Arc-1.8 (ဝမ်နင်ရဲ့)

20.7K 2.2K 111
                                    

အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်းအမှားပါရင် ဖြည့်ဖတ်ပေးပါဗျ
အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်းအမှားပါရင် ဖြည့်ဖတ်ပေးပါဗျ

Zawgyi

"နောက်တခါ မင်းကို ဘယ်သူမှ မထိစေနဲ့ ကြားလား"

ငိုထားတာကြောင့် နှာခေါင်းလေးတွေရဲနေပြီး မျက်ရည်ဥလေးများနဲ့ မျက်ဝန်းပြာလေးဟာ အံ့သြသွားပြီး ချက်ချင်း ခေါင်းညိတ်ကာ သူအခန်းထဲကနေ ပြန်ပြေးထွက်သွားတော့သည်၊

"မင်း စိတ်ထဲမှာ ကိုယ်က အတင်းသမယူတဲ့ လူတယောက် ဖြစ်နေခဲ့တာလား... စိတ်ချပါ မင်းကိုယ့်ပေါ် ချစ်လာတဲ့အထိ ကိုယ်စောင့်နေမယ်...ဒါပေမယ့် မင်းအနေထိုင် ဆင်ခြင်ခဲ့ရင်ပေါ့"

'အဲ့မကောင်းဆိုးဝါး ငါ့ကို တကယ်လွှတ်ပေးလိုက်တာပဲ...မဖြစ်ဘူး Mission မြန်မြန်လုပ်ပြီး မြန်မြန်ထွက်သွားရမယ် မဟုတ်ရင် အဲ့မကောင်းဆိုးဝါးကြောင့် သေတော့မှာပဲ'

*ဒေါက်* *ဒေါက်*

"တတိယသခင်လေး "

"ဝင်ခဲ့"

အထိန်းတော်ကြီးက ဝင်လာပြီး

"သခင်မကြီးက ညစာစားတုန်းက သခင်လေးကို ပြောဖို့မေ့ခဲ့လို့ပါတဲ ဒါက မနက်ဖြန်ဝတ်ဖို့ တတိယသခင်လေးအတွက် ပွဲတတ်ဝတ်စုံပါ "

"အမ်...မနက်ဖြန် ဘာရှိလို့လဲ"

"မနက်ဖြန် ဝမ်ကုမ္ပဏီ နှစ်(50)ပြည့် ပွဲပါ"

"ကျွန်တော်လည်း ဘာမှမသိရဘူး...တော်ပြီဗျာ မသွားဘူး"
နူတ်ခမ်းလေးစူး ပါးလေးဖောင်းကာ မျက်နှာဟိုဘက်လွဲသွားတော့သည်၊

"သခင်လေးကလည်း အခုထိ ကလေးလို ပြုမှုနေတုန်းပါလား...သခင်လေးကို မပြောတာကလဲ သခင်လေးကို အပင်ပန်းမခံစေလို့ပါ အသက်ပဲ ၂၀ကျော်နေပြီ...ပြီးတော့ အလုပ်သင်ဆရာဝန်ပေါက်စလဲ ဖြစ်နေပြီလေ ဘာကြောင့် မရင့်ကျက်သေးတာလဲ"

အထိန်းတော်ကြီးဟာ ဝမ်ကျင့်ထုံကနေစပြီး ဝမ်နင်ရဲ့အထိ အထိန်းတော်ကြီးပဲ စောင့်ရှောက်ခဲ့တာဖြစ်သည်၊ဒါကြောင့် ဒီအိမ်ရဲ့ သားသုံးယောက်လုံးရဲ ခေါင်းကိုင်အဖေဟာ အထိန်းတော်ကြီးသာဖြစ်သည်၊ ဒါကြောင့် ဒီလို ပြောရဲဆိုရဲတာလဲ ပါသည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now