[Zawgyi]
နွစ္ရက္အတြင္း ရွန္႕ခယ္တစ္ေယာက္ အိမ္ေတာ္နွင့္ ရင္းနွီးသြားကာ ပတ္ဝန္းက်င္ပတ္ပတ္လည္ကိုလည္း သြားလာထားသည္။ သူက အနီးနားက အေဆာက္အဦး၊ စတုိးဆုိင္နွင့္ လမ္းကို အီလက္ထေရာနစ္ေျမပံုနွင့္ မွတ္တမ္းတင္ထားသည္။ သူ ဘာကိုမွ အျမင္မလွ်မ္းခဲ့ေၾကာင္း ေသခ်ာေအာင္လုပ္ျပီးမွ စံအိမ္ကို ျပန္လာခဲ့သည္။ ထိုအခိုက္တြင္ သူက ယြဲ႕မိသားစုအပါအဝင္ သူရွာနိုင္သမ်ွအခ်က္အလက္အားလံုးကို စုေဆာင္းဖုိ႕ အင္တာနက္ကိုအသံုးျပဳလိုက္သည္။
ယြဲ႕မိသားစုမွာ ခိုင္မာျပီး ဂုဏ္သေရရွိ အဆက္အႏြယ္ပိုင္ဆိုင္ကာ လြန္ခဲ့သည့္နွစ္ေပါင္း ၃ရာအထိ ေျခရာခံနုိင္သည္။ သူတုိ႕က ေတာ္ဝင္မိသားစု၏ ေလးစားျခင္းကိုခံခဲ့ရသည္။ သူတုိ႕က ေတာ္ဝင္ေသြးအစစ္မဟုတ္ေသာ္ျငား ေတာ္ဝင္မိသားစု အာဏာနွင့္ဂုဏ္က်က္သေရတုိ႕ ခံစားခဲ့ရသည္။ အင္ပါယာတြင္ ျမိဳ႕အမ်ားစုက သူတုိ႕တံဆိပ္နာမည္ကိုယ္စီနွင့္ ကုန္သြယ္မွုရွိၾကသည္။ ယြဲ႕မိသားစုမွာ တစ္ခ်ိန္က အခ်မ္းသာဆံုးနွငိ့ အာဏာအရွိဆံုး မိသားစုမ်ားထဲမွ တစ္ခုျဖစ္ခဲ့သည္။ သို႕ေသာ္ျငား လြန္ခဲ့သည့္ နွစ္တစ္ရာဝန္းက်င္ကလြဲ သူတုိ႕မိသားစုက တျဖည္းျဖည္း နိုင္ငံေရး၊ စီးပြားေရးဘက္နွစ္ခုလံုးတြင္ ဆုတ္ယုတ္လာခဲ့သည္။ သူတုိ႕အာဏာက ဘယ္ေတာ့မွ ျပန္မရရွိလာခဲ့ေတာ့ေပ။ သို႕ေသာ္ျငား ေသခါနီးကုလားအုတ္က ျမင္းတစ္ေကာင္ထက္ေတာင္ ၾကီးေသးသည္။ ထုိ႕ေၾကာင့္ယြဲ႕မိသားစုလုပ္ငန္းစုမွာ ယေန႕ထိ က်ယ္ျပန္႕ေနေသးကာ လႊမ္းမုိးမႈ႐ွိေသးသည္။
လုမိသားစုႏွင့္ယွဥ္ရင္သာ ယြဲ႔မိသားစု၏ အေနအထားမွာ သိသိသာသာ ေနာက္ေကာက္က်တာျဖစ္၏။ လုမိသားစုမွာ မ်ိဳး႐ိုးအလိုက္ ေတာ္ဝင္ႏြယ္ျဖစ္သည္။ လု႐ွဳဖန္၏ အစ္ကိုႀကီး လု႐ွဳခ်ီမွာ ယခုဘုရင္မ၏ ခင္ပြန္းျဖစ္ကာ သူကိုယ္တိုင္ကေတာ့ သူေကာင္းဘြဲ႕ အ႐ွင္ရာထူးကို ရထားတာျဖစ္သည္။ သူ႔ရာထူးက တရားေရးဝန္ႀကီးခ်ဳပ္၏ စကားမ်ား၊ အျပဳအမူမ်ားႏွင့္ လုပ္ပံုလုပ္နည္းမ်ားကို ႀကီးၾကပ္အၾကံေပးရေသာ စစ္ေဆးေရးအရာ႐ွိျဖစ္သည္။
သူ႔အ႐ွင္ဘြဲ႔ႏွင့္ ယွဥ္လ်ွင္ စစ္ေဆးေရးအရာ႐ွိဆုိသည့္ ရာထူးက လူတုိင္းတစိမ့္စိမ့္ေၾကာက္ရြံ႕က်သည္။ အင္ပါယာအရာ႐ွိ ေလးဆယ္ရာခုိင္ႏႈန္းက သူႏွင့္ရင္းႏွီးသလို ေဝးကြာၾကာၿပီးညငါးဆယ္ရာခိုင္ႏႈန္းက သူ႔ကိုသတ္ခ်င္ၾကကာ ဆယ္ရာခိုင္ႏႈန္းက သူရဲေကာင္းဆန္လြန္းစြာ ေသျခင္းတရားကိုမေၾကာက္ရြံ႕ဘဲ သူႏွင့္အိပ္ခ်င္ေနၾကတာျဖစ္သည္။
႐ွန္႔ခယ္က လု႐ွဳဖန္ ဓာတ္ပံုကို႐ွာၾကည့္ေသာ္ျငား သူ႐ွာလို႔ရသမ်ွက အေဝးကလွမ္း႐ိုက္ထားေသာ ဓာတ္ပံုမ်ားသာျဖစ္ၿပီး အနီးကပ္႐ိုက္ခ်က္တစ္ခုမွမ႐ွိေပ။ သူက အၾကမ္းဖ်ဥ္း အရပ္႐ွည္ၿပီး အ႐ွိန္အဝါ႐ွိသည္ဟုသာ သိရသည္။ လူအုပ္ႀကီးထဲတြင္ေတာ့ ပထမဆံုး သတိျပဳမိမည့္လူမ်ိဳးပင္။
အခ်ိန္ကိုၾကည့္ေတာ့ ညသန္းေခါင္ေရာက္ေနေလၿပီ။ သူမီးပိတ္ကာ အိပ္ရာဝင္ဖို႔ ဆံုးျဖတ္လိုက္သည္။
အိပ္ခ်င္မူးတူးအေျခအေနတြင္ တံခါးအျပင္ဘက္ကေန ခပ္တိုးတုိးအသံမ်ား ထြက္ေနတာကိုၾကားလိုက္ရသည္။ ႐ွန္႔ခယ္ မ်က္လံုးဖြင့္ကာ ဂ႐ုတစိုက္နားေထာင္ၾကည့္ၿပီး အိပ္ရာကထကာ ကုတ္ကို ဝတ္ၿပီးအခန္းထဲကထြက္လာခဲ့သည္။
"သခင္ႀကီး၊ ကြၽန္ေတာ္ ဆရာဝန္ကို အေၾကာင္းၾကားၿပီးပါၿပီ၊ ဆယ္မိနစ္အတြင္း ေရာက္လာပါလိမ့္မယ္" ဧည့္ခန္းထဲတြင္ အိမ္ေတာ္ထိန္းေဖးလင္းက တန္ဖုိးႀကီးဝတ္စားဆင္ယင္ထားေသာ အရပ္႐ွည္လွသည့္လူကို တေလးတစား စကားေျပာေနသည္။
သူ႔ေဘးကဆုိဖာေပၚတြင္ ယူနီေဖာင္းဝတ္ထားသည့္ လူငယ္ႏွစ္ေယာက္က ၿငိမ္သက္စြာထုိင္ေနၾကသည္။ သူတုိ႕ထဲကတစ္ေယာက္က ေသြးမ်ားဖံုးေနျပီး လက္ေမာင္းကလည္း ပတ္တီးစည္းထားရသည္။ တစ္ျခားတစ္ေယာက္က ဆုိဖာကို မွီေနကာ ညာဘက္ေျခေထာက္က မလွုပ္ရွားနုိင္သည့္ဟန္ပင္။
ေဖးလင္းက တျခားတစ္စံုတစ္ရာေျပာမည့္ဆဲဆဲ ရွန္႕ခယ္ ေထာင့္နားကေနထြက္လာတာကို ရိပ္ခနဲ ျမင္သြားျပီး ခ်က္ခ်င္းလွမ္းေခၚလိုက္သည္။ သူက ခ်က္ခ်င္းလွမ္းေခၚလိုက္၏။
"ရွန္႕က်ယ္၊ အခ်ိန္ကိုက္ပဲ၊ ဒီကိုလာျပီး သခင္ျကီးကိုနွူတ္ဆက္လိုက္ဦး"
ေဖးလင္းေရွ႕မွအမ်ိဳးသားမွာ လွည့္လာျပီး သူ႕စူးရွေသာ အျကည့္က ရွန္႕ခယ္ေပၚေရာက္လာသည္။
ရွန္႕ခယ္က သူ႕ေခ်ာေမာလွသည့္မ်က္နွာကိုျကည့္ျပီး ရင္းနွီးေနသည့္ အေငြ႕အသက္က သူ႕ကိုလာရိုက္ခတ္သည္။
ဒါက ထိုသူပင္!
