Arc-1.6 (ဝမ်နင်ရဲ့)

20.9K 2.2K 111
                                    


အရေးအသားမသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်း အမှားပါရင် ဖြည့်ဖတ်ပေးပါ

Zawgyi

ဆေးရုံကို ရောက်တော့ လူနာဆောင်တွင် ကျင့်ထုံဟာ လှဲနေပြီး ဘေးတွင်လည်း အဖြူရောင် ဆရာဝန်ကုတ်နဲ့ ကောင်လေးတယောက် ထိုင်နေသည်၊ ဒါ ပထမဘဝက ဇာတ်လိုက်မ ချင်ဟောင်မေ့ဖြစ်မယ် မဆိုးပါဘူး နူးညံ့သိမ်မွေ့တဲ့ပုံလေးပဲ ဒါပေမယ့် အကျင့်စရိုက်ကတော့ ပုံစံနဲ့ဆန့်ကျင့်ဘက်ပဲလေ၊ ဖြူစင်တဲ့လူဆိုတာ ဒီလောကမှာ မွေးကင်းစကလေးပဲ ရှိတယ်၊ ဒါဆို ဝမ်ဟန်ချူးနဲ့လည်း ပထမဆုံး တွေ့ဆုံတာပဲ၊ ဝမ်ဟန်ချူးက ပိုပြီး ချောမောခန့်ညားတယ် ချင်ဟောင်မေ့ ဘယ်လိုနေမလဲမသိဘူး၊

ယွမ်နဉ်ချင့် ထင်သည့်အတိုင်းပင် ချင်ဟောင်မေ့ဟာ ဝမ်ဟန်ချူးကို မြင်တော့ မျက်ဝန်းများဟာ အံ့သြတောက်ပသွားတော့သည်၊ ဒီလူက ဝမ်မိသားစုရဲ့ ဒုတိယသား ဝမ်ဟန်ချူးပေါ့၊ ဝမ်ကျင့်ထုံကို အထင်ကြီးမိတဲ့စိတ်အလုံးစုံဟာ ဝမ်ဟန်ချူးပေါ် ရောက်သွားတော့သည်၊ ဝမ်ဟန်ချူးဆိုတဲ့လူမျိုးဟာ ငယ်ငယ်ရွယ်ရွယ် နဲ့ ကိုယ်ပိုင်ကုမ္ပဏီရှိသလို ထိုကုမ္ပဏီဟာလည်း ဝမ်ကုမ္ပဏီနဲ့တန်းတူပေ၊ စီးပွားရေးဘုရင်လို့ ဝမ်ကျင့်ထုံကို တင်စားမယ်ဆိုရင် ဝမ်ဟန်ချူးဟာ စီးပွားရေးနတ်ဘုရားပဲ ၊ ဝမ်မိသားစုက သားတွေဟာ တကယ်တပ်မက်စရာတွေပင်

လောဘရိပ်များနဲ့ပြည့်နေသော ချင်ဟောင်မေ့မျက်ဝန်းများကို ဝမ်နင်ရဲ့ဟာ လျစ်လျူရှု လိုက်ပြီး သူရဲ့ drama ကို စတင်တော့သည်၊
မျက်ရည်လေးဝဲကာ ဝမ်ကျင့်ထုံကို ပြေးဖက်လိုက်သည် ဒါပေမယ့် အနောက်ကနေ ဂုတ်ကို ပြန်ဆွဲခံလိုက်ရကာ လေထဲမှာ ယပ်ကန်ယပ်ကန်ဖြစ်သွားတော့သည်၊

"ကိုကြီးက ဒဏ်ရာတွေနဲ့လေ မင်းကိုယ်ကြီးနဲ့ ပြေးဖိမလို့လား"အနောက်ကနေ မကောင်းဆိုးဝါး တဏှာရူးကောင် ဝမ်ဟန်ချူးကြောင့် ဝမ်နင်ရဲ့ ကိုယ်ရှိန် သတ်လိုက်ပြီး....ဝမ်ဟန်ချူးကို မကျေနပ်ကြည့်ရင်း ခုံတွေ ဝင်ထိုင်လိုက်ပြီး ဝမ်ကျင့်ထုံရဲ့လက်ကို သူရဲ့သေးသွယ်တဲ့လက်လေးနှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ကာ

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now