Arc.2.11(ရှောင်ရမ်ဟွာ)

17.3K 2.2K 78
                                    

Zawgyi
"ချစ်ဇနီးလေး"

ကျင်းလောင်ရှိန်းဟာ သူရဲ့အလုပ်ကိစ္စများကို အမြန်ဆုံးပြီးဆုံးအောင် လုပ်ပြီးနောက် သူရဲ့နန်းဆောင်ကို ပြန်လာတော့ သူရဲ့ကုတင်ပေါ်တွင် အနီရောင်ပုဝါလေးနဲ့သတို့သားလေးဟာ သူကိုစောင့်နေတာမြင်လိုက်ရတော့ အရမ်းကိုပျော်ရွှင်သွားတော့သည်၊ဒီလို တခါမှ မပျော်ရွှင်ဖူးပေ၊
သူရဲ့လက်ရှိပုံစံဟာ အခုမှ မင်္ဂဆောင်တဲ့ လူပျိုပေါက်လိုဖြစ်နေတာကြောင့် ကျင်းလောင်ရှိန်း ကိုယ့်ကိုယ်ကို တည်ငြိမ်ငြိမ်လုပ်လိုက်ပြီး

"ချစ်ဇနီးလေး ကိုယ်လာပြီ"

"....." ရှောင်ရမ်ဟွာဆီက ဘာတုန့်ပြန်ချက်မှ မရတဲ့အပြင် သူရဲ့ချစ်ရတဲ့သူလေးရဲ့ပုခုံးလေးတွေက လှုပ်နေတာကြောင့် ငိုနေမှန်းသိလိုက်ရသည်၊သူဟာ ချက်ချင်းဘေးတွေ ဝင်ထိုင်လိုက်ကာ ကောင်လေးရဲ့မျက်နှာပေါ်ကို ဖုံးကွယ်ထားတဲ့ပုဝါကိုဖယ်ချလိုက်ကာ ကြည့်လိုက်တော့ ဘယ်ချိန်ထဲက ငိုထားမှန်းမသိ မျက်လုံးတွေဟာရဲနေရုံမက နှာထိပ်လေးများဟာလည်းနီရဲနေသည်၊ အောက်နူတ်ခမ်းလေးကို အသံမထွက်အောင် ငိုထားတယ်နဲ့တူတယ် သွေးလေးတွေပင်စို့နေတာမြင်ရတော့ သူရင်များဟာကွဲမတတ်ချေ၊

"ရမ်ဟွာ....ဘာဖြစ်တာလဲ ဘာလို့ငိုနေရတာလဲ"

"....."ရမ်ဟွာက ဘာမှမပြောပဲ ခေါင်းသာခါလိုက်ပြီး ခေါင်းလေးငုံ့ကာ ကျင်းလောင်ရှိန်းနဲ့မျက်နှာချင်းမဆိုင်ပေ၊ ကျင်းလောင်ရှိန်းဟာ မျက်မှောင်တချက်ကြုတ်သွားကာ ရမ်ဟွာရဲ့မေးလေးကနေ ဆွဲကာ သူနဲ့မျက်နှာအရှေ့ပို့လိုက်ပေမယ့် ရမ်ဟွာမျက်လုံးများဟာ သူကိုရှောင်ဖယ်နေသည်ကိုသတိထားမိသွားသည်၊ ညနေကအထိ အဆင်ပြေရဲ့နဲ့ ဘာဖြစ်ထားတာလဲ၊ရမ်ဟွာ သူကိုအခုလို ရှောင်ဖယ်တာကို သူမကြိုက်ပေ၊

"ကိုယ့်ကို ကြည့်"

ရမ်ဟွာဟာ သူကိုမကြည့်ပေ၊မျက်ရည်လေးဝဲကာ အခြားတဖက်ကိုမျက်နှာလွဲသွားတာကြောင့် ကျင်းလောင်ရှိန်းဟာ ဒေါသထွက်သွားကာ

"ငါကိုယ်တော်ကို ကြည့်ဖို့ အမိန့်ပေးနေတယ် ရှောင်ရမ်ဟွာ"

ကျင်းလောင်ရှိန်းရဲ့အော်သံကြောင့် ရှောင်ရမ်ဟွာရဲ့ ကိုယ်လေးတချက်တုန်လှုပ်သွားပြီး တဖြေးဖြေး သူရှေ့တွင်ဒေါသကြီးနေသော ဘုရင်နဲ့အကြည့်ချင်း ဆုံလိုက်တော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now