ရွန္႕ခယ္တည္ျငိမ္စြာ ရင္ဆုိင္ျပီး သူ႕ခံစားခ်က္ျပင္းထန္ေနေသာ အေျခအေနက မ်က္လံုးတြင္ေတာ့ တစ္စက္မွေပၚမေနေပ။
"သခင္ျကီး၊ ဒါရွန္႕က်ယ္ပါ" ေဖးလင္းက သူ႕ကိုမိတ္ဆက္ေပးသည္။
"
ရွန္႕က်ယ္၊ ဒါက..."
"ရွန္႕က်ယ္" လုရွုဖန္၏ ခပ္ၾသၾသအသံက ေဖးလင္းကိုၾကားျဖတ္ေျပာလာသည္။ အေသးစိတ္ ခႏၶာကိုယ္ကိုေလ့လာရင္း ခ်က္ခ်င္းေမးေလသည္။
"မင္း အျပင္ဒဏ္ရာေတြကို ကုသနုိင္လား"
"ဟုတ္ကဲ့" ရွန္႕ခယ္ေျဖသံက လိုရင္းတုိရွင္းနွင့္ အသံအတက္အက်မရွိေပ။
"ေကာင္းျပီ၊ မင္း သူတုိ႕ကို ကူျပီးကုသေပး" လုရွဳဖန္း ေဘးဘက္ထြက္ရပ္ကာ ဆုိဖာေပၚက နွစ္ေယာက္ကို လက္ညွိဳးထိုးျပလိုက္၏။
ရွန္႕ခယ္က ဘာမွမေျပာ အလုပ္တန္းလုပ္ကာ သူတုိ႕ေဘး ေရႊ႕ကာ တစ္ေယာက္စီကို အၾကမ္းဖ်ဥ္းၾကည့္လိုက္သည္။ လ်င္ျမန္စြာပင္ ေျခေထာက္ဒဏ္ရာရေနေသာ ဆံပင္အညိဳေရာင္ႏွင့္လူေ႐ွ႕ ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။ သူ အ႐ုိးကိုစမ္းၾကည့္ၿပီး ျဖဴေဖြးေနေသာ လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက အသားညိဳညိဳတုတ္ခိုင္ေသာ ေျခသလံုးႏွင့္ ဆန္႔က်င္ဘက္ျဖစ္ေနသည္။
ဆံပင္အညိဳေရာင္ႏွင့္လူက ရွန္႕ခယ္၏လွုပ္ရွားမွုတုိင္းကိုျကည့္ရင္း ေတာင့္တင္းေနမိသည္။ သူက သူ႕ေျခသလံုးျကြက္သားမ်ား တျခားသူ လက္ေခ်ာင္းမ်ားကို ခ်ိဳးမိမွာကိုစိုးရိမ္ေနသည့္အတုိင္းပင္။
ထိုအခ်ိန္တြင္ ရွန္႕ခယ္က ေခါင္းကိုလွည့္ကာ သူ႕ေဘးက ဆံပင္အဝါေရာင္နွင့္လူကို ရွဴတည္တည္ၾကည့္လိုက္သည္။
ဆံပင္အညိဳေရာင္နွင့္ အမ်ိဳးသားက တစ္စံုတစ္ရာလြဲေနသည္ဟု အာရံုခံစားမိကာ လွမ္းျကည့္လိုက္ေပမဲ့ သူေခါင္းလွည့္လွည့္ခ်င္းပင္ ဂြ်တ္ခနဲအက္သံျကားရကာ ေျခေထာက္ကေန စူးရွေသာနာက်င္မွုလိုက္လာေလ၏။
ဆံပင္ညိဳနွင့္လူက ရုတ္တရက္သတိလြတ္သြားသျဖင့္ နာက်င္မွုေျကာင့္ေအာ္မိသြားေလသည္။ ေခြ်းေစးမ်ားပါ ေခြ်းေပါက္ကေနက်ဆင္းလာသည္။ သူေနာက္ဆံုး တံု႕ျပန္နိုင္ခ်ိန္ သူ႕အရိုးလြဲေနသည့္ ညာေျခေထာက္က ပံုမွန္အတိုင္း ျပန္ျဖစ္သြားေခ်ျပီ။
လုရွဳဖန္မ်က္လံုးမ်ား အေရာင္လက္သြားသည္။ ရွန္႕ခယ္၏ တိက်ျပီး ေလ့က်င့္ထားေသာ အရုိးျပဳျပင္သည့္အရည္အခ်င္းေၾကာင့္ အ့ံၾသသြားခဲ့သည္။
ဒီေနာက္ ရွန္႕ခယ္ ဆံပင္ညိဳနွင့္လူကိုအျခား ေပါက္ျပဲရာမ်ားနွင့္ ဖူးေယာင္ေနသည့္ေနရာမ်ားကို ကုသေပးေလသည္။ သူ ဘာျပႆနာမွမရွိေတာ့တု ေသခ်ာေအာင္လုပ္ျပီးေနာက္ညတစ္ဖန္ သူ႕အာရံုက ဆံပင္ဝါနွင့္လူဆီေရာက္သြားသည္။ သူ႕လက္ေမာင္းေပၚမွပတ္တီးမွာ ရဲရဲနီေနကာ ျပန္စည္းဖုိ႕လိုအပ္ေလသည္။
လုရွဳဖန္က သူအရာအားလံုးကို ကြ်မ္းကြ်မ္းက်င္က်င္ေျဖရွင္းတာျမင္ေတာ့ ေဖးလင္းဘက္လွည့္လိုက္သည္။
"အိမ္ေတာ္ထိန္းေဖး၊ ထမင္းခ်က္ကို က်ဳပ္တုိ႕စားဖုိ႕အတြက္ ျပင္ခိုင္းလိုက္ပါဦး"
"ကြ်န္ေတာ္ အမိန္႕ေပးျပီးပါျပီ၊ မျကာခင္ျပီးစီးေတာ့မယ္ထင္ပါတယ္"
လုရွုဖန္ ေခါင္းညိတ္ကာ စကားဆက္မေျပာေတာ့။ သူက ရွန္႕ခယ္ သူ႕တပည့္မ်ားကိုကုသေနတာ ျပန္ျကည့္ေနသည္။ သူ႕ေခါင္း အနည္းငယ္ေစာင္းထားကာ ဆံႏြယ္မ်ားက နဖူးကေန ဝဲက်ေနသည္။ နူးည့ံေသာ ေဘးတစ္ေစာင္းက ေက်ာက္စိမ္းျဖဴကဲ့သို႕ပင္ အလင္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့လင္းလက္ေနသည္။ သူ႕လွုပ္ရွားမွုမ်ားက ကြ်မ္းက်င္လွကာ အရင္က ေဆးကုသမွုေလ့က်င့္ခန္းမ်ား ေလ့က်င့္ထားသည့္အတိုင္းပင္။
ဆယ့္ရွစ္ ဆယ့္ကုိးနွစ္တည္းနွင့္ ဒီလိုမ်ိဳး ကိစၥမ်ားကို တည္ျငိမ္ေအးေဆးေသာ အျပဳအမူျဖင့္ ေျဖရွင္းသြားခဲ့သည္။ သူက ေသြးျမင္၍ လံုးဝမေၾကာက္ရြံ႕သြားခဲ့ေပ။
လုရွဳဖန္က ေဖးလင္းအား စာခ်ဳပ္ထိန္းသိမ္းသူ ငွားရန္အျကံကို အေတာ္ေလးကန္႕ကြက္ခဲ့သည္။ ဒါေပမဲ့အခုျကည့္ရေတာ့ ထင္သေလာက္လည္း မဆုိးသည့္ပံုပင္။
ရွန္႕ခယ္ ထိုနွစ္ေယာက္ ဒဏ္ရာမ်ားကို ကုသျပီးသည့္ေနာက္ စားဖိုမွဴးကလည္း ဟင္းခ်က္ျပီးသြားသည္။
ေဖးလင္းက အေစခံမ်ားကို လက္ဖက္ရည္စားပြဲဝိုင္းဆီ အစားအေသာက္မ်ားသယ္လာခိုင္းျပီးေနာက္ အိမ္အကူနွစ္ေယာက္ကို ဒဏ္ရာရေနသည့္လူမ်ားအတြက္ တည္ခင္းခိုင္းလိုက္သည္။
