Arc-4.23(နဉ်ရွယ်လျန့်ဘဝ)

10.1K 1.4K 18
                                    

သောကြာနေ့က မအားလို့မအပ်ပေးခဲ့မိဘူး နှစ်ပိုင်းအပ်ပေးထားတယ်ဗျ

Zawgyi

ရိုက်ကူးရေးမှာ လူတော်တော်များများက ရှာလာကာများမြိုချနေရတော့သည်၊နတ်ဘုရားကျန်းထိုက်ရန်ဟာ သူတို့ရဲ့ရွယ်လျန့်လေးကို ဂရုစိုက်နေသည့်မြင်ကွင်းဟာ သေစေလောက်သည်၊ဒါပေမယ့် ဒါဟာ အဲ့လောက်မဟုတ်သေးဘူး၊သူတို့ရဲ့အေးတိအေးစက်ရွယ်လျန့်ဟာ လူတွေ ကြွေကျစေနိုင်သည့် အပြုံးလေးဖြင့် ကျန်းထိုက်ရန်ကိုစကားပြောဆိုနေပုံလေးဟာ တကယ်ကို ကြည့်ကောင်းလွန်းလှသည်၊

"ဟေး ငါထင်တာ မှန်ပြီထင်တယ် ကျန်းထိုက်ရန်နဲ့ရွယ်လျန့်ဟာ ချစ်သူတွေဆိုတာကိုလေ?"လို့ ဝန်ထမ်းတစ်ဦးဟာ ပြောလိုက်တော့ အခြားဝန်ထမ်းတွေလည်း

"မနေ့က သတင်းတက်လာတာလည်းတွေ့တရ် အကုန်လုံးက ဖြေရှင်းချက်အမှန်ကို သိချင်စေပေမယ့် နတ်ဘုရားထိုက်ရန်က ဘာဖြေရှင်းချက်မှ ထွက်မလာဘူး"

"ဒါဆို သတင်းကအမှန်ပဲပေါ့ ..." လို့ ဝန်ထမ်းတစ်သိုက်ဟာပြောနေကြရင်း ကျန်းထိုက်ရန်နဲ့ရွယ်လျန့်ဆီကို လီရှောင်ဟိုင်ဟာ မျက်နှာငယ်လေးနဲ့ရောက်လာတော့သည်၊အကုန်လုံးဟာလည်း ချက်ချင်းလုပ်လက်စများကို ရပ်ကာစောင့်ကြည့်နေကြတော့သည်၊

လီရှောင်ဟိုင်ဟာ သူရဲ့မန်နေဂျာနဲ့အတူ ရိုက်ကူးရေးကို ရောက်လာသည်ချိန်မှာ ပန်းပေါင်းစုံပွင့်လင်းကာ နတ်ဘုရားရေးဆွဲသည့်ပန်းချီကားလှပသည့်မြင်ကွင်းအားမြင်လိုက်ပြီးနောက် သူရဲ့လက်သီးများကို ဒေါသထွက်စွာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီးနောက် သူရဲ့ဒေါသများကို လျော့ချကာ ကျန်းထိုက်ရန်နဲ့ရွယ်လျန့်ဆီကို သွားတော့သည်၊သူရဲ့အမူအရာကိုလည်း ပြောင်းလဲလိုက်ပြီး အနိုင်ကျင့်ခံရသည့် ယုန်သူငယ်လေးဖွယ် ထိုနှစ်ယောက်ရှေ့ရပ်ကာ

"ကိုကို မနေ့က ကိစ္စနဲ့ပတ်သတ်ပြီး ရှောင်ဟိုင်တောင်းပန်ပါတယ်"လို လီရှောင်ဟိုင်ကပြောလိုက်တော့ နဉ်ရွယ်လျန့်ဟာ မသိနားမလည်သည့်အမူအရာဖြင့်

"ဘယ်ကိစ္စကိုပြောတာလဲ? မနေ့ကဖြစ်သွားတာ အများကြီးပဲလေ ညီလေး" လို့ ပြောလိုက်တော့ လီရှောင်ဟိုင် မျက်ရည်များဝဲသွားပြီး

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now