Arc-4.4(နဉ်ရွယ်လျန့်ဘဝ)

14.2K 2K 86
                                    

Zawgyi

ရွယ်လျန့် သူအဘိုးဆီ သွားပြီး ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စိတ်မဝင်စားပေ၊သူရဲ့အဓိက ရည်ရွယ်က နဉ်ရွယ်လျန့်ရဲ့အိပ်မက်ကို ပြန်ရှာဖွေပေးရန်ုဖြစ်သည်၊ ဒါပေမယ့် အဘိုးနဲ့အဆက်အသွယ်ပြတ်နေတာ ကြာပြီဖြစ်တာကြောင့် သူရဲ့ကားကို သူအဘိုးနေထိုင်သည့် အန်းထျန်းယန့် သူဌေးရပ်ကွက်ကို ဦးတည်လိုက်သည်၊ သူအဘိုးမှာ သားနှစ်ယောက်ရှိပေမယ့် အကြီးဆုံး ရွယ်လျန့်ဦးလေးဟာ ပြန်ပေးဆွဲခံရရင်း အသတ်ခံလိုက်ရပြီး ချွေးမဖြစ်တဲ့(နဉ်ရွယ်လျန့်အမေ)ကလည်း သေသွားတဲ့ခင်ပွန်းရဲ့မျက်နှာကိုမှ မထောက် အငယ်ဆုံးသားနဲ့လက်ထပ်သွားပြန်သည်၊ဒါကြောင့် ရွယ်လျန့်အဘိုးဟာ သူရဲ့သားငယ်နဲ့ချွေးမမင်္ဂလာဆောင်တဲ့နေ့မှာပဲ အခြားနေရာမှာ အိမ်လက်ဖွဲ့ပေးကာ နဉ်အိမ်တော်ကြီးကနေမောင်းချလိုက်သည်၊ ရွယ်လျန့်အဘိုးက ရွယ်လျန့်မိဘနဲ့မွေးစားသားကို အိမ်နားတောင် အကပ်မခံပေမယ့် နဉ်ရွယ်လျန့်ကိုတော့ သည်းသည်းလှုပ်ချစ်တယ်၊ဒါပေမယ့် နဉ်ရွယ်လျန့်က သူမိဘတွေစကားကြောင့် သူအဘိုးဆုံးပါးသွားတဲ့အထိ သူအဘိုးဆီမသွားခဲ့ပေ၊

ယွမ်နဉ်ချင့်လည်း နဉ်ရွယ်လျန့်ရဲ့မှတ်ဥာဏ်များထဲက တပိုင်းစများကြောင့် တခုခုတွေးတောမိသွားသည်၊.... ဘာကြောင့် နဉ်ရွယ်လျန့်မိဘတွေက နဉ်ရွယ်လျန့်ကိုကျော်ပြီး လီရှောင်ဟိုင်ကို အလေးပေးဆက်ဆံနေရတာလဲ???မွေးစားသားဆိုပြီး ဘာလို့ နဉ်မျိုးရိုးမတပ်ပဲ လီမျိုးရိုးပဲထားထားတာလဲ??? နဉ်ရွယ်လျန့်က သေသွားတဲ့ ရွယ်လျန့်အဘိုးရဲ့သားအကြီးရဲ့ ကလေးများလား?? ရွယ်လျန့်အဘိုးက အဲ့တာကိုသိလို့ သားငယ်ကိုမပေးပဲ မြေးကို အမွေအကုန်ပေးတာလား???

သူခေါင်းထဲမှာ နဉ်ရွယ်လျန့်သိတဲ့မှတ်ဥာဏ်များတာရှိတာကြောင့် သူတွေးနေတဲ့ဟာတွေဟာ မှားချင်လည်း မှားနိုင်သည်၊ဒါပေမယ့် မွေးစားသားကို သားအရင်းထက် အလေးပေးနေထဲက စဉ်းစားစရာပဲ ၊ ပထမချက်က နဉ်ရွယ်လျန့်က သူ့မိခင်ရဲ့အရင်အိမ်ထောင်(နဉ်အဘိုးကြီးရဲ့သားကြီး)နဲ့ ရလို့ပဲ၊ နောက်တချက်က လီရှောင်ဟိုင်ကမှ သူတို့နှစ်ဦး တိတ်တိတ်ပုန်းရထားတဲ့သွေးသားအရင်းဖြစ်နေလို့ပဲ...

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now