"ငါတုိ႕မင္းကို ဒုကၡေပးမိျပီ" ဆံပင္ဝါနွင့္လူက ရွန္႕ခယ္ကိုေတာက္ပစြာ ျပံဳးျပသည္။
"ငါ့နာမည္က နန္တ်ဲ႕ပါ၊ မင္းနာမည္က ရွန္႕က်ယ္မလား၊ ငါမင္းကို ေရွာင္က်ယ္လို႕ေခၚလို႕ရမလား"
"အေရးမၾကီးပါဘူး" ရွန္႕ခယ္က သာမန္မ်ွသာသေဘာထားလ်က္ ျပန္ေျဖေလသည္။
"ေရွာင္က်ယ္၊ မင္းဗိုလ္ဆာေနလား၊ ငါတုိ႕နဲ႕ တူတူစားခ်င္လား" နန္တ်ဲ႕က ရင္းရင္းနွီးနွီး ဖိတ္ေခၚလိုက္သည္။
"မလိုပါဘူး" ရွန္႕ခယ္က ေဖးလင္းအား ေဆးဝါးကိရိယာမ်ားရွင္းလင္းရန္ ကူျပီးေနာက္ ေဘးကိုျပန္ဆုတ္သြားသည္။ သူက အခန္းေထာင့္က တုိင္ကိုသာ စိုက္ျကည့္ေနသည္။
ရွန္႕ခယ္၏ လ်စ္လ်ဴရွုမွုက နန္တ်ဲ႕ကို အေတာ္ေလး ရွက္သြားေစကာ ေဘးမွဆံပင္အညိဳနွင့္လူကလည္း ရွန္႕ခယ္ကို ဇေဝဇဝါျဖင့္လွမ္းလွမ္းျကည့္လာသည္။
ထိုအခိုက္ ေဖးလင္းေခၚထားသည့္ ဆရာဝန္က အလ်င္အျမန္ေရာက္လာသည္။ လုရွဳဖန္းလည္း ရွန္႕ခယ္ကို အနားယူရန္ ျပန္ခုိင္းလိုက္ျပီး က်န္သည့္ကိစၥမ်ားကိုဆရာဝန္အားကိုင္တြယ္ေစလိုက္သည္။
စကားမေျပာဘဲ ရွန္႕ခယ္ကထြက္သြားသည္။ တစ္ခ်ိန္လံုး သူကလုရွဳဖန္သကို တစ္ခ်က္ထပ္မျကည့္ခဲ့ေပ။
သူထြက္သြားသည့္ေနာက္ ဆံပင္ညိဳနွင့္လူက က်ယ္ေလာင္စြာ ရယ္ေမာလာသည္။
"လူၾကီးမင္း၊ အဲဒါက လက္ေထာက္အသစ္လား၊ ထူးဆန္းတယ္ေနာ္ အက်င့္က"
လုရွဳဖန္အေရွ႕တြင္ ဒီေလာက္တည္ျငိမ္ေနနိုင္သူမ်ိဳး တစ္ခါမွ မျမင္ဖူးေပ။ ထုိကဲ့သို႕ေအးစက္ျပီး အလွမ္းကြာလြန္းေသာ လူမ်ိဳးကိုေရာပင္။
လုရွုဖန္းကေတာ့ မယုတ္မလြန္အသံသာျပဳသည္။
ယင္ခ်ီလည္းျပံဳးသာ ျပံဳးကာ စကားဆက္မေျပာေတာ့။ သူက လုရွုဖန္းေနာက္ လိုက္ခဲ့တာနွစ္ေပါင္းမ်ားစြာ ျကာျပီျဖစ္ျပီး စေနာက္နုိင္ေသာ္ျငား အရမ္းလည္းရဲမတင္းလြန္းရဲေပ။
လုရွဳဖန္းစားေသာက္ျပီးေနာက္ ေဖးလင္းကိုေမာ့ျကည့္လိုက္သည္။
"အိမ္ေတာ္ထိန္းေဖး၊ ရွန္႕က်ယ္ကို မနက္ျဖန္ ေစ်းကြက္ျမိဳ႕ေတာ္ခန္းမဆီ က်ဳပ္ကို ကားေမာင္းပို႕ခုိင္းေပးပါ"
"နားလည္ပါျပီ" ေျပာရရင္ သခင္ျကီးရဲ႕ ရွန္႕ခယ္အေပၚ ပထမအျမင္ကအေတာ္ေလးေကာင္းသည္ဆုိတာ သေဘာေပါက္သြားျပီး သူ႕ကိုဆက္ေခၚထားရန္ဆံုးျဖတ္လိုက္သည္။
ေနာက္တစ္ေန႕တြင္ ရွန္႕ခယ္နိုးလာျပီး မီးဖိုေခ်ာင္ထဲ မနက္စာေစာေစာစားျပီးေနာက္ ေဖးလင္း၏အမိန္႕အရ ကားကို အိမ္အဝဆီေမာင္းလာခဲ့သည္။
သူက အလိုအေလ်ာက္ စနစ္ကိုဖြင့္ျပီး သူေမာင္းရမည့္လမ္းေျကာင္းကို ထပ္တလဲလဲအတည္ျပဳလိုက္သည္။ သိပ္မၾကာခင္ နန္တ်ဲ႕နွင့္ယင္ခ်ီမွာ လုရွုဖန္းကို စံအိမ္ကေန ေခၚထုတ္လာခဲ့သည္။
နန္တ်ဲ႕က ကားသမားေဘးခံုတြင္ထုိင္ျပီး လုရွဳဖန္နွင့္ ယင္ခ်ီက ေနာက္တြင္ထိုင္သည္။
"ေစ်းကြက္ျမိဳ႕ေတာ္ခန္းမဆီ ေမာင္း"
ယင္ခ်ီက ရွန္႕ခယ္ကိုေျပာလိုက္သည္။
ရွန္႕ခယ္က စကားတစ္စံုတစ္ရာမေျပာဘဲ ကားကိုစေမာင္းကာ အလိုအေလ်ာက္ေမာင္းသည့္စနစ္ကိုေျပာင္းလဲလိုက္သည္။ ဒါက ပိုအဆင္ေျပ၍ဆိုတာထက္ ယာဥ္စည္းကမ္းစနစ္သတ္မွတ္ထား၍ပင္။ သာမန္အေျခအေနမ်ားေအာက္တြင္ ကားမ်ားအားလံုးမွာ ယာဥ္၏ အျမန္နွုန္းကန္႕သတ္ခ်က္၊ အရာဝတၳဳ အသိအမွတ္ျပဳခ်င္းနွင့္ ေရွာင္တိမ္းျခင္း လုပ္ေဆာင္ခ်က္မ်ား၊ သတိေပးခ်က္ လုပ္ေဆာင္ခ်က္မ်ားေျကာင့္ ေအာ္တုိ ေမာင္းသည့္စနစ္ထားရမည္ျဖစ္သည္။ ၎က ပိုျပီးစိတ္ခ်ရသလို တည္ျငိမ္သည္။ ကားဒရိုက္ဘာ၏ တာဝန္က ရုတ္တရက္ မူမမွန္ေသာ အေျခအေနမ်ားနွင့္ အဓိက ရင္ဆိုင္ဖုိ႕ပင္။
ကားက ေခ်ာေခ်ာမြတ္မြတ္ သတ္မွတ္ထားသည့္လမ္းေျကာင္းအတိုင္း ေမာင္းေနသည္။ အထဲမွလူမ်ားမွာ တိတ္ဆိတ္ေန၍ မူမမွန္ေသာ တိတ္ဆိတ္သည့္ခရီးပင္ျဖစ္ေခ်သည္။
ရွန္႕ခယ္မ်က္လံုးမ်ားက ေနာက္ျကည့္မွန္သိို႕ေရာက္သြားသည္။ ကားတစ္ခ်ိဳ႕က သူတုိ႕ေနာက္လိုက္ေနသည္မွာ ဆယ္မိနစ္ေက်ာ္ျကာေနျပီ။ တစ္စီးတည္းဆုိရင္ေတာင္ သူတုိက္ဆုိင္မွုဟု ယူဆေကာင္းယူဆမိဦးမည္။ သို႕ေသာ္ျငား ေမာ္ဒယ္တူ ကားသံုးေလးစီးလိုက္ခ်င္တြင္ သံသယမဝင္ခံရဖုိ႕က အင္မတန္ ခဲယဥ္းသြားေလျပီ။
"လူျကီးမင္း၊ တစ္ေယာက္ေယာက္က ကြ်န္ေတာ္တုိ႕ေနာက္ လိုက္ေနတယ္"
