Arc.3.7(ဖန်ချင်ယွီဘဝ)

18.3K 2.1K 109
                                    


Zawgyi

သူ မုထျန်းလောင်အိမ်မှာ တပတ်လောက်တိတိနေပြီးနောက် မုထျန်းလောင်နဲ့အတူ ကျောင်းကို ကားတစ်စီးထဲ လိုက်လာခဲ့လိုက်သည်၊ မုထျန်းလောင်ဆိုတာ ဘယ်သူလဲ၊ စီးပွားရေးလောကမှာ ဘုရင်တပါးလို အုပ်စိုးနေတဲ့ မုမိသားစုရဲ့ ဆက်ခံသူလေ၊မုထျန်းလောင်က ကျောင်းလာတာရှားတဲ့အပြင်၊အခု အခြားကောင်လေးတယောက်ကိုပါခေါ်လာခြင်းဖြစ်သည် ၊ ကားပေါ်ကနေ မုထျန်းလောင်ဟာ ဆင်းလာပြီး တဖက်ကို အမြန်လေးပြေးကာ ကားတံခါးကို ဖွင့်ပေးလိုက်သည်၊ကားထဲကနေ ဆံပင်ရွှေရောင်နဲ့ ကောင်လေးဟာ ဆင်းလာသည်၊

"စီနီယာကတော့ ကျွန်တော့်ဘာသာ ကျွန်တော်ဖွင့်လို့ရတယ်"

"မရဘူးလေ ယွီအာက ကိုယ်ရဲ့ချစ်သူလေးဖြစ်နေပြီလေ ပြီးတော့ မနေ့ကိုယ့်သူငယ်ချင်းတွေဆီက တောင်းလိုက်တဲ့ 'ချစ်သူကောင်းဖြစ်အောင် နေနည်း'ဆိုတဲ့ အချက်အလက်တွေထဲမှာ ဒီလိုဂရုစိုက်ဖို့ပါတယ်"

"ရပြီ...ရပ်တော့ ဟုတ်ပြီလား"
'ခင်ဗျားရဲ့သောက်သူငယ်ချင်း ဘယ်သူလဲဆိုတာ အတိအကျသိတဲ့နေ့ အမွှေးကျွတ် ပြီမှတ်'

ရီချောင်:ဟက်ချိုး...

"ခင်ဗျား ကျနော့်အခန်းထဲထိ လိုက်လာဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးလား"

"ကိုယ့်ရဲ့ချစ်သူကို အတန်းထိ လိုက်ပို့ပေးတာလေ"
နောက်ဆုံး ချင်ယွီ မုထျန်းလောင်ကို မနိုင်တော့တာကြောင့် ဘာမှမပြောတော့ပဲ ၊ထားထားလိုက်တော့သည်၊ အမှန်ပြောရရင်လည်း ဇာတ်လိုက် သူအပေါ်ဂရုစိုက်နေတာတွေကိုလည်း သူစိတ်ထဲ ကျေနပ်နေသည်၊ဘာကြောင့်မှန်းမသိပေမယ့် မုထျန်းလောင်ကို ဟိုးအရင်ထဲကရင်းနှီးနေသလိုခံစားရသည့်၊ ဒါအပြင် သူရဲ့ဂရုစိုက်မှုတွေက ဝမ်ဟန်ချူးနဲ့တောင် တူသေးသည်၊ ဒါသူစိတ်ထင်တာလေ အဲ့မကောင်းဆိုးဝါးက သူနောက်လိုက်လာတော့မှာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား၊

မုထျန်းလောင်ပြန်ပြီးနောက် သူရဲ့ခုံဘေးမှာ ချက်ချင်းလူတွေဝိုင်းလာကာ မုထျန်းလောင်နဲ့ဘယ်လိုပတ်သတ်တာလဲ မေးမြန်းတော့သည်၊သူလည်း အမှန်အတိုင်းဖြေလိုက်တော့ ထိုသတင်းဟာ တကျောင်းလုံးပြန့်သွားတော့သည်၊အချို့ကတော့ အားကျသလို၊အချို့က မနာလိုဖြစ်သွားကျသည်၊အထူးသဖြင့် ဇာတ်လိုက်မ မင်ဟန်ရှောင်နဲ့ ဒီကမ္ဘာရဲ့ Host ဟွာကျိယန်တို့ဖြစ်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now