Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)

21.9K 2.3K 126
                                    

အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
ကျွန်တော် အသက်ရှိပါသေးတယ်😂😂😂😂

Zawgyi

"တော်ဝင်ပြည့်တန်ဆာရှောင် ဒါက ဒီညအတွက် ဝတ်မဲ့အဝတ်အစားပါ"
လို့ပြောကာ သူကို ဝတ်ဆင်ပေးသွားတော့သည်၊ ဒါနဲ့ ဒီ စိတ်ပျက်စရာကောင်းတဲ့ အဝတ်နီနီကြီးကဘာလဲဟ!! အရမ်းပါးတာပဲ ဒါဝတ်လို့ကတော့ အထဲထိတောင် ဖောက်ထွင်းမြင်နေရမှာပေါ့!! ပြီးတော့
အဲ့နှာဘူးကောင် လက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ...
'မင်းမှာ ဘာမှ ထူးထူးခြားခြား မရှိသေးဘူးလား'

[Fox: ပြောဖို့ မေ့နေခဲ့တာ 'တိရစ္ဆာန်တွေအားလုံး ငါ့ကို ချစ်တယ်'ဆိုတဲ့ skillတခု ပွင့်သွားပါပြီ ဒါကြောင့် Hostမှာ အဲ့Skill ရှိပါတယ်]

'....'Hostရဲ့.... ဒေါသ မျက်ဝန်းများကြောင့် Foxလဲ ထိပ်လန့်လာကာ....

[Fox: Host... Hostက အားနည်းတော့ ဇာတ်လိုက် ခြေသလုံးလည်း ကြီးပါတယ် မဟုတ်ရင် လီစုဟုန်ကို ဇာတ်လိုက် ကြိုက်သွားမယ်ဆိုရင်ကော... Host လီစုဟုန်ကို ဖြုတ်ချဖို့ မလွယ်တော့ဘူးနော်]စကားလွဲလိုက်တော့သည်၊

'.....' ဒီ ခန္ဓာကိုယ်က အောက်ထိုင်ရဖို့က ရာခိုင်နှုန်း အပြည့်ပဲ၊ ဒါဆို အဲ့တဏှာရူးကောင်ကို တကယ်ကြီး... မြူဆွယ်ရမှာပေါ့

[Fox: Mission အတွက် Fighting! ]

' လီးပဲ'

[Fox: Host ဘယ်လို မြူဆွယ်မလဲဟင်... အရင်ကမ္ဘာတုန်းကကျ တဖက်က ကြိုက်နေပြီးသားကို လှောင်စာထည့်ခဲ့ရုံပဲလေ...အခုက ပထမဆုံးတွေ့မှာဆိုတော့...]

'မသိဘူး...' မှန်ရှေ့တွင် ရပ်လိုက်ကာ ယွမ်နဉ်ချင့် သူဝင်ထားတဲ့ ခန္ဓာကိုယ်ရဲ့ ရုပ်ရည်ကို ကြည့်မိသည်၊ ငွေရောင်ဆံပင်ရှည်များဟာ တင်ထိ ရှည်နေပြီး မျက်ဝန်းညိုလေးများဟာ တောက်ပစွာတည်ရှိနေသည်၊ ခုနကမှ ရေချိုးပြီး ထွက်လာလို့လားမသိ ၊ နှာခေါင်းလေးတွေက ရဲနေပြီး အလွန်လည်း ချစ်စရာကောင်းသည်၊ ဆေးဆိုးစရာမလိုအောင် နူတ်ခမ်းလေးဟာ ရဲနေပြီး နူတ်ခမ်းအောက်ဆီ မှဲ့လေးဟာ တမူဆွဲဆောင်မှုရှိနေပြန်သည်၊ ဒီကိုယ်ဟာ အရင်ကမ္ဘာက တယောက်ထက်တောင် မိန်းမဆန်နေသေးသည်၊ ဒီလို လှပလွန်းအားကြီးလို့လဲ ဇာတ်လိုက်မနဲ့ ဟို Host စွပ်စွဲတာ ခံရတာကိုး၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now