န်န္တ်ဲ႕က လက္ထဲေသနတ္ကိုင္ကာ တည္ျငိမ္စြာ ဆုိလိုက္သည္။
ထိုေနာက္ သူနွင့္ယင္ခ်ီ နွစ္ေယာက္စလံုး လက္နက္မ်ားထုတ္ကာ တိုက္ခိုက္ရန္ အသင့္ျပင္လိုက္သည္။
အင္ပါယာရွိအမတ္ကိုးဆယ္ရာခိုင္နွုန္း၏ ရန္သူဟုျမင္ျခင္းခံရသည့္လူတစ္ေယာက္အေနနွင့္ ဒီလိုတုိက္ခုိက္မွုက သာမန္ထက္မပိုေပ။ သူတုိ႕သာျမိဳ႕ေတာ္ထဲ ရွိေနရင္ ဘယ္သူကမွ လုရွုဖန္နွင့္ တိုက္ရုိက္မရင္ဆိုင္ရဲ၍ အျဖစ္နည္းသည္။ ျမိဳ႕ေတာ္ကေန ထြက္လာလ်ွင္ေတာ့ သူက လူတုိင္း၏ လုပ္ျကံဖို႕ပစ္မွတ္သာျဖစ္သြားလိမ့္မည္။
"လူျကီးမင္း၊ အိမ္ေတာ္ထိန္းေဖး ေစ်းျမိဳ႕ေတာ္ခန္းမဆီ ၈နာရီအေရာက္ ပို႕ေပးဖို႕မွာထားပါတယ္"
ရ
ွန္႕ခယ္၏ ေအးစက္ေသာအသံက ရုတ္တရက္ ကားထဲတြင္ေပၚလာသည္။
"ဟမ္" လုရွဳဖန္က မ်က္ခံုးပင့္ကာ ဒရိုက္ဘာထိုင္ခံုကိုျကည့္လိုက္သည္။
န်န္တ်ဲ႕နွင့္ယင္ခ်ီမွာေတာ့ သူ႕စကားလံုးမ်ားကို ေတြးေတာဖို႕ရန္ အခ်ိန္မရွိေပ။ သူတုိ႕က သူ ခပ္တုိးတုိးေရရြတ္တာကိုသာျကားလိုက္သည္။
"သူတုိ႕ ဒီေရာက္ေနျပီ"
ခ်က္ခ်င္းပင္ လက္နက္မ်ား ပင့္တင္ကာ တုိက္ခိုက္ရန္ အခြင့္အေရးကို ေစာင့္ေနျကသည္။
သူတုိ႕ေနာက္ကကားေတြ နီးကပ္လာတာကို ျကည့္ရင္း ကားက ရုတ္တရက္ အိတ္ေဇာမီးမ်ားပြင့္ကာ အေ႐ွ႕ကုိ ဝုန္းခနဲ ထုိးတက္သြားခဲ့သည္။ တစ္ခဏတြင္းပင္ ထိုကားမ်ားမွာ ေဝးလံလွစြာ က်န္ရစ္ခဲ့၏။ နန္တဲ့်ႏွင့္ ယင္ခ်ီမွာ မထင္မွတ္ထားသည့္ လႈပ္႐ွားမႈေၾကာင့္ သတိလက္လြတ္ျဖစ္ၿပီး ကားနံရံႏွင့္ ဝင္တုိက္သြားသည္။
"ဘာျဖစ္တာလဲ" နန္တ်ဲ့က ထိုင္ခံုကိုလက္တစ္ဖက္ျဖင့္ ဖမ္းဆုတ္ၿပီး သူ႔မ်က္ႏွာအေရျပား တုန္လႈပ္လာသလို ခံစားေနရသည္။
လု႐ွဳဖန္က ေတာင္တစ္ခုပမာ တည္ၿငိမ္စြါပင္ ၿငိမ္ၿငိမ္သက္သက္ထိုင္ေနတုန္းပင္။ သူက ႐ွန္႔ခယ္ ေအာ္တုိစနစ္ကေန ကိုယ္တုိင္ေမာင္းစနစ္ေျပာင္းလဲလိုက္ျပီး အ႐ွိန္ကလ်င္ျမန္စြာတုိးသြားတာကို ကိုယ္တုိင္ျမင္လိုက္တာျဖစ္သည္။
သို႔ေပမဲ့ သူတုိ႔ေနာက္က ကားေတြက အလ်င္အျမန္ သတိဝင္လာၿပီး အ႐ွိန္မ်ားျမႇင့္လာၾကသည္။
ယင္ခ်ီက အခ်ိန္တစ္ေအာင့္ၾကာ ေလ့လာလိုက္သည္။
"အဲဒါေတြက အေဝးကေန ထိန္းခ်ဳပ္ထားတာပဲ၊ လူမပါဘူး၊ ငါတုိ႔ အနားကပ္ခြင့္ျပဳလို႔မျဖစ္ဘူး၊ ေပါက္ကြဲေရးပစၥည္းေတြပါလာႏုိင္တယ္"
သံုးေယာက္သား ရွန္႕ခယ္ကို တစ္ျပိဳင္နက္လွမ္းၾကည့္လိုက္သည္။ ေနာက္ပိုင္းျဖစ္မည့္အရာက သူ႕ကားေမာင္း အရည္အခ်င္းေပၚတြင္သာ မူတည္မည္။ သူတိုေမးဖုိ႕ပင္ အခ်ိန္မရလိုက္ ရုတ္တရက္ ကားေကြ႕သြားျပီး အေဆာက္အဦးတစ္ခုေဘးကေန အႏၱရာယ္ျကီးလွစြာ ေပါ့ေပါ့ပါးပါးျဖတ္သြားေလသည္။ ရုတ္တရက္ ၉၀ဒီဂရီ ေကြ႕ခ်လိုက္ျပီးမွ ဟန္ခ်က္ျပန္ညီသြားခဲ့သည္။
ဘြန္း!
သူတုိ႕ေနာက္ကေန ေပါက္ကြဲသံျကားရကာ ကားတစ္စီးမွာ အေဆာက္အဦးထဲ ဝင္တုိက္မိသြားျပီး တစ္ျပိဳင္နက္ အပိုင္းပိုင္းအစစျဖစ္ကာ ေပါက္ကြဲသြားသည္။
နန္တ်ဲ႕နွင့္ ယင္ခ်ီမ်က္နွာမွာ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနျပီး ေနာက္ေက်ာကေန ေခြ်းေစးမ်ား စိမ့္ထြက္ေနေလသည္။ သူတုိ႕ကိုယ္ခႏၶာမ်ားမွာ ကုလားထုိင္ကိုမွီရင္း တင္းမာစြာ ဆန္႕ကားထားမိသည္။ သူတုိ႕ ရင္တုန္ကာ အသက္ထြက္ေတာ့မည့္အတိုင္းပင္ျဖစ္ေနရွာသည္။
မ်ားျပားလွေသာ ျမင့္မားသည့္အေဆာက္အဦးမ်ားက ေရွ႕တြင္ ရွိေနေသာ္ျငား ကားအရွိန္က ေလ်ာ့သြားရမည့္အစားတုိးလာသည္။ သူတို႕နွစ္ေယာက္ ထိတ္လန္႕တျကား မေအာ္နုိင္ခင္ကားက ေနာက္တစ္ျကိမ္ ခက္ခဲဆန္းျပားစြာ ေကြ႕ျပသြားေ့သည္။ ပိုးသတ္ေဆးျဖန္းခံထားရသည့္ သန္းတစ္ေကာင္ပမာ ကားက အေဆာက္အဦးမ်ားနွင့္လမ္းမ်ားျကား ဝင္လိုက္ထြက္လိုက္ ေမာင္းနွင္ေနသည္။ သူျဖတ္ေက်ာ္ေမာင္းလာခဲ့သည့္ေနရာမ်ားတြင္ ဖုန္မ်ားထခဲ့ကာ အ့ံၾသမွုေျကာင့္ ပါးစပ္ဟလ်က္က်န္ေနခ့ဲေလသည္။
ေမးဖို႕ရာ မလိုအပ္။ အလိုေလ်ာက္ ကားပ်ံတစ္စီးကုိ တုိက္ပြဲတစ္ခုပမာ ေမာင္းနုိင္သည္က ဒီ ဒရိုက္ဘာအစ္ကိုရဲ႕ ထိန္းခ်ဳပ္ေမာင္းနွင္သည့္စြမ္းရည္က နတ္ဘုရားအဆင့္ပင္ျဖစ္ရမည္!
