Arc.3.11(ဖန်ချင်ယွီ ဘဝ)

15.8K 2K 115
                                    


Zawgyi

မုထျန်းလောင် သူအိပ်ခန်းထဲဝင်လိုက်ပြီး အပေါ်ကုတ်ကို ချွတ်ပြီး ဗီရို ဖွင့်ရန်အလုပ် အနောက်ကနေ ခါးကို လာဖက်တဲ့နွေးထွေးတဲ့အထိအတွေ့နဲ့အတူ ထူးဆန်းတဲ့အနံ့တွေ ထွက်လာသည်၊ သူ အလျင်မြန်လှည့်ကြည့်ကာ တွန်းထုတ်လိုက်ပြီး နှာခေါင်းကို လက်နဲ့အုပ်လိုက်ပြီး ကြည့်လိုက်တော့ သူကိုရီဝေဝေနဲ့ကြည့်နေကာ မျက်နှာတခုလုံး နီရဲနေပြီး ရှပ်အင်္ကျီအရှည်သာဝတ်ထားသည့် ဟွာကျိယန်ကိုတွေ့လိုက်ရသည်၊ ဒီချိန်မှာ ဟွာကျိယန်ကိုယ်က ထွက်နေသည့် ဟော်မုန်းနံ့များသည် အခြားAlphaတွေအတွက်တော့ ချိုမြိန်ပြီး ချက်ချင်းဆွဲလုပ်နိုင်ပေမယ့် မုထျန်းလောင်အတွက်တော့ ထိုအနံ့များဟာ ရွံစရာကောင်းလှသည်၊ သူကို အကြိမ်ပေါင်းများစွာ အနှောင့်အယှက်ပေးလွန်းသည်၊ ထိုစိတ်ပျက်စရာကောင်းတဲ့ omegaတစ်ယောက်ရဲ့ဟော်မုန်းကို တင်းခံထားတာကြောင့် မုထျန်းလောင်ရဲ့မေးရိုးကြောများဟာထောင်တတ်နေကာ သူရှေ့ကြည့် ဟွာကျိယန်ကို ရွံ့ရှာသလိုကြည့်ပြီး

"ထွက်သွားစမ်း!" 
မုထျန်းလောင်ရဲ့အော်သံကြောင့် ဟွာကျိယန် လန့်ကာတုန်လှုပ်သွားပေမယ့် သူက ဒီကမ္ဘာရဲ့ဇာတ်လိုက်သာသာလေပဲလေ... ဘာမှကြောက်စရာမလိုဘူး၊ တင်းခံကာ အားတင်းနေသော မုထျန်လောင်အနီးသွားကာ သူရဲ့လှပတဲ့ပေါင်သွယ်သွယ်လေးနဲ့ မုထျန်းလောင်ရဲ့ခြေထောက်ကို ပွတ်သပ်လိုက်ပြီး လက်တဖက်ဟာ မုထျန်းလောင်ရဲ့အင်္ကျီကြားထဲ ထည့်မလို့လုပ်တုန်း ကြမ်းပြင်ပေါ်ကို အားနဲ့အတွန်းချခံလိုက်ရသည်၊မုထျန်းလောင်ရဲ့ နီရဲနေသောမျက်ဝန်းများဟာ ရွံရှာမှု၊စိတ်ပျက်မှုများအပြင် ဒေါသရိပ်များ ပါနေပြီး

"ရွံဖို့ကောင်းလိုက်တာ... မထိနဲ့" အံကြိတ်ပြီး ပြောလိုက်ပေမယ့် ထိုအသံများဟာ မစင်တစ်ခု လာထိသလို ရွံရှာနေသံပေါက်နေသည်

'ဘာ....ဒီကောင် ငါ့ကို အခုငြင်းလိုက်တာလား' အောက်နူတ်ခမ်းကို ဖိကိုက်လိုက်ပြီး ဖွက်ထားသော ဆေးထိုးအပ်ကို ထုတ်လိုက်ကာ မုထျန်းလောင်ရဲ့ပေါင်ကို ထိုးချလိုက်သည်၊ ခင်ဗျားဘယ်လောက်ပဲ ငြင်းနေ ငြင်းနေ ဒီဆေးကိုခင်ဗျားတောင့်ခံနိုင်မလား ကြည့်ရသေးတာပေါ့

♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠𝑦𝑠𝑡𝑒𝑚)Where stories live. Discover now