Arc-6.5(နန်းကျအရှင်ကြင်ယာတော်)

5.2K 654 14
                                    

Unicode

ထျန်းအင်ပါယာဟာ လျန်တိုင်းပြည်ကို လက်အောက်ခံတိုင်းပြည်အနေနဲ့သိမ်းပိုက်ဖို့ အကြံအစည်ကို နောက်ဆုတ်လိုက်ပြီး မဟာမိတ်တိုင်းပြည်အဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်၊ဒါဟာ အိမ်နီချင်းတိုင်းပြည်တွေကို အံ့အားသင့်သွားစေတာ အမှန်ပေ၊ ထျန်းအင်ပါယာမတည်ထောင်ခင်တည်းက ထျန်းတိုင်းပြည်ဟာ မည်သည့်မဟာမိတ်မှ လက်မခံဘဲ အနီးနားက တိုင်းပြည်တွေကို သိမ်းပိုက်ကာအင်ပါယာအဖြစ်တည်ထောင်လာပြီး သနားညှာတာမှုမပြခဲ့ပေ၊သူဟာ လက်အောက်ခံတိုင်းပြည်တိုင်းရဲ့တော်ဝင်မျိုးဆက်တွေကို သတ်ဖြတ်ခဲ့ပြီး အကြောက်တရားနဲ့အုပ်ချုပ်သည့်သွေးအေးရက်စက်တဲ့ဘုရင်တစ်ဦးသာဖြစ်သည်၊

အခုလိုသတင်းမျိုးဟာ လူတိုင်းကို ထိတ်လန့်စေခဲ့ပြီး ထျန်းဧကရာဇ်ဟာ ချင်းအမတ်ကြီးရဲ့အငယ်ဆုံးသားကို ငြိမ်းချမ်းရေးသ​ေင်္ကတအဖြစ်သာ တောင်းဆိုခဲ့သည်၊ပုံမှန်ဆို ဒီကိစ္စက ထူးဆန်းသည့်ကိစ္စမဟုတ်ပေမယ့် ထျန်းအင်ပါယာဟာ လွန်ခဲ့တဲ့လပိုင်းထဲက လျန်တိုင်းပြည်ကို ပြည့်ပြည့်ဝဝသိမ်းပိုက်ပြီးသည်ကို လူတိုင်းသိရှိပြီးသားပင်၊

ထိုကိစ္စကြောင့် လူတိုင်းဟာ သူတို့ထင်မြင်ချက်တွေကို ပြောဆိုလာတော့သည်၊လူအများပြောလာတဲ့ကောလဟာလကတော့ ထျန်းဧကရာဇ်ဟာ အမတ်ကြီးချင်းရဲ့ဒုတိယသားကို မြင်မြင်ချင်းချစ်မိတာကြောင့်ဖြစ်သည်၊

ဒါပေမယ့် ဒါဟာ မထူးဆန်းပေ၊ချင်းယုယောင်ဟာ လျန်တိုင်းပြည်မှာ အလှဆုံးကောတစ်ဦးဖြစ်သည်၊အခြားကောအမျိုးသားလေးများပင် ချင်းယုယောင်ရဲ့အလှအပကို မမီပင်၊ဒီမှာ လူအများရန်ပွားစရာဖြစ်လာတော့သည်၊တစ်ချို့ဟာ ချင်းယုယောင်ဟာလှပပေမယ့် အကျင့်စရိုက်ဆိုးသွမ်းလှပြီး ပိုင်အမတ်ကြီးရဲ့သား ပိုင်ချန်ရုန်ကသာ အလှဆုံးကောဖြစ်သင့်ကြောင်း ပြောလာတော့သည်၊တကယ်လို့ ထျန်းဧကရာဇ်သာ ပိုင်ချန်ရုန်ကိုမြင်ရင် ပိုင်ချန်ရုန်ကိုသာ ထိမ်းမြှားချင်ကြောင်း ကြိုးစားလာလိမ့်မည်ပေါ့၊

ပြည်သူတွေရဲ့ခန့်မှန်းချက်တွေနဲ့ နန်းတွင်းကလူတွေရဲ့ခန်းမှန်းချက်ဟာ သိသာစွာကွာဟသည်၊ချင်းယုယောင်ဟာ ဆိုးသွမ်းပေမယ့် ထျန်းဧကရာဇ်အား မကြောက်မရွံ့ရင်ဆိုင်ခဲ့သည်၊သူဟာ လှပပြီး သန်မာတဲ့ကောအမျိုးသားတစ်ဦးဖြစ်ကြောင်း လူတိုင်းက လက်ခံလာတော့သည်၊အရင်က ဆိုးသွမ်းရင်တောင် သူတို့ဟာ အကြောင်းပြချက်တွေကို ရှာတွေ့လာနိုင်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now