက်ရှိရှိနှင့်သော်လည်းကောင်း ၊ မရည်ရွယ်ဘဲနှင့်သော်လည်းကောင်း ချဉ်းကပ်ခဲ့သည်။ ထိုအရာက ရိုက်ကူးရေးတွင် သူမသည် လီကျောင်းအပေါ် အေးစက်စက် ဆက်ဆံခဲ့သည်ကို သိနေသော ပရိသတ်များအတွက် ရယ်စရာပြက်လုံးတစ်ခု ဖြစ်နေခဲ့၏ ။

ကံမကောင်းစွာဖြင့် အချိန်အကြာကြီး ဖြတ်သန်းပြီးသော်လည်း လီကျောင်းသည် အလွန်ယဉ်ကျေးဆဲ ၊ ရင်းနှီးမှုနည်းပါးဆဲ ဖြစ်နေသေးသည်။ တူညီသည့်လမ်းကြောင်းတွင် လူနှစ်ဦးလုံးရပ်နေသော်လည်း သူတို့အား ခြေလှမ်းနှစ်လှမ်းက ခြားနားထားသည်။ စတိတ်စင်အောက်မှ ပရိသတ်များ၏အော်ဟစ်သံကို ကြားရသောအခါ ယောင်ရှရှ၏ မျက်နှာပေါ်ရှိ အပြုံးသည် တောင့်တင်းလုနီးနီးဖြစ်နေခဲ့၏ ။

သူမ၏ လူထုဆက်ဆံရေးအေးဂျင့်က သူမကိုလီကျောင်းနှင့် CP တစ်ခုအဖြစ် မြှင့်တင်စေချင်သည် ။ သို့သော်လည်း လီကျောင်း၏သဘောထားအရ မျက်ကန်းမဟုတ်သူတိုင်းက သူတို့တစ်ဦးနှင့်တစ်ဦး မရင်းနှီးကြကြောင်း မြင်နိုင်ပေသည်။ သူမက CPတစ်ခုအဖြစ် မြှင့်တင်နိုင်အောင် ဘယ်လိုလုပ်ရမလဲ။

မေးခွန်းဖြေဆိုသည့်အပိုင်းတွင် သရုပ်ဆောင်များအကြား နားလည်မှုကို စမ်းသပ်သည့် ကစားပွဲတစ်ခု ရှိခဲ့သည်။ အစီအစဉ်တင်ဆက်သူသည် လီကျောင်းအား သူကြိုက်နှစ်သက်သည့် နို့လက်ဖက်ရည်၏အရသာကို မေးခဲ့ပြီး ယောင်ရှရှက စတော်ဘယ်ရီအရသာဟု ရေးခဲ့သည်။ တစ်ခါက ရိုက်ကူးရေးအဖွဲ့က လက်ထောက်ကို နို့လက်ဖက်ရည် ဝယ်ခိုင်းလိုက်သည့်အခါ လီကျောင်းက အဲ့ဒါကို စိတ်သန့်စွာ သောက်ခဲ့ကြောင်း သူမ မှတ်မိခဲ့၏။

"ငါတို့အဖြေကို တိုက်ကြည့်ကြမလား" ပလက်ဖောင်း၏တင်ဆက်သူသည် လီကျောင်း၏ စာရေးသင်ပုန်းကို လှည့်ပြလိုက်သည်။
"ဗနီလာအရသာ"

အဖြေမှန်ရသူမှာ ယောင်ရှရှလည်း မဟုတ် ၊ အတင်းအဖျင်းအကောင့်ကို အခြေခံပြီး သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့သည့် လုရန်ကျားလည်း မဟုတ်ပါ ။ အမှန်တော့ အဲဒါက စုန့်ယွီပါ။

စုန့်ယွီ  "......"

အကယ်၍ သူက လီကျောင်း၏အကြိုက်ကို နားမလည်ခဲ့လျှင် သူက လီကျောင်းဝလာအောင် ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ။ လီကျောင်း၏ပုံစံကို နဂိုထက် ပိုဝလာအောင် သူမည်မျှ အားထုတ်ကြိုးပမ်းခဲ့ရကြောင်းကို ဤလူများသိလိမ့်မည်မဟုတ်ပေ။

အစီအစဉ် ရိုက်ကူးပြီးနောက် စုန့်ယွီသည် လီကျောင်းထံသို့ လျှောက်သွားပြီး လီကျောင်း၏စာနာသနားမှုကို မလိုအပ်ဟု ဂုဏ်ယူစွာ ကြေညာရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော် လီကျောင်းသည် သူ့အကျီကိုကိုင်ကာ ပလက်ဖောင်း၏ဝန်ထမ်းများနှင့်အတူ ဓာတ်လှေကားထဲသို့ အလျင်အမြန်ဝင်လိုက်သည်။

