Arc.4.15(နဉ်ရွယ်လျန့်ဘဝ)

12.1K 1.7K 42
                                    


Zawgyi

ရွယ်လျန့်ဟာ ရိုက်ကူးရေးဆရာရဲ့စကားတွေကို ခေါင်းတညိတ်ညိတ်နဲ့နားထောင်နေရင်း ဘေးနားကို ထျန့်ရှောင်ဟိုက်ဟာ ရောက်လာပြီး

"ဆရာရန် လျန့်အာက တော်တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်လေ စိုးရိမ်ပူပန်စရာမလိုပါဘူး"လို့ ရှောင်ဟိုက်ဟာ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားကာ ရွယ်လျန့်ဘေးမှာလာရပ်ရင်းပြောလိုက်သည်၊ ထိုနောက် ရွယ်လျန့်ဘက်ကို လှည့်လာပြီး...ခေါင်းလေးကို ဖွဖွလေးကပုတ်သွားပြီး ...

"ကိုယ် စောင့်ကြည့်နေမယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားနော်"လို့ ပြောလိုက်တော့ ရွယ်လျန့်ဟာ ခေါင်းညိတ်ပြလိုက်သည်၊ထျန့်ရှောင်ဟိုက်က သူ့ကိုမကြိုက်တာကို နဉ်ရွယ်လျန့်ကသိတာကြောင့် ညီလေးတစ်ယောက်လို ခေါင်းပုတ်ခြင်းပေါ် အပြစ်မမြင်ပေ၊ ဒါ ရိုးရိုးသားသား အသိအမှတ်ပြုသည့်အရာတစ်ခုသာသာပဲလေ၊ မကောင်းဆိုးဝါးကြီးနဲ့သူရဲ့ ပတ်သတ်မှုကို သဘောတူကြောင်းပြသလိုက်သလိုဖြစ်တာကြောင့်...

"ဟုတ် အကောင်းဆုံးကြိုးစားမှာပါ" လို့ မျက်လုံးလေးများ မှေးသွားတဲ့အထိ ပြုံးရယ်လိုက်ပြီး ပြောလိုက်တော့ ထျန့်ရှောင်ဟိုက်ပင် အနည်းငယ်မှင်သက်သွားပေမယ့် သူလည်းပြုံးသွားကာ...

"တစ်ခုခု အကူအညီလိုရင် ကိုယ့်ကိုပြောနော်"လို့ ပြောလိုက်ရင်း သူ့ကို ဒေါသထွက်မတတ်စိုက်ကြည့်နေသည့် သူ့ညီငယ်လေးရဲ့အကြည့်များ လျစ်လျူရှုလိုက်ကာ ရွယ်လျန့်ရဲ့ပါးလေးကို ဖွဖွလေးဆွဲကာ အခြားသူတွေဘက် လှည့်လိုက်ပြီး

"သရုပ်ဆောင်ကျန်းထိုက်ရန် အဆင်သင့်ဖြစ်ရင် ဆက်ရိုက်မယ်"လို့ ပြောလိုက်တော့ မှင်သက်နေရာမှ ပြန်လည်နိုးထလာကာ...တစ်ယောက်နဲ့တစ်ယောက်တိုးတိုးပြောနေကြတော့သည်၊

"ဟေး... ဒါရိုက်တာထျန့်က သရုပ်ဆောင်ရွယ်လျန့်ကို ကြိုက်နေတာလားမသိဘူး... "

"ဟုတ်လောက်တယ် ဟိုနေ့ကလည်း ထမင်းစားဖိတ်သေးတယ်လေ... ဒါပေမယ့် သရုပ်ဆောင်ရွယ်လျန့်က နတ်ဘုရားကျန်းနဲ့ မဟုတ်ဘူးလား"

"မသိဘူး ဒါပေမယ့် ငါကြည့်ရသလောက်တော့ သရုပ်ဆောင်ရွယ်လျန့်က ဒါရိုက်တာထျန့်ကို ပိုသဘောကျနေသလား ကြည့်လေ ခုနက ဒါရိုက်တာထျန့်ကို ပြုံးလိုက်တဲ့အကြည့်တွေက အရမ်းအသက်ဝင်တာပဲ"လို့ အချင်းချင်းပြောနေကြရင်း ဘေးနားရှိ တဖြည်းဖြည်းမှောင်မဲလာသည့် ကျန်းထိုက်ရန်ကို မတွေ့ကြပေ၊ ဒါပေမယ့် ကျန်းထိုက်ရန်ဟာ ဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေပြီး အဆင့်သင့်ဖြစ်ကြောင်းပြောရင်း သူအလုပ်သူဆက်လုပ်နေသည်၊ ထိုသို့သော ငြိမ်သက်ပြီး ဘာမှမပြောပဲတိတ်ဆိတ်နေတဲ့ပုံစံကြောင့် နဉ်ရွယ်လျန့်လည်း ကျန်းထိုက်ရန် ဘာဖြစ်နေတာလဲ သိချင်သွားသည်၊ဒါပေမယ့်... ထိုလူကြီးက သူ့ကိုပင် အဖက်မလုပ်တော့ချေ!!

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now