မိနစ္အနည္းငယ္အတြင္းမွာပင္ သူတုိ႕ေနာက္လိုက္ေနသည့္ကားမ်ားမွာ မိုးကုပ္စက္ဝိုင္းအျပင္ဘက္က်န္ေနခဲ့ေလသည္။
လမ္းတစ္ေလ်ွာက္ အေတာ္ျကာေမာင္းနွင္လာခဲ့ျပီးေနာက္ ကားမွာ အရွိန္ေလ်ာ့စျပဳလာကာ ေစ်းကြက္ျမိဳ႕ေတာ္ခန္းမ ဝင္ေပါက္ဆီ တည္တည္ျငိမ္ျငိမ္ ရပ္သြားခဲ့ေလသည္။
ရွန္႕ခယ္ကားထဲငထြက္လာျပီးေနာက္ လုရွဳဖန္တံခါးကို ဖြင့္ေပးလိုက္သည္။
လုရွုဖန္မွာကားထဲက ခ်က္ခ်င္းထြက္မလာေပ။ အဲအစား သူ႕မ်က္နွာက အေတာ္ေလး တည္ျငိမ္ေနျပီး ေျကာက္စရာေကာင္းေနကာ တစ္မိနစ္ေလာက္ၾကာျပီးမွ ေျခတစ္လွမ္းထြက္ခဲ့ေလသည္။
သူက အခ်ိန္ကိုျကည့္ေတာ့ ေစာလည္းမေစာ ေနာက္လည္းမက် ၈နာရီကြက္တိပင္။
လုရွုဖန္ ေခါင္းေမာ့ကာ ရွန္႕ခယ္မ်က္နွာေပၚက အေျပာင္းအလဲ မရွိ မ်က္နွာသာအမူအရာကိုေလးနက္စြာ ျကည့္ျပီးေနာက္ ျမိဳ႕ေတာ္ခန္းမဆီထြက္လာခဲ့သည္။ သူက ေျခလွမ္းအနည္းငယ္ေလ်ွာက္ျပီးမွ ျပန္ရပ္လိုက္သည္။ ေနာက္လွည့္ျကည့္လိုက္ေတာ့ နန္တ်ဲ႕နွင့္ယင္ခ်ီမွာ ဥယ်ာဥ္ထဲတြင္ သူတုိ႕ပံုရိပ္ကို ဂရုမစို္က္နိုင္ေလာက္ေတာ့ေအာင္ အျပင္းအထန္အန္ေနၾကသည္ကိုျမင္လိုက္ရ၏။
ေစာက္က်ိဳးနည္းငရဲ၊ သူတုိ႕ ဒီကားနတ္ဘုရားရဲ့ကားထဲ ဘယ္ေတာ့မွ ထပ္လိုက္မစီးနိုင္ေတာ့ဘူး! သူတုိ႕ကိုသတ္ခ်င္ေနတာပဲ!
အားလံုးပဲ ဂရုစိုက္ၾကပါ❤ အစားမ်ားမ်ားစားျပီး အိပ္ေရးဝေအာင္အိပ္ၾကပါ။ ဒါနဲ႕ Jas သူငယ္ခ်င္း YingAn3ရဲ႕ Workေလးကို္အားေပးၾကပါဦး။ ၂အုပ္ေရးမယ္ေျပာတယ္။ Jasကအဲမွာ editorသြားလုပ္မွာ😂❤ အဲမွာလည္းေတြ႕ၾကမယ္။
[Unicode]
နှစ်ရက်အတွင်း ရှန့်ခယ်တစ်ယောက် အိမ်တော်နှင့် ရင်းနှီးသွားကာ ပတ်ဝန်းကျင်ပတ်ပတ်လည်ကိုလည်း သွားလာထားသည်။ သူက အနီးနားက အဆောက်အဦး၊ စတိုးဆိုင်နှင့် လမ်းကို အီလက်ထရောနစ်မြေပုံနှင့် မှတ်တမ်းတင်ထားသည်။ သူ ဘာကိုမှ အမြင်မလျှမ်းခဲ့ကြောင်း သေချာအောင်လုပ်ပြီးမှ စံအိမ်ကို ပြန်လာခဲ့သည်။ ထိုအခိုက်တွင် သူက ယွဲ့မိသားစုအပါအဝင် သူရှာနိုင်သမျှအချက်အလက်အားလုံးကို စုဆောင်းဖို့ အင်တာနက်ကိုအသုံးပြုလိုက်သည်။
ယွဲ့မိသားစုမှာ ခိုင်မာပြီး ဂုဏ်သရေရှိ အဆက်အနွယ်ပိုင်ဆိုင်ကာ လွန်ခဲ့သည့်နှစ်ပေါင်း ၃ရာအထိ ခြေရာခံနိုင်သည်။ သူတို့က တော်ဝင်မိသားစု၏ လေးစားခြင်းကိုခံခဲ့ရသည်။ သူတို့က တော်ဝင်သွေးအစစ်မဟုတ်သော်ငြား တော်ဝင်မိသားစု အာဏာနှင့်ဂုဏ်ကျက်သရေတို့ ခံစားခဲ့ရသည်။ အင်ပါယာတွင် မြို့အများစုက သူတို့တံဆိပ်နာမည်ကိုယ်စီနှင့် ကုန်သွယ်မှုရှိကြသည်။ ယွဲ့မိသားစုမှာ တစ်ချိန်က အချမ်းသာဆုံးနှငိ့ အာဏာအရှိဆုံး မိသားစုများထဲမှ တစ်ခုဖြစ်ခဲ့သည်။ သို့သော်ငြား လွန်ခဲ့သည့် နှစ်တစ်ရာဝန်းကျင်ကလွဲ သူတို့မိသားစုက တဖြည်းဖြည်း နိုင်ငံရေး၊ စီးပွားရေးဘက်နှစ်ခုလုံးတွင် ဆုတ်ယုတ်လာခဲ့သည်။ သူတို့အာဏာက ဘယ်တော့မှ ပြန်မရရှိလာခဲ့တော့ပေ။ သို့သော်ငြား သေခါနီးကုလားအုတ်က မြင်းတစ်ကောင်ထက်တောင် ကြီးသေးသည်။ ထို့ကြောင့်ယွဲ့မိသားစုလုပ်ငန်းစုမှာ ယနေ့ထိ ကျယ်ပြန့်နေသေးကာ လွှမ်းမိုးမှုရှိသေးသည်။
လုမိသားစုနှင့်ယှဉ်ရင်သာ ယွဲ့မိသားစု၏ အနေအထားမှာ သိသိသာသာ နောက်ကောက်ကျတာဖြစ်၏။ လုမိသားစုမှာ မျိုးရိုးအလိုက် တော်ဝင်နွယ်ဖြစ်သည်။ လုရှုဖန်၏ အစ်ကိုကြီး လုရှုချီမှာ ယခုဘုရင်မ၏ ခင်ပွန်းဖြစ်ကာ သူကိုယ်တိုင်ကတော့ သူကောင်းဘွဲ့ အရှင်ရာထူးကို ရထားတာဖြစ်သည်။ သူ့ရာထူးက တရားရေးဝန်ကြီးချုပ်၏ စကားများ၊ အပြုအမူများနှင့် လုပ်ပုံလုပ်နည်းများကို ကြီးကြပ်အကြံပေးရသော စစ်ဆေးရေးအရာရှိဖြစ်သည်။
သူ့အရှင်ဘွဲ့နှင့် ယှဉ်လျှင် စစ်ဆေးရေးအရာရှိဆိုသည့် ရာထူးက လူတိုင်းတစိမ့်စိမ့်ကြောက်ရွံ့ကျသည်။ အင်ပါယာအရာရှိ လေးဆယ်ရာခိုင်နှုန်းက သူနှင့်ရင်းနှီးသလို ဝေးကွာကြာပြီးညငါးဆယ်ရာခိုင်နှုန်းက သူ့ကိုသတ်ချင်ကြကာ ဆယ်ရာခိုင်နှုန်းက သူရဲကောင်းဆန်လွန်းစွာ သေခြင်းတရားကိုမကြောက်ရွံ့ဘဲ သူနှင့်အိပ်ချင်နေကြတာဖြစ်သည်။
ရှန့်ခယ်က လုရှုဖန် ဓာတ်ပုံကိုရှာကြည့်သော်ငြား သူရှာလို့ရသမျှက အဝေးကလှမ်းရိုက်ထားသော ဓာတ်ပုံများသာဖြစ်ပြီး အနီးကပ်ရိုက်ချက်တစ်ခုမှမရှိပေ။ သူက အကြမ်းဖျဉ်း အရပ်ရှည်ပြီး အရှိန်အဝါရှိသည်ဟုသာ သိရသည်။ လူအုပ်ကြီးထဲတွင်တော့ ပထမဆုံး သတိပြုမိမည့်လူမျိုးပင်။
အချိန်ကိုကြည့်တော့ ညသန်းခေါင်ရောက်နေလေပြီ။ သူမီးပိတ်ကာ အိပ်ရာဝင်ဖို့ ဆုံးဖြတ်လိုက်သည်။
အိပ်ချင်မူးတူးအခြေအနေတွင် တံခါးအပြင်ဘက်ကနေ ခပ်တိုးတိုးအသံများ ထွက်နေတာကိုကြားလိုက်ရသည်။ ရှန့်ခယ် မျက်လုံးဖွင့်ကာ ဂရုတစိုက်နားထောင်ကြည့်ပြီး အိပ်ရာကထကာ ကုတ်ကို ဝတ်ပြီးအခန်းထဲကထွက်လာခဲ့သည်။
"သခင်ကြီး၊ ကျွန်တော် ဆရာဝန်ကို အကြောင်းကြားပြီးပါပြီ၊ ဆယ်မိနစ်အတွင်း ရောက်လာပါလိမ့်မယ်" ဧည့်ခန်းထဲတွင် အိမ်တော်ထိန်းဖေးလင်းက တန်ဖိုးကြီးဝတ်စားဆင်ယင်ထားသော အရပ်ရှည်လှသည့်လူကို တလေးတစား စကားပြောနေသည်။
သူ့ဘေးကဆိုဖာပေါ်တွင် ယူနီဖောင်းဝတ်ထားသည့် လူငယ်နှစ်ယောက်က ငြိမ်သက်စွာထိုင်နေကြသည်။ သူတို့ထဲကတစ်ယောက်က သွေးများဖုံးနေပြီး လက်မောင်းကလည်း ပတ်တီးစည်းထားရသည်။ တစ်ခြားတစ်ယောက်က ဆိုဖာကို မှီနေကာ ညာဘက်ခြေထောက်က မလှုပ်ရှားနိုင်သည့်ဟန်ပင်။
ဖေးလင်းက တခြားတစ်စုံတစ်ရာပြောမည့်ဆဲဆဲ ရှန့်ခယ် ထောင့်နားကနေထွက်လာတာကို ရိပ်ခနဲ မြင်သွားပြီး ချက်ချင်းလှမ်းခေါ်လိုက်သည်။ သူက ချက်ချင်းလှမ်းခေါ်လိုက်၏။
"ရှန့်ကျယ်၊ အချိန်ကိုက်ပဲ၊ ဒီကိုလာပြီး သခင်ကြီးကိုနှူတ်ဆက်လိုက်ဦး"
ဖေးလင်းရှေ့မှအမျိုးသားမှာ လှည့်လာပြီး သူ့စူးရှသော အကြည့်က ရှန့်ခယ်ပေါ်ရောက်လာသည်။
ရှန့်ခယ်က သူ့ချောမောလှသည့်မျက်နှာကိုကြည့်ပြီး ရင်းနှီးနေသည့် အငွေ့အသက်က သူ့ကိုလာရိုက်ခတ်သည်။
ဒါက ထိုသူပင်!
