Arc-1.10 (ဝမ်နင်ရဲ့)

20.1K 2.2K 63
                                    

Zawgyi

"ဖိတ်စာမပါပဲ ဝင်လို့မရပါဘူး လူကြီးမင်း... လူကြီးမင်း ရပ်! " အပြင်ကနေ ဆူညံသံကြားတာကြောင့် ဝမ်နင်ရဲ့တို့လည်း လှည့်ကြည့်လိုက်တော့ ဆံပင်အနီရောင် ယောကျာ်းတယောက်ဟာ လုံခြုံရေးအချို့ကို တွန်းဖယ်ကာ ဝင်လာတော့သည်၊ သူက ပထမက ရန်လီချင်းကို တချက်ကြည့်လိုက်ပြီး ရန်လီချင်းက ဝမ်နင်ရဲ့ဘက် မျက်စပစ်ပြလိုက်တာနဲ့ ထိုလူဟာ ဝမ်နင်ရဲ့ဘက်ကို ကြည့်လိုက်ပြီး တောက်ပသော အပြုံးကြီးနဲ့ပြုံးကာ လျှောက်လာပြီး...

"နင်ရဲ့... မင်းဘာလို့ ကိုယ့်ဖုန်းမကိုင်တာလဲ"

'ဟမ်... ဒီလူက ဘယ်သူကြီးလဲဟ???'

သူခါးကို ပိုင်စိုးပိုင်နင်းနဲ့လာဖက်တာကြောင့် ဝမ်နင်ရဲ့ဒေါသထွက်သွားပေမယ့် 'ဒါ ရန်လီချင်း လုပ်ထားတဲ့ ထောင်ချောက်လား???လာနောက်နေတာလား...ဒီလို အပေါစားဆန်တဲ့ပြကွက်ကို!!! ငါ့ကို တော်တော်အထင်သေးတာပဲ'

ဝမ်နင်ရဲ့ဟာ တကိုယ်လုံးတုန်သွားပြီး ကြောက်လန့်နေတဲ့ပုံစံလေးဖြင့် ထိုလူ့ကို ကြည့်ကာ
" ဘာတွေလာပြောနေတာလဲဟင်....ကျွန်တော်...ကျွန်တော် ခင်ဗျားကို အခုမှ မြင်ဖူးတာ...ကျွန်တော်ကို မထိနဲ့"

ဝမ်နင်ရဲ့က ထိုလူ ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်သောကြောင့် သူ့လက်ထဲက ဖန်ခွက်လေးက လွတ်ကျပြီး ကွဲသွားတော့သည်၊ ဝမ်နင်ရဲ့မျက်ဝန်းထဲက လှောင်ရိပ်တွေကိုတော့ ဘယ်သူမှ မမြင်ချေ၊
'အဓိကဇာတ်လိုက်က အခြားသူတွေကို သတ်ရင် ဘယ် System မှ မရိပ်မိဘူးမလား'

"နင်ရဲ့ မင်းဘယ်လိုတောင် ကိုယ့်ကို မေ့ရက်တာလဲ ဟိုတနေ့ညကမှ ကိုယ်တို့ ပျော်ပါးခဲ့သေးတယ်လေ... နင်ရဲ့တောင် ကိုရဲ့အပြုစုတွေကြောင့် ချစ်တယ် လို့ဆိုပြီး ကိုအောက်မှာ ညည်းညူနေသေးတယ်လေ ပြီးတော့ အရင် One night standတွေထက် သာတယ်လို့တောင် ပြောလိုက်သေးတယ်"ထိုလူဟာ အကုန်လုံးကြားအောင် ပြောနေတော့သည်၊

ဝမ်နင်ရဲ့ မျက်နှာလေးက ဖြူဖျော့သွားပြီး သူကို ဝိုင်းကြည့်နေတဲ့ အကြည့်တွေကနေ ရှောင်ကာ..."မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး "

ရန်လီချင်းဟာ ဝမ်နင်ရဲ့ ဖြစ်နေတဲ့ပုံကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး
"ဟန်ချူး....မင်းညီက မထင်ရဘူးနော် ဒီလိုလူမျိုးမှန်း ရုပ်လေးက သနားသမားလေးနဲ့... "
မီးကို လောင်စာထည့်လိုက်သလို ဘေးလူတွေကလည်း ဝမ်နင်ရဲ့ပေါ် တမျိုးပြီး တမျိုးထင်လာတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now