Arc-1.3 (ဝမ်နင်ရဲ့)

22.4K 2.4K 81
                                    


အရေးအသားမသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်းအမှားပါရင် ဖြည့်ဖတ်ပေးပါ(ပြန်မစစ်လို့ပါ)

Zawgyi

"တတိယသခင်လေး သခင်မကြီးက ညစာ စားဖို့ခေါ်ခိုင်းလိုက်ပါတယ်ရှင့်"

"ခနနေ ဆင်းခဲ့မယ်"

"ဟုတ်ကဲ့"

ခဏနေတော့ ဝမ်နင်ရဲ့ဟာ ထမင်းစားခန်းကို ရောက်လာပြီး သူအစ်ကိုကြီးရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်၊သူဟာ သူကို ဒေါသထွက်စွာကြည့်နေ ဝမ်ဟန်ချူးကို လျစ်လျူရှု ပြီးတော့ပေါ့၊ သူတို့မိသားစုဟာ ညစာကို တိတ်တိတ်ဆိတ်ဆိတ်စားလို့ပြီးနောက် ဝမ်ဟန်ချူးဟာ

"အကိုကြီး မနက်ဖြန် မနက်ပိုင်းအားလား"

'အိုး လာပြီ ရန်လီချင်း ခိုင်းတဲ့ကိစ္စ' ဝမ်နင်ရဲ့ မျက်စိလေး အရောင်တချက်တောက်သွားပြီး ဝမ်ဟန်ချူး ဘာများဆက်ပြောမလို့လို့ နားထောင်နေသည်၊

"အစည်းအဝေးတော့ မရှိဘူးပေါ့ အားတယ်လို့်လည်းမဟုတ်ပါဘူး ဘာကိစ္စရှိလိုလဲ ဟန်ချူး"

"အရေးကြီးကိစ္စမရှိရင် ကျွန်တော် အသိတယောက်ကို လေယာဉ်ကွင်းမှာ သွားကြိုခိုင်းမလို့ပါ"

"သြော်...ငါ့အတွေးရေးမှူးကို အချိန်ဇယား ရွေ့ခိုင်းလိုက်ပါမယ်"

"ကိုကြီး မမေးနဲ့တော့ ငယ်လေး သွားကြိုပေးမယ် မနက်ဖြန် ငယ်လေး တနေကုန် အားတယ်"

"ဟုတ်သား ဘယ်လိုလဲ ဟန်ချူး"

"ရပါတယ် ကိုယ့်ညီ သွားကြိုတာပဲ အကိုကြီးလောက် စိတ်မချပေမယ့် စိတ်ချရတဲ့အထဲတော့ ပါပါတယ်လေ"

"ဟာ... ကိုကိုနော် ငယ်လေးက ကူလဲ ကူပေးရသေးတယ် မခေါ်ဘူး ဟွန့်" ဝမ်နင်ရဲ့ဟာ နူတ်ခမ်းလေးဆူကာ ဝမ်ဟန်ချူးကို မျက်စောင်းထိုးကာ တဖက်လှည့်သွားတော့သည်၊ သူမိဘနဲ့သူအကိုကြီးဟာ ရယ်မောကုန်ကျပြီး အကိုကြီးဟာ

"အသက်ပဲ ၂၀ကျော်နေပြီ အခုထိ နူတ်ခမ်းဆူနေတုန်း လာ...."
ဝမ်ကျင့်ထုံဟာ ဝမ်နင်ရဲ့ပါးကို ပြေးဆွဲကာ စနောက်နေတော့သည်၊ ဝမ်ဟန်ချူးဟာ ဝမ်နင်ရဲ့ ရဲ့ ကလေးဆန်တဲ့အပြုအမူလေးကြောင့် ခဏတာ ကြောင်အသွားပြီးနောက် သူစိတ်ထဲ တမျိုးတမည် ဖြစ်သွားသည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now