ရှန့်ခယ်တည်ငြိမ်စွာ ရင်ဆိုင်ပြီး သူ့ခံစားချက်ပြင်းထန်နေသော အခြေအနေက မျက်လုံးတွင်တော့ တစ်စက်မှပေါ်မနေပေ။
"သခင်ကြီး၊ ဒါရှန့်ကျယ်ပါ" ဖေးလင်းက သူ့ကိုမိတ်ဆက်ပေးသည်။
"
ရှန့်ကျယ်၊ ဒါက..."
"ရှန့်ကျယ်" လုရှုဖန်၏ ခပ်သြသြအသံက ဖေးလင်းကိုကြားဖြတ်ပြောလာသည်။ အသေးစိတ် ခန္ဓာကိုယ်ကိုလေ့လာရင်း ချက်ချင်းမေးလေသည်။
"မင်း အပြင်ဒဏ်ရာတွေကို ကုသနိုင်လား"
"ဟုတ်ကဲ့" ရှန့်ခယ်ဖြေသံက လိုရင်းတိုရှင်းနှင့် အသံအတက်အကျမရှိပေ။
"ကောင်းပြီ၊ မင်း သူတို့ကို ကူပြီးကုသပေး" လုရှုဖန်း ဘေးဘက်ထွက်ရပ်ကာ ဆိုဖာပေါ်က နှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။
ရှန့်ခယ်က ဘာမှမပြော အလုပ်တန်းလုပ်ကာ သူတို့ဘေး ရွှေ့ကာ တစ်ယောက်စီကို အကြမ်းဖျဉ်းကြည့်လိုက်သည်။ လျင်မြန်စွာပင် ခြေထောက်ဒဏ်ရာရနေသော ဆံပင်အညိုရောင်နှင့်လူရှေ့ ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ အရိုးကိုစမ်းကြည့်ပြီး ဖြူဖွေးနေသော လက်ချောင်းသွယ်သွယ်လေးများက အသားညိုညိုတုတ်ခိုင်သော ခြေသလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ဆံပင်အညိုရောင်နှင့်လူက ရှန့်ခယ်၏လှုပ်ရှားမှုတိုင်းကိုကြည့်ရင်း တောင့်တင်းနေမိသည်။ သူက သူ့ခြေသလုံးကြွက်သားများ တခြားသူ လက်ချောင်းများကို ချိုးမိမှာကိုစိုးရိမ်နေသည့်အတိုင်းပင်။
ထိုအချိန်တွင် ရှန့်ခယ်က ခေါင်းကိုလှည့်ကာ သူ့ဘေးက ဆံပင်အဝါရောင်နှင့်လူကို ရှူတည်တည်ကြည့်လိုက်သည်။
ဆံပင်အညိုရောင်နှင့် အမျိုးသားက တစ်စုံတစ်ရာလွဲနေသည်ဟု အာရုံခံစားမိကာ လှမ်းကြည့်လိုက်ပေမဲ့ သူခေါင်းလှည့်လှည့်ချင်းပင် ဂျွတ်ခနဲအက်သံကြားရကာ ခြေထောက်ကနေ စူးရှသောနာကျင်မှုလိုက်လာလေ၏။
ဆံပင်ညိုနှင့်လူက ရုတ်တရက်သတိလွတ်သွားသဖြင့် နာကျင်မှုကြောင့်အော်မိသွားလေသည်။ ချွေးစေးများပါ ချွေးပေါက်ကနေကျဆင်းလာသည်။ သူနောက်ဆုံး တုံ့ပြန်နိုင်ချိန် သူ့အရိုးလွဲနေသည့် ညာခြေထောက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားချေပြီ။
လုရှုဖန်မျက်လုံးများ အရောင်လက်သွားသည်။ ရှန့်ခယ်၏ တိကျပြီး လေ့ကျင့်ထားသော အရိုးပြုပြင်သည့်အရည်အချင်းကြောင့် အံ့သြသွားခဲ့သည်။
ဒီနောက် ရှန့်ခယ် ဆံပင်ညိုနှင့်လူကိုအခြား ပေါက်ပြဲရာများနှင့် ဖူးယောင်နေသည့်နေရာများကို ကုသပေးလေသည်။ သူ ဘာပြဿနာမှမရှိတော့တု သေချာအောင်လုပ်ပြီးနောက်ညတစ်ဖန် သူ့အာရုံက ဆံပင်ဝါနှင့်လူဆီရောက်သွားသည်။ သူ့လက်မောင်းပေါ်မှပတ်တီးမှာ ရဲရဲနီနေကာ ပြန်စည်းဖို့လိုအပ်လေသည်။
လုရှုဖန်က သူအရာအားလုံးကို ကျွမ်းကျွမ်းကျင်ကျင်ဖြေရှင်းတာမြင်တော့ ဖေးလင်းဘက်လှည့်လိုက်သည်။
"အိမ်တော်ထိန်းဖေး၊ ထမင်းချက်ကို ကျုပ်တို့စားဖို့အတွက် ပြင်ခိုင်းလိုက်ပါဦး"
"ကျွန်တော် အမိန့်ပေးပြီးပါပြီ၊ မကြာခင်ပြီးစီးတော့မယ်ထင်ပါတယ်"
လုရှုဖန် ခေါင်းညိတ်ကာ စကားဆက်မပြောတော့။ သူက ရှန့်ခယ် သူ့တပည့်များကိုကုသနေတာ ပြန်ကြည့်နေသည်။ သူ့ခေါင်း အနည်းငယ်စောင်းထားကာ ဆံနွယ်များက နဖူးကနေ ဝဲကျနေသည်။ နူးညံ့သော ဘေးတစ်စောင်းက ကျောက်စိမ်းဖြူကဲ့သို့ပင် အလင်းရောင်ခပ်ဖျော့ဖျော့လင်းလက်နေသည်။ သူ့လှုပ်ရှားမှုများက ကျွမ်းကျင်လှကာ အရင်က ဆေးကုသမှုလေ့ကျင့်ခန်းများ လေ့ကျင့်ထားသည့်အတိုင်းပင်။
ဆယ့်ရှစ် ဆယ့်ကိုးနှစ်တည်းနှင့် ဒီလိုမျိုး ကိစ္စများကို တည်ငြိမ်အေးဆေးသော အပြုအမူဖြင့် ဖြေရှင်းသွားခဲ့သည်။ သူက သွေးမြင်၍ လုံးဝမကြောက်ရွံ့သွားခဲ့ပေ။
လုရှုဖန်က ဖေးလင်းအား စာချုပ်ထိန်းသိမ်းသူ ငှားရန်အကြံကို အတော်လေးကန့်ကွက်ခဲ့သည်။ ဒါပေမဲ့အခုကြည့်ရတော့ ထင်သလောက်လည်း မဆိုးသည့်ပုံပင်။
ရှန့်ခယ် ထိုနှစ်ယောက် ဒဏ်ရာများကို ကုသပြီးသည့်နောက် စားဖိုမှူးကလည်း ဟင်းချက်ပြီးသွားသည်။
ဖေးလင်းက အစေခံများကို လက်ဖက်ရည်စားပွဲဝိုင်းဆီ အစားအသောက်များသယ်လာခိုင်းပြီးနောက် အိမ်အကူနှစ်ယောက်ကို ဒဏ်ရာရနေသည့်လူများအတွက် တည်ခင်းခိုင်းလိုက်သည်။
"ငါတို့မင်းကို ဒုက္ခပေးမိပြီ" ဆံပင်ဝါနှင့်လူက ရှန့်ခယ်ကိုတောက်ပစွာ ပြုံးပြသည်။
"ငါ့နာမည်က နန်တျဲ့ပါ၊ မင်းနာမည်က ရှန့်ကျယ်မလား၊ ငါမင်းကို ရှောင်ကျယ်လို့ခေါ်လို့ရမလား"
"အရေးမကြီးပါဘူး" ရှန့်ခယ်က သာမန်မျှသာသဘောထားလျက် ပြန်ဖြေလေသည်။
"ရှောင်ကျယ်၊ မင်းဗိုလ်ဆာနေလား၊ ငါတို့နဲ့ တူတူစားချင်လား" နန်တျဲ့က ရင်းရင်းနှီးနှီး ဖိတ်ခေါ်လိုက်သည်။
