Arc.4.10(နဉ်ရွယ်လျန့်ဘဝ)

13.9K 1.9K 130
                                    


Zawgyi

နားနေခန်းထဲတွင် ကျန်းထိုက်ရန်ဟာ နဉ်ရွယ်လျန့်ရဲ့လက်တွေကို ချုပ်ထားကာ ဘာမှမပြောပဲ ရွယ်လျန့်ကို စိုက်ကြည့်နေသည်၊ရွယ်လျန့်ဟာလည်း ရုန်းကန်ခြင်းမပြုပေမယ့် မနှစ်မြို့သည့်အမူအရာကတော့ မျက်နှာပေါ်မှာ ထင်းနေပြီး သူကိုစူးရှကြည့်နေသည့် ကျန်းထိုက်ရန်မျက်ဝန်းများကို ရဲရဲဝင့်ဝင့်ပင် ပြန်ကြည့်ပေးလိုက်သည်၊

ထိုလိုအကြည့်များကြောင့် ကျန်းထိုက်ရန်ရဲ့အပေါ်နူတ်ခမ်းဟာ တွန့်ကွေးသွားကာ သူရှေ့ရှိ ရွယ်လျန့်ရဲ့ နားသီးလေးကို ပွတ်သတ်လိုက်ရင်း...

"မင်း ချစ်တဲ့ဂျင်လင်းအာက ဘာများမက်မောစရာကောင်းလို့လဲ...ကိုယ်နည်းနည်းလေး အရောဝင်လိုက်တာနဲ့ ကိုယ့်ဆီပါလာပြီ"

"ခင်ဗျား ဒီလောက်မြူစွယ်တိုက်နေမှာတော့ ဘယ်သူမဆို ပါလာမှာပေါ့! "

"အိုး..." လို့ ကျန်းထိုက်ရန်ဟာ အသံပြုလိုက်ပြီး ရွယ်လျန့်အနားကို ပိုမိုတိုးတတ်လာကာ ကျီစယ်ဖြားယောင်းတဲ့အပြုံးဖြင့် ပြုံးလိုက်ပြီး

"ကိုယ့်ရဲ့လျန့်အာ... ချစ်တယ် အရမ်းချစ်တာပဲ ဘယ်လိုလုပ်မလဲ ကိုယ်ရဲ့ဝင်သက်ထွက်သက်တိုင်းက လေတွေကအစ ရွယ်လျန့်ပေါ် တိမ်းညွှတ်နေပြီ" လို့ ချစ်မြတ်နိုးသောမျက်ဝန်းများဖြင့် ရွယ်လျန့်အားကြည့်ရင်း နူးညံ့စွာပြောလိုက်သည်၊

နဉ်ရွယ်လျန့်ရဲ့ ရင်တွေဟာ အဆပေါင်းများစွာ ခုန်သွားပြီး နားကနေ လည်ပင်းတလျှောက်ဟာ အနီရောင်ဆေးမင်များပတ်လောင်းချလိုက်သလို... နီရဲသွားကာ သူကို ကြည့်နေသည့် ကျန်းထိုက်ရန်မျက်ဝန်းများကို ရှောင်လွဲလိုက်ပြီး...

"ခင်ဗျားလို... တွေ့ရာလူကို ပတ်ကြောင်နေတဲ့သူကို ကျွန်တော်ပြန်ကြိုက်မယ်ထင်နေလား" လို့ ခေါင်းလေးလွဲကာ မျက်လုံးလေးမသိမသာစွေကြည့်ပြီး တိုးတိုးလေးပြောနေသည့် ရွယ်လျန့်ပုံလေးဟာ ချစ်စရာအလွန်ကောင်းသည်၊

ကျန်းထိုက်ရန်ဟာ ရွယ်လျန့်ရဲ့ကိုယ်လေးကို သူရင်ခွင်ထဲ အသည်းတယားဆွဲထည့်လိုက်ပြီး နီရဲနေတဲ့နားထိပ်လေးကို တချက်ကိုက်လိုက်ပြီး နားအတွင်းကိုလျှာနဲ့ထိတို့ကာ... သူရင်ခွင်ထဲမှာ သူရဲ့အင်္ကျီနောက်ကျောကို ဆုပ်ကိုင်လာသည့် ချစ်ရသူလေးရဲ့လက်လေးတွေကြောင့် တချက်ပြုံးမိသွားပြီး...နားသီးလေးကို စုပ်လိုက်ပြီး ထိုကနေတလျှောက် ဆွယ်တာအောင်မှာ ပုန်းကွယ်နေသည့် ကျောက်စိမ်းလိုချောမွေ့ပြီးအနာဆာကင်းသည့် ဖြူဖြူဖွေးဖွေးလည်ပင်းလေးကို တချက်လျက်လိုက်ပြီး စုပ်ရန်ပြင်သည့်အချိန်မှာ...

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now