Arc.3.8(ဖန်ချင်ယွီဘဝ)

17.3K 2K 156
                                    


Zawgyi

ဟွာကျိယန်ဟာ မုထျန်းလောင်ရဲ့စကားကြောင့် ကြောင်အသွားပြီး 'ဒါဆို ဇာတ်လိုက်က ဖန်ချင်ယွီရဲ့ တကယ့်ကိုကိုပေါ့'
အဲ့ဖန်ချင်ယွီက သာမန်ဇာတ်ကောင်လေးဖြစ်နေပြီး ဒုတိယဇာတ်လိုက်ရဲ့ စောင့်ရှောက်မှုလည်းခံရသေးတယ်၊ဇာတ်လိုက်ရဲ့ငယ်ချစ်ဦးလည်းဖြစ်နေသေးတယ်

ဟွာကျိယန် မနာလိုမှုတွေကြောင့် လက်သီးကိုတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး သူကိုကျောခိုင်းထွက်သွားသည့် မုထျန်းလောင်နောက်ကျောကို စူးစိုက်ကြည့်လိုက်ပြီး
'မုထျန်းလောင်က ထူးဆန်းတယ်... အရင်ကမ္ဘာက ဇာတ်လိုက်တွေတောင် သူလောက်အရှိန်အဝါမပြင်းဘူး'

[System: ....]

'ဟုတ်တယ်...ဟက် ငါရဲ့အကြံအစည်အောက်ကနေ ဘယ်သူများလွတ်ထွက်ဖူးလို့လဲ '

'အဲ့ ဖန်ချင်ယွီဆိုတဲ့ကောင်က ကံကောင်းနေလို့ပါ သူရဲ့အတောင်ပံတွေကို အရင်ရိုက်ချိုးပြီး ငါရဲ့အကြံအစည်ကိုဖျက်ဆီးပစ်တဲ့ကောင်ကို ဘယ်လိုဆုံးမပေးရမလဲဆိုတာ စောင့်နေလိုက်'

ထိုနောက် ဟွာကျိယန်ဟာ ကျောင်းသတင်းကွန်ယက်တွင် အခြားအကောင့်နဲ့ System ဆီက ဓာတ်ပုံတစ်ပုံ တောင်းကာ

'သူတို့နှစ်ယောက်က တွဲနေတာလား??? သခင်လေးမုက ဖန်ချင်ယွီနဲ့မဟုတ်ဘူးလား' 'ဒါမှမဟုတ် ဖန်ချင်ယွီက တတိယလူလား'
ဟွာကျိယန် သူတင်လိုက်သော သတင်းကိုကြည့်ပြီး ပြုံးလိုက်ကာ အရင်ဆုံး သူတို့နှစ်ယောက်ကြားမှာ သံသယစေ့ချပေးရမယ်၊ဟက် ဖန်ချင်ယွီလို ကပ်ပါးကောင်က မုထျန်းလောင်ကို ပြသာနာရှာပြီး လမ်းခွဲမဲ့အချိန်ကို စောင့်ရသေးတာပေါ့၊

ထိုသတင်းဟာ တစ်ကျောင်းလုံးတွင်မက တစ်မြိုနယ်လုံးပင် သတင်းကြီးသွားတော့သည်၊အချို့က ဖန်ချင်ယွီကို ချူစားတယ်ဆိုပြိး သမုတ်ကျပေမယ့် အချို့ဟာလည်း မနက်က မြင်ရတဲ့မုထျန်းလောင်နဲ့ဖန်ချင်ယွီဆက်ဆံရေးကြောင့် မယုံကြည်ကျပေ၊သေချာတာကတော့ Betaဖြစ်နေတဲ့ ဖန်ချင်ယွီကို သနားကျတဲ့သူများသည်၊သူတို့အထင်ကတော့ မုထျန်းလောင်နဲ့ သန့်စင်တဲ့omegaဖြစ်တဲ့ဟွာကျိယန်သာ ညားနိုင်ပြီး ဖမ်ချင်ယွီဟာ အငယ်နှောင်းတစ်ယောက်သာသာပင်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now