Arc.4.14(နဉ်ရွယ်လျန့်ဘဝ)

11.6K 1.6K 34
                                    

Happy birthday to me

Zawgyi

နောက်နေ့ သူတို့စတင်ရိုက်ကူးရေးလုပ်တော့သည် ၊လက်ရှိအခန်းဟာ လုံဖုန်းချန်(လုံဟန်) နဲ့ သာမန်အရပ်သားလေး ပိုင်လီတို့တွေ့ဆုံသည့်အခန်းဖြစ်သည်၊ကျောက်စိမ်းဧကရာဇ်ရဲ့သားတော် အိမ်ရှေ့စံဟာ နွေဦးနတ်ဘုရားကို ချစ်ကျွမ်းဝင်ခဲ့ပေမယ့် နွေဦးနတ်ဘုရားဟာ လုံဖုန်းချန်ကို သဘောကျနေသည်ကို အိမ်ရှေ့စံဟာ သိရှိခဲ့ပြီး... ကောင်းကင်နတ်နန်းကနေ လုံဟန်ထွက်သွားအောင် အမျိုးမျိုးကြံစည်အောင်မြင်ခဲ့ပြီးနောက် ပြင်းထန်သောဒဏ်ရာဒဏ်ချက်များဖြင့် လူပြည့်ကို ပြုတ်ကျလာတော့သည်၊ ထိုအခါမှာ ဆေးဆရာလေးပိုင်လီနဲ့စတင်တွေ့ရှိခဲ့သည်၊

နဉ်ရွယ်လျန့်ဟာ သူ့အလှည့်ရောက်လာပြီဆိုတာ သိတာကြောင့် ဒါရိုက်တာမပြောခင်မှာဘဲ အဆင်သင့်လုပ်ထားကာ ရိုက်ကူးရေးကွင်းကိုရောက်လာတော့သည်၊ သူရောက်လာသည့်အချိန်ဟာ အနည်းငယ်စောတာကြောင့် ကျန်းထိုက်ရန် ရိုက်ကူးနေသည့်အချိန်နဲ့ ကိုက်သွားသည်၊ ရွှေရောင်ဝတ်ရုံကြီးကိုမှာ နီညိုရောင်ဆံနွယ်ရှည်များနဲ့ ခန့်ညားသည့်အမျိုးသားဟာ သူ့ဆီကို ဝင်လာသည့် ငွေရောင်စစ်သည်တော်တွေကို အသာအယာတိုက်ထုတ်နေပေမယ့် မြစိမ်းရောင်လှံရှည်ကို ကိုင်ဆောင်ထားသည့်အမျိုးသားနဲ့ ငွေရောင်ဓားရှည်ကို ကိုင်ဆောင်ထားသည့် အမျိုးသားတွေ ဝင်လာသည့်အချိန်မှာတော့ အခြေအနေဟာပြောင်းလဲသွားကာ တဖက်ရှိ ရွှေရောင်ဝတ်ရုံရှည်နဲ့ခန့်ညားနေသည့်အမျိုးသားဟာ အနည်းငယ်ဖိအားကို စတင်ရင်ဆိုင်လာရတော့သည်၊ ရိုက်ကူးရေးကွင်းတွေလည်း ဓားအချင်းချင်းထိသံနဲ့ဓားနဲ့လှံထိသံများနဲ့သာ ပြည့်နှက်နေပြီး ရိုက်ကွင်းထဲရှိ လူတိုင်းဟာလည်း တကယ်ဘဲ သူတို့ကိုယ်သူတို့ စစ်မြေပြင်ပေါ်ကိုရောက်နေသယောင်ခံစားနေရသည်၊

ရွှေရောင်ဝတ်ရုံရှည်နဲ့နီညိုရောင်ဆံနွယ်များ ပိုင်ဆိုင်ထားသည့် ခန့်ညားသည့်အမျိုးသားဟာ နဂါးမျိုးနွယ်ရဲ့မင်းသား လုံဖုန်းချန်ဖြစ်ပြီး တစ်ဖက်ရှိ ရန်သူတွေဟာလည်း အိမ်ရှေ့စံမင်းသားနဲ့အခြားစစ်သူကြီးတစ်ဦးဖြစ်သည်၊ တစ်ယောက်နဲ့အများချနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လုံဖုန်းချန်ဟာ ရှူံးနိမ့်ခဲ့ပြီး ဒဏ်ရာအကြီးအကျယ်ရကာ လူပြည့်ကို ပြုတ်ကျလာတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now