"မလိုပါဘူး" ရှန့်ခယ်က ဖေးလင်းအား ဆေးဝါးကိရိယာများရှင်းလင်းရန် ကူပြီးနောက် ဘေးကိုပြန်ဆုတ်သွားသည်။ သူက အခန်းထောင့်က တိုင်ကိုသာ စိုက်ကြည့်နေသည်။
ရှန့်ခယ်၏ လျစ်လျူရှုမှုက နန်တျဲ့ကို အတော်လေး ရှက်သွားစေကာ ဘေးမှဆံပင်အညိုနှင့်လူကလည်း ရှန့်ခယ်ကို ဇဝေဇဝါဖြင့်လှမ်းလှမ်းကြည့်လာသည်။
ထိုအခိုက် ဖေးလင်းခေါ်ထားသည့် ဆရာဝန်က အလျင်အမြန်ရောက်လာသည်။ လုရှုဖန်းလည်း ရှန့်ခယ်ကို အနားယူရန် ပြန်ခိုင်းလိုက်ပြီး ကျန်သည့်ကိစ္စများကိုဆရာဝန်အားကိုင်တွယ်စေလိုက်သည်။
စကားမပြောဘဲ ရှန့်ခယ်ကထွက်သွားသည်။ တစ်ချိန်လုံး သူကလုရှုဖန်သကို တစ်ချက်ထပ်မကြည့်ခဲ့ပေ။
သူထွက်သွားသည့်နောက် ဆံပင်ညိုနှင့်လူက ကျယ်လောင်စွာ ရယ်မောလာသည်။
"လူကြီးမင်း၊ အဲဒါက လက်ထောက်အသစ်လား၊ ထူးဆန်းတယ်နော် အကျင့်က"
လုရှုဖန်အရှေ့တွင် ဒီလောက်တည်ငြိမ်နေနိုင်သူမျိုး တစ်ခါမှ မမြင်ဖူးပေ။ ထိုကဲ့သို့အေးစက်ပြီး အလှမ်းကွာလွန်းသော လူမျိုးကိုရောပင်။
လုရှုဖန်းကတော့ မယုတ်မလွန်အသံသာပြုသည်။
ယင်ချီလည်းပြုံးသာ ပြုံးကာ စကားဆက်မပြောတော့။ သူက လုရှုဖန်းနောက် လိုက်ခဲ့တာနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး စနောက်နိုင်သော်ငြား အရမ်းလည်းရဲမတင်းလွန်းရဲပေ။
လုရှုဖန်းစားသောက်ပြီးနောက် ဖေးလင်းကိုမော့ကြည့်လိုက်သည်။
"အိမ်တော်ထိန်းဖေး၊ ရှန့်ကျယ်ကို မနက်ဖြန် ဈေးကွက်မြို့တော်ခန်းမဆီ ကျုပ်ကို ကားမောင်းပို့ခိုင်းပေးပါ"
"နားလည်ပါပြီ" ပြောရရင် သခင်ကြီးရဲ့ ရှန့်ခယ်အပေါ် ပထမအမြင်ကအတော်လေးကောင်းသည်ဆိုတာ သဘောပေါက်သွားပြီး သူ့ကိုဆက်ခေါ်ထားရန်ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် ရှန့်ခယ်နိုးလာပြီး မီးဖိုချောင်ထဲ မနက်စာစောစောစားပြီးနောက် ဖေးလင်း၏အမိန့်အရ ကားကို အိမ်အဝဆီမောင်းလာခဲ့သည်။
သူက အလိုအလျောက် စနစ်ကိုဖွင့်ပြီး သူမောင်းရမည့်လမ်းကြောင်းကို ထပ်တလဲလဲအတည်ပြုလိုက်သည်။ သိပ်မကြာခင် နန်တျဲ့နှင့်ယင်ချီမှာ လုရှုဖန်းကို စံအိမ်ကနေ ခေါ်ထုတ်လာခဲ့သည်။
နန်တျဲ့က ကားသမားဘေးခုံတွင်ထိုင်ပြီး လုရှုဖန်နှင့် ယင်ချီက နောက်တွင်ထိုင်သည်။
"ဈေးကွက်မြို့တော်ခန်းမဆီ မောင်း"
ယင်ချီက ရှန့်ခယ်ကိုပြောလိုက်သည်။
ရှန့်ခယ်က စကားတစ်စုံတစ်ရာမပြောဘဲ ကားကိုစမောင်းကာ အလိုအလျောက်မောင်းသည့်စနစ်ကိုပြောင်းလဲလိုက်သည်။ ဒါက ပိုအဆင်ပြေ၍ဆိုတာထက် ယာဉ်စည်းကမ်းစနစ်သတ်မှတ်ထား၍ပင်။ သာမန်အခြေအနေများအောက်တွင် ကားများအားလုံးမှာ ယာဉ်၏ အမြန်နှုန်းကန့်သတ်ချက်၊ အရာဝတ္ထု အသိအမှတ်ပြုချင်းနှင့် ရှောင်တိမ်းခြင်း လုပ်ဆောင်ချက်များ၊ သတိပေးချက် လုပ်ဆောင်ချက်များကြောင့် အော်တို မောင်းသည့်စနစ်ထားရမည်ဖြစ်သည်။ ၎င်းက ပိုပြီးစိတ်ချရသလို တည်ငြိမ်သည်။ ကားဒရိုက်ဘာ၏ တာဝန်က ရုတ်တရက် မူမမှန်သော အခြေအနေများနှင့် အဓိက ရင်ဆိုင်ဖို့ပင်။
ကားက ချောချောမွတ်မွတ် သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း မောင်းနေသည်။ အထဲမှလူများမှာ တိတ်ဆိတ်နေ၍ မူမမှန်သော တိတ်ဆိတ်သည့်ခရီးပင်ဖြစ်ချေသည်။
ရှန့်ခယ်မျက်လုံးများက နောက်ကြည့်မှန်သို့ရောက်သွားသည်။ ကားတစ်ချို့က သူတို့နောက်လိုက်နေသည်မှာ ဆယ်မိနစ်ကျော်ကြာနေပြီ။ တစ်စီးတည်းဆိုရင်တောင် သူတိုက်ဆိုင်မှုဟု ယူဆကောင်းယူဆမိဦးမည်။ သို့သော်ငြား မော်ဒယ်တူ ကားသုံးလေးစီးလိုက်ချင်တွင် သံသယမဝင်ခံရဖို့က အင်မတန် ခဲယဉ်းသွားလေပြီ။
"လူကြီးမင်း၊ တစ်ယောက်ယောက်က ကျွန်တော်တို့နောက် လိုက်နေတယ်"
နျန်တျဲ့က လက်ထဲသေနတ်ကိုင်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
ထိုနောက် သူနှင့်ယင်ချီ နှစ်ယောက်စလုံး လက်နက်များထုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
အင်ပါယာရှိအမတ်ကိုးဆယ်ရာခိုင်နှုန်း၏ ရန်သူဟုမြင်ခြင်းခံရသည့်လူတစ်ယောက်အနေနှင့် ဒီလိုတိုက်ခိုက်မှုက သာမန်ထက်မပိုပေ။ သူတို့သာမြို့တော်ထဲ ရှိနေရင် ဘယ်သူကမှ လုရှုဖန်နှင့် တိုက်ရိုက်မရင်ဆိုင်ရဲ၍ အဖြစ်နည်းသည်။ မြို့တော်ကနေ ထွက်လာလျှင်တော့ သူက လူတိုင်း၏ လုပ်ကြံဖို့ပစ်မှတ်သာဖြစ်သွားလိမ့်မည်။
"လူကြီးမင်း၊ အိမ်တော်ထိန်းဖေး ဈေးမြို့တော်ခန်းမဆီ ၈နာရီအရောက် ပို့ပေးဖို့မှာထားပါတယ်"
ရ
ှန့်ခယ်၏ အေးစက်သောအသံက ရုတ်တရက် ကားထဲတွင်ပေါ်လာသည်။
"ဟမ်" လုရှုဖန်က မျက်ခုံးပင့်ကာ ဒရိုက်ဘာထိုင်ခုံကိုကြည့်လိုက်သည်။
နျန်တျဲ့နှင့်ယင်ချီမှာတော့ သူ့စကားလုံးများကို တွေးတောဖို့ရန် အချိန်မရှိပေ။ သူတို့က သူ ခပ်တိုးတိုးရေရွတ်တာကိုသာကြားလိုက်သည်။
