Arc-6.3(နန်းကျအရှင်ကြင်ယာတော်)

6.7K 848 59
                                    

Zawgyi

"ငါ့ကို လွှတ်!!!" ချင်းယုယောင် အော်ဟစ်ရုန်းကန်နေပေမယ့် တစ်ဖက်ယောက်ျားဟာ ခြေလှမ်းမှန်မှန်နဲ့သာ သွားနေတော့သည်၊ချင်းယုယောင်ဟာ နောက်ဆုံး ပင်ပန်းနွမ်းနွယ်သွားတာကြောင့် ငြိမ်သက်သွားတော့သည်၊

နောက်တော့ ဧကရာဇ်ဟာ ဘုရင့်အိပ်ဆောင်ထိ ခေါ်ဆောင်သွားပြီး အစေခံတွေကို ချိုးရေအသင့်ပြင်ခိုင်းလိုက်သည်၊သူဟာ ချင်းယုယောင်ကို အောက်ချလိုက်ပေမယ့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားမြဲပင်၊

ချင်းယုယောင်လည်း သူ့ကို ဆုပ်ကိုင်ထားတဲ့ဧကရာဇ်ရဲ့လက်တွေကို တစ်ခြားလက်နဲ့ဖြုတ်ရန်ကြိုးစားလိုက်ပေမယ့် သူရဲ့လက်နှစ်ဖက်ကို တစ်ဖက်ထဲနဲ့ချုပ်ကာ ဆုပ်ကိုင်ထားတော့သည်၊ချင်းယုယောင်ရဲ့မျက်စောင်းဟာ ဧကရာဇ်ဆီကို ဒိုင်းခနဲရောက်လာပေမယ့် ဧကရာဇ်ကတော့ မသိကျိုးကျွံပြုထားလိုက်သည်၊

"ထျန်အင်ပါယာမှာ ကောအမျိုးသားတွေရှားနေလို့ လျန်တိုင်းပြည်ဘုရင်ရဲ့သမက်ကိုတောင် ယုတ်မာစွာ တော်ကောက်ရဲနေတယ်ပေါ့" ရုန်းကန်မရတာကြောင့် ပါးစပ်နဲ့သာမထိတထိရန်စလာတော့သည်၊

"ခင်ဗျားလို ဧကရာဇ်ကြောင့် ထျန်အင်ပါယာ ဂုဏ်သိက္ခာညှိုးနွမ်းမှာ မစိုးရိမ်ဘူးလား!"

"ထျန်အင်ပါယာမှာ ဥပဒေက ထျန်းမင်ဆိုတဲ့ကိုယ်ပဲ၊ဒီတော့ ကိုယ်က ဂုဏ်ရှိတယ်လို့ ပြောလိုက်ရင် ဘယ်သူက ဂုဏ်မရှိဘူးလို့ ပြောရဲမှာလဲ" ထျန်းမင်စကားကြောင့် ချင်းယုယောင်မကျေမနပ်ဖြစ်စွာ အောက်နူတ်ခမ်းကိုကိုက်လိုက်တော့သည်၊

"အရှင်... သခင်လေးမင်က တွေ့ခွင့်တောင်းနေတယ်" နန်းတွင်းအစေခံဟာ ချင်းယုယောင်ကို အထင်သေးစွာစိုက်ကြည့်လိုက်ပြီးနောက်မှာ ထျန်းမင်ကို အကြောင်းကြားတော့သည်။

နန်းတွင်းအစေခံစကားကြောင့် ချင်းယုယောင်ဟာ မျက်ခုံးတစ်ချက်ပင့်တက်သွားပြီး သခင်လေးမင်ဆိုတဲ့သူနဲ့ပတ်သတ်ပြီး Foxကို ရှာခိုင်းလိုက်သည်၊ကမ္ဘာတွေမှာ တာဝန်အောင်မြင်လာသည်နဲ့အမျှ Foxရဲ့စွမ်းရည်ဟာလည်း မြှင့်တက်လာဖို့မျှော်လင့်သည်။

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now