Arc-5.8(The Sun's Tears)

7.8K 1K 128
                                    

Zawgyi

နေသန်ဆီကနေ အန်ဒီပြန်ထွက်လာပြီးနောက်မှာ သူရဲ့အိမ်တော်ဆီကိုသာ ပြန်မောင်းရန် တွေးလိုက်ပေမယ့် ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ သူမသိသည့်နံပါတ်စိမ်းဖြစ်နေတော့တယ်၊

'ဘယ်သူဖြစ်နိုင်မလဲ...'

ဒါပမယ့် သူဘာမှ တွေးမနေဘဲ ကားကို လမ်း​ဘေးထိုးရပ်လိုက်ပြီး ကိုင်လိုက်ချိန်မှာ တဖက်ကနေ အနည်းငယ်သြပေမယ့် ချိုကာ နားထောင်လို့ကောင်းသည့်ယောကျာ်းအသံကို ကြားတော့ မျက်မှောင်ကြုတ်သွားတာအမှန်ပေ၊

"ဘယ်သူလဲ"

" ကြွေရုပ်လေး ဟိုနေ့က ကိုယ့်လူတွေ သတ်သွားပြီးတော့ အခုတော့ မေ့သွားပြီလား" တဖက်က တရွှင်ရွှင်ရယ်လာပြီး ပြောပြလာတော့သည်။ဒါကြောင့် အန်ဒီဟာ တဖက်ကလူဟာ ဂျိန်းဆိုတာ သိသွားတော့သည်။ဇာတ်လိုက် ရောဘတ်ဟာ စကားနည်းကာဒေါသကြီးတဲ့သူဖြစ်တာကြောင့် စကားမကြွယ်ပေ၊ဂျိန်းကတော့ ရောဘတ်နဲ့ဆန့်ကျင်ဘက်ပင်၊

"ကျွန်တော့်ကို ပြောစရာရှိလို့လား မစ္စတာဂျွန်း"လို့ အန်ဒီပြောလိုက်တော့ တစ်ဖက်ဟာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်မှာ

"အဲ့နေ့က ကိစ္စအတွက် ကိုယ့်ကို မင်းအလျော်အစားပြန်ပေးရမယ်" လို့ ပြောလာတော့သည်။

'အလျော်အစားပေးရမယ်တဲ့ ဟာသလာလုပ်နေတာလား'

"ခင်ဗျားက ဟာသ ပြောတတ်သားပဲ" လို့ အန်ဒီဟာ ခနဲ့ပြောဆိုလိုက်တော့ တစ်ဖက်ဟာ ရယ်မောလာတော့တယ်၊

"ကိုယ်က ဟာသပြောတတ်ရုံသာမကဘူး အိပ်ယာထဲမှာတောင် စွမ်းဆောင်နိုင်စွမ်းပြည့်ဝတယ် ကြွေရုပ်လေး"

"မစ္စတာဂျိန်း ခင်ဗျား အားနေတယ်ဆိုလည်း တခြားလူနဲ့သွားကစား၊ကျွန်တော့်ရဲ့မိနစ်တိုင်းက တန်ဖိုးရှိတယ်" လို့ အန်ဒီဟာ စိတ်ပျက်လက်ပျက်အသံနဲ့ပြောလာကာမှ တစ်ဖက်ဟာ သက်ပြင်းသဲ့သဲ့ချလာတော့သည်။

"မင်းရဲ့အေးစက်စက်ဆက်ဆံမှုက ကိုယ်ရဲ့နှလုံးသားကို နာကျင်စေတယ်..." စိတ်ထဲကမပါသည့် အသံမှန်းသိသာလွန်းတာကြောင့် အန်ဒီ မျက်ဖြူလှန်မတက်ပင်၊ဇာတ်လိုက်တွေအကုန် ကျပ်မပြည့်တဲ့ကောင်တွေကြီးပဲ၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now