"သူတို့ ဒီရောက်နေပြီ"
ချက်ချင်းပင် လက်နက်များ ပင့်တင်ကာ တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေကြသည်။
သူတို့နောက်ကကားတွေ နီးကပ်လာတာကို ကြည့်ရင်း ကားက ရုတ်တရက် အိတ်ဇောမီးများပွင့်ကာ အရှေ့ကို ဝုန်းခနဲ ထိုးတက်သွားခဲ့သည်။ တစ်ခဏတွင်းပင် ထိုကားများမှာ ဝေးလံလှစွာ ကျန်ရစ်ခဲ့၏။ နန်တဲျ့နှင့် ယင်ချီမှာ မထင်မှတ်ထားသည့် လှုပ်ရှားမှုကြောင့် သတိလက်လွတ်ဖြစ်ပြီး ကားနံရံနှင့် ဝင်တိုက်သွားသည်။
"ဘာဖြစ်တာလဲ" နန်တျဲ့က ထိုင်ခုံကိုလက်တစ်ဖက်ဖြင့် ဖမ်းဆုတ်ပြီး သူ့မျက်နှာအရေပြား တုန်လှုပ်လာသလို ခံစားနေရသည်။
လုရှုဖန်က တောင်တစ်ခုပမာ တည်ငြိမ်စွါပင် ငြိမ်ငြိမ်သက်သက်ထိုင်နေတုန်းပင်။ သူက ရှန့်ခယ် အော်တိုစနစ်ကနေ ကိုယ်တိုင်မောင်းစနစ်ပြောင်းလဲလိုက်ပြီး အရှိန်ကလျင်မြန်စွာတိုးသွားတာကို ကိုယ်တိုင်မြင်လိုက်တာဖြစ်သည်။
သို့ပေမဲ့ သူတို့နောက်က ကားတွေက အလျင်အမြန် သတိဝင်လာပြီး အရှိန်များမြှင့်လာကြသည်။
ယင်ချီက အချိန်တစ်အောင့်ကြာ လေ့လာလိုက်သည်။
"အဲဒါတွေက အဝေးကနေ ထိန်းချုပ်ထားတာပဲ၊ လူမပါဘူး၊ ငါတို့ အနားကပ်ခွင့်ပြုလို့မဖြစ်ဘူး၊ ပေါက်ကွဲရေးပစ္စည်းတွေပါလာနိုင်တယ်"
သုံးယောက်သား ရှန့်ခယ်ကို တစ်ပြိုင်နက်လှမ်းကြည့်လိုက်သည်။ နောက်ပိုင်းဖြစ်မည့်အရာက သူ့ကားမောင်း အရည်အချင်းပေါ်တွင်သာ မူတည်မည်။ သူတိုမေးဖို့ပင် အချိန်မရလိုက် ရုတ်တရက် ကားကွေ့သွားပြီး အဆောက်အဦးတစ်ခုဘေးကနေ အန္တရာယ်ကြီးလှစွာ ပေါ့ပေါ့ပါးပါးဖြတ်သွားလေသည်။ ရုတ်တရက် ၉၀ဒီဂရီ ကွေ့ချလိုက်ပြီးမှ ဟန်ချက်ပြန်ညီသွားခဲ့သည်။
ဘွန်း!
သူတို့နောက်ကနေ ပေါက်ကွဲသံကြားရကာ ကားတစ်စီးမှာ အဆောက်အဦးထဲ ဝင်တိုက်မိသွားပြီး တစ်ပြိုင်နက် အပိုင်းပိုင်းအစစဖြစ်ကာ ပေါက်ကွဲသွားသည်။
နန်တျဲ့နှင့် ယင်ချီမျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး နောက်ကျောကနေ ချွေးစေးများ စိမ့်ထွက်နေလေသည်။ သူတို့ကိုယ်ခန္ဓာများမှာ ကုလားထိုင်ကိုမှီရင်း တင်းမာစွာ ဆန့်ကားထားမိသည်။ သူတို့ ရင်တုန်ကာ အသက်ထွက်တော့မည့်အတိုင်းပင်ဖြစ်နေရှာသည်။
များပြားလှသော မြင့်မားသည့်အဆောက်အဦးများက ရှေ့တွင် ရှိနေသော်ငြား ကားအရှိန်က လျော့သွားရမည့်အစားတိုးလာသည်။ သူတို့နှစ်ယောက် ထိတ်လန့်တကြား မအော်နိုင်ခင်ကားက နောက်တစ်ကြိမ် ခက်ခဲဆန်းပြားစွာ ကွေ့ပြသွားေ့သည်။ ပိုးသတ်ဆေးဖြန်းခံထားရသည့် သန်းတစ်ကောင်ပမာ ကားက အဆောက်အဦးများနှင့်လမ်းများကြား ဝင်လိုက်ထွက်လိုက် မောင်းနှင်နေသည်။ သူဖြတ်ကျော်မောင်းလာခဲ့သည့်နေရာများတွင် ဖုန်များထခဲ့ကာ အံ့သြမှုကြောင့် ပါးစပ်ဟလျက်ကျန်နေခဲ့လေသည်။
ေ
မးဖို့ရာ မလိုအပ်။ အလိုလျောက် ကားပျံတစ်စီးကို တိုက်ပွဲတစ်ခုပမာ မောင်းနိုင်သည်က ဒီ ဒရိုက်ဘာအစ်ကိုရဲ့ ထိန်းချုပ်မောင်းနှင်သည့်စွမ်းရည်က နတ်ဘုရားအဆင့်ပင်ဖြစ်ရမည်!
မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့နောက်လိုက်နေသည့်ကားများမှာ မိုးကုပ်စက်ဝိုင်းအပြင်ဘက်ကျန်နေခဲ့လေသည်။
လမ်းတစ်လျှောက် အတော်ကြာမောင်းနှင်လာခဲ့ပြီးနောက် ကားမှာ အရှိန်လျော့စပြုလာကာ ဈေးကွက်မြို့တော်ခန်းမ ဝင်ပေါက်ဆီ တည်တည်ငြိမ်ငြိမ် ရပ်သွားခဲ့လေသည်။
ရှန့်ခယ်ကားထဲငထွက်လာပြီးနောက် လုရှုဖန်တံခါးကို ဖွင့်ပေးလိုက်သည်။
လုရှုဖန်မှာကားထဲက ချက်ချင်းထွက်မလာပေ။ အဲအစား သူ့မျက်နှာက အတော်လေး တည်ငြိမ်နေပြီး ကြောက်စရာကောင်းနေကာ တစ်မိနစ်လောက်ကြာပြီးမှ ခြေတစ်လှမ်းထွက်ခဲ့လေသည်။
သူက အချိန်ကိုကြည့်တော့ စောလည်းမစော နောက်လည်းမကျ ၈နာရီကွက်တိပင်။
လုရှုဖန် ခေါင်းမော့ကာ ရှန့်ခယ်မျက်နှာပေါ်က အပြောင်းအလဲ မရှိ မျက်နှာသာအမူအရာကိုလေးနက်စွာ ကြည့်ပြီးနောက် မြို့တော်ခန်းမဆီထွက်လာခဲ့သည်။ သူက ခြေလှမ်းအနည်းငယ်လျှောက်ပြီးမှ ပြန်ရပ်လိုက်သည်။ နောက်လှည့်ကြည့်လိုက်တော့ နန်တျဲ့နှင့်ယင်ချီမှာ ဥယျာဉ်ထဲတွင် သူတို့ပုံရိပ်ကို ဂရုမစိုက်နိုင်လောက်တော့အောင် အပြင်းအထန်အန်နေကြသည်ကိုမြင်လိုက်ရ၏။
စောက်ကျိုးနည်းငရဲ၊ သူတို့ ဒီကားနတ်ဘုရားရဲ့ကားထဲ ဘယ်တော့မှ ထပ်လိုက်မစီးနိုင်တော့ဘူး! သူတို့ကိုသတ်ချင်နေတာပဲ!
အားလုံးပဲ ဂရုစိုက်ကြပါ❤ အစားများများစားပြီး အိပ်ရေးဝအောင်အိပ်ကြပါ။ ဒါနဲ့ Jas သူငယ်ချင်း YingAn3ရဲ့ Workလေးကိုအားပေးကြပါဦး။ ၂အုပ်ရေးမယ်ပြောတယ်။ Jasကအဲမှာ editorသွားလုပ်မှာ😂❤ အဲမှာလည်းတွေ့ကြမယ်။