Arc.4.18(နဉ်ရွယ်လျန့်ဘဝ)

12.2K 1.5K 40
                                    

Zawgyi

ထျန်းရှောင်ဟိုက်ဟာ စားသောက်ဆိုင်ကနေ သူ့ကိုအတင်းဆွဲလာသည့် လက်ထောက်ဒါရိုက်တာကြောင့် စိတ်ထဲမကျေမနပ်ဖြစ်သွားပေမယ့် သူတို့ရဲ့သူဌေးဆိုသည့်လူဟာ သူ့ကို အခုချက်ချင်းတွေ့ချင်တယ်ဆိုသည့်စကားကြောင့်အပြင် အရမ်းကိုဒေါသထွက်နေကြောင်းလည်း ရှင်းပြတော့သည်၊ ဒါကြောင့် ထိုကြောက်ရွံနေသည့် လူသားတစ်သိုက်ကို လျစ်လျူရှုလိုက်ပြီး သူဌေးဆိုသည့်လူကို သွားတွေ့လိုက်တော့သည်၊

*ဒေါက် ဒေါက် *

"ဝင်ခဲ့ " ဆိုသည့် အသံတွေ ဘယ်လောက်တောင် ဒေါသရိပ်တွေပါသလဲ၊ဒါပေမယ့် သူထျန်းရှောင်ဟိုက်ပေါ် မသက်ရောက်ချေ၊ဟက် ဒါကသာမန်လူသားတစ်ဦးရဲ့ဒေါသအမျက်ပဲလေ

ထျန်းရှောင်ဟိုက်ဟာ ဝင်လာသည့်ချိန်မှာ စားပွဲခုံကို မှီကာ လက်ပိုက်ကာမတ်တပ်ရပ်နေသည့် ရွှေရောင်ဆံပင်များနဲ့ လေးထောင့်ဆန်သည့်မျက်နှာပေါ်မှာ စိတ်တိုင်းမကျသည့်ထင် မျက်ခုံးများဟာအလယ်ကို ကြုတ်ထားပြီး မျက်လုံးကိုမှေးမှိတ်ထားတာကြောင့် မျက်တောင်တိုစိပ်စိပ်များနဲ့ ထင်းနေသည့် နှာတံ၊နီညိုရောင်မကျတကျ သန်းနေသည့်နူတ်ခမ်းတစ်စုံဟာ အမျိုးသားတစ်ယောက်ကို ဒီလောကနဲ့မသက်ဆိုင်သည့်နယ် ဖန်ဆင်းထားသလားတောင် အောက်မေ့ရသည်၊ဒါအပြင် ထိုလူရဲ့မျက်လုံးများဟာ ပွင့်လာပြီး သူ့ကိုစိုက်ကြည့်လာသည့် အပြာရောင်တောက်နေသည့်မျက်ဝန်းများကြောင့် သူ့စိတ်ထဲ ရင်းနှီးသည့်ခံစားချက်များ ခဏဖြတ်သန်းသွားပေမယ့် စိတ်ထင်သည်လို့သာ သတ်မှတ်လိုက်ပြီး

"C.E.O ရှ ဒီဒါရိုက်တာကို တွေ့ချင်ရတာ ဘာအကြောင်းကြောင့်လဲ"လို့ အေးဆေးလေးဘဲ မေးလိုက်ပြီး သူ့ကို စိုက်ကြည့်နေသည့်ရဲရဲတောက်နေသည့်အပြာမျက်ဝန်းများကို ပြန်လည်ရင်ဆိုင်လိုက်တော့ ထိုရှရူလီဆိုတဲ့လူသားဟာ ခပ်တိုးတိုးတစ်ချက်ရယ်သွားကာ...

"ကိုယ့်ရဲ့အကြည့်တွေကိုတောင် ရင်ဆိုင်ရဲနေပြီပေါ့ asura"လို့ အေးစက်ပြီး မာထန်သည့်အသံကြောင့် ထျန်းရှောင်ဟိုက်ရဲ့ ကိုယ်ဟာ တုန်ယင်သွားပြီး... ခြေတစ်လှမ်းနောက်ဆုတ်သွားကာ သူရဲ့မျက်လုံးများဟာ ပြူးကျယ်သွားပြီး

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now