Arc.4.19(နဉ်ရွယ်လျန့်ဘဝ)

10.4K 1.6K 62
                                    


Zawgyi

ဒီရက်ပိုင်း ဂျင်လင်းအာဟာလည်း ငြိမ်သွားကာ သူ့ကိုပြသာနာလာမရှာသလို လီရှောင်ဟိုင်ဘက်ကလည်း ဘာသတင်းမှ ထူးမလာဘဲ ငြိမ်သက်နေသည်ကိုသာ တွေ့ရသည်၊သူတို့ ဘာတွေကြံစည်နေပြန်တာလဲ?

*ဒေါက် ဒေါက် ဒေါက် *

"သခင်လေးနဉ် သခင်ကြီးက ဧည့်ခန်းထဲကို လာဖို့ အခေါ်ပါးလိုက်တယ်"လို့ တံခါးပြင်က အထိန်းတော်စကားကြောင့် သူရဲ့အတွေးများကို ဖြတ်တောက်လိုက်ပြီး...

"ဟုတ်ကဲ့ အဘိုးရန်"လို့ ပြန်ထူးလိုက်ပြီး ကြမ်းပြင်တွင် ပယပ်လေးဖြင့် လျှာလေးထွက်ကာ ငြိမ်ခံနေသည့် Foxကို ကြည့်ကာ...

'ငါ့အဘိုးက ဘာလို့ရုတ်တရက်ကြီး ခေါ်တာလဲ?'

[Fox: ဗျာ...၊သိဘူးလေ]လို့ တုပ်တုပ်မလုပ်ဘဲ နူးညံ့သည့်အမွှေးမျှင်လေးများနဲ့ ဖုံးအုပ်ထားသည့်မြေခွေးလက်သေးသေးလေးတစ်ဖက်ဟာ လက်ခါသည့်ပုံစံဖြင့် ပြောနေတော့သည်၊နဉ်ရွယ်လျန့်ဟာ တချက်ပြုံးလိုက်ပြီး...ခါးကုန်းကာ Fox ကို ဂုတ်ကနေဆွဲလိုက်ပြီး သူမျက်နှာရှေ့တည့်တည့်ထားကာ...

'တစ်စုံတစ်ယောက်ကတော့ ဟိုပြတင်းပေါက်ကနေ ပြုတ်ကျချင်နေပြီ ထင်တယ်'လို့ မေးလိုက်တော့ Foxရဲ့ အဖြူရောင်အမွှေးလေးများဟာ ကြက်သီးထသွားလို့ ပွယောင်းသွားပြီး အမြှီးလေးဟာ ခြေထောက်နှစ်ချောင်းကြားထဲ ကုတ်ဝင်သွားပြီး...

[Fox: တ...တကယ်ပြောတာ... ]လို့ Foxဟာ မတရားခံရသည့်အသံလေးဖြင့် ပြန်ဖြေလိုက်တော့ ရွယ်လျန့်လည်း တချက်ကာကြည့်ပြီး ပစ်ချကာ အခန်းထဲကနေထွက်သွားတော့သည်၊ဒါတောင် မသွားခင်ဖဲ့သွားသေးသည်၊

'ပုံစံလေးပဲ ချစ်ဖို့ကောင်းလာတာ အခုထိသုံးစားလို့မရသေးဘူး'တဲ့

နဉ်ရွယ်လျန့်ဟာ ဧည့်ခန်းထဲဝင်လာတော့ သူ့အဘိုးတစ်ယောက်ထဲသာ မဟုတ်ဘဲ အခြားသူတွေပါ ရောက်နေသည်ကို တွေ့လိုက်ရသည်၊ဒါပေါ့ သူ့မိဘ၊လီရှောင်ဟိုင်နဲ့အခြား သူမမြင်ဖူးတဲ့အမျိုးသားကြီးနဲ့အမျိုးသမီးကိုပါ တွေ့လိုက်ရသည်၊ သူအဘိုးရဲ့မျက်နှာကတော့ အနည်းငယ်တင်းမာနေတာကြောင့် တစ်ခုခုဖြစ်နေသည်ကိုဆိုတာ သိလိုက်ရသည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now