Arc4.2(နဉ်ရွယ်လျန့်ဘဝ)

13.9K 2K 35
                                    

Zawgyi

ဒီရက်ပိုင်း ရွယ်လျန့် သူရဲ့ပုံစံကို ပြင်ဆင်နေသည်၊ ရောင်စုံဆိုးထားတဲ့ဆံပင်တွေကို အရင်အရောင်ဖြစ်တဲ့အညိုရောင်များပြန်ထားလိုက်ပြီး... ဂျင်လင်းအာသဘောကျအောင် ဝယ်ထားသည့်ကလေးဆန်တဲ့အဝတ်တွေအကုန်လုံးကို အမှိုက်ပုံသွားပစ်ခိုင်းပြီး... ဗီရိုထဲရှိအဝတ်အစားကို စိတ်ပျက်စွာကြည့်နေမိသည်၊ဘာလို့လဲဆိုတော့ ကလေးဆန်တဲ့အဝတ်တွေကို ဖယ်လိုက်တော့ လူကြီးအဆန်လွန်နေတဲ့ ပွဲတွေတတ်ရင်ဝတ်ရသည့်အနောက်တိုင်းဝတ်စုံ များကိုတွေ့လိုက်ရသည်၊စိတ်ပျက်စရာကောင်းတာက ပန်းဆီရောင်ဝတ်စုံ သုံးလေးငါးထည်ပါနေတာ!!

သူရဲ့လက်ထောက်ကို ဖုန်းဆက်မလို့စဉ်းစားတုန်း... မဖြစ်သေးပါဘူး အဲ့လက်ထောက်က သူ့မိဘရဲ့စပိုင်လေ၊ အဝတ်အစားထွက်ဝယ်သင့်ပြီပဲ ၊ ဝတ်စရာမရှိတဲ့ ဗီရိုကြီးကို ကြည့်ပြီး..... မတတ်နိုင်ဘူးဆိုတဲ့မျက်နှာဖြင့် အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်လိုက်ပြီး အညိုရောင်ဆံပင်တွေကို အပေါ်လှန်တင်လိုက်ပြီး သေသေသပ်သပ်ဝတ်ဆင်ကာ သူမစီးတာ အနည်းငယ်ကြာပြီဖြစ်တဲ့...အမှန်တော့ ဂျင်လင်းအာအတွက် ဝယ်ထားသည့် ပြိုင်ကားအနက်လေးကိုထုတ်ကာ ဈေးဝယ်စင်တာဘက်ထွက်လာလိုက်သည်၊

အခုထိ သူမိဘတွေဖုန်းမဆက်တာ စဉ်းစားစရာပဲ၊ဟက် ဘာတွေကြံစည်နေလည်းမသိဘူး... ကိစ္စမရှိပါဘူး အရင်တုန်းက ရွယ်လျန့်ကသေချာမသိပေမယ့် သူကတော့သေချာသိသည်၊ဘာလို့လဲဆိုတော့ ရွယ်လျန့်ရဲ့အဘိုးက အမွေအားလုံးကို နဉ်ရွယ်လျန့်ရဲ့နာမည်နဲ့ လွဲခဲ့ပေးပြီးသား၊ဒါကို ရွယ်လျန့်ကလွဲ၍ သူမိဘနှစ်ပါးကော၊ဟိုမွေးစားသားကောသိတယ်... အခုထိ ရွယ်လျန့်အဘိုးက သက်ရှိထင်ရှားရှိတာကြောင့် နဉ်ရွယ်လျန့်ကို ခြိမ်းခြောက်နေရုံ၊ဆူပူနေရုံကလွဲ၍ ဘာမှမလုပ်သေးပေ၊သူဘာပဲလုပ်လုပ် တားဆီးပိုင်ခွင့်မရှိပေ၊

အနက်ရောင်ကားတစ်စီးဟာ အခြားကားတွေနဲ့မတူ ထူခြားနေတာကြောင့် လူတွေအားလုံးကသတိထားမိပြီး အားကျစွာကြည့်နေကျတော့သည်၊ လူရွယ်တစ်ယောက်က ထိုကားကို ကြည့်ပြီး အားကျမနာလိုကာ

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now