Arc-5.5(The Sun's Tears)

7.9K 1.2K 40
                                    

Zawgyi

"မစ္စတာနေသန်" အန်ဒီဟာ တံခါးနားမှာ ရပ်နေသည့် ဇာတ်လိုက်နေသန်ကို ကြည့်ရင်း ခေါ်လိုက်သည်။ဒါပေမယ့် နေသန်ဘက်က ဘာတုန့်ပြန်မှုမှ မရှိတာကြောင့် သူလည်း ခယပြောဆိုမည့်စိတ်ကူးမရှိတာကြောင့် ဘေးကနေ ရှောင်ထွက်သွားရန် လုပ်လိုက်ပေမယ့် သူရဲ့လက်မောင်းကို ဆုပ်ကိုင်လာသည့် နေသန်ရဲ့လက်ကြောင့် အန်ဒီမျက်မှောင်ကြုတ်သွားပြီး

"မင်း ဘာလုပ်တာလဲ?!" လို့ နေသန်ရဲ့လက်ကောက်ဝတ်ကို ဆွဲညှစ်ကာ ဖယ်ရန် ကြိုးစားလိုက်ပေမယ့် နည်းနည်းမှဆွဲမဖြုတ်လို့မရတာကြောင့် အန်ဒီအောက်နူတ်ခမ်းကိုသာ ကိုက်ရင်း နေသန်ကို စူးစိုက်ကြည့်လိုက်တော့ နေသန်ကလည်း သူ့ကို စိုက်ကြည့်နေတော့သည်။

"ကျွန်တော် ခင်ဗျားနဲ ပြောစရာရှိတယ်" လို့ပြောလာပြီး သူရဲ့လက်မောင်းကို ပြန်လွှတ်ပေးလိုက်တော့သည်၊ဇာတ်လိုက်လို့မဆိုရဘူး အားသန်ချက်၊

"အဲ့တုန်းက လူက ခင်ဗျားလား" နေသန်ဟာ အန်ဒီဘက်က ဘာစကားမှမဆိုလာပေမယ့် ရပ်နေတာကြောင့် သူ့ကိုစကားပြောခွင့်​ပေးလိုက်မှန်းသိသည်။ဒါကြောင့် သူသိချင်သည့်အကြောင်းအရာကို မေးလိုက်သည်။

"အဲ့တုန်းက လူက ငါဖြစ်နေတော့ရော... မင်းက ဘာဆက်လုပ်မှာလဲ" အန်ဒီဟာ နေသန်ရဲ့မျက်နှာကို စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။အမှန်တော့ အန်ဒီအနေနဲ့ နေသန်နဲ့ မရင်ဆိုင်ချင်သေးတာ အမှန်ပေ၊ဘာလို့လဲဆိုတော့ သူက အခုကပြန်စတင်ပြီး သူ့မိဘပိုင်တွေကို အုပ်ချုပ်ခါစပဲရှိသေးသည်မလား၊နေသန်ရဲ့နောက်ခံဟာ အရမ်းကိုရိုးရှင်းမနေပေ၊ 'သစ်စိမ်းရောင်'ဂိုဏ်းကနေ လုခ်ကို အေးဆေးခေါ်လာပြရုံဖြင့် သာမန်လူမဟုတ်မှန်း ပြေးစုံစမ်းစရာမလိုပေ၊

"ခင်ဗျားက ဘယ်လိုလွတ်မြောက်လာတာလဲ"

"သူတို့ကို သွားမေးပါလား ငါဘယ်လိုလွတ်လာလဲဆိုတာကို" အန်ဒီဟာ နူတ်ခမ်းလေးများပြုံးကာ ပြောလိုက်သည်။ဒါပေမယ့် အန်ဒီရဲ့မျက်ဝန်းများကတော့ ပြုံးမနေချေ၊ဒါကို နေသန်ဟာလည်း သတိထားမိသည်။ဒါကြောင့် နေသန်အနေနဲ့ သူရဲ့စကားထဲအမှားသွားသလားဟု စဉ်းစားနေမိတော့သည်၊ခုနက ရိုမန်ဆိုတဲ့လူနဲ့ကျတော့ ယုန်ပေါက်လေးအသွင်နဲ့လူဟာ ဘာကြောင့် သူ့ကိုကျတော့ အေးစက်စွာဆက်ဆံနေရတာလဲ၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now