Arc-5.14(The sun's Tears)

4.8K 827 34
                                    

Zawgyi

စီစဉ်သူဟာ အန်ဒီတို့ကို ကြည့်လာချိန်မှာ အန်ဒီဟာ လုပ်စရာရှိတာ လုပ်ရန်ပြောလိုက်သည်၊ဘယ်သူတွေ ဘယ်လိုထင်မြင်ပါစေ အန်ဒီဟာ ဂရုပင်မစိုက်ချေ၊

ထိုနောက်မှာ အားလုံးစောင့်မျှော်နေပြီဖြစ်တဲ့ 𝑇ℎ𝑒 𝑠𝑢𝑛'𝑠 𝑇𝑒𝑎𝑟𝑠စိန်တုံးအကြောင်းကို စီစဉ်သူဟာ ပြောကြားလာတော့သည်၊

"𝑇ℎ𝑒 𝑠𝑢𝑛'𝑠 𝑇𝑒𝑎𝑟𝑠ကို အမည်မဖော်လိုသူလူကြီးမင်းတစ်ဦးက လေလံတင်သွားတာပဲ ဒီစိန်က အရင်လိုပြီးပြည့်စုံမှုမရှိတော့ပေမယ့် အလယ်က အဓိကပိုင်းကို အချောပြန်သတ်ထားပြီး ၂၀ကာရက်ရှိတယ်" စီစဉ်သူဟာ ပြောလိုက်ပြီးနောက်မှာ သေချာပြင်ဆင်ထားသည့်𝑇ℎ𝑒 𝑠𝑢𝑛'𝑠 𝑇𝑒𝑎𝑟𝑠ကို အကုန်လုံးမြင်သာအောင် ပြသပေးလိုက်သည်၊

ထိုစိန်ရဲ့အလယ်မှာ ရွှေရောင်အဆင်းချောင်းများရှိနေပြီး စီစဉ်သူမီးထိုးပြသလိုက်ချိန်မှာ အနောက်ရှိပိတ်ကားမှာ လှပသည့်ပုံရိပ်ပေါ်လာတော့သည်၊လူတွေဟာ ထိုပုံရိပ်ကိုကြည့်ရင်း ဘာပုံလဲတွေးတောနေပေမယ့် အန်ဒီနဲ့လုခ်ဟာ တန်းသိခဲ့သည်၊

ခြင်္သေ့ခေါင်းနဲ့ဆင်တူသည့်ပုံရိပ်ကို သူတို့ဟာစိတ်ဝင်စားစွာကြည့်နေတော့သည်၊

စီစဉ်သူဟာ ဈေးကိုစတင်ပြောလာတော့သည်၊ထိုစိန်ကို ဈေးစစချင်းမှာတင် သန်း၆၀နဲ့စတင်ခဲ့ပြီး အလွန်တရာဈေးကြီးလွန်းတာကြောင့် တစ်ချို့ပင် လက်လျော့သွားတော့သည်၊

"၆၄သန်း" စတင် လေလံဆွဲသည်နဲ့ အားလုံးဟာလည်း အပြိုင်လိုက်ဆွဲတော့ တစ်ဖြည်းဖြည်းဈေးနှုန်းဟာ သန်းတစ်ရာနားကို ကပ်လာတော့သည်၊

"သန်းတစ်ရာ!" လုခ်ဟာ ဈေးစခေါ်လာတော့သည်၊သန်းတစ်ရာဟာ တစ်ကယ်ကိုများပြားလှပေမယ့် လုခ်နဲ့အပြိုင်လိုက်ခေါ်တဲ့သူတွေကတော့ ရှိနေဆဲပေ၊

"သန်းတစ်ရာ့နှစ်ဆယ်" အန်ဒီဟာလည်း ဝင်ပါလာတော့သည်၊လုခ်ရဲ့အကြည့်တွေဟာ အန်ဒီဆီဒေါသထွက်စွာရောက်လာတော့သည်၊အန်ဒီသာ ဝင်ပါခဲ့ရင် သူနိုင်နိုင်ချေနည်းသွားပြီ၊ဒီစိန်ကို ရဖို့ သူရဲ့ဥစ္စာတွေအကုန်သုံးမှာ ဖြစ်ပေမယ့် အန်ဒီရဲ့ကြွယ်ဝမှုကို သူမမီချေ၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now