Arc-1.7 (ဝမ်နင်ရဲ့)

20K 2.2K 97
                                    

အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်


Zawgyi

ကိုကို ပေးတဲ့လက်ဆောင်က... ဖျက်ဆီးခြင်းပဲ ကိုကိုရဲ့လက်ဆောင်ကြောင့် ကျွန်တော် သုံးညလောက် အပြင်းဖျားသွားသေးတယ် ဒါပေမယ့် ကိုကိုက ကျွန်တော့်ကို ဂရုမစိုက်ဘူး ညတိုင်း...ညတိုင်း အိပ်မက်ဆိုးတွေ ပေးတယ်၊ တခါတလေ မှန်တောင် မကြည့်ရဲတဲအထိ ကျွန်တော့်ကိုယ် ကျွန်တော် အားနာမိတယ်၊ ကျွန်တော်တကိုယ်လုံး ကိုကို့ပေးတဲ့ ဒဏ်ရာတွေကြီးပဲ၊ ည ၇နာရီရောက်လာမှာကိုလည်း တဖြေးဖြေး ကျွန်တော် ကြောက်လန့်လာခဲ့တယ် ကျွန်တော့်အတွက် အိပ်မက်ဆိုးလိုပဲ

ကိုကို ကျွန်တော်ပေါ် အရင်လို ရိုးရိုးသားသား ညီလေးတယောက်လို ဆက်ဆံပေးပါလား.....

ကိုကို ကျွန်တော့်ကို အခန်းထဲ ပိတ်မထားပါနဲ့... ကျွန်တော် အခြားလူတွေနဲ့ စကားမပြောတော့ဘူးလေ

ကိုကို သိလား ကိုကို ရိုက်ခဲ့တဲ့ပါးက ဒဏ်ရာကြောင့် ကျွန်တော် ဒီနေ့ တနေ့လုံး အစားတောင် ကောင်းကောင်းမစားရဘူး၊ ကိုကိုသိသင့်တယ် ကိုကို လက်ထဲမှာ နစ်မွန်းနေတဲ့ကျွန်တော်က ဘယ်လိုလုပ် အခြားကောင်မလေးတယောက်နဲ ချစ်ကျွမ်းဝင်လို့ရမှာလဲ

ယွမ်နဉ်ချင့်က တရွက်ပြီး တရွက်ဖတ်နေပြီး....'အဲ့ကောင် ဟန်ချူးက နေ့တိုင်း papapaလုပ်တာလားဟ?????' ကျော်ဖတ်တယ်ကွာ...

ကိုကို ရက်စက်တယ် လင်းရှီနဲ့ ကျွန်တော်က ရိုးရိုးသားသား ခင်တာကို ကိုကိုက ဘာလို့ ကျွန်တော့်ကို အထင်သေးရတာလဲ ကျွန်တော်အရာအားလုံးကို ကိုကိုပဲ ခွင့်မပြုပဲ ယူခဲ့တာလေ ကျွန်တော့်ကို ဘာလို့ အဲ့လိုဆက်ဆံရတာလဲ ကိုကို့ကို မုန်းတယ်

ကိုကို အနားကနေ ထွက်သွားတော့မယ်.....နူတ်ဆက်ပါတယ် ကျွန်တော့်ရဲ့ကိုကို

[Fox: ဝမ်ဟန်ချူးနဲ့ ဝမ်နင်ရဲ့ကြားက ပတ်သတ်မှုကို ရှာဖွေတွေ့ရှိတာကြောင့် 200Points ရရှိသည်]

'အခုမှပဲ ဇာတ်ရည်လည်သွားတော့သည်၊ ဝမ်ဟန်ချူး က တကယ် တဏှာရူးအကြီးစားကြီးပဲ '

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now