Arc-6.14(နန်းကျအရှင်ကြင်ယာတော်)

3.9K 495 21
                                    

Zawgyi

တစ်ပတ်လောက်ကြာတဲ့အချိန်မှာတော့ ချင်းယုယောင်လည်း သက်သာလာတော့သည်၊ခန္ဓာကိုယ်လည်းလှုပ်စားလာနိုင်ပြီး ချင်းယုယောင်ဟာ မြေခွေးဖြူလေးကိုခေါ်လိုက်ပြီး အခြေအ​နေတွေကို မေးလိုက်သည်၊

မြေခွေလေးဟာ ချင်းယုယောင်ရဲ့ပေါင်ပေါ်တက်လာပြီး ချင်းယုယောင်ရဲ့ဆံပင်များနဲ့ဆော့ကစားနေရင်း ပြောပြလိုက်သည်၊

[Fox:အခြားHostရဲ့စနစ်က ချိုးဖောက်သွားပြီ၊ဘယ်လိုပြောရမလဲ သူက သာမန်စနစ်တစ်ခုရဲ့လုပ်နိုင်စွမ်းကို အဲ့hostက အတင်းအကြပ်ချိုးဖောက်လိုက်တာပဲ၊တကယ်လို့ ရှူံးနိမ့်ခဲ့ရင် အဲ့systemက ပျက်စီးရလိမ့်မယ်] မြေခွေးလေးစကားကြောင့် ချင်းယုယောင်က အနည်းငယ်အံ့အောသွားတော့သည်၊

'Hostကကော ဘာမှမဖြစ်ဘူးလား'

[Fox:မဖြစ်ဘူး ဒါပေမယ့် ပြစ်ဒဏ်အနေနဲ့ အခြားကမ္ဘာတွေမှာ ထပ်ပြီးတာဝန်ထမ်းဆောင်ရမှာပဲ]

'ဒါတောင် သူ့ရဲ့systemက ဘာလို့ကူညီပေးတာလဲ'

[Fox:ကျွန်တော်လည်းမသိဘူး အဲ့တာက နည်းနည်းတော့ထူးဆန်းတယ်၊အဲ့systemက အသိစိတ်ရှိဖို့များတယ် ပုံမှန်systemတွေက Hostတွေရဲ့ဆန္ဒကို ဂရုမစိုက်ကြဘူး သူတို့က Hostတွေ ကျဆုံးတာ​မြင်တာနဲ့ စွန့်ခွာသွားတာများတယ်]

မြေခွေးလေးစကားကြောင့် ချင်းယုယောင်လည်း ထိုsystemအကြောင်းကို ခေါင်းထဲထည့်ထားလိုက်တော့သည်၊နောက်ထပ်အကြောင်းအရာတွေကတော့ ထျန်းမင်နဲ့ထျန်းရိအကြောင်းကို ကြားလိုက်ရတော့သည်၊

ထျန်းရိကို တောင်ပိုင်းဘုရင်ခံက ထောက်ပံ့နေပြီး မင်ချန်ရိနဲ့ထျန်းရိတို့ဆက်ဆံရေးကို လူအများက ပြောဆိုလာတော့သည်၊ဥပမာ ထျန်းရိက မင်ချန်ရိကိုပိုးပန်းနေပြီး မင်ချန်ရိဘက်ကလည်း ပိုးပန်းပစ္စည်းများကို လက်ခံကြောင်းသိရသည်၊နန်းတွင်းမှာလည်း တချို့အမတ်ကြီးတွေက ထျန်းရိနောက်ကို လိုက်ပါလာသည်၊သူတို့က အစတည်းက ထျန်းမင်အုပ်ချုပ်မှုကို သဘောမကျတဲ့သူတွေဖြစ်ကြသည်၊

ထျန်းလုံကတော့ ထိုကိစ္စကြားဝင်မပါပဲ ဒီအတိုင်းစောင့်ကြည့်နေတဲ့သဘောပါပေမယ့် တချို့ကတော့ ထျန်းလုံကို စောင့်ကြည့်နေကြသည်၊ငြိမ်နေတဲ့နဂါးက ပိုကြောက်စရာကောင်းသည်မလား၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now