Arc.4.3(နဉ်ရွယ်လျန့်ဘဝ)

14.8K 2K 75
                                    


Zawgyi

အေးဆေးကုတင်ပေါ်ပြန်ကွေးရန် တွေးလိုက်ပေမယ့်... ကုတင်ပေါ်တွင် သူရဲ့စောင်ကို အားရပါးရကိုက်နေတဲ့ မြေခွေးလေးကြောင့်..

"မင်း ပြန်လာပြီပေါ့ ဘာထူးလဲ"

[Fox:  ဒီစောင်က အရမ်းအရသာရှိတာပဲ...ခဏ ဝအောင် ကိုက်.....ဟုတ်ကဲ့ ဘာထူးလဲဆိုတော့ လီရှောင်ဟိုင်က 'ဒဏ္ဍာရီထဲက နဂါးဧကရာဇ်'ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့ကြိုးစားနေတယ် ပြီးတော့ အဲ့ရုပ်ရှင်မှာ စပြီး လီရှောင်ဟိုင်ကနာမည်ကြီးခဲ့တာလေ ပြီးတော့ ကျန်းထိုက်ရန်(ဇာတ်လိုက်-gong)နဲ့လည်း နီးစပ်ခဲ့တာလေ] Hostရဲ့အေးစက်စက် အကြည့်ကြောင့် စောင်ကိုချကာ လေးလေးနက်နက်ရှင်းပြလိုက်သည်၊

"အေး...သိပြီ " ရွယ်လျန့်ခုံပေါ်မှာ ထိုင်လိုက်ပြီး laptopကို ထုတ်ကာ Foxပြောတဲ့ ရုပ်ရှင်နဲ့ပတ်သတ်တာ ရှာဖွေကြည့်လိုက်တော့ Boy love ဇာတ်လမ်းတစ်ခုဖြစ်နေတာ တွေ့လိုက်ရသည်၊ ဇာတ်လမ်းအကျဉ်းချုပ်က....

နဂါးတို့ရဲအိမ်ရှေ့စံ လုံဖုန်းချန် ဟာ ကျောက်စိမ်း ဧကရာဇ်ပေါ် အမှားလုပ်မိရာမှာ လူပြည့်ကိုနယ်နင်ခံရပြီး သာမန်လူသားအဖြစ်နေထိုင်ရင်း တနေ့ သာမန်လူသားလေးနဲ့တွေ့မိရင်း ချစ်ကျွမ်းဝင်ခဲ့သည်၊ဒါပေမယ့် မကြာပေ၊ ကျောက်စိမ်းဧကရာဇ်ရဲ့သားတော် ဟာ ထိုလူသားလေးကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်တာကြောင့် လုံဖုန်းချန်ဟာ ပေါက်ကွဲကာ သူရဲ့မှတ်ဥာဏ်တွေနဲ့ ချိတ်ပိတ်ထားသောစွမ်းအင်တွေပြန်ရကာ ကောင်းကင်ပြန်တတ်လာပြီး တရားမျှတမှုကို တောင်းဆိုခဲ့သည်၊ တရားမျှတမှုတဲ့ကျောက်စိမ်းဧကရာဇ်ဟာ မျက်ကွယ်ပြုပြီး သူတိုရဲ့ နဂါးမျိုးနွယ်ကိုပင် သစ္စာဖောက်အဖြစ် ကြေညာခဲ့သည်၊ထိုကစပြီး ဖီးနစ်နတ်ဘုရားနဲ့နွေဦးနတ်ဘုရားတို့ဟာ လုံဖုန်းချန်ကို တဖက်လမ်းကကူညီရင်း ကျောက်စိမ်းဧကရာဇ်ကို နန်းကျခဲ့ပြီး နဂါးတွေဟာ ကောင်းကင်ရဲ့တော်ဝင်မျိုးနွယ်ဖြစ်လာပြီး လုံဖုန်းချန်ဟာလည်း သမိုင်းတွင်မဲ့ဧကရာဇ်ဖြစ်လာတော့သည်၊နောက်ဆုံး ဖီးနစ်နတ်ဘုရားရဲ့ ဂရုစိုက်မှုတွေ၊ကြင်နာမှုတွေကြောင့် သူချစ်ခဲ့ရတဲ့လူသားလေးကို မေ့ပျောက်လိုက်ပြီး ဖီးနစ်နတ်ဘုရားကို ဧကရီအရာထားပြီး တရားမျှတစွာအုပ်စိုးသွားသော ဧကရာဇ်တပါးဖြစ်လာခဲ့သည်!

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now