Arc-5.11(The Sun's Tears)

5.2K 840 27
                                    

Zawgyi

"ဝိုင်ယူပေးရမယ်...မင်းက ဘာမို့လို့လဲ"အန်ဒီဟာ နူတ်ခမ်းများကော့ကာ ကွေးတက်သွားပြီး သူဟာ အေးဆေးလေးပြန်မေးလိုက်သည်၊

"ငါက ဘယ်သူလဲသိသွားရင် အခုလိုတောင် မေးခွန်းထုတ်ရဲမှာ မဟုတ်ဘူး"လို့ ပြောလာတဲ့ထိုလူငယ်ကြောင့် အန်ဒီမျက်ခုံးတစ်ဖက်ပင့်တက်သွားပြီး စိတ်ဝင်စားသလိုဟန်ဖြင့် ကြည့်လာကာ မေးလိုက်သည်

"ဟုတ်လား မင်းက ဘယ်သူမို့လို့လဲ"အန်ဒီဟာ သူရဲ့လက်ကောက်ဝတ်က နာရီကို တစ်ချက်လှည့်လိုက်ရင်း တစ်ဖက်လူဆီက အဖြေကိုစောင့်နေလိုက်သည်၊

"ဟဟ ငါက တန်နစ်အဖွဲ့အစည်းကခေါင်းဆောင်ရဲ့အချစ်ဆုံးသား နိုရာပဲ" နိုရာဟာ ဘဝင်မြင့်စွာပြောပြီးနောက် ရှေ့ကလူကို ပြုံးကာကြည့်လိုက်သည်၊ထိုတစ်ယောက်ဟာ ကြောက်လွန်းလို့ သူ့ကိုတောင်းပန်မည်မှာ သေချာသည်၊သူ့အဖေသာမက သူ့အမေဟာလည်း သူလိုချင်တာမှန်သမျှကို ဖြည့်ဆည်းပေးတဲ့သူဖြစ်တာကြောင့် ဒီပါတီမှာ သူ့မပျော်တာသိခဲ့ရင် သူ့ကို မ​ပျော်ရွှင်အောင်လုပ်ခဲ့တဲ့သူရဲ့ဘဝဆုံးပြီပဲ။

"အော်..." အန်ဒီဟာ စိတ်မဝင်စားစွာတဲ့အသံပြုလိုက်ပြီးနောက်မှာ ဂျွန်းဟာလည်း နိုရာကို စိုက်ကြည့်ကာ ပြောရန်လုပ်ပေမယ့် အန်ဒီရဲ့အမူအရာကနေ ဝင်မပါရန်ပြသနေတာကြောင့် ဘေးကနေရပ်ကာကြည့်နေရတော့သည်။တန်နစ်အဖွဲ့အစည်းက သူတို့နေရာသူတို့မသိသေးဘူးပဲ...။

"မင်းက ဘာအလုပ်လုပ်တာလဲ" နိုရာဟာ သူ့ကိုအရေးမစိုက်သလိုပြုမူနေသည့်လူကြောင့် စိတ်ဟာ ထောင်းခနဲပင်၊ဘယ်သူမှ သူ့ကို ထိုလိုပြုမူမဆက်ဆံဖူးပေ၊

"အလွတ်တန်းစုံထောက်၊တစ်ခါတလေတော့ စာရွက်တစ်ချို့ကို လက်မှတ်ထိုးပေးတယ်"

"ဟဟ" နိုရာဟာ လှောင်ကာရယ်မောလာတော့သည်၊သာမန်လူတန်းစားတစ်ယောက်က သူရှေ့မှာ သတ္တိရှိသလိုဟန်ဆောင်နေတာပဲ၊သူတောင် အထင်ကြီးမိခါနီးပင်၊

"မင်း ဟန်ဆောင်နေမဲ့အစား ငါ့အတွက် ဝိုင်သွားယူပေးစမ်း...အဟက် အဲ့တာဆို ဒီနေ့ကိစ္စကို ငါ့အဖေကို ပြန်မပြောပေးဘူး"

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now