Arc-4 End(နဉ်ရွယ်လျန့်ဘဝ)

13K 1.5K 67
                                    

Zawgyi

ထိုနောက် နဉ်ရွယ်လျန့်ဟာ မတ်တပ်ရပ်လိုက်ပြီး...
"လီရှောင်ဟိုင်...လီရှောင်ဟိုင် မင်းကို ပြောရဦးမယ် ငါ့အဘိုးနဲ့ငါ မင်းကိုမုန်းတီးနေတာတဲ့လား?? မုန်းတီးတယ်ဆိုရင် အဘိုးက ဘာကြောင့်မင်းအတွက် ရှယ်ယာ ၁၀% အမွေထဲထည့်ပေးထားမှာလဲ... ပြီးတော့ ငါကမင်းကို ငယ်ငယ်ထဲက မုန်းတီးတယ် ဟုတ်လား?? မင်းကို ဒီအနုပညာရှင်လောကထဲမှာ ပထမအဆင့်မင်းသားအဖြစ်ရောက်အောင် တင်မြှောက်ပေးခဲ့တာ ငါ့အထောက်အပံ့ပါတယ်ဆိုတာ မမေ့နဲ့"လို့ ပြောလိုက်ရင်း သူ့မိဘတွင်ဘက် တချက်လှည့်ကြည့်လိုက်ပြီး အနားရှိဝန်ထမ်းကို

"ဒါ သွားထည့်လိုက်"လို့ ပြောလိုက်သည်၊ထိုချိန်မှာ ကြီးမားတဲ့screenပေါ်တွင် ပုံတွင်ပေါ်လာတော့သည်၊

"ကျွန်တော်က ပထမအေးဆေးနေမလို့ပဲ၊ဒါပေမယ့် အမေတို့က ကျွန်တော့်ကို အေးဆေးနေခွင့်မပေးခဲ့ဘူး..."လို ပြောလိုက်ရင်း Screenပေါ်တွင် လက်ထပ်စာချုပ်ကိုရိုက်ထားသည်ကို တွေ့လိုက်ရသည်၊

"တစ်ခုက ကျွန်တော် နှစ်နှစ်အရွယ်မှာ ရိုက်ထားတဲ့ အမေနဲ့အဖေရဲ့လက်ထပ်စာချုပ်ပဲ နောက်တစ်ခုက အဲ့စာချုပ်မပေါ်ခင် သုံးနှစ်ကျော်က ရိုက်ထားတဲ့စာချုပ်ပဲ... နောက်တစ်ခုက လီရှောင်ဟိုင်ရဲ့မွေးစာရင်းပဲ... screenကို အနီးချဲ့လိုက်... "လို့ ပြောလိုက်တော့ ဝန်ထမ်းဟာ ခေါင်းညိတ်လိုက်ကာ အနီးချဲ့လိုက်သည်၊ မွေးစာရင်းပေါ်ရှိနာမည်များဟာ မစ္စတာနဉ်ရဲ့နာမည်နဲ့ မစ်နဉ်ရဲ့နာမည်များဖြစ်ကြသည်၊ ထိုနောက် ဗီဒီယိုတစ်ပုဒ်ကို တစ်စုံတစ်ယောက်ဟာခိုးရိုက်ထားသည်ကိုတွေ့ရသည်၊ဗီဒီယိုထဲတွင် မစ္စတာနဉ်နဲ့မစ်နဉ်ဖြစ်ပြီး ငယ်ရွယ်သေးသည်ကို သတိထားမိကြသည်၊မစ်နဉ်ဟာ မစ္စတာနဉ်ပေါင်ပေါ်မှာ ထိုင်နေရင်း တီတီတာတာပြောနေကြတော့သည်၊သူတို့ပြောနေသည်ဟာ ကလေးနဲ့ပတ်သတ်တာဖြစ်သည်၊

"ဒီတစ်ခါတော့ ကိုယ်နဲ့ရတဲ့ကလေးဆိုတာ သေချာရဲ့လား???"

"သေချာတာပေါ့ ချစ် ညတိုင်း သူ့ကို အိပ်ဆေးခတ်တိုက်ထားတာကြောင့် သူနဲ့မလုပ်ဖြစ်တာကြာပြီ... ပြီးတော့ ဒီကိုယ်ဝန်ကိုလည်း သူမူးတဲ့နေ့က ရတာဆိုပြီး ပြောလိုက်တယ်... "

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now