Arc.4.12(နဉ်ရွယ်လျန့်ဘဝ)

13.4K 1.9K 36
                                    

Zawgyi

နဉ်ရွယ်လျန့်ဟာ သူ့ကို ကားပေါ်အတင်းဆွဲတင်လာသည့် ကားမောင်းနေရာရှိ ကျန်းထိုက်ရန်ကို တစ်ချက်၊ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ရင်း... ဒီအိမ်ယာတွေဘက်ကို ငါရင်းနှီးနေသလိုပဲ! ဒါ ငါ့အဘိုးနေတဲ့ အန်းထျန်းယန့်သူဌေးရပ်ကွက်ပဲ...ဒါပေမယ့် နဉ်အိမ်တော်ကို မောင်းသည့် လမ်းကြောင်းမဟုတ်ပဲ အခြားအိမ်တော်ဘက်ကို မောင်းလာကာ ကားရပ်လိုက်တာကြောင့် မျက်မှောင်ကြုတ်သွားကာ...

"ဘယ်ကို ခေါ်လာတာလဲ"

"ကိုယ့်အိမ် "လို့ ပြောလိုက်ရင်း ကျန်းထိုက်ရန်ဟာ ကားထဲကနေ ထွက်ကာ သူ့ဘက်ခြမ်းရောက်လာကာ တံခါးကို ဖွင့်လိုက်ပြီး နဉ်ရွယ်လျန့်ကို ဆွဲထုတ်ကာ အိမ်ထဲကို ဆွဲခေါ်သွားတော့သည်၊ ကြောင်အကာ ရပ်ကြည့်နေသည့် အစေခံများကိုပင် လျစ်လျူရှုရင်းပေါ့၊

"ကျန်းထိုက်ရန် လွှတ်... မင်း! " အိမ်ခန်းထဲထိ ခေါ်လာသည့်အချိန်မှာတော့ နဉ်ရွယ်လျန့်ရဲ့မျက်လုံးများဟာ ပြူးးကျယ်သွားကာ အကြောက်အကန်ရုန်းကန်တော့သည်၊ဒါပေမယ့် ထိုသန်မာလှသည့်လက်တွေဟာ နဉ်ရွယ်လျန့်အတွက်တော့ ကျောက်တုံးကို ကြက်ဥနဲ့ပေါက်နေသလိုပင်၊

"ငြိမ်ငြိမ်နေ နဉ်ရွယ်လျန့်"လို့ လေသံမာမာထန်နဲ့ ပြောလိုက်ချိန်မှာ ကျန်းထိုက်ရန်ရဲ့မျက်ဝန်းများဟာ ရွှေရောင်များဖြာဆင်းနေသည်... ၊ထိုရွှေမျက်ဝန်းများဟာ လှပပေမယ့် ဘယ်လောက်ဒေါသရိပ်များပါနေလဲ ဗေဒင်ဆရာတောင် မေးစရာမလိုချေ၊ အခန်းထဲရောက်တော့ ကျန်းထိုက်ရန်ဟာ နဉ်ရွယ်လျန့်ကို နံရံမှာ ကပ်ချလိုက်ပြီး...ပျောက်ကွယ်မသွားသေးသည့် ရွှေရောင်မျက်ဝန်းများနဲ့ စူးရှကြည့်ကာ

"ဘာကြောင့် သူ့ကို ထမင်းစားဖိတ်ရတာလဲ" လို့ ကျန်းထိုက်ရန်ဟာ မေးလိုက်တော့...အနည်းငယ် အူတိုနေသည့် အသံဖြင့်ပေါ့၊

"သူက ငါ့တစ်ဖက်သတ်ချစ်ခဲ့ ...အ" သူရဲ့ မေးရိုးကို ညှစ်လိုက်တာကြောင့် နာကျင်စွာအော်မိလိုက်ပြီး နဉ်ရွယ်လျန့်ရဲ့လက်များဟာ ကျန်းထိုက်ရန်ရဲ့ရင်ဘက်ကို ဆုပ်ကိုင်လိုက်တော့ ကျန်းထိုက်ရန်ရဲ့လက်များဟာ ဖြေလျော့သွားပြီး...အသနားခံမျက်ဝန်းများဖြင့်... နဉ်ရွယ်လျန့်ရဲ့ မေးလေးကို ဖွဖွလေး နမ်းလိုက်ကာ

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now