"အစ်ကိုစုန့်၊ အစ်ကိုလီ..."
လုရန်ကျား ရှေ့သို့တက်သွားသည့်အခါ စုန့်ယွီက ကြားဖြတ်ကာ တားလိုက်သည်။

"ဘာအစ်ကိုလဲ ။ လီကျောင်းက အသက်နှစ်ဆယ်ပဲ ရှိသေးပြီး မင်းက သူ့ထက် နှစ်နှစ်တောင် ပိုကြီးတယ် ။ မင်းက သူများတွေရှေ့မှာ ဟန်ဆောင်ပြချင်နေတာလား " စုန့်ယွီသည် လုရန်ကျားကို ရယ်လိုက်ပြီး "လီကျောင်းကငါ့ပြိုင်ဘက်။ မင်းက ဘာလဲ။"

နာမည်ကြီးဖို့အတွက် အွန်လိုင်းဈေးကွက်ရှာဖွေရေးအကောင့်ကို သုံးပြီး လီကျောင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြောင်း ဖော်ထုတ်တာကို ဘယ်သူက မမြင်ဘဲ နေမှာလဲ။ ခွေးအားလုံးသည် လှောင်ပြောင်ဖို့ပင် မထိုက်တန်ပါ။

စုန့်ယွီ၏သဘောထားသည် ဤမျှလောက် ရိုးရှင်းလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ ။ သူတို့နောက်တွင် ပလက်ဖောင်းမှ ဝန်ထမ်းများရှိနေသည်။ လုရန်ကျား၏မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီမြန်းနေသော်လည်း သူသည် စုန့်ယွီကို စိန်ခေါ်ရန် မဝံ့ရဲပေ။ သူသည် အံ့သြသွားသယောင် ပြုံးနေရုံသာ တတ်နိုင်သည်။

"အစ်ကိုစုန့်က တကယ့်ကို ဟာသတွေ ပြောနေတာပဲ ။ ကျွန်တော်က အစ်ကိုလီရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ကာရိုက်တာကို လေးစားတာမို့ သူ့ကို အစ်ကိုလို့ ခေါ်တာပါ။"

စုန့်ယွီ၏ တုံ့ပြန်မှုမှာ အေးစက်စက်နှာမှုတ်သံနှင့် ထွက်ခွာသွားသည့် စုန့်ယွီ၏ပုံရိပ်ပင် ဖြစ်သည် ။ လုရန်ကျားသည် ပလက်ဖောင်းဝန်ထမ်းများက သူ့ကိုမည်သည့်အမူအရာမျိုးဖြင့် ကြည့်နေမည်ကို နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ သိနေခဲ့သည် ။ သူကအံကြိတ်လိုက်ပြီး သူ့နှလုံးသားက တင်းမာနေခဲ့သည် ။ အကယ်၍ သူ့နောက်မှာ တစ်ယောက်ယောက်သာ ရှိမနေခဲ့ရင် စုန့်ယွီက ဘယ်လိုလုပ်ဒီလို ပြုမူနိုင်မှာလဲ။

လီကျောင်းကို ဝန်ထမ်းက ဦးဆောင်ခေါ်လာပြီး မြေအောက်ကားပါကင်သို့ ပို့ပေးခဲ့သည်။ သူက ဝန်ထမ်းကို အမြန်နှုတ်ဆက်လိုက်ပြီး အနက်ရောင်ကားတစ်စီး၏ တံခါးကို ဖွင့်ကာ အထဲဝင်လိုက်သည်။

"အစ်ကို၊ စောင့်နေလိုက်ရတယ် " လီကျောင်းက အင်္ကျ ီကို ပေါင်ပေါ်တင်လိုက်ပြီး ရန်ထင်းကိုကြည့်လိုက်၏ ။ " ဒီနေ့ အသံသွင်းတာကအချိန်ပို ဖြစ်သွားတယ်။ မင်းဗိုက်ဆာနေလောက်ပြီ ။ "

သူကထိုသို့ ပြောကာ သူ့ဂျာကင်အိတ်ကပ်ထဲမှ လိမ္မော်သီးနှစ်လုံးကို ထုတ်ယူလိုက်သည် ။ "ငါ နားနေခန်းကနေ ဒါတွေယူလာခဲ့တယ်။ ဒါတွေနဲ့ မင်း အရင်ဗိုက်ဖြည့်လိုက်ပါလား"

ရန်ထင်းက လိမ္မော်သီးကိုယူပြီး လီကျောင်းမျက်နှာပေါ်ရှိ မိတ်ကပ်များကို မဖျက်ခဲ့ကြောင်း သတိပြုမိသည်။ "မင်းအခုတလော အရမ်းအလုပ်များနေလား"

