Arc-6.1(နန်းကျအရှင်ကြင်ယာတော်)

7.8K 859 46
                                    

Zawgyi

ယွမ်နဉ်ချင့် နိုးထလာချိန်မှာ​တော့ မြက်ခြောက်တွေခင်းထားပြီး ဆယ်ပေတောင်မရှိတဲ့အခန်းကျဉ်းထဲရောက်နေသည်ကို တွေ့လိုက်ရသည်၊ သံတိုင်များနဲ့ခတ်ထားသည့် ၈လက်မသာရှိတဲ့ပြတင်းကျဉ်းလေးသာ ရှိပြီး အခန်းဟာ အမှောင်တိပေ၊သူရဲ့လက်နှစ်ဖက်ကိုလည်း ဆွေးကာသံချေးတက်နေတဲ့လက်ခတ်များခတ်ထားပြီး ခြေထောက်သည်လည်း ထိုနည်းတူစွာပင်၊ဒါပေမယ့် သူဟာ လက်ကိုသာ လှုပိခတ်လိုက်ပြီးနောက်မှာ မျက်နှာရှုံ့သွားတော့သည်၊

'နံလိုက်တာ' ရေမချိုးရသေးတာ ဘယ်လောက်ကြာသည်လည်းမသိ၊နံဟောင်နေတဲ့ခန္ဓာကိုယ်ကြောင့် မျက်နှာရှုံ့သွားတော့သည်၊ဒါပေမယ့် အခုချိန်မှာ ဒါတွေကို ဂရုစိုက်ရမဲ့အချိန်မဟုတ်ပဲ အရင်ကမ္ဘာမှာ ဘာဖြစ်ပျက်သွားလဲ သိချင်မိသည်၊

'ဘယ်လိုဖြစ်သွားတာလဲ' ယွမ်နဉ်ချင့် မြက်ခြောက်အခင်းပေါ် ထိုင်လိုက်ပြီး မြေခွေးလေးကို မေးလိုက်သည်၊

[Fox:လှည့်စားခြင်းနတ်ဘုရားက Hostကို ဒုက္ခပေးမှာစိုးလို့ ကျွန်တော်က Foxကို အဲ့ကမ္ဘာကနေ ဆွဲခေါ်လာတာပဲ]မြေခွေးလေးဟာ မြက်ခြောက်ပေါ်ထိုင်နေတဲ့ယွမ်နဉ်ချင့်ရဲ့ပေါင်ပေါ်ပက်ယက်လေး နေရင်း ယွမ်နဉ်ချင့်ပွတ်သပ်ပေးနေသည်ကို ငြိမ်ခံရင်းပြောလိုက်သည်၊

[Fox: Hostကိုယ်က နံလိုက်တာ]

'...' ယွမ်နဉ်ချင့် တောက်ခဲသွားတော့သည်၊သူဟာ တစ်ခါမှ ထိုလိုအပြောမခံရဖူးပေ၊အမြဲကိုယ့်ကိုယ်ကို သန့်ရှင်းသပ်ရပ်အောင် နေတဲ့ယွမ်နဉ်ချင့်အတွက်တော့ ခံရခက်စွာဖြစ်သွားပြီး ယွမ်နဉ်ချင့်ဟာ မြေခွေးလေးကို ငုံ့ကြည့်ပြီး ပြုံးလိုက်သည်၊

Foxဟာ ထိုအပြုံးကြောင့် ရုတ်တရက်အမွှေးများထောင်ကာ ကြောက်လန့်သွားပြီး

[Fox: Host skillအသစ်ဖွင့်တယ်...]လို့ ပြောတော့ 'ဘာတွေမဟုတ်တာတွေ လာဦးမလဲ'ဆိုသည့်အကြည့်တွေနဲ့ကြည့်လာသည့်Host​ကြောင့် မြေခွေးလေးလည်း မကျေမနပ်ဖြစ်သွားတာ skillအသစ်ကို ကြည့်လိုက်သည်၊

[Fox: ... ]

တိတ်ဆိတ်သွားသောFoxကြောင့် ယွမ်နဉ်ချင့်ပင် မျက်ခုံးတစ်ချက်ပင့်သွားပြီး စိတ်ဝင်စားသွားတော့သည်၊ထိုနောက်မှာတော့ သူလည်း skillအသစ်ကို စစ်ဆေးလိုက်သည်၊

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now