Arc-5.7(The Sun's Tears)

7.5K 1K 18
                                    

Zawgyi

အန်ဒီဟာ သူရဲ့အိမ်တော်ဆီ ပြန်ရောက်လာပြီး သူရဲ့အိပ်ခန်းကို ဝင်ကာ ထောင့်စွန်းနားက လင်းနေသည့်မီးအိမ်ရဲ့ကြိုးကို သုံးချက်ဆွဲလိုက်သည့်အခါမှာတော့ နံရံဟာ ချလောက်ဆိုပြီး အသံမြည်လာကာ တံခါးပွင့်လာတော့သည်။ထို​နောက် အန်ဒီဟာ အနီရောင်မီးရောင်ဖြင့်လင်းထိန်နေသည့် အခန်းထဲကို တလှမ်းချင်းဝင်လာ​တော့သည်။

ဒီလျို့ဝှက်ခန်းဟာ အရေးပေါ်ထွက်ပေါက်ဖြစ်ပြီး ဒီကနေတဆင့် အိမ်တော်အပြင်ဘက်ကို ထွက်သွားလို့ရအောင် ဆက်ထားပြီး အန်ဒီရဲ့အဘိုးကိုယ်တိုင် ဒီအိမ်တော်က စတည်ဆောင်တည်းက စီစဉ်ထားခြင်းဖြစ်ပြီး အန်ဒီမိဘတွေနဲ့အန်ဒီသာ သိသည်။ဒီအရေးပေါ်လမ်းကြောင်းထဲမသွားခင်မှာ ပေနှစ်ဆယ်လောက်ရှိသည့် မြေအောက်ခန်းအသေးစားလည်းရှိသေးသည်။အရင်ရက်က အန်ဒီဟာ ထိုမြေအောက်ခန်းမှာ သူလိုအပ်သည့်ပစ္စည်းသိမ်းထားခြင်းဖြစ်သည်။

အန်ဒီဟာ မြေအောက်ခန်းထဲကို ဝင်လာပြီး အညိုရောင်ဆိုဖာပေါ် မထိုင်ခင်မှာ ခုံပေါ်မှာ ချထားသည့်အချက်အလက်တွေကို ယူလိုက်သည်။ထို​နောက် ဟာ ခုံပေါ်မှာ ထိုင်နေရင်း လူတစ်ယောက်ရဲ့အချက်အလက်ကို စိုက်ကြည့်နေသည်။

အဲ့တာဟာ သူအဖမ်းခံရသည့်နေရာမှာ နောက်ဆုံးဆုံခဲ့သည့်တစ်ယောက်ဖြစ်သည်။ထိုတစ်ယောက်ဟာ သူ့ကို ထူးခြားမှုများပေးနေတာကြောင့် သူအနည်းငယ်စိတ်ဝင်စားနေသည်ဟာ အမှန်ပေ၊

ရိုက်စ်၊Bloody Roseမြေအောက်ဂိုဏ်းခေါင်းဆောင်၊Rosesဆိုသည့်နာမည်အောက်မှာ များစွာသော ကုမ္ပဏီများပိုင်ဆိုင်ထားသေးသည်၊အသားချင်းထိရသည်ကို ရွံတတ်ရုံသာမက သူစိမ်းတစ်ယောက်ထိပြီးသား အရာကိုပင် သူဟာ မကိုင်တတ်သလို သူပစ္စည်းထိရင်လည်း ထိုပစ္စည်းကိုလွှတ်ပစ်တတ်သည့်အထိ အသန့်ကြိုက်လွန်းသည်၊

အန်ဒီဟာ အခြားအချက်အလက်များပါ ဖတ်နေရင်း သူရဲ့မျက်ဝန်းများဟာ အရောင်လဲ့သွားတော့သည်၊

မှောင်ခိုလေလံပြပွဲဆိုပဲ၊သူဟာ လေလံပွဲတွေစိတ်မဝင်စားပေမယ့် ရိုက်စ်သာ ထိုပွဲကိုသွားခဲ့ရင် လုခ်ပါရှိနေလိမ့်မည်၊အန်ဒီနူတ်ခမ်းများဟာ ပြုံးတက်သွားပြီး သူဟာ စာရွက်စာတမ်းတွေကို ခုံပေါ်ချလိုက်ပြီး မတ်တပ်ထရပ်ကာ ခုံပေါ်မှာရှိသည့် အိမ်ဖုန်းကို​ကောက်ကိုင်ကာ သူရဲ့အထိန်းတော်ဆီ လှမ်းဆက်လိုက်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now