Arc-6.15(နန်းကျအရှင်ကြင်ယာတော်)

3.4K 473 20
                                    

Zawgyi

ထျန်းဧကရာဇ် နန်းတော်ကို ပြန်တော့မည့်ခရီးစဉ်ကို ပြည်သူတွေဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့စောင့်နေကြတော့သည်၊သူတို့ဟာ ထျန်းဧကရာဇ်ရွေးချယ်ထားတဲ့သူ ထျန်းအင်ပါယာရဲ့အနာဂတ်ဧကရီကိုမြင်ဖူးချင်နေတာကြောင့် တစ်ချို့ဆိုရင် ညတိုင်းက အလွယ်တကူမြင်ရသည့်နေရာတွေကို ဦးထားကြတော့သည်၊

"အရှင်မင်းမြတ်ကို တောင်ပိုင်းဘုရင်ခံရဲ့သားနဲ့ချစ်ကြိုက်နေပြီထင်ခဲ့တာ" ပြည်သူတစ်ဦးစကားကြောင့် အခြားသူတွေကလည်းပြောလာတော့သည်၊

"သခင်လေးမင်က တကယ်ကိုလှပတာတော့ အမှန်ပဲ၊တောင်ပိုင်းရဲ့ကျောက်စိမ်းအဖြစ်တင်စားထားတာပဲ ကြည့်လေ"

"အရှင်မင်းမြတ်ရွေးချယ်တဲ့သူကလည်း အကုန်လုံးထက် အစစအရာရာသာမှာပါကွ မဟုတ်ရင် ဘယ်လိုလုပ် တောင်ပိုင်းရဲ့ကျောက်စိမ်းကိုကျော်ပြီးရွေးချယ်မလဲ" တစ်ဦးစကားတစ်ဦးထောက်ခံကာပြောဆိုနေရင်း လူအယောက်တစ်သောင်းဦးဆောင်လာတဲ့ရဲမက်အုပ်စုကြီးကိုတွေ့လိုက်ရသည်၊ထိုရဲမက်တွေရဲ့အလယ်မှာတော့ လှပပြီးတောင့်တင်းတဲ့အနက်ရောင်မြင်းကြီးဆယ်ကောင်ဟာ လှည်းတစ်စီးကိုဦးဆောင်လာတော့သည်၊

အဖြူရောင်ဇာနဲ့ပတ်ပတ်လည်ကိုအုပ်ဆောင်းထားတဲ့ကျောက်စိမ်းလှည်းယာဉ်ကိုလူအများက မျက်တောင်မခတ်ပဲ ကြည့်နေတော့သည်၊ဇာပုဝါတွေကြားကနေ လှမ်းမြင်နေရတဲ့အရိပ်နှစ်ခုကိုစိုက်ကြည့်နေကြတော့သည်၊

လူတိုင်းဟာ ပါးလွှာတဲ့ပိတ်စတွေကြားကနေ လှမ်းမြင်ရတဲ့အရိပ်နှစ်ခုထဲက သေးငယ်တဲ့အရိပ်ကိုစိုက်ကြည့်နေကြတော့သည်၊

သူတို့ဟာ မျက်တောင်မခတ်ပဲစိုက်ကြည့်နေတုန်းမှာပဲ၊ရွှေဝါရောင်ဆံနွယ်များပိုင်ဆိုင်ထားပြီး အသားဖွေးဥဥနဲ့ကောအမျိုးသားတစ်ဦးကိုမြင်လိုက်ရတော့သည်၊သူတို့ဟာ ဇာပုဝါတွေကြားကနေ သေချာကြည့်နေရင်း လေညှင်းများတိုက်ခတ်တိုင်း အချိန်ခဏလေးအတွင်းမှာမြင်လိုက်ရတဲ့တစ်ဖက်ကကောအမျိုးသားလေးရဲ့အလှကြောင့် မင်သက်သွားတော့သည်၊

"ဒါက ရူးလောက်စေနိုင်တယ်"

ဧကရီရဲ့အလှတရားကို လူတိုင်းဟာ ဘယ်လိုဖော်ကြူးရမလဲတောင်မသိပေ၊ဒါပေမယ့် သူတို့ဟာ ဧကရာဇ်ရွေးချယ်ခဲ့တဲ့ကောအမျိုးသားဟာ သူတို့အင်ပါယာမှာ အလှဆုံးဟု သတ်မှတ်ထားတဲ့သူတွေထက်သာလွန်ကြောင်း ထောက်ခံမိတာအမှန်ပေ၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now