Arc-6.9(နန်းကျအရှင်ကြင်ယာတော်)

3.6K 561 9
                                    

Zawgyi

ထျန်းအင်ပါယာကို ထွက်ခွာလာတဲ့နေ့ရောက်လာချိန်မှာတော့ ချင်းယုယောင်ရဲ့မိဘနှစ်ပါးဟာ ချင်းယုယောင်ကို နူတ်ဆက်နေကြတော့သည်၊သူတို့ဟာ စိတ်မချပေမယ့် ဘာမှမတတ်နိုင်တာကြောင့် သက်ပြင်းချရုံမှ တစ်ပါး ဘာမှမလုပ်နိုင်ပေ၊ သူတို့ကိုယ်တိုင်ကလည်း ဒီဒေသမှာမွေးတာကြောင့် မွေးရပ်ကိုစွန့်ခွာကာ အခြားဒေသကို မသွားချင်ကြပေ၊

"ရှောင်ယိ မင်းရဲ့ညီလေးကို သေချာစောင့်ရှောက်နော်..." ချင်းယုယောင်မိဘတွေဟာ ချင်းယုယောင်ရဲ့အစ်ကိုချင်းယိကို မှာကြားနေတော့သည်၊ချင်းယိကိုယ်တိုင်က သူ့ညီငယ်လေးကို အလွန်ချစ်တာကြောင့် မိဘတွေမမှာရင်တောင် စောင့်ရှောက်ပေးဖို့အသင့်ပေ၊

"စိတ်မပူနဲ့ အမေ"

ထို့နောက်မှာတော့ လူတစ်​ထောင်လောက်ရှိတဲ့စစ်တပ်ကြီးနဲ့အတူ ထျန်းဧကရာဇ်တို့အဖွဲ့ဟာ စတင်ထွက်ခွာလာတော့သည်၊ခမ်းနားတဲ့လှည်းယာဉ်ထဲမှာတော့ ထျန်းမင်နဲ့ချင်းယုယောင်ကရှိနေပြီး ချင်းယု​ယောင်က ထျန်းမင်ရဲ့ရင်ခွင်ထဲ နေနေကာ မှေးနေတော့သည်၊ချင်းယုယောင်ရဲ့ပေါင်ပေါ်မှာတော့ မြေခွေးဖြူလေးရှိနေပြီး ပက်ယက်လေးနေကာ လျှာကို အပြင်ဘေးဘက်ကိုထုတ်ထားပြီး အိပ်နေတော့သည်၊

"ဗိုက်ဆာနေပြီလား..." ထျန်းမင်ဟာ ချင်းယုယောင်ရဲ့အဝါရောင်ဆံနွယ်များကို နားနောက်သပ်တင်ပေးရင်းမေးလိုက်သည်၊ချင်းယုယောင်က ခေါင်းခါလိုက်ပြီး အပြင်ဘက်ကိုကြည့်လိုက်သည်၊သူတို့ခရီးနှင်လာကာ နေ့တစ်ဝက်ရှိနေပြီဆိုပေမယ့် လျန်တိုင်းပြည်ထဲကပင် မထွက်သေးပေ၊

ဒါပေမယ့် ထျန်းမင်ဟာ လိုက်ကာကို ဟလိုက်ပြီး အထိန်းတော်ကို အချိုကိတ်ယူခိုင်းလိုက်သည်၊တစ်အောင့်အကြာမှာတော့ အထိန်းတော်ဟာ မုန့်ထည့်ထားတဲ့ခြင်းအသေးလေးနဲ့ရောက်လာကာ ထျန်းမင်ကို ရိုသေစွာပေးလိုက်သည်၊

"ဇနီလေး ကြိုက်တဲ့အချိုကိတ်အမျိုးအစားတွေပဲ ကိုယ်လုပ်ခိုင်းထားတာ... အစာပြေ စားထားလိုက်လေ" ထျန်းမင်ဟာ ချင်းယုယောင်ကိုပြောရင်း ပန်းပွင့်ပုံသဏ္ဍာန်အစိမ်းရောင်အချိုကိတ်တစ်ခုကိုယူလိုက်ပြီး ချင်းယုယောင်ကို ခွံကျွေးလိုက်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now