Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)

24.6K 2.3K 169
                                    

စာပြန်မစစ်ရသေးတာကြောင့် အမှားပါရင်တောင်းပန်ပါတယ်

Zawgyi

-------------------------------------------------

အဖြူရောင်အလင်းတန်းများဟာ သူပေါ်ကျရောက်လာပြီး နာကျင်မှုနဲ့အတူ နောက်ကမ္ဘာတခုကို ကူးပြောင်းလာသည်၊ သူဝင်ဝင်ခြင်း ခမ်းနားလှပတဲ့ အခန်းတခန်းတွေ ထိုင်နေသည်ကို သိလိုက်ရသည်၊ သူရဲ့ လက်ချောင်းများ သွယ်လျပြီး ကျောက်စိမ်းလို ဖြူဖွေးနေပြီး ဂန္ဓမာပန်းထိုးထားတဲ့ ရေနွေးခွက်ကိုလည်း ကိုင်ဆောင်ထားသည်၊ ရှေးခေတ်ကို ရောက်လာတာလား.....

[Fox: မှတ်ဥာဏ်ကူးပြောင်းမည်]

ဒီခန္ဓာကိုယ်ပိုင်ရှင်က ရှောင်ရမ်ဟွာ... တော်ဝင်ပြည့်တန်ဆာတယောက်....
'WTF!!! တော်ဝင်ပြည့်တန်ဆာလို့ ငါ့မှတ်ဥာဏ်ထဲ ဘာကြောင့် ပေါ်လာတာလဲ'

ပထမကမ္ဘာမှာ ရှောင်ရမ်ဟွာဟာ မင်းကြီးရဲ့ချစ်ခြင်းကို ရရှိခဲ့သော ပထမဆုံးသော ပြည့်တန်ဆာတစ်ဦးဖြစ်ခဲ့တယ်၊ရှောင်ရမ်ဟွာဟာ အခြားသူတွေနဲ့မတူ သူဟာ မာယာမရှိ၊ဟန်ဆောင်မှုမရှိတဲ့ ယောကျာ်းပျိုလေးတဦးသာဖြစ်သည်၊ မိခင်က ပြည့်တန်ဆာဖြစ်တာကြောင့် ကြီးလာလေလေ အခြား ယောကျာ်းပျိုတွေနဲ့မတူ အလှသွေးကြွယ်လာလေလေဖြစ်သော သားဖြစ်သူကို စိတ်မချတာကြောင့် နန်းတွင်းပို့ခဲ့ခြင်းဖြစ်သည်၊ ရှောင်ရမ်ဟွာရဲ့လှပတဲ့ရုပ်ရည်လေးကြောင့် သာမန်အဆင့် ပြည့်တန်ဆာများကို ကျော်တတ်သွားကာ ဘုရင်တစ်ဦးတည်းကိုသာ ခစားရမဲ့ တော်ဝင်ပြည့်တန်ဆာဖြစ်လာတော့သည်၊ ပထမတော့ ရှောင်ရမ်ဟွာဘဝက အဆင်ကိုပြေခဲ့သည်၊သူဟာ မင်းကြီးရဲ့အချစ်ကို ရရှိခဲ့တာကြောင့် မင်းကြီးပေါ်သစ္စာစောင့်သိကာ မင်းကြီးတဦးတည်းကိုသာ ချစ်ခင်မြတ်နိုးခဲ့တော့သည်၊ ဒီကမ္ဘာရဲ့နောက်ထပ်သားတော် ပေါ်မလာခင်ထိပေါ့၊ မုကျင်းဝမ်စန်း ဟာ အခြားနိုင်ငံက စစ်သူကြီးရဲ့သားဖြစ်သည်၊ ကျင်းလောင်ရှိန်း(မင်းကြီး)ဟာ တဖက်နိုင်ငံကို တိုက်ခိုက်ပြီး သိမ်းပိုက်ပြီးနောက် သူအဖေရဲ့အလောင်းရှေ့မှာ ငိုယိုနေတဲ့ကောင်လေးကို မြင်မြင်ချင်း လိုချင်တပ်မက်မိတာကြောင့် စစ်သုံပန်းအနေနဲ့ခေါ်လာပြီး တိုင်းပြည်ရောက်တော့ အဆင့်မြင့်ကြင်ယာတော်အဖြစ် ချက်ချင်းခန့်အပ်ခဲ့သည်၊ ထိုမျှမက ကျန်းကောဖေ့ဆိုတဲ့ ဒီတိုင်းပြည်ရဲ့စစ်သူကြီးဟာလည်း မုကျင်းဝမ်ဖန်းရဲ့ ဖြူစင်မှု၊ကြင်နာမှုများကြောင့် ကြိုက်နှစ်သက်ရင်း ချစ်မိသွားခဲ့သည်၊ တကယ်တော့ မုကျင်းဝမ်စန်းဟာ သူများတွေထင်သလို မဖြူစင်ခဲ့ပေ၊ သူဟာ မာယာများတဲ့မြေခွေးတကောင်လိုပေ၊ ရှောင်ရမ်ဟွာဟာလည်း မုကျင်းဝမ်ဖန်းကို လုပ်ကြံသည်ဟု မတရားစွပ်စွဲခံရတာကြောင့် ခေါင်းဖြတ်အသတ်ခံလိုက်ရသည်၊ မုကျင်းဝမ်ဖန်းကတော့ မင်းကြီးရဲ့ရင်ခွင်ထဲကနေ အောင်နိုင်သူအပြုံးပြုံးလိုက်ပြီး ဟန်ဆောင်ပြီးငိုယိုနေတော့သည်၊ မင်းကြီးဟာ မုကျင်းဝမ်ဖန်းရဲ့ကြင်နာမှုကြောင့် တော်ဝင်ပြည့်တန်ဆာကို မီးသင်္ဂြိုန်ခွင့်ပေးခဲ့သည်၊ မုကျင်းဝမ်ဖန်းကတော့ မင်းကြီးဘေးနားမှာ ပျော်ရွှင်စွာနေထိုင်သွားတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now