Arc.4.13(နဉ်ရွယ်လျန့်ရဲ့ဘဝ)

12.6K 1.8K 84
                                    

ဟုတ်ကဲ့ ပုံမှန်ပြန်အပ်ပေးတော့ပါမရ်၊စောင့်မျှော်နေတဲ့စာဖတ်သူတွေကို တောင်းပန်ပါတရ်ဗျ

Zawgyi

နဉ်ရွယ်လျန့် ရိုက်ကူးရေးဆီကို ပြန်သွားကာ အကျိုးအကြောင်းကို ရှင်းပြရန် ဒါရိုက်တာအခန်းကို သွားသည့်အချိန်မှာ အခန်းတစ်ခန်းကနေ ထွက်လာသည့် လီရှောင်ဟိုင်နဲ့တိုးတော့သည်၊လီရှောင်ဟိုင်ဟာ သူတို့မြင်တာနဲ့ အရင်က သူ့မိဘရှေ့မှာကော၊ရိုက်ကူးရေးအဖွဲ့သားတွေရှေ့မှာ ထားရှိသည့် ရိုးသားဖြူစင်တဲ့ပုံသဏ္ဍာန်လေးမဟုတ်ပဲ၊ အထင်သေးသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေကာ...ခနဲ့သောလေသံဖြင့်

"မင်းရဲ့သုံးစားမရတဲ့ အရည်အချင်းနဲ့ ဒီအနုပညာလောကနေ ထွက်သွားသင့်တယ် အချိန်ရှိတုန်း"

"မင်းကို ကျော်သွားမှာ ကြောက်လို့လား"

"ဘာ..... မင်းလို လူကများ!"လီရှောင်ဟိုင်ဟာ ပုံရိပ်ယောင်ကမ္ဘာထဲရှိ ဇာတ်ကောင်တစ်ကောင်ဟာ သူ့ကို ပြန်အာခံနေသည်ကို တွေ့လိုက်ရတော့ အရမ်းကိုဒေါသထွက်မတတ်ဖြစ်သွားသည်၊ဒီလိုနိမ့်ကျတဲ့ကမ္ဘာက ပြန်လည်မွေးဖွားလာတဲ့သူက ငါ့လို Hostကို... ပြန်အာခံရဲတယ်

"အဟက်... ဒေါသထွက်မနေနဲ့"လို့ ရွယ်လျန့်ဟာ ပြောလိုက်ရင်း လီရှောင်ဟိုင်ရဲ့အနားကို ကပ်ကာ နှစ်ကိုယ်တည်းကြားလောက်သည့်အသံဖြင့်

"ငါက နဉ်... မင်းက လီ... လီတစ်ယောက်က နဉ်ရဲ့ဆက်ခံသူဖြစ်လာနိုင်မယ်ထင်နေလား..."လို့ လှောင်ပြုံးပြုံးကာ ထွက်သွားတော့သည်၊လီရှောင်ဟိုင်တစ်ယောက်ကတော့ ခဏတာ ဆွံအသွားပြီး ထိုစကားများကြောင့် ဒေါသထွက်မတတ်ဖြစ်သွားပြီး တစ်ဖက်မှာလဲ...

'သူက ဘယ်လိုလုပ် ငါ နဉ်ကုမ္ပဏီကို တပ်မက်နေတာကို သိသွားရတာလဲ ပြန်လည်မွေးဖွားလာတဲ့သူဆိုရင်တောင် အရင်ဘဝက လီရှောင်ဟိုင်လည်း နစ်နာခဲ့တဲ့သူဘဲလေ... မဟုတ်မှလွဲရော သူလည်း Hostပဲလား'လို့ စိတ်ထဲပြောဆိုလိုက်ပေမယ့် ထိုအကြောင်းအရာဟာ မသေချာမရေရာပေ၊ Hostအချင်းချင်းဆုံနိုင်တဲ့ကမ္ဘာက Sသုံးလုံးအဆင့်လောက်မှလေ...အခုလို Sအဆင့်မှာ ရှိစရာအကြောင်းမှ မရှိတာ၊ နဉ်ရွယ်လျန့်ရိပ်မိသွားရတဲ့အကြောင်းအရင်းက... သူရဲ့သရုပ်ဆောင်မှုညံနေလို့ ဒါမှမဟုတ် ခန့်မှန်းပြောဆိုလို့ပဲနေမယ်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now