Arc.3.6(ဖန်ချင်ယွီဘဝ)

18.9K 2.1K 81
                                    


Zawgyi

"Omega..." ဖန်ချင်ယွီက omegaဖြစ်နေတာလား၊ မေးခွန်းက မေးစရာမလိုပေ၊ သူနှာခေါင်းထဲ ပြေးပြေးဝင်လာတဲ့ ခရေနံ့သင်းသင်းနဲ့ပျားရည်လိုချိုမြိန်တဲ့အနံ့လေးဟာ သက်သေပေ၊ သူကိုယ်ပေါ်က ကောင်လေးဟာလည်း မောပန်းနေပြီဖြစ်ရာ မျက်လုံးလေးမှေးကာ မုထျန်းလောင်ကိုယ်ပေါ်တွင် အိပ်စက်နေတော့သည်၊ မုထျန်းလောင် ဖန်ချင်ယွီကို ဘေးတဖက်ကို ချလိုက်ကာ၊ကားပေါ်ကနေဆင်းလိုက်ပြီး ယာဉ်မောင်းနေရာ ဝင်ထိုင်ကာ သူရဲ့တိုက်ခန်းကို ခေါ်လာခဲ့လိုက်သည်၊ ထိုနောက် တကိုယ်ရေသန့်ရှင်းရေးလုပ်ပေးလိုက်ပြီး သူအဝတ်အစားများထဲက အနည်းငယ်သေးတဲ့ အဝတ်ကို ထုတ်ကာ ဝတ်ပေးလိုက်ပေမယ့်လည်း...

"ချစ်ဖို့ကောင်းလိုက်တာ " သူရဲ့ အင်္ကျီပွပွအောက်တွေ နစ်မြုပ်နေတဲ့ ချင်ယွီပုံလေးက တကယ်ချစ်ဖို့ကောင်းလွန်းသည်၊ချင်ယွီရဲ့နဖူးလေးကို နမ်းလိုက်ပြီး

"ကိုယ့်ရဲ့အလင်းရောင်လေး"ချင်ယွီကို စောင်လေးသေချာခြုံပေးလိုက်ပြီး ဧည့်ခန်းဆီလာကာ ဆိုဖာပေါ်ထိုင်ကျလိုက်ပြီး ဖုန်းနံပါတ်တခုကိုဆက်လိုက်ကာ

" ဒီနေ့ XXXbarမှာ ဖြစ်ခဲ့သမျှအကုန် ငါ့ဆီတင်ပြချေ"

"...."

"ဟက်... အဲ့ကောင်တွေက တော်တော်သတ္တိရှိနေတာပဲ၊ပြီးတော့ ဟွာကျိယန်ဆိုတဲ့နာမည်နဲ့ကျောင်းသားကို ရှာကြည့်လိုက် နာရီအတွင်းလိုချင်တယ်"

နောက်နာရီဝက်ကြာတော့ Message ဝင်ပြီး အချက်အလက်တွေရောက်လာတော့ ဖတ်ကြည့်ပြီး အခန်းထဲရှိ အပူရှိန်သည် လျော့ကျသွားကာ မီးတဝင်ဝင်းတောက်နေတဲ့ အကြည့်ဖြင့် ဖုန်းထဲက အချက်အလက်တွေထဲက ဆံပင်ရွှေညိုရောင်နဲ့ကောင်လေးပုံကို ရွံရှာစွာစိုက်ကြည့်နေပြီး

"ငါ့နေရာမှာ အတုလုပ်ပြီး ယွီအာဘဝကို ပျက်စီးချင်တယ်ပေါ့"

"တော်တော် သတ္တိရှိနေပုံရတယ် ဟွာကျိယန်"

"ငါ့လူကို ထိရင် ရှင်ခြင်းတရားတာ သေခြင်းတရားထက် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ပြသပေးရမှာပေါ့"

ဒါပေမယ့် အရင်လိုပဲနောက်ကွယ်ကနေ လုပ်တာအကောင်းဆုံးပဲ၊ယင်ကောင်လိုကောင်တကောင်ကြောင့် ယွီအာပေါ်တည်ဆောက်ထားတဲ့
သူရဲ့ဖြူစင်ရိုးသားတဲ့ပုံရိပ်တွေကို အပျက်မခံနိုင်ဘူး၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now