Arc-5.13(The Sun's Tears)

4.7K 785 17
                                    

Zawgyi

လေလံပွဲစတင်ချိန်မှာ စီစဉ်သူဟာ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို စတင်မိတ်ဆက်လာတော့သည်၊ရှေးဟောင်းအမွေအနှစ်ဆိုတာ ရှားပါးကာတန်ဖိုးကြီးမားရုံသာမက အနောက်ပိုင်းနိုင်ငံကလူချမ်းသာများဟာလည်း ကမ္ဘာဝန်းကျင်ကအမွေအနှစ်တွေကို စုဆောင်းရသည်ကိုသဘောကျကျသည်၊

ဒါကြောင့် စီစဉ်သူမိတ်ဆက်ပေးလာသည့်အမွေအနှစ်များကို လုယက်ကာ လေလံပြိုင်ဆွဲတော့သည်၊သူတို့စားပွဲဝိုင်းတွေတော့ နိုရာတစ်ယောက်သာ အမွေအနှစ်တွေကို လေလံဆွဲနေပြီး ဂျွန်းတို့ကတော့ အပျင်းပြေသာ ဝင်ရောက်လေလံဆွဲတတ်သည်၊

အန်ဒီကလည်း သူစိတ်မဝင်စားတာကြောင့် ကြည့်နေရုံသာကြည့်နေပြီး နိုရာကတော့ အန်ဒီဟာ ကြွယ်ဝမှုမရှိတာကြောင့် သူဌေးလိုလာဟန်ဆောင်နေသည်ဟု ထင်သတဲ့ထင်လာတော့သည်၊ဒါ​ကြောင့် နိုရာဟာ အန်ဒီကို အထင်သေးစွာကြည့်လိုက်ပြီး ကျော့ကျော့မော့မော့နဲ့သာ လေလံဝင်ပြိုင်ဆွဲနေတော့သည်၊

အချိန်ကြာလာသည့်နဲ့အမျှ လေလံပစ္စည်းတစ်မျိုးပြီးတစ်မျိုးဟာ ရောင်းထွက်သွားတော့သည်၊နောက်ဆုံးမှာတော့ 'The sun's tears'စိန်အလှည့်မရောင်ခင်မှာ The dragon's heartဆိုတဲ့ကျောက်နဲ့ထုလုပ်ထားတဲ့ အနက်ရောင်လက်စွပ်ကို စီစဉ်သူဟာ ချပြလာတော့သည်၊

The dragon's heartဟာ လွန်ခဲ့တဲ့နှစ်ငါးဆယ်က အနောက်ပိုင်းဒေသရဲ့နိုင်ငံလေးတစ်နိုင်ငံမှာ တူးဖော်ရရှိခဲ့တုန်းက 408ကာရက်ရှိပြီး ကမ္ဘာအကြီးမားဆုံးနဲ့ဈေးအကြီးဆုံးကျောက်ထဲမှာ ပါဝင်ခဲ့သည်၊
(တစ်ကာရက်ဟာ ၂၀၀မီလီဂရမ်နဲ့ညီမျှသည်)(408ကာရက်=81,600မီလီဂရမ်)

ဒါပေမယ့် စစ်ပွဲကြီးအတွင်းမှာ ထိုကျောက်ကြမ်းဟာ နှစ်ခြမ်းခွဲခံလိုက်ရပြီး တစ်ခြမ်းဟာ ပျောက်ဆုံးသွားခဲ့ပြီး နောက်တစ်ခြမ်းကတော့ အရှေ့ပိုင်းဒေသရဲ့နိုင်ငံကြီးတစ်နိုင်ငံရှိ ဘုရင်သရဖူအဖြင့်ဆင်ယင်ခံခဲ့ရပြီး ပိုလျှံသည့်အပိုင်းအစတွေကတော့ တော်ဝင်မျိုးနွယ်ကမင်းသားမင်းသမီးတွေရဲ့လက်ဝတ်ရတနာအဖြင့် ဆင်ယင်ခံခဲ့ရသည်၊

နောက်ပိုင်းမှာတော့ ထိုသရဖူဟာအခိုးခံခဲ့ရပြီး 100ကာရက်ကျော်လောက်ရှိတဲ့ The dragon's heartဟာ ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး တော်ဝင်မျိုးနွယ်ကလူတွေဟာလည်း ထိုကျောက်ဟာ သူတို့တိုင်းပြည်ကို ကပ်ဆိုးဖြစ်ချင်တယ်ဟု ပြောဆိုကာ the dragon's heartနဲ့ဖန်တီးထားသည့်လက်ဝတ်ရတနာတွေကို ပင်လယ်ထဲ လွှတ်ပစ်လိုက်တော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now