"လူတွေက အခုဇာတ်လမ်းတွဲကို ကြည့်နေကြတယ်၊ ဒါကြောင့်ငါ အစီအစဉ်တွေမှာ မျက်နှာပြပြီး ငွေရှာနိုင်တယ်"

လီကျောင်းသည် သူ၏အိတ်ကပ်ထဲမှ ငွေချေနိုင်သည့်ကူပွန်ကို ထုတ်၍ ပျော်ရွှင်စွာပြောခဲ့သည်။

"ငါအဲဒါကို စုံစမ်းခဲ့တယ်။ အားလပ်ရက်မဟုတ်သရွေ့ ကူပွန်ကို အသုံးပြုနိုင်တယ်။ ဒါကြောင့် ဒီနေ့ အစားအသောက်က ငါကျွေးတာ ဖြစ်လိမ့်မယ် "

ရောင်စုံကူပွန်များအား လီကျောင်း ကိုင်ထားသည်ကိုမြင်သောအခါ ရန်ထင်း၏မျက်ခုံးများအနည်းငယ် ပင့်တက်သွားသည်။ နှစ်ပေါင်းသုံးဆယ်နီးပါး အသက်ရှင်လာပြီးနောက် ဤကဲ့သို့ သူသည် ကူပွန်ဖြင့် ညစာစားရန် တောင်းဆိုခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

" ဒီဆိုင်က အရသာတော်တော်ကောင်းတယ်လို့ ဖောက်သည်အများစုက ထင်မြင်ချက်ပေးထားတာကို စားသောက်ဆိုင်ဝေဖန်ချက် appမှာ ငါ ဖတ်ဖူးတယ်။ ဝန်ဆောင်မှု သဘောထားလည်း ကောင်းပါတယ်။ " လီကျောင်းသည် ရန်ထင်းအား ဖောက်သည်များ၏ ဝေဖန်ချက်များကို ပြရန် app ကိုဖွင့်လိုက်သည်။ "ငါ လွန်ခဲ့တဲ့လအနည်းငယ်က စမ်းကြည့်ချင်ပေမယ့် အခွင့်အရေးမရခဲ့ဘူး"

ကံမကောင်းစွာနှင့် သူ့မှာပိုက်ဆံမရှိခဲ့ပေ။

လီကျောင်းသည် ဆိုင်၏ထူးခြားချက်များကို ရွတ်ပြနေစဉ် ရန်ထင်းသည် တိတ်ဆိတ်စွာနားထောင်နေခဲ့သည်။ ထို့နောက် သူပြောပြီးခါနီးတွင် ရန်ထင်းက မဖွင့်ရသေးသော ရေဘူးကို ဖွင့်လိုက်ပြီး လီကျောင်းကို ပေးလိုက်သည်။

"ကျေးဇူးပါ" လီကျောင်းသည် ရေအနည်းငယ်ကို သောက်လိုက်သည်။ " အခုအချိန်မှာ တစ်ချို့အရာတွေကို ကောင်းကောင်းမရိုက်နိုင်ခဲ့ဘူး။ အကြိမ်ကြိမ် အပြန်ပြန်အလှန်လှန် လုပ်ရလို့ လည်ချောင်းတွေ ခြောက်နေတယ်"

သူ၏အသံသည် အားအင်အပြည့်ဖြစ်နေပြီး  ခြေလက်များနှင့် ဆံပင်ထိပ်ဖျားများပင် လေဖြည့်သွင်းထားကဲ့သို့ ရွှင်မြူးသောလေထုသည် သူ့အရိုးအဆစ်များထဲမှ ထွက်ပေါ်နေသည် ။ ရန်ထင်းသည် ဤလူငယ်လေးပြောသမျှ နားထောင်ရတာကို နှစ်သက်သည်။ သူသည် သွက်လက်တက်ကြွနေပြီး စိတ်အနှောင့်အယှက်လုံးဝမဖြစ်စေပေ ။

"ဒါဆို " ရန်ထင်းက စကားလမ်းကြောင်းပေးလိုက်ပြီး တစ်ဖက်လူက ဆက်ပြောလာမည်ကို စောင့်နေခဲ့သည်။

"အဲဒါကြောင့် ငါနောက်ကျသွားပြီးတော့ မင်းက ဒီလောက်အကြာကြီး စောင့်ခဲ့ရတယ်"  လီကျောင်းက သက်ပြင်းချလိုက်သည်။ " အစ်ကိုရှောင်ယွမ်က ဒီနေ့လုပ်စရာတစ်ချို့ ရှိနေတယ်။ မဟုတ်ရင် ငါသူ့ကို အတူတူစားဖို့ မေးလိုက်မှာ ။ ဟော့ပေါ့စားတာက လူအများကြီးကို မှန်ကန်တဲ့လေထုလေးရအောင် လုပ်ပေးနိုင်တယ် "

