Arc.4.20(နဉ်ရွယ်လျန့်ဘဝ)

10.3K 1.6K 75
                                    


Zawgyi

"ကျွန်တော်ပြောသားပဲ ခင်ဗျားမျက်လုံးထဲမှာ တကယ့်သားအရင်းက လီရှောင်ဟိုင်ဆိုတာ... " နဉ်ရွယ်လျန့်ရဲ့မျက်ဝန်းများဟာ ဝမ်းနည်းမှုများနဲ့နာကြည်းချက်များပြည့်သိပ်သွားပေမယ့် သူရဲ့နူတ်ခမ်းတစ်စုံဟာ လှောင်ရိပ်များနဲ့သာ၊

"မင်း ငါ့မြေးကို ထိရဲတယ်!!!"

ရုတ်တရက်လုပ်ရပ်ကြောင့် အကုန်လုံးဟာ ကြောင်အနေရာမှ နဉ်အဘိုးကြီးအသံကြောင့် သတိဝင်လာကြတော့သည်၊ နဉ်အဘိုးကြီးဟာ ဒေါသကို ထိန်းထားပုံရပြီး မျက်နှာဟာအနီရောင်ကနေ ခရမ်းရောင်သန်းသွားပြီး အံကိုကြိတ်ထားကာ နဉ်အမျိုးသမီးကို စိုက်ကြည့်လိုက်ရင်း နောက်တစ်ကြိမ်ပြောလိုက်သည်၊

"မင်းတို့က ဒီအဘိုးကြီး အိမ်မှာတောင် နဉ်မိသားစုရဲ့ဆက်ခံသူကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ပေါ့??? ဘယ်ထဲက နဉ်တွေက စည်းမဲ့ကမ်းမဲ့ ဖြစ်ကုန်ကြတာလဲ!"ဒါပေါ့ ဘယ်လောက်ဘဲဒေါသထွက်ထွက် နဉ်အဘိုးကြီးလို နဉ်ကုမ္ပဏီကြီးကိုဦးစီးနေတဲ့လူတစ်ယောက်အတွက် မိုက်ရူးရဲစွာ ဝုန်းဒိုင်းကြဲထလုပ်ခြင်းမရှိချေ၊သူဟာ တဖက်လူ အထိနာသွားမည့် စကားများသာရွေးပြောလိုက်သည်၊

"ဆက်ခံသူ... ?အဖေ...ဘာပြောလိုက်လဲ နဉ်ရွယ်လျန့်က နဉ်ရဲ့ဆက်ခံသူ!?" အစအဆုံး ဘာမှဝင်မပြောသည့် မစ္စတာနဉ်ဟာ တုန်လှုပ်စွာဝင်ပြောမိတော့သည်၊သူမျက်နှာဟာလည်း တော်တော်အံ့အားသင့်နေပုံရသည်၊ဒါသူတွင်မကဘူး အခြားသူတွေလည်း အံ့အောနေကြခြင်းဖြစ်သည်၊

"အဖေ ဒါဘယ်လိုလုပ်ဖြစ်နိင်မှာလဲ?! အကုန်လုံးကလည်း အဖေ့ရဲ့သားကို ကုမ္ပဏီဆက်ခံသူလို့ ထင်နေကြပြီလေ! ပြီးတော့ အဖေကိုယ်တိုင် ဒုဥက္ကဋ္ဌအနေနဲ့ ခန့်ခဲ့တာ ဆက်ခံသူအဖြစ် ယာထားဖို့မဟုတ်ဘူးလား" လို့ နဉ်အမျိုးသမီးဟာ ဝင်ရောက်ပြောဆိုတော့သည်၊သူမအသံဟာ တော်တော်မကျေနပ်ပုံမရသည်ကို ဖုံးကွယ်မထားချေ၊

"မင်းတို့သာ ငါ့မြေးကို ကောင်းကောင်းဆက်ဆံရင် ဆက်ခံသူနေရာရဖို့ အခွင့်အရေးရှိသေးတယ်၊အခု ငါ့ရှေ့မှာတောင် ငါ့မြေးကိုရိုက်ပြီး ဘာမှမဟုတ်တဲ့ကောင်ကို  အလေးပေးနေတယ် မွေးစားသားက ဘာတွေများ တော်နေလို့လဲ ဟမ်??ဒီလောက်အကြံအစည်တွေနဲ့ မျက်နှာနှစ်ဖက်နဲ့လူမျိုးက ငါ့မြေးထက်သာမယ်ထင်နေတာလား??"

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now