Arc-6.10(နန်းကျအရှင်ကြင်ယာတော်)

3.8K 589 8
                                    

Zawgyi

သုံးရက်ကြာသောအခါမှာတော့ ထျန်းဧကရာဇ်တပ်ဟာ ထျန်းအင်ပါယာရဲ့ဒုတိယမြို့တော်ထျန်းကောင်းကို ရောက်ရှိလာတော့သည်၊

လျန်တိုင်းပြည်နဲ့ထျန်းအင်ပါယာဟာ မိုင်ပေါင်းများစွာကွာဝေးလှပေမယ့် သူတို့ဟာ သုံးရက်အတွင်းမှာ အကြိမ်အရည်အနည်းငယ်သာ အနားယူခဲ့သလို ထျန်းဧကရာဇ်တပ်ရဲ့မြင်းတွေဟာလည်း မြင်းကောင်းတွေဖြစ်တာကြောင့် ငါးရက်ခရီးကို သုံးရက်နဲ့ရောက်ခဲ့ခြင်းဖြစ်သည်၊

ထျန်းဧကရာဇ်တပ် ထျန်းကောင်းမြို့တော်ကို ဝင်လာချိန်မှာ ပြည်သူပြည်သားတွေဟာ ကောင်းချီးပေးကာ ကြိုဆိုနေတော့သည်၊ဒါအပြင် သူတို့ဟာ ထျန်းဧကရာဇ်ဟာ ကြင်ယာတော်ရွေးချယ်ခဲ့သည့်သတင်းကြောင့် ပိုမိုစိတ်လှုပ်ရှားနေတော့သည်၊ဘာကြောင့်လဲဆိုတော့ ထျန်းဧကရာဇ်နန်းတက်တည်းက ကြင်ယာတော်ရွေးချယ်ဖို့မပြောနဲ့ ကိုယ်လုပ်တော်ပင် ရွေးချယ်ခဲ့ခြင်းမရှိဘဲ ထျန်းဧကရာဇ်ရဲ့အနောက်ဆောင်ဟာ ခြောက်သွေ့နေတော့သည်၊

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"

"ကြင်ယာတော် သက်တော်ရာကျော်ရှည်ပါစေ" ပြည်သူပြည်သားတွေစကားကြောင့် ထျန်းမင်ရဲ့နူတ်ခမ်းများဟာကော့တက်ကာပြုံးသွားတော့သည်၊ထို့နောက်မှာတော့ ချင်းယုယောင်ဘက်ကို လှည့်လိုက်ပြီး ချင်းယုယောင်ရဲ့နားလေးကို ဖွဖွလေးကိုင်လိုက်သည်၊

"​ကိုယ့်ပြည်သူပြည်သားတွေက မင်းကိုကြိုဆိုနေကြတယ် ယုယောင်"

ချင်းယုယောင်ဟာ ပြုံးလိုက်ပြီး အပြင်ဘက်ကိုကြည့်လိုက်မိသည်၊ပြည်သူပြည်သားတွေဟာ ရဲမက်တွေကို ပန်းကုံးများစွတ်ပေးနေရင်း ကံကောင်းစေရန် ဆုတောင်းပေးနေတော့သည်၊ရဲမက်တွေကလည်း ပြည်သူပြည်သားတွေ အဆင်ပြေရန် မြင်းပေါ်ကနေမစီးပဲ ဆင်းကာ ကောင်းချီးကိုလက်ခံနေကြတော့သည်၊

"ထျန်းအင်ပါယာက ပျော်ရွှင်မှုတွေနဲ့ ပြည့်နှပ်နေပုံပဲ"

"ယုယောင်ရောက်လာတဲ့ချိန်မှာ ထျန်းအင်ပါယာက ပိုပြီးတော့ သာယာဖွံ့ဖြိုးလာလိမ့်မယ်" ထျန်းမင်က ပြုံးရင်းပြောလိုက်ပြီးနောက်မှာ သူတို့လှည်းဟာရပ်တန့်သွားတော့သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now