Arc.4.1(နဉ်ရွယ်လျန့် ဘဝ)

20.5K 2.1K 61
                                    


Zawgyi

ယွမ်နဉ်ချင့် သူရဲ့ခေါင်းကို နှိပ်နယ်နေရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ မှောင်မဲနေတဲ့ ပေ၃၀ပတ်လည် ကျယ်ဝန်းတဲ့ အခန်းထဲ ရောက်နေသည်ကို သတိထားမိလိုက်သည်၊ သူရဲ့ ပေါင်ပေါ်တွင်လည်း လျှာလေးထွက်ကာ သူကိုကြည့်နေသည့် မြေခွေးဖြူလေးတစ်ကောင်ကိုတွေ့လိုက်တာကြောင့်... အရင်ကမ္ဘာက ဖြစ်ပျက်ခဲ့တာတွေကို တွေးတောမိလိုက်သည်၊ ဟွာကျိယန်က သူကိုသေနတ်နဲ့ပစ်လိုက်ပေမယ့် ထိုသေနတ်ဒဏ်ရာလေးနဲ့သူမသေနိုင်ဘူးလေ...ဘာဖြစ်ကုန်တာလဲ

[Fox: Hostရဲ့ချစ်သူက Hostကို ထွက်သွားခိုင်းလိုက်တာ ဘာလို့လဲဆိုတော့ အဲ့ကမ္ဘာရဲ့စစ်ဆေးရေးမှူးတွေရောက်လာလို့လေ]

'သူကိုကော မိသွားသေးလား...?' ယွမ်နဉ်ချင့်ဟာ စိုးရိမ်တကြီးမေးလိုက်သည်၊သူချစ်သူ ဘာလဲဆိုတာ သူသေချာမသိပေမယ့် သူလိုမျိုးခိုးဝင်တဲ့သူလို့ပဲ ထင်မှတ်ထားတာကိုး....

[Fox:မစိုးရိမ်ပါနဲ့ Hostချစ်သူက အင်အားကြီးပြီးသား... ပြီးတော့ စစ်ဆေးသူတွေက ဟွာကျိယန်ကိုယ်ထဲက Hostကို "Dei"ဆိုတဲ့ ငရဲကို ခေါ်သွားပြီ...သူရဲ့ဘဝကတော့ မတွေးရဲစရာပဲ] Foxဟာ ကြက်သီးထသလို အမွှေးလေးတွေထောင်ပြရင်း ရှင်းပြလိုက်သည်

'Dei????'

[Fox: Deiဆိုတာ System လောကရဲ့ ငရဲပဲ အဲ့နေရာမှာ ဖမ်းခံရတဲ့ ဝိညာဉ်တွေက ဘယ်တော့မှ လူဝင်စားခံရမှာမဟုတ်တော့သလို ၊သူတို့အကြောက်ဆုံးအရာတွေနဲ့ အဖန်တလဲလဲ ပြန်ဝင်စားလိုက်၊သေလိုက်နဲ့ နောက်ဆုံး ကိုယ့်ကိုယ်ကို ဝိညာဉ်ပေါက်ကွဲပြီး သတ်ချင်တဲ့အထိပဲ၊ ရှင်းရှင်းပြောရရင် ပြန်လမ်းမရှိ ငရဲပဲ! လုံးဝဆိုးဝါးတဲ့နေရာပဲ!]

'...ဟမ် သူက ဘယ်လောက်တောင် ကြီးလေးတဲ့ပြစ်မှုလုပ်လိုက်လို့လဲ??!'

[Fox: ကျွန်တော်လည်း ယွမ်ယွမ်ကို အမြန်သုတ်ချီးပြီးပြေးလာတော့ သိပ်မသိဘူးရယ်] မျက်လုံးလေး ကလယ်ကလယ်နဲ့ လိမ်ပြောလိုက်သည့် မြေခွေးဖြူလေးကို ကြည့်ပြီး.. တခုခုသဘောပေါက်သွားပေမယ့် ဘာမှမမေးတော့ပဲ

"အခု ငါ ဘယ်ရောက်နေတာလဲ" မှောင်မဲနေတဲ့ အခန်းပေမယ့် သူဝင်တဲ့ခန္ဓာကိုယ် အသန့်ကြိုက်ပြီး၊လူကြီးလူကောင်းဆန်တဲ့သူမှန်းတွေးမိသည်၊ အခန်းဟာရိုးရှင်းပြီး၊သန့်ရပ်သည်၊ အခန်းထဲတွင် သူထိုင်နေသည့် သုံးယောက်အိပ်လို့ရတဲ့အထိ ကြီးမားတဲ့အနက်ရောင်ကုတင်ကြီးရယ် ပြတင်းပေါက်နားတွင် ဇိမ်ခံခုံနဲ့ဝိုင်တင်ထားသည့် စာပွဲလေးတစ်လုံးသာရှိသည်ကိုတွေ့လိုက်ရသည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now