Arc.3.3(ဖန်ချင်ယွီ)

18.8K 2.1K 81
                                    


Zawgyi

နောက်နေ့ အေးဆေးအိပ်ရန်တွေးထားပေမယ့် အခန်းတံခါးခေါက်သံကြောင့် အိပ်ချင်မူးတူးနဲ့တံခါးဖွင့်ကာ ကြည့်လိုက်တော့ ပြုံးဖြီးနေတဲ့မျက်နှာနဲ့ဇာတ်လိုက်ကျော်အား တွေ့လိုက်ရတော့သည်၊  ဒီကောင် စောစောစီးစီးဘာလာလုပ်တာလဲ!!

"မောနင်း ယွီအာ"
'ယွီအာ???? စီနီယာလို့ ခေါ်တာမှ ပိုကောင်းသေးတယ် ဒီ၂ထောင်တန်ဇာတ်လိုက်က ကျပ်ကော ပြည့်ရဲ့လား'

"ဟုတ်ကဲ့ နှစ်...စီနီယာထျန်းလောင်" လို့ ချင်ယွီပြန်နူတ်ဆက်လိုက်ပြီး အိမ်ထဲလုံးဝမခေါ်ပေ၊ ခေါ်ဖို့စိတ်ကူးလဲမရှိပေ၊

"စီနီယာထျန်းလောင်း မနက်စောစောစီးစီး ဘာအကြောင်းကိစ္စများရှိလို့လဲ???"

"သြော်...ရော့ "သူ့လက်ထဲ ထိုးထည့်လိုက်တဲ့သော့အား ကြည့်ပြီးကြောင်တောင်တောင်ဖြင့် မုထျန်းလောင်အား ကြည့်လိုက်တော့ မုန်ထျန်းလောင်ဟာ ရင်ကိုကော့ ခေါင်းကိုမော့ကာ...

"ယွီအာနဲ့ ကျွန်တော်တို့ တူတူနေရမဲ့ အဆောင်လေ... ဖေဖေ့ဆီက မနည်းတောင်းပြီး ကျောင်းအုပ်ဆီပြောထားရတာနော် "

သူအရှေ့တွင် မော်ကြွားနေသော သောက်ဇာတ်လိုက်ကို ပိတ်ကန်ချင်စိတ်တွေကို အမှတ်၂ထောင်ဆိုတဲ့ စိတ်နဲ့ရိုက်ချိုးလိုက်ကာ...

'ကိုယ့်အရပ်၊ကိုယ်ရုပ်ရည်မှ မအားနာ ဖေဖေ တဲ့... '

[Fox:  ဇာတ်လိုက် မုထျန်းလောင် နဲ့ တခန်းထဲ အတူနေရန် 500points]  ငြင်းမယ်ရှိသေးသည်၊ foxရဲ့ထူးဆန်းလှသောအသံကြောင့် စကားလုံးတွေ လည်ချောင်းမှာ တစ်သွားကာ...

"စီနီယာထျန်းလောင်က ဒီလောက်တောင် ကြိုးစားထားတော့ ကျွန်တော်က သဘောထားကြီးကြီးနဲ့ နေပေးရမှာပေါ့ ဘယ်နေ့ပြောင်းမလဲ ဒီနေ့လား????" နေရုံနဲ့ အမှတ် 500တောင်ရတာ တန်ချက်၊တန်ချက်

"အခုပဲ အနောက်မှာ ပစ္စည်းသိမ်းပေးမဲ့သူတွေပါတယ်"

'.... ငါတကယ်ကြီး လိုက်မယ်ဆိုတာ သူသေချာသိနေတာလား Foxအခုတလော အရမ်းကို ဒကာတရားများနေသလိုပဲ!!!'

"တခုခု သွားစားရအောင်? ကျောင်းဝတ်စုံ အရင်လဲလိုက်လေ"

"အာ...ဟုတ် ခဏစောင့်နော်" ဒီခန်းဟာ အခြားအခန်းဖော်နဲ့ နေနေပေမယ့် ချင်ယွီနဲ့အတူနေတဲ့တယောက်က တခါတလေမရှိပေ၊ ဒါကြောင့် အများအားဖြင့် သူတစ်ယောက်ထဲနေတတ်သည်၊ အိမ်တွင်းဝတ်ဘောင်းဘီတိုနဲ့ T shirt ကို ချွတ်လိုက်ပြီး ဗီရိုရှေ့ ရပ်ကာ ကျောင်းဝတ်စုံ ထုတ်နေတော့သည်၊ ဟုတ်သည် အနောက်ကနေ သူကိုကြည့်နေသော ဇာတ်လိုက်ကိုလစ်လျူရှပြီးတော့ပေါ့ ၊ သူစိတ်ထဲတွင်လည်း အနောက်ကလူကို ဝမ်ဟန်ချူးလို သားရဲလို့မထင်ပေ၊
(A/N:ရှောင်ရမ်ဟွာ ဘဝက semeနဲ့ပတ်သတ်သမျှကို ယွမ်နဉ်ချင့်က မှတ်ဥာဏ်အဖျောက်ခံထားရတာကြောင့် မမှတ်မိပေ)

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now