Arc.3.5(ဖန်ချင်ယွီဘဝ)

18.8K 2K 124
                                    


Zawgyi

"...."

တကားလုံး ဆွံအကုန်ပြီး ရီချောင်ဆို သီးပါသီးသည်၊ငါတို့...ငါတို့ ဘာမှားကြားလိုက်တာလဲ၊ သူတို့ အနောက်ကို လှည့်ကြည့်လိုက်တော့ မုထျန်းလောင်ရင်ခွင်ထဲတွင် မျော့တကောင် အတင်းတွယ်ကပ်ထားပြီး အနောက်ကနေ ကြည့်တာတောင် နားလေးတွေနဲ့ဂုတ်တလျောက်ဟာ နီရဲနေသည်ကို တွေ့လိုက်ရသည်၊သူ့သူငယ်ချင်းကတော့ ဘာကြည့်တာလဲဆိုတဲ့အကြည့်နဲ့ သူတို့ကို စိုက်ကြည့်နေတာ မြင်တော့ မုထျန်းလောင်တို့ရှိတဲ့ အနောက်ခြမ်းကို  လိုက်ကာပိတ်လိုက်ပြီး အရှေ့ကို ပြန်လှည့်လိုက်ရင်း နားလေးထောင်ကာ စပ်စုရန်အသင့်ပြင်ထားကျသည်၊ဒါပေါ့ မုသခင်လေးဆိုတာ ဘယ်သူလဲ?? တလောကလုံးမှာ နှစ်ယောက်မရှိတဲ့ သွေးအေးလူသားလေ၊သူအသားကို ဘယ်သူမှထိတာ မကြိုက်ပေမယ့်၊ ဖုန်းတကောကြောင့် အရေးကြီးဆုံးပွဲကိုတောင် ပစ်ပြီး ချက်ချင်းသွားတဲ့ မုသခင်လေးရဲ့အသည်းလေးကို ဘယ်လိုလူမျိုးလဲ သိချင်နေတာကိုး၊

"ယွီအာ.... "  ချင်ယွီဟာ သူကို ခေါ်တာကြောင့် မော့ကြည့်လိုက်တော့ မုထျန်းလောင်ဟာ သူကို နီရဲနေတဲ့မျက်နှာနဲ့ ငုံ့ကြည့်နေတာ တွေ့လိုက်ရသည်၊နေပါဦး...ခင်ဗျားက ဘာကြောင့် ရှက်နေတာလဲ၊ မုထျန်းလောင်ရှက်နေတာ မြင်တော့  ချင်ယွီစိတ်ထဲအနည်းငယ် သက်သာသွားသလိုပင်၊ဒါကြောင့် လေပြင်းပြင်းရှူလိုက်ပြီး... မုထျန်းလောင် အင်္ကျီထဲ လက်လေးထည့်ကာ ဗိုက်ကြွက်သားများကို ပွတ်သပ်နေရင်း အောက်ကိုဆင်းသွားတော့ မုထျန်းလောင်ဟာ သူလက်နဲ့တားလိုက်ကာ....

"မင်း...ဘာလုပ်ဖို့ ကြိုးစားနေတာလဲ" နီရဲတောက်နေတဲ့ မုထျန်းလောင်ရဲ့မျက်နှာကို မြင်လိုက်တော့ ချင်ယွီဟာ ရယ်လိုက်ပြီး လည်ပင်းကိုသိုင်းဖက်လိုက်ကာ နီရဲနေတဲ့ မုထျန်းလောင်ရဲ့နားကို ကိုက်ချလိုက်သည်၊

"စီနီယာ ထျန်းလောင်......ကျွန်တော် လိုချင်တယ်...."

"..မဟုတ်...မဟုတ်သေးဘူး...စိတ်ထိန်းထား...ယွီအာ"

ချင်ယွီရဲ့မျက်နှာလေးဟာ မြိုတော့မိုးလို ငိုမဲ့မဲ့လေးဖြစ်သွားကာ လိုချင်တာမရတဲ့ကလေးလေးလို မုထျန်းလောင်ကို ကြည့်ပြီး

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now