Arc-6.11(နန်းကျအရှင်ကြင်ယာတော်)

3.8K 601 13
                                    

Zawgyi

ထျန်းမင်ဟာ သူ့ညီတော်တွေကို တာဝန်ပေးအပ်ပြီးနောက်မှာ တတိယမင်းသားအိမ်တော်၊ချင်းယုယောင်နေတဲ့အိပ်ဆောင်ဆီကို ဦးတည်သွားတော့သည်၊သူ့ရဲ့မျက်လုံးများဟာ ရွှေရောင်တောက်ပနေပြီး တစ်ခုခုကို အလိုမကျသလိုဖြစ်နေတော့သည်၊

သူ့မျက်စိရှေ့မှာ သူချစ်ရတဲ့သူ ဒုက္ခရောက်နေသည်ကို မြင်တွေ့နေရပြီး မကယ်တင်နိုင်တဲ့ခံစားချက်ဟာ ထျန်းမင်ရဲ့နှလုံးသားကို အချက်ပေါင်းများစွာထိုးစိုက်ထားသလိုပင်၊ထျန်းမင်ဟာ ချင်းယုယောင်အိပ်ဆောင်ဆီရောက်နေချိန်မှာ ချင်းယုယောင်က နိုးနေပြီဖြစ်သော်လည်း မျက်နှာဟာဖြူဖျော့နေကာ အားနည်းနေတဲ့ပုံစံမျိုးဖြစ်သည်၊

"ဆေးသောက်ထားပြီးပြီလား" ထျန်းမင်ဟာ ပြုံးကာပြောလိုက်ပြီး စားပွဲခုံပေါ်ကိုရှိချိန်မှာ ဆေးခွက်အလွတ်ကိုသာတွေ့လိုက်ရသည်၊ဒါကြောင့် ချင်းယုယောင်အနီးသွားရင် ချင်းယုယောင်ရဲ့လက်နှစ်ဖက်ကို ဖွဖွလေးလှမ်းယူလိုက်သည်၊

"ဒီရက်တော့ ခဏသည်းခံလိုက်နော်... နာနေတဲ့နေရာရှိသေးလား" ထျန်းမင်စကားကြောင့် ချင်းယုယောင်က ခေါင်းခါလိုက်သည်၊

"ကျွန်တော်အဆင်ပြေပါတယ်.. မစိုးရိမ်ပါနဲ့ အရှင်"

"မင်းရဲ့အစ်ကိုက အတော်ကိုစိတ်ပူနေတယ်..." ထျန်းမင်စကားကြောင့် ချင်းယုယောင်ကရီလိုက်သည်၊

"ခင္ဗ်ားကေကာ မစိုးရိမ္ဘူးလား"

"မစိုးရိမ်ပဲနေမလား..." ထျန်းမင်ဟာ ချင်းယုယောင်ရဲ့လက်လေးတွေကို ဖွဖွလေးနမ်းလိုက်သည်၊ချင်းယုယောင်ကလည်း ထျန်းမင်ကို စိုက်ကြည့်နေပြီးနောက်မှာတော့

"ခင်ဗျား ကုသပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပြီးသားပါ" လို့ပြောလိုက်သည်၊ထျန်းမင်ဟာလည်း ခေါင်းညိတ်လိုက်ပြီး သူ့ညီတော်(၃)ရဲ့လမ်းခရီးအဆင်ပြေပါစေလို့တောင် ဆုတောင်းမိတော့သည်၊လက်ရှိအချိန်အခါမှာ ချင်းယုယောင်အတွက် မျှော်လင့်ချက်က ရှင်းလုရုံသာရှိတော့သည်၊

ထို့နောက်မှာ ချင်းယုယောင်ဟာ ဆေးရှိန်ကြောင့် တဖြေးဖြေးအိပ်ပျော်သွားတော့သည်၊ထျန်းမင်ကလည်း အိပ်ယာကိုသေချာလုပ်ပေးလိုက်ပြီး ချင်းယုယောင်ကို ခြုံလွှာခြုံပေးလိုက်ပြီးနောက်မှာ ထွက်လာတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now