"မင်းငါ့ဆီကို စာတစ်စောင်ကြိုပို့ထားလို့ ငါအကြာကြီးမစောင့်လိုက်ရဘူး" ရန်ထင်း၏အသံသည် တည်ငြိမ်နေဆဲဖြစ်သည်။ " မင်းအစီအစဉ်ရိုက်ကူးနေတာ ။ မင်းငါ့ဆီကိုဘယ်လိုလုပ် စာပို့နိုင်လဲ "

"ဟဲဟဲ။ " လီကျောင်းသည် လိမ္မော်ခွံကို ယူ၍ လက်ချောင်းများကို ဆန့်လိုက်ပြီး လှုပ်လိုက်သည်။ "စာပို့ဖို့ အစီအစဉ်ရိုက်ကူးတာရဲ့ ကွာဟချက်ကို သုံးခဲ့တယ်။ ငါ့လက်ရဲ့ အမြန်နှုန်းက မျက်လှည့်ဆန်တယ် ။ "

သူသည် လူကြိုက်များသည့် တတ်သစ်စလေးတစ်ယောက်ဖြစ်ပြီး အစီအစဉ်တစ်ခု ရိုက်ကူးနေစဉ် လျှို့ဝှက်စွာ စာတစ်စောင်ပို့ခဲ့သည်။ ၎င်းသည် သူ့နှလုံးသားအား ကြောက်ရွံ့မှုကြောင့် ရပ်တန့်သွားစေရန် လုံလောက်ပေသည်။

ကားသည် မြေအောက်ကားပါကင်အထွက်မှ မောင်းလာသည်။ ထို့နောက် လီကျောင်းသည် ယောင်ရှရှနှင့် သူမ၏လက်ထောက် အဖြူရောင်ကားဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကားစက်ဖုံးသည် ပွင့်နေပြီး  အဖြူရောင်မီးခိုးငွေ့များနှင့် ပြည့်နေ၏။ ကားတွင် တစ်ခုခုမှားယွင်းသွားပုံ ရသည် ။

"လီကျောင်း " ယောင်ရှရှသည် ကားထဲတွင် ထိုင်နေသူက လီကျောင်းနှင့် တူသဖြင့် အကူအညီတောင်းခံရန် လီကျောင်း၏ဦးတည်ချက်အတိုင်း လက်ဝှေ့ယမ်းပြလိုက်သည် ။

စာရေးသူမှာ ပြောစရာရှိတယ်။

ကျောင်းကျောင်း : အစ်ကိုစုန့်က အရမ်းကောင်းတယ်၊ အရမ်းငဲ့ညှာတတ်တယ်။ သူက ငါ့ရဲ့ ထမင်းရှင်တစ်ဝက် ဖြစ်နေပြီ။

အစ်ကိုစုန့် - ဒီနေ့ငါမင်းကို ငြိမ်ငြိမ်လေး နေစေချင်တယ်။

(ဒီတစ်ပိုင်းမှာ တစ်ချို့စာသားတွေကို အတိအကျမဟုတ်ဘဲ ဆီလျော်အောင် သင့်တာ်သလို ပြန်ထားပါတယ်။
ဒီမှာ လီကျောင်းနဲ့ရန်ထင်းစကားပြောတဲ့အခါ သူငယ်ချင်းလိုမျိုးခံစားရလို့ မင်းနဲ့ငါလို့ သုံးထားပါတယ် ။E trans ကလည်း တစ်ချို့နေရာတွေမှာပဲ brother လို့သုံးပြီး အများစုကတော့ you ပဲသုံးထားပါတယ် ။ယဉ်ကျေးတဲ့အပြောမျိုးဖြစ်အောင် အစ်ကိုနဲ့ ကျွန်တော်လို့ပြောင်းရေးသင့်လား သူငယ်ချင်းလိုမျိုး မင်းနဲ့ငါလို့ပဲဆက်သုံးသင့်လား အကြံပေးကြပါဦး ။ )

#5461words
#26.8.21

Продолжить чтение

Вам также понравится

My DuDuDin ♡ A_H_S_U

Любовные романы

4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
40.1K 5.6K 21
Type : Web Novel (CN) Language : Chinese Associated Names : 魔尊每天都在逃婚 Author(s) : Nine Treasures 玖宝 Year : 2020 Status in COO : 60 Chapters + 1 Extra...
The Challenge of Love (OC) Eaint Shin Sitt

Любовные романы

418